← Chapters

လောကကို အလင်းပေးမယ့် ကျောက်ရှာအလင်း

Vol. 65 Ch. 1017

လောကကို အလင်းပေးမယ့် ကျောက်ရှာအလင်း

Vol. 65 Ch. 1017

ခေါင်းဆောင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်နေရင်း ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

“ ငါအခုသွားတော့မယ်… ဒီကိစ္စကြီးအတွက် ငါ အများကြီး ပြင်ဆင်ပြီးပြီ… ဒါပေမဲ့ သတင်းအချက်အလက်တချို့ လိုနေသေးတယ်… အများကြီး မဟုတ်ပါဘူး… ငါသတင်းကောင်းသယ်လာမှာကို စောင့်နေပါ ”

ခေါင်းဆောင်သည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ သူက နောက်ဖေးခန်းထဲမှ ထွက်သွားရန် ပြင်လိုက်သည်။ သူက ကျင်းကန်းဂိုဏ်းဘိုးဘေးဖြင့် လေးနက်စွာ သွားဆွေးနွေးတော့မည် ဖြစ်သည်။

အခန်းထဲမှ သူမထွက်သွားမီ ရွှီချင်းက လှမ်းခေါ်လိုက်ပြီး ခေါင်းဆောင်၏ အရေပြားအပိုင်းအစတစ်ခုကို တောင်းသည်။

ခေါင်းဆောင်သည် ယင်းကို ဂရုမစိုက်ပေ။ သူက အပိုင်းအစတစ်ခုကို သာမန်ကာလျှံကာ ပစ်ပေးလိုက်သည်။ ဤသည်မှာ အရေပြားအပိုင်းအစများက သူ့အတွက် အပေါဆုံးဖြစ်သည့်အလားပင်။

“ လောက်လား… မလောက်ရင် ငါ့မှာ ထပ်ရှိသေးတယ် ”

ခေါင်းဆောင်သည် ရွှီချင်းကို ရက်ရောစွာ ကြည့်လိုက်သည်။

“ လောက်ပါတယ် ”

ရွှီချင်းသည် အရေပြားအပိုင်းအစကို ကြည့်လိုက်သည်။ ထိုအရေပြားပေါ်မှာ ချက်ရှိကြောင်း သူမြင်တွေ့သွားသည်။ ထိုအခါ သူ၏ အမူအရာသည် မထူးဆန်းသွားဘဲ မနေပေ။

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီး မော်မော်ကြွားကြွား လျှောက်သွားသည်။

ခေါင်းဆောင်၏ နောက်ကျောကို ကြည့်နေရင်း ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။

ဤသည်မှာ ‘ ကိစ္စကြီးလုပ်တော့မယ် ’ဟု ခေါင်းဆောင်ထံမှ ပထမဆုံးအကြိမ် သူကြားဖူးခြင်း မဟုတ်ပေ။

ယေဘုယျအားဖြင့်ဆိုရလျှင် သူက ထိုစကားလုံးကို ကျင့်သားရသင့်နေပြီဟု ရွှီချင်း ခံစားမိသည်။ သို့သော်လည်း ခေါင်းဆောင်ထွက်သွားပြီးနောက် သူက တင်ပျဉ်ခွေထိုင်လျက် ဆက်ရှိနေသော်လည်း သူ၏ စိတ်ထဲမှာ လှိုင်းတချို့ထနေဆဲပင်။

အမှန်မှာ ခေါင်းဆောင်၏ ကိစ္စကြီးတိုင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်သွားတိုင်း စိတ်လှုပ်ရှားဖွယ်ကောင်းသော အတိုင်းအတာသည်လည်း ဆက်လက် မြင့်တတ်သွားသည်။

အကြိမ်တိုင်း ရွှီချင်းသည် ခေါင်းဆောင်က အဘယ့်ကြောင့် သူ့အသက်ကို စွန့်စားပြီး ရူးသွပ်ဖွယ်ကောင်းသော ကိစ္စများကို လုပ်ဆောင်နေရကြောင်း နားမလည်နိုင်ပေ။

“ သူက အမြဲတမ်း အသက်ကိုစတေးပြီး ကစားချင်တယ်… ”

ရွှီချင်းသည် သက်ပြင်းချလိုက်သည်။ အဌမသားတော် ခေါင်းဆောင်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ်က ‘ နတ်ဘုရားအပြစ်သား ’ဟု ပြောခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။

“ စီနီယာအကိုကြီးက အတိတ်ဘဝမှာ တကယ်ပဲ နတ်ဘုရားအပြစ်သားဖြစ်ခဲ့တာလား ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်ပြီး အတိတ်တွင် သူ၏ စီနီယာအကိုကြီးနှင့် အတူတူလုပ်ဆောင်ခဲ့သော ကိစ္စများကို ပြန်အမှတ်ရသွားသည်။

ပင်လယ်အလောင်းကောင်မျိုးနွယ်ထံမှ ခိုးယူခြင်းသော်လည်းကောင်း ဝိညာဉ်သခင်မယုံကျင်းထံမှလည်းကောင်း သို့မဟုတ် အင်မော်တယ်အူခွေသစ်ပင်များတွင်လည်းကောင်း…

အားလုံးသည် ခိုးယူခြင်းနှင့် စားသောက်ခြင်းဖြစ်သည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် သူက ခေါင်းဆောင်ရှိနေသော အခန်းဆီသို့ ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ကျင်းကန်းဂိုဏ်းဘိုးဘေး၏ တုန်ယင်နေသော စိတ်ခံစားချက်များကို သူခံစားမိသည်။

“ ခေါင်းဆောင်ပြောပုံအရဆို ဒီတစ်ကြိမ်မှာ သူက သရုပ်ဆောင်တော့မှာ… အဲ့ဒါဆိုရင် ဒီတစ်ကြိမ် ငါတို့က ခိုးယူမှာတော့ မဟုတ်လောက်ဘူးမလား ”

သူက တီးတိုးရေရွတ်လိုက်ပြီး သိုလှောင်အိတ်ကို ဖွင့်လိုက်ကာ တည်နေရာပြောင်းရွှေ့ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။ ပစ္စည်းအလုံအလောက်ရှိကြောင်း အတည်ပြုပြီးသွားမှသာ သူက အနည်းငယ် စိတ်သက်သာရာရသွားသည်။

“ ငါတို့သွားတဲ့အခါ ကြက်တူရွေးလေးကို ငါနဲ့အတူ ခေါ်သွားရမယ် ”

ရွှီချင်းသည် စိတ်ဆုံးဖြတ်လိုက်ပြီး ခေါင်းဆောင်၏ ကိစ္စကြီးအကြောင်းကို ဆက်လက် မတွေးတော့ပေ။ သူက ကျောက်ရှာအလင်းအား ဆင်ခြင်သုံးသပ်ခြင်းကို စိတ်နစ်မြှုပ်ထားလိုက်သည်။

အမှန်မှာ သုံးရက်ကြာပြီးနောက် သူက ကျောက်ရှာအလင်းထဲမှာပါရှိသော အရောင်ခုနစ်ရောင်၏ အပြောင်းအလဲများမှတဆင့် သူလိုချင်သော ပုံရိပ်တချို့ကို ချိန်ညှိနိုင်ခဲ့သည်။

သို့သော်လည်း ကံမကောင်းစွာပင် ထိုပုံရိပ်များသည် ရွှီချင်း၏ အတွေးထဲမှာသာ တည်ရှိနိုင်သည်။ သူက ယင်းတို့ကို စိတ်ကူးကြည့်ပြီး ပုံတူပွားရန် ကျောက်ရှာအလင်းကို အသုံးပြုခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ထင်ဟပ်လာသော ပုံရိပ်များသည် သူ၏ စိတ်ကူးထဲမှာရှိသောအရာနှင့် လုံးဝခြားနားနေသည်။

အလင်းက အလင်းဖြစ်နေဆဲပင်။ ပုံရိပ်များကို မဖွဲ့စည်းနိုင်သေးပေ။

သို့ဖြစ်၍ နောက်ရက်များတွင် သူက ကျောက်စိမ်းပြားကို အကူပစ္စည်းအဖြစ် အသုံးပြုပြီး အလင်းနှင့် ပုံရိပ်များကြားမှ သဘောတရားများကို စိတ်ကူးကြည့်သည်။

ထိုသဘောတရားသည် ခက်ခဲခြင်းမဟုတ်ပေ။ အထူးသဖြင့် ခေါင်းဆောင်က လက်ဝါးရာကို ပုံတူကူးရန် အရေပြားနှင့် အလင်းပြန်မှုသဘောတရားကို အသုံးပြုခဲ့ကြောင်း သူက ကိုယ်တိုင်မြင်တွေ့ခဲ့ဖူးသည်။ သို့ဖြစ်၍ အလင်းထဲမှ အပြောင်းအလဲများအပေါ် ရွှီချင်း၏ နားလည်သဘောပေါက်မှုသည် ဦးတည်ရာတစ်ခုရှိလာသည်။

“ အလင်းက ပုံရိပ်တွေဖြစ်ပေါ်စေတာ အလင်းယိုင်မှုကြောင့်ပဲ… ဒီတော့ အတိတ်မှာ ကျောက်ရှာအလင်းကို ဖြန့်ကြက်စေတဲ့ ငါ့နည်းလမ်းက မှားယွင်းတယ်လို့ ပြောလို့မရဘူး… အဲ့ဒါက အသင်္ချေအတတ်ပညာတွေကို ဖျက်ဆီးပစ်ဖို့သက်သက်ပဲ အသုံးဝင်တယ် ”

“ ဒီတော့ ငါလုပ်ရမှာက ကျောက်ရှာအလင်းကို အာရုံစိုက်ဖို့ပဲ… ကျောက်ရှာအလင်းရဲ့ ထူးခြားမှုကြောင့် အဲ့ဒါက ပစ္စည်းတွေကိုပဲ အလင်းပြန်နိုင်ရုံတင်မကဘူး ရန်သူရဲ့ မန္တန်တွေကိုလည်း အလင်းပြန်နိုင်တယ် ”

“ အဲ့ဒီနောက် ကျောက်ရှာအလင်းက ငါမမြင်နိုင်တဲ့ အလင်းယိုင်မှုကို ထုတ်လွှတ်လိမ့်မယ်… ”

“ အဲ့ဒီအခါကျရင် ငါက အဲ့ဒီမမြင်ရတဲ့ အလင်းယိုင်မှုကို အာရုံစိုက်ရမယ်… ”

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ မျက်လုံးသည် ဝင်းလက်လာသည်။ သူက မှတ်တမ်းတင်ကျောက်စိမ်းပြားကို ကောက်ယူလိုက်သည်။

“ သာမန်ကျောက်စိမ်းပြားနဲ့ မှတ်တမ်းတင်ကျောက်စိမ်းပြားကြားက ခြားနားချက်က… ပထမတစ်ခုက နတ်ဘုရားအသိစိတ်ကို တုံ့ပြန်နိုင်တယ်… အဲ့ဒါကြောင့် ကျောက်စိမ်းပြားကို နတ်ဘုရားစိတ်အာရုံနဲ့ တံဆိပ်ရိုက်နှိပ်နိုင်တယ်… ဒုတိယတစ်ခုက အလင်းကို တုံ့ပြန်နိုင်တယ်… အဲ့ဒါကြောင့် ပုံရိပ်တွေကို မှတ်တမ်းတင်နိုင်တယ် ”

“ ဒီတော့ မှတ်တမ်းတင်ကျောက်စိမ်းပြားပဲဖြစ်ဖြစ် ခေါင်းဆောင်ရဲ့ အရေပြားပဲဖြစ်ဖြစ် နှစ်ခုစလုံးက အလင်းပေါ် တုံ့ပြန်မှုရှိတယ် ”

ရွှီချင်းသည် မှတ်တမ်းတင်ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီး ခေါင်းဆောင်၏ အရေပြားကို ကောက်ယူလိုက်သည်။ ယင်းကို တစ်ခဏလေ့လာကြည့်ပြီးနောက် လွန်ခဲ့သောရက်တုန်းက သူ၏ သုတေသနရလဒ်များကို အတည်ပြုနိုင်ခဲ့သည်။

“ ဒါ့အပြင် ခေါင်းဆောင်ရဲ့ အရေပြားက ထူးခြားတဲ့ပစ္စည်းပဲ… အဲ့ဒါက အရမ်းမာကျောရုံတင်မကဘူး သေချာအနီးကပ်ကြည့်ရင် အရေပြားပေါ်က မျဉ်းကြောင်းတွေက မှော်သင်္ကေတတွေလို့ ထင်မှတ်ရတယ် ”

“ အဲ့ဒါက ခေါင်းဆောင်ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ရမယ်… ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ သာမန်အဆင့်အတန်းကြောင့် အဲ့ဒီလို ငါမလုပ်နိုင်ဘူး ”

“ ဒါပေမဲ့ တခြားနည်းလမ်းတွေကို အသုံးပြုပြီး ငါ့အရေပြားကို အလင်းတုံ့ပြန်မှုရအောင် လုပ်နိုင်တယ်… ပြီးသွားရင် ငါ့နတ်ဘုရားခန္ဓာကိုယ်ကို လှုံ့ဆော်လိုက်မယ် ”

“ ဒီနည်းနဲ့ဆိုရင် ကျောက်ရှာအလင်းက အလင်းယိုင်တဲ့အခါမှာ ထွက်ပေါ်လာမယ့် ငါမမြင်နိုင်တဲ့ ပုံရိပ်တွေကို ငါ့အရေပြားကနေ အာရုံခံနိုင်လာမယ်… ပြီးသွားရင် အဲ့ဒါတွေကို အလိုအလျောက် ငါထုတ်ဖော်နိုင်လိမ့်မယ် ”

ရွှီချင်း၏ အတွေးများသည် ချာချာလည်သွားသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး စိုက်ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ပေါ် အလင်းတုံ့ပြန်မှုရရန် နည်းလမ်းများစွာ ရှိသည်။ ထိုထဲမှာမှ သူအကျွမ်းကျင်ဆုံးဖြစ်သော ဆေးပင်တာအိုကို မှီခိုအားထားသင့်သည်ဟု ရွှီချင်း ခံစားမိသည်။

“ အရေပြားရဲ့ တုံ့ပြန်မှုကို အားကောင်းစေနိုင်တဲ့ ဆေးပင်တွေနဲ့ အဆိပ်တွေက အများကြီး ရှိတယ်… အဲ့ဒါတွေက ဘေးထွက်ဆိုးကျိုးရှိပေမဲ့ နည်းမှန်လမ်းမှန် အသုံးပြုမယ်ဆိုရင် နတ်ဘုရားစွမ်းအင်အတွက် အကူပစ္စည်းဖြစ်လာလိမ့်မယ် ”

“ အခု ငါ့အိတ်ထဲမှာ အဆိပ်တွေ အများကြီး ရှိတယ် ”

“ မင်းသမီးမင်မိန်ပြောတာ မှန်တယ်… ငါ့နတ်ဘုရားအတတ်ပညာရဲ့ စွမ်းအင်တွေကို ကန့်သတ်ထားတာက ငါ့ရဲ့ စိတ်ကူးတွေပဲ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သေချာဆင်ခြင်သုံးသပ်ပြီးနောက် ထိုနည်းလမ်းက အလုပ်ဖြစ်နိုင်ကြောင်း သူခံစားမိသည်။ ထို့ကြောင့် သူက သိုလှောင်အိတ်ကို ဖွင့်လိုက်ပြီး အရေပြားတုံ့ပြန်မှုကို အားကောင်းစေနိုင်သော အဆိပ်များကို ထုတ်လိုက်သည်။ သူက ညာလက်ကို သန့်စင်ရန် ပြင်ဆင်လိုက်သည်။

သူက အဆိပ်ကို ညာလက်ထဲသို့ ထည့်သွင်းပြီး အလင်းတုံ့ပြန်မှုရအောင် ပြုလုပ်ချင်သည်။

“ တကယ်လို့ ငါအောင်မြင်သွားမယ်ဆိုရင် ငါ့လက်ကို အသင်္ချေအတတ်ပညာလက်လို့ ခေါ်နိုင်မယ် ”

ရွှီချင်း၏ နှလုံးက ခုန်ပေါက်လာသည်နှင့် သူက စတင်သန့်စင်လိုက်သည်။

ထိုသို့ဖြင့် ခုနစ်ရက်အချိန်သည် မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားသည်။ ယခု ရွှီချင်းက ကျောက်ရှာအလင်းကို လေ့လာနေသည်မှာ လဝက်ကြာမြင့်သွားပြီ ဖြစ်သည်။

မင်းသမီးမင်မိန်သည်တော့ သုံးရက်မြောက်နေ့မှာ စိတ်ကျေနပ်ပြီးပြီ ဖြစ်သည်။

ရွှီချင်း၏ ကျောက်ရှာအလင်းမှ ပြောင်းလဲမှုများကို သူအာရုံခံနိုင်သည်။ ရွှီချင်း၏ သာမန်မျက်စိက ယင်းကို မမြင်နိုင်သောကြောင့် သူက ပုံရိပ်မဖွဲ့စည်းနိုင်ကြောင်း တွေးထင်နေသော်လည်း အိမ်ရှေ့စံမင်းသားနှင့် သူ၏ မျက်စိရှေ့မှာ ယင်းက ရှင်းလင်းပြတ်သားပေသည်။

ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားသည် နှလုံးခုန်လာသည်။

မင်းသမီးမင်မိန်သည်လည်း ခေါင်းညိတ်လိုက်သည်။

ယင်းက လုံလောက်ပြီဟု သူခံစားမိသည်။ ရွှီချင်း၏ ကျင့်ကြံခြင်းအဆင့်ဖြင့် ဤအတိုင်းအတာထိ ရရှိနိုင်ခြင်းသည် အလွန်အံ့ဩဖွယ်ကောင်းပေသည်။ ယင်းက စစ်ဆေးမှုအတွက် သူမျှော်မှန်းထားသော အတိုင်းအတာထက်ပင် ကျော်လွန်နေသည်ဟု သတ်မှတ်နိုင်ပေသည်။

သူ၏ အမြင်မှာ ရွှီချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် နားလည်သဘောပေါက်မှုသည် ကျောက်ရှာအလင်းကို အသုံးပြု၍ အသင်္ချေအတတ်ပညာများကို ထုတ်ဖော်ရန် မည်သို့မှမဖြစ်နိုင်ပေ။ ထိုလမ်းကြောင်းကို လျှောက်လှမ်းခဲ့ဖူးသော တစ်စုံတစ်ယောက်ကို ယခင်က တစ်ခါမှ သူမမြင်ခဲ့ဖူးပေ။

“ ဒါပေမဲ့ ဒီအကြံက တကယ်ကောင်းတယ်… ဒီအတိုင်းဆက်သွားမယ်ဆိုရင် တစ်နေ့နေ့မှာ သူ့ရဲ့အိမ်မက်ကို နားလည်လာလိမ့်မယ် ”

“ လူငယ်တွေက အိမ်မက်မက်ရဲတယ် ကြိုးစားရဲတယ် ”

မင်းသမီးမင်မိန်သည် ပြုံးလိုက်သည်။ ရွှီချင်း လက်လျှော့လိုက်သည့်အခါကျလျှင် ဆက်လက် ညွှန်ကြားပေးရန် သူက စိတ်ကူးထားသည်။

သို့သော်လည်း ထို့နောက်တွင် ရွှီချင်းက မျက်မှောင်ကြုတ်နေပြီး သူ၏ ရလဒ်ကို မကျေမနပ်ဖြစ်နေကြောင်း သူမြင်တွေ့သွားသည်။ နောက်ရက်များတွင် ရွှီချင်းက မှတ်တမ်းတင်ကျောက်စိမ်းပြားနှင့် ချန်းအားညို၏ အရေပြားအား လေ့လာပြီး သူ့လက်ထဲသို့ အဆိပ်ထည့်သွင်းနေကြောင်း မြင်သွားသည်။

ထိုမြင်ကွင်းသည် မင်းသမီးမင်မိန်ကို တုံ့ဆိုင်းသွားစေသည်။ သူက ဘေးမှ အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောသည်။

“ တတိယအမတော်… ဒီကောင်လေးနဲ့ပတ်သက်ပြီး ကြောက်စရာအကောင်းဆုံးက သူ့ရဲ့ ကျင့်ကြံခြင်းပါရမီမဟုတ်ဘူး… သူ့ရဲ့ နားလည်နိုင်စွမ်းပဲ ”

“ အရင်တစ်ခေါက်က နတ်ဘုရားအတတ်ပညာတွေရဲ့ စွမ်းအားကို စိတ်ကူးနိုင်စွမ်းက ကန့်သတ်ထားတာလို့ မင်းသူ့ကို ပြောခဲ့တယ်… အဲ့ဒီစကားက ဒီကောင်လေးကို လှုံ့ဆော်ပေးလိုက်တဲ့ပုံပဲ… သူ့အတွက် လမ်းကြောင်းအသစ်တစ်ခု ထွက်ပေါ်လာတယ် ”

“ ဒါကြောင့် ငါ့စိတ်ထင်… ကျောက်ရှာအလင်းနဲ့ ပုံရိပ်ဖန်တီးနိုင်မယ့်နည်းလမ်းကို သူတကယ် ရှာတွေ့သွားပြီထင်တယ် ”

ဤသည်ကို မင်းသမီးမင်မိန်ကြားသောအခါ သူက နှုတ်ဆိတ်သွားသည်။

ဘေးမှ အဌမသားတော်သည် အိမ်ရှေ့စံမင်းသားနှင့် တတိယအမတော်ကို ကြည့်လိုက်သည်။

ဤလဝက်အတွင်းမှာ သူ၏ တတိယအမတော်နှင့် အကိုကြီးသည် ရွှီချင်း၏ အခန်းကို အာရုံစိုက်နေကြကြောင်း သူလည်းပဲ အာရုံခံမိသည်။ ယခု သူက အားလုံးကို မြင်တွေ့လိုက်ရသောအခါ ကြိုးစားချင်စိတ်သည် သူ၏ နှလုံးသားထဲမှာ တဖွားဖွား ဖြစ်ပေါ်လာသည်။

‘ အတိတ်တုန်းက လူငယ်မျိုးဆက်တွေထဲက ကောင်းကင်အရွေးချယ်ခံအတော်များများကို ငါလည်းပဲ လမ်းညွှန်ပေးခဲ့ဖူးတယ်… အကိုကြီးနဲ့ တတိယအမတော်က ရွှီချင်းကို မြင့်မြင့်တွေးထားမှတော့ အနာဂတ်မှာ ဒီကောင်လေးကို ငါလည်းပဲ လမ်းညွှန်ပေးရမယ် ’

ထိုသို့တွေးမိသောအခါ အဌမသားတော်၏ နှလုံးသားထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်လာသည်။

ပဉ္စမညီမတော်သည်တော့ ရွှီချင်းကျင့်ကြံနေသည့် လဝက်အတောအတွင်းမှာ သူ၏ အချိန်အများစုကို အနောက်ဘက်ခြံဝန်းထဲမှ ကြက်ခြံထဲမှာ ကုန်ဆုံးလေ့ ရှိသည်။ ယခုဆိုလျှင် ထိုကြက်ပေါက်လေးများသည် အတော်လေး ဆူဖြိုးလာကြသည်။

ကြက်ကလေးများ၏ အရေအတွက်သည်လည်း ယခင်ကထက် သိသာစွာ ပိုများလာသည်။ ကြက်အကောင်ရေသည် နေ့တိုင်းနီးပါး တိုးပွားလာနေဟန် ရသည်။

အထူးသဖြင့် ကြက်အကောင်ရေဒါဇင်ခန့်သည် လွန်ခဲ့သောရက်ကမှ ထွက်ပေါ်လာခဲ့သည်။ ယင်းက ကြက်အစာကျွေးရန် ရံဖန်ရံခါ လာကူတတ်သော လင်းအာကို အံ့ဩသွားစေပြီး လျှာထုတ်မိစေသည်။

“ အဖွားငါး… ကြက်ကလေးတွေက ဒီနေ့ အတော်များလာတာပဲနော် ”

ဤအခိုက်အတန့်မှာ အနောက်ဘက်ခြံဝန်းထဲ၌ လင်းအာသည် ပိုးကောင်များကို ကြက်ခြံထဲသို့ ဖြန့်ကျဲပေးနေသည်။ ထိုကြက်ကလေးများက အစာစားရန် ရူးသွပ်စွာ ပြေးလာနေကြသည်ကိုမြင်သောအခါ သူက အဖွားငါးကို ပြောသည်။

အဖွားငါးသည် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ သူတို့တွေ ဒီထက်နည်းနည်းပိုပြီး ဆူဖြိုးလာတဲ့အခါကျရင် မင်းနဲ့ ရွှီချင်း အားရှိအောင်လို့ သူတို့တွေကို ငါသတ်ပစ်မယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း ပိုးကောင်များကို စားသုံးနေကြသော ကြက်ကလေးများသည် တုန်ယင်သွားကြသည်။ သူတို့၏ အမူအရာမှာ အကြောက်တရားဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် လွန်ခဲ့သောရက်ကမှ ရောက်ရှိလာကြသော ကြက်အကောင်ရေဒါဇင်ခန့် ဖြစ်ကြသည်။ သူတို့က စိတ်ပျက်အားငယ်နေကြပြီး တကျွီကျွီမြည်သံကို ထုတ်ဖော်နေကြသည်။

သူတို့က ဘဝကံကြမ္မာဆိုးတောင်တန်းမှ ကျင့်ကြံသူများမဟုတ်ကြပေ။ ယင်ယန်ပန်းပွင့်ဂိုဏ်းမှ တပည့်များဖြစ်ကြသည်။ သူတို့က အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းမှာ ပြဿနာရှာသွားခဲ့ကြသော တရားခံများကို လိုက်လံဖမ်းဆီးရန် ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

သူတို့က ဤနေရာသို့ ရောက်ရှိလာပြီးနောက် အလျင်စလို မလုပ်ဆောင်ခဲ့ကြပေ။ သူတို့က နတ်တမန်တော်ကို နှုတ်ဆက်ရန် အနီရောင်လဗိမာန်ဆီသို့ အရင်ဦးစွာ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း အနီရောင်လဗိမာန်ထဲသို့ ခြေချလိုက်သည့်အခိုက် နတ်တမန်တော်ကို မမြင်နိုင်ခင် လောကကြီးက ချာချာလည်သွားသည်ဟု သူတို့ခံစားမိလိုက်ကြသည်။

နောက်အခိုက်အတန့်မှာ သူတို့က သတိပြန်ရလာသောအခါ ကြက်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

ထိုကြက်ကလေးများက စိုးရိမ်ကြောက်လန့်နေကြစဉ် ပေါက်ကွဲသံသည် ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှ မြည်ဟိန်းထွက်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ သက်တံ့ရောင်အလင်းသည် အခန်းထဲမှ ပျံ့လွင့်လာပြီး ဘေးပတ်ဝန်းကျင်ကို ထွန်းလင်းသွားစေသည်။

ထိုသက်တံ့အလင်းရောင်သည် ဆေးဆိုင်တစ်ခုလုံးကို ပျံ့လွင့်သွားပြီး လူတိုင်းကို လွှမ်းခြုံသွားသည်။ ယင်းက ကြက်ကလေးများ အပေါ်သို့လည်း ကျရောက်လာသည်။ အလင်းရောင်က ဆက်လက်ပေါ်လျှိုးလာသည့်အခါ ယင်းက အလင်းပင်လယ်သဖွယ် ဖြစ်ပေါ်လာသည်။

ပင်လယ်သည် တအိအိလှိုင်းထလာသည်။ ဤအခိုက်အတန့်မှာ ကောင်းကင်သည်ပင် လှုပ်ခါလာသည်။

လေနှင့် တိမ်တိုက်များက ပေါ်လျှိုးလာသည့်အခါ အလင်းပင်လယ်သည် ရုတ်တရက် လေထဲသို့ မြှောက်တတ်သွားသည်။ ကောင်းကင်ပေါ်တွင် အလင်းရောင်က ဆက်လက်စုဝေးသွားပြီး သံချောင်းတစ်ချောင်းအသွင် ဖြစ်ပေါ်လာနေကြောင်း မည်သူမဆို မသဲမကွဲ မြင်နိုင်လိမ့်ပေမည်။

ထိုသံချောင်းပေါ်ထွက်လာသည်နှင့်ချက်ချင်း ထူးဆန်းသော သဘာဝဖြစ်ရပ်များက လှုံ့ဆော်ခံလိုက်ရပြီး လောက၏ အရောင်အသွေးသည် ပြောင်းလဲသွားသည်။

လင်းအာသည် ဆွံ့အသွားပြီး နင်ယန်သည် မျက်လုံးပြူးကျယ်သွားသည်။ ဝူကျန်းဝူနှင့် လီယိုဖေးသည် ထိတ်လန့်သွားကြသည်။

ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားပြီး ဝိညာဉ်သခင်မယုံကျင်း၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။ ဘိုးဘေးမိုကွေ့၏ မျက်လုံးသည် ဝင်းလက်သွားသည်။

သူတို့ထဲမှ တချို့သည် ထိုသံချောင်းကို ယခင်က မြင်ဖူးကြသည်။ သို့ဖြစ်၍ သူတို့က ထိတ်လန့်သွားကြသည်။ တချို့သည် ထိုသံချောင်းကို ယခင်က မမြင်ဖူးကြသော်လည်း သံချောင်းမှ ထုတ်လွှတ်နေသော အံ့မခန်း အရှိန်အဝါကြောင့် တခြားလူများနည်းတူ ထိတ်လန့်သွားကြသည်။

အိမ်ရှေ့စံမင်းသား၊ တတိယအမတော်၊ ပဉ္စမညီမတော်နှင့် အဌမညီတော်သည် ကောင်းကင်ပေါ်မှ သံချောင်းပုံရိပ်ကို ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာသည် အတည်ငြိမ်ဆုံး ဖြစ်သည်။ သို့သော်လည်း အနီးကပ် သေချာကြည့်မည်ဆိုလျှင် ထူးဆန်းသော အလင်းရောင်က သူတို့၏ မျက်လုံးထဲမှာရှိနေကြာင်း မြင်နိုင်လိမ့်ပေမည်။

အထူးသဖြင့် အိမ်ရှေ့စံမင်းသားနှင့် တတိယအမတော်ဖြစ်သည်။ သူတို့က အပြင်ပန်းအရ တည်ငြိမ်နေဟန် ထင်ရသော်လည်း သူတို့၏ နှလုံးသားထဲမှ လှိုင်းအတတ်အကျသည် မသေးငယ်ပေ။ သူတို့က ခေါင်းလှည့်လိုက်ကြပြီး နောက်ဖေးခန်းဆီသို့ ကြည့်လိုက်ကြသည်။

ထိုနေရာသည် သက်တံ့အလင်းရောင်၏ ဇစ်မြစ်ဖြစ်သည်။

“ သူအောင်မြင်သွားတယ်… ”

“ ဒီကောင်လေးက ခမည်းတော်ရဲ့ သံချောင်းကို ပုံတူကူးနိုင်တယ် ”

All Chapters