← Chapters

မှတ်ဉာဏ်အရည်… နတ်ဘုရားကွပ်မျက်စင် ပြန်ရောက်လာခြင်း

Vol. 65 Ch. 1020

မှတ်ဉာဏ်အရည်… နတ်ဘုရားကွပ်မျက်စင် ပြန်ရောက်လာခြင်း

Vol. 65 Ch. 1020

“ နတ်ဘုရားအမိန့်တော်ကို လေးစားပါတယ် ”

လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် ခေါင်းငုံ့လိုက်သည်။

အပြင်လူများက မသိနိုင်သော်လည်း သူတို့မျိုးနွယ်မှာ ကိုးကွယ်ယုံကြည်မှုတစ်ခုရှိကြောင်း လေအစောင့်အရှောက်မျိုးနွယ်ဝင်တိုင်းက ရှင်းလင်းစွာ နားလည်ထားကြသည်။ သူတို့၏ ကိုးကွယ်ယုံကြည်မှုသည် နတ်ဘုရားတစ်ပါး ဖြစ်သည်။

ထိုနတ်ဘုရားသည် သူတို့ကို ဘဝတစ်ခုနှင့် တာဝန်တစ်ခု ပေးအပ်ခဲ့သည်။

ထို့ပြင် သူတို့ဝိညာဉ်၏ လှိုင်းအတတ်အကျများမှတဆင့် ထိုနတ်ဘုရားသည် သူတို့၏ အရှေ့မှာ ရှိနေကြောင်း ရှင်းလင်းစွာ အာရုံခံမိကြသည်။

နတ်ဘုရား၏ အသွင်သဏ္ဍာန်နှင့် စွမ်းအားသည်တော့ ယင်းက သူတို့စဉ်းစားရမည့်အရာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားဟူသည် မည်သည့်ပုံသဏ္ဍာန်ကိုမဆို ပြောင်းလဲနိုင်သော အစွမ်းရှိကြသူများဖြစ်ပေသည်။

ဘိုးဘေးသည် စကားဆုံးသွားသည်နှင့်ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး လက်နှစ်ချောင်းဖြင့် နဖူးပေါ်မှ စက်ဝိုင်းကို ဖိချလိုက်သည်။

ဝိညာဉ်အားလှိုင်းအတတ်အကျများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပျံ့လွင့်လာပြီး အနက်ရောင်လေနှင့် ပေါင်းစပ်သွားသည်။

တစ်ချိန်တည်းမှာ ကျမ်းစာရွတ်ဆိုသံများသည် လေထဲမှာ မျောလွင့်နေသော ခေါင်းဆောင်၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်လာသည်။

“ ကောင်းကင်နဲ့ မြေပြင်က အတူယှဉ်တွဲ ရှိနေတယ်… အနက်ရောင်လေက နတ်ဘုရားတွေကို လောင်ကျွမ်းပစ်ပြီး လမ်းစဉ်ကိုးသွယ်ကို သန့်စင်မယ်… အစစ်အမှန်ပုံစံက ပြန်ရောက်လာမယ် ”

“ အနက်ရောင်စင်မှာ ဖုံးကွယ်ထားတာ မရှိဘူး… မှတ်ဉာဏ်တွေက ခန္ဓာကိုယ်ထဲမှာ… ဝိညာဉ်နဲ့ စိတ်က တစ်သားတည်းရှိတယ်… ကောင်းကင်နဲ့ မြေပြင်က အမြစ်တစ်ခုတည်းမှာ မှီခိုနေတယ် ”

ထိုအသံသည် ရှေးကျပြီး စိတ်ဆန္ဒတစ်ခု ကိန်းဝပ်နေသည်။ ယင်းက ခေါင်းဆောင်၏ ပါးစပ်ထဲမှ ပျံ့လွင့်ထွက်လာသည်နှင့်ချက်ချင်း အစိမ်းရောင်သဲကန္တာရတစ်ခုလုံးသည် လှုပ်ခါလာသည်။ မြေပြင်သည် တုန်ယင်လာပြီး သဲသည် မြေပြင်ပေါ်မှ မြှောက်တတ်သွားသည်။ အရာအားလုံးသည် မတည်မငြိမ် ဖြစ်လာသည်။

လျှပ်စီးသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး အရပ်မျက်နှာတစ်လျှောက် ပေါက်ကွဲထွက်သွားသည်။ အဆုံးမဲ့သော မိုးခြိမ်းသံများက တရစပ် ပဲ့တင်ထပ်လာသည်။

အစိမ်းရောင်သဲကန္တာရတစ်ခုလုံးသည် ဖရိုဖရဲဖြစ်လာသည်။

ကျမ်းစာရွတ်ဆိုသံသည် ထိုနေရာမှာ ရပ်တန့်မသွားပေ။ ယင်းက ဆက်လက် ပဲ့တင်ထပ်သွားသည်။

မကြာမီ လေအစောင့်အရှောက်မျိုးနွယ်ဘိုးဘေးသည် အနောက်မှ လိုက်ရွတ်ဆိုသည်။

အဆုံးမှာတော့ ဘေးပတ်ဝန်းကျင်မှ လေအစောင့်အရှောက်မျိုးနွယ်ဝင်အားလုံးသည် လက်နှစ်ချောင်းကို မြှောက်လိုက်ကြပြီး သူတို့၏ နဖူးပေါ်မှ စက်ဝိုင်းကို ဖိနှိပ်လိုက်ကာ ကျမ်းစာကို ရွတ်ဆိုလိုက်ကြသည်။

သူတို့က ကျမ်းစာရွတ်ဆိုလိုက်သည်နှင့်ချက်ချင်း သူတို့၏ ဝိညာဉ်မှ အားလှိုင်းအတတ်အကျများသည် လေထဲသို့ ပေါင်းစပ်သွားကြသည်။ တဖြည်းဖြည်း ဤနေရာမှ အနက်ရောင်လေသည် ဧရာမဝဲကကြီးတော့တစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုဝဲကတော့၏ လည်ပတ်မှုသည် ပေတစ်သောင်းစက်ဝိုင်းထဲမှ ဝဲကတော့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

တစ်ခုက ဘယ်မှ ညာသို့ လည်ပတ်နေပြီး တစ်ခုသည် ညာမှ ဘယ်သို့ လည်ပတ်နေသည်။

ဝဲကတော့နှစ်ခုက ဆက်လက် လည်ပတ်လာသည့်အခါ အံ့ဖွယ်ကောင်းသော အင်အားတစ်ခုဖြစ်ပေါ်လာပြီး မိုးကောင်းကင်လှုပ်ခါစေမည့် အသံတစ်သံကို ထုတ်လွှတ်လာသည်။

ဝဲကတော့နှစ်ခုက တစ်ခုနှင့်တစ်ခု ဆန့်ကျင်တွန်းလှန်နေစဉ် လေထဲမှာ ပုန်းကွယ်နေသော မှတ်ဉာဏ်များသည် ထိုမျိုးနွယ်စု၏ တဖြည်းဖြည်း တူးဖော်ခြင်းခံလာရသည်။

ရွှီချင်းသည် ထိုအဖြစ်အပျက်အားလုံးကို အဝေးမှ ကြည့်နေသည်။ သူက စီနီယာအကိုကြီး၏ အတိတ်အကြောင်းကို အနည်းငယ် နားလည်ထားသည့်တိုင် ယခု သူခံစားမိသော အံ့ဩထိတ်လန့်မှုသည် အတိတ်တွင် နတ်ဘုရားအတွက် ယဇ်ပူဇော်အကကို သူမြင်ခဲ့စဉ်ကနှင့် အတူတူပင်။

“ စီနီယာအကိုကြီးက အရင်ဘဝမှာ ပြင်ဆင်မှုတွေ ဘယ်လောက်တောင်မှ လုပ်ခဲ့တာလဲ… ”

“ နတ်ဘုရားအတွက် ယဇ်ပူဇော်အကက အဲ့ထဲက တစ်ခုဖြစ်မယ်… လေအစောင့်အရှောက်မျိုးနွယ်က နောက်တစ်ခုဖြစ်မယ်… အဖိုးရှစ်နဲ့ အဖွားငါးပြောတာတော့ သူတို့က စီနီယာအကိုကြီးရဲ့ အရှိန်အဝါကို ရင်းနှီးတယ်တဲ့… စီနီယာအကိုကြီးက အရင်ဘဝမှာ အုပ်ချုပ်သူရဲ့ သားသမီးတွေ ချိပ်ပိတ်ခံထားရတဲ့ နေရာတွေဆီ သွားခဲ့တဲ့ပုံပဲ ”

ချန်းအားညိုအပေါ် ရွှီချင်း၏ နားလည်မှုအရ လေအစောင့်အရှောက်မျိုးနွယ်အကြောင်း တစ်ဖက်လူက မိတ်ဆက်ပေးနေစဉ် သူပြောသွားခဲ့သော ကြီးမြတ်သည့် ပုဂ္ဂိုလ်သည် သူ့ကိုယ်သူ ရည်ညွှန်းခြင်းဖြစ်သည်။

“ ဒါဆို သူပြောသွားတဲ့ တည်ရှိမှုက… ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ အဆုံးမဲ့ကောင်းကင်နွားတောင်တန်းတွင် ခေါင်းဆောင်က ယဇ်ပူဇော်အကအကြောင်းကို ပြောသွားခဲ့စဉ် အဆင့်မြင့်နတ်ဘုရားအကြောင်းကို ပြောသွားခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။

‘ အဆင့်မြင့်နတ်ဘုရား… ’

အစိမ်းရောင်သဲကန္တာရ၏ ဒဏ္ဍာရီသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အဖြေတစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ရွှီချင်းက ဆက်လက် တွေးတောနေစဉ် နင်ယန်၊ ဝူကျန်းဝူ၊ လီယိုဖေးနှင့် တခြားလူများသည် အံ့ဩမှင်တတ်သွားကြသည်။ နင်ယန်နှင့် ဝူကျန်းဝူသည် ဤမတိုင်ခင် ခေါင်းဆောင်နှင့်အတူ ကိစ္စတချို့ကို လုပ်ဆောင်ခဲ့ဖူးသော်လည်း မုန်တိုင်းတစ်ခုသည် သူတို့၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာဆဲပင်။

လီယိုဖေးသည်တော့ သူသည် ရွှီချင်းနှင့် တွေ့ဆုံခဲ့သည့်အချိန်မှစ၍ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်သော ကိစ္စများကိုသာ တွေ့ကြုံခဲ့ရသည်။

ဝိညာဉ်သခင်မယုံကျင်း၏ မျက်နှာသည်ပင် တည်ကြည်လေးနက်နေသည်။ သိသာစွာပင် သူက ဤကိစ္စကြောင့် ထိတ်လန့်သွားခြင်းဖြစ်သည်။

ဝဲကတော့ထဲတွင် မတူညီသော ဝဲကတော့ငယ်များက တစ်ခုနှင့်တစ်ခု ဆန့်ကျင်တွန်းလှန်နေကြသည်။ တစ်ချိန်တည်းမှာ လေအစောင့်အရှောက်မျိုးနွယ်ဝင်များ၏ မှတ်ဉာဏ်များသည် သဲကန္တာရထဲမှ လေနှင့် ပေါင်းစပ်သွားသည်။ ပုံရိပ်များသည် ဝဲကတော့ထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။

မရေမတွက်နိုင်သော ပုံရိပ်များသည် အရာအားလုံးကို လွှမ်းခြုံသွားပြီး ရှေးဟောင်းအငွေ့အသက်ကို ပေးစွမ်းသည်။

ဤသည်မှာ လေအစောင့်အရှောက်မျိုးနွယ်ဝင်တိုင်းမှ ဆင်းသက်လာသော မှတ်ဉာဏ်များ ဖြစ်သည်။ ယင်းက သဲကန္တာရ၏ မှတ်ဉာဏ်များလည်း မှန်၏။

ထိုမှတ်ဉာဏ်များက ဝိညာဉ်အားလှိုင်းအတတ်အကျများဖြင့် ထွက်ပေါ်လာသည့်အခါ ယင်းတို့က အတူတကွ စုဝေးသွားကြပြီး ဝဲကတော့၏ အတွင်းနှင့်အပြင်ဘက်မှာ မှတ်ဉာဏ်ပင်လယ်တစ်ခုအသွင် ပြောင်းလဲသွားသည်။

မှတ်ဉာဏ်ပင်လယ်သည် ပျံ့နှံ့ထွက်လာပြီး ကောင်းကင်တစ်ခွင် အလင်းထွန်းလင်းပေးလိုက်ကာ မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ ထို့နောက် ယင်းက ဘေးပတ်ဝန်းကျင်တစ်လျှောက် ဖုံးလွှမ်းသွားပြီး ဦးတည်ရာကိုးခုဆီသို့ စီးဆင်းသွားကြသည်။

ထိုနေရာသည် မြေပြင်ပေါ်မှ ဦးခေါင်းခွံကိုးခုရှိနေသော နေရာဖြစ်သည်။

ထိုဦးခေါင်းခွံကိုးခုသည် အရိုးပန်းကန်လုံးများသဖွယ် ဆင်တူပြီး အရာအားလုံးကို ထည့်သွင်းနိုင်ဟန် ရသည်။

ထိုသို့ဖြင့် အချိန်သည် ကုန်ဆုံးသွားသည်။

မှတ်ဉာဏ်ပင်လယ်သည် ဆက်လက် ပေါ်လျှိုးလာနေပြီး ဦးခေါင်းခွံများထဲသို့ စီးဆင်းသွားနေသည်။

ရှစ်နာရီကြာပြီးနောက် ဦးခေါင်းခွံကိုးခုသည် မှတ်ဉာဏ်အရည်များဖြင့် ပြည့်လျှံလာကြသည်။

ထိုအရည်သည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားမှာ အမြဲပြောင်းလဲနေသည်။ တစ်ခါတစ်ရံ အဖြူရောင်ပြောင်းသွားလိုက် တစ်ခါတစ်ရံ အနက်ရောင်ပြောင်းသွားလိုက်ဖြင့် အစဉ်အမြဲ ပြောင်းလဲနေသည်။

ယင်းက အလွန်ထူးခြားပေသည်။

ရွှီချင်းသည် သူ့အကြည့်ကို ပို့လွှတ်လိုက်သည်။ ထိုမှတ်ဉာဏ်အရည်ထဲတွင် နတ်ဘုရားအရှိန်အဝါအမျှင်တန်းတစ်ခုကို သူအာရုံခံမိသွားသည်။

ထိုအခိုက်အတန့်မှာ လေထဲမှာ မျောလွင့်နေပြီး ရိုးရာဓလေ့ကို ဦးစီးဆောင်ရွက်နေသော ခေါင်းဆောင်သည် လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်ဟန်သင်္ကေတများကို တရစပ် ဖွဲ့စည်းလိုက်သည်။ ချက်ချင်းပင် လျှပ်စီးတန်းသည် ဓားမြှောင်ကိုးချောင်းထဲမှ ရုတ်တရက် ပေါ်လျှိုးလာကြသည်။

“ အေးခဲစမ်း ”

သူ၏ မိုးခြိမ်းသံကဲ့သို့ အမိန့်ပေးမှုအောက်မှာ ဓားမြှောင်ကိုးချောင်းသည် မြေပြင်ပေါ်မှ ဦးခေါင်းခွံကိုးခုကို တစ်ခုချင်းစီ ထိုးဖောက်သွားကြသည်။ ထိုအခါ အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားတွင် အစဉ်အမြဲ ပြောင်းလဲနေသော မှတ်ဉာဏ်အရည်၏ လှိုင်းအတတ်အကျသည် ချက်ချင်း တည်ငြိမ်သွားသည်။

အနက်ရောင်နှင့် အဖြူရောင်သည် အတူတကွ ပေါင်းစပ်သွားပြီး မီးခိုးရောင်သို့ ပြောင်းလဲသွားသည်။

ထိုမီးခိုးရောင်အရည်ထဲတွင် သေးငယ်သော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ယင်းက မဟူရာအမှောင်ထုထဲထိ ဆန့်တန်းတည်ရှိနေသော အလွန်တရာ ရှည်လျားသည့် တောင်တန်းတစ်ခု ဖြစ်သည်။ ထိုနေရာတွင် လျှပ်စီးသည် ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားနေပြီး တောင်တန်း၏ ဘယ်ညာတွင် နက်မှောင်သော အသူရာချောက်နက်များ ရှိသည်။ ဤသည်မှာ ထိုနေရာက မိစ္ဆာများ၏ ပုန်းအောင်းရာနေရာ ဖြစ်ဟန်ရသည်။

အသေးစိတ်ကိုတော့ ရေမျက်နှာပြင်က တအိအိလှုပ်ခတ်နေသောကြောင့် သေချာမမြင်နိုင်ပေ။

သို့သော်လည်း ရွှီချင်းအပါအဝင် လူတိုင်းသည် ထိုမြင်ကွင်း၏ အဖြေကို သူတို့၏ နှလုံးသားထဲမှာ သိရှိထားပြီးသား ဖြစ်ကြသည်။ ရှင်းလင်းစွာပင် ထိုနေရာသည် အုပ်ချုပ်သူက နတ်ဘုရားကို သတ်ဖြတ်ခဲ့သောနေရာ ဖြစ်သည်။

တစ်ချိန်တည်းမှာ သွေးတစ်စက်စီသည် ထူးခြားသောရက်မှာ မွေးဖွားလာကြသည့် လေအစောင့်အရှောက်မျိုးနွယ်ဝင်လေးယောက်၏ နဖူးထဲမှ ပျံသန်းထွက်လာကြသည်။ သွေးစက်လေးစက်သည် လေထဲမှာ စုစည်းသွားပြီး ခေါင်းဆောင်၏ အရှေ့မှာ မျောလွင့်နေသည်။

ဤသည်မှာ မှတ်ဉာဏ်ဖွင့်လှစ်ခြင်းလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

ကျန်တစ်ဝက်သည်တော့ ခေါင်းဆောင်ထံမှ ဖြစ်သည်။

ခေါင်းဆောင်သည် သူ၏ လက်ညှိုးကို ကိုက်လိုက်ပြီး သွေးတစ်စက်ကို ဖျစ်ညှစ်ထုတ်လိုက်သည်။ ယင်းက ယခင်တုန်းက သူ၏ သွေးနှင့် ခြားနားပေသည်။ ထိုသွေးစက်၏ အရောင်သည် အပြာရောင် ဖြစ်သည်။

အပြာရောင်သွေးစက် ထွက်ပေါ်လိုက်သည့်အခိုက် သွေးစက်ငါးစက်သည် အတူတကွ ပေါင်းစည်းသွားပြီး အပိုင်းကိုးပိုင်း ကွဲထွက်သွားကြသည်။ ထို့နောက် ယင်းတို့က ဦးခေါင်းခွံကိုးခုထံသို့ ကျဆင်းသွားကြသည်။

ထိုသို့လုပ်ဆောင်ပြီးသွားသောအခါ အနက်ရောင်လေ တိုက်ခတ်ချိန်သည် ရှစ်နာရီကြာမြင့်သွားပြီ ဖြစ်သည်။

“ လာ… အထဲဝင်ကြရအောင် ”

ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဦးခေါင်းခွံတစ်ခုကို ဖမ်းဆုပ်လိုက်သည်။ သူက ဦးခေါင်းခွံထဲမှ အရည်ကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ဝေဝါးလာပြီး လေနှင့်အတူ ပေါင်းစပ်သွားကာ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ ခေါင်းဆောင်အတိုင်း တစ်ပုံစံတည်း လုပ်ဆောင်သည်။

တခြားလူများသည် အံတင်းတင်းကြိတ်လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် ဦးခေါင်းခွံတစ်ခုစီကို ကောက်ယူလိုက်ကြပြီး အရည်ကို သောက်လိုက်ကြသည်။

မကြာမီ အားလုံး၏ ပုံရိပ်များသည် ခေါင်းဆောင်နည်းတူ ပျောက်ကွယ်သွားကြသည်။

အစိမ်းရောင်သဲကန္တာရထဲမှ အရာအားလုံးသည် ပုံမှန်အတိုင်း ရှိနေဆဲပင်။ အနက်ရောင်လေသည် တဟူးဟူး ဆက်လက် တိုက်ခတ်နေပြီး မှတ်ဉာဏ်ပင်လယ်သည် တအိအိလှုပ်ခါနေဆဲပင်။ ယင်းက ဤနေရာမှ အရာအားလုံးကို လွှမ်းခြုံပစ်လိုက်သည်။

ရွှီချင်းနှင့် တခြားလူများသည်တော့ ဦးခေါင်းခွံထဲမှာ သူတို့မြင်တွေ့ခဲ့သော နေရာဆီမှာ ထွက်ပေါ်လာကြသည်။

ဤနေရာသည် ပုံရိပ်ယောင်မဟုတ်သလို အစစ်အမှန်လည်း မဟုတ်ပေ။ ယင်းက ပုံရိပ်ယောင်နှင့် မှတ်ဉာဏ်များကြားထဲမှာ တည်ရှိသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့က ဘေးပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည့်အခါ ဤနေရာက ဦးခေါင်းခွံထဲမှာ သူတို့မြင်တွေ့ခဲ့သော မြင်ကွင်းနှင့် အနည်းငယ် ခြားနားနေကြောင်း သတိပြုမိသွားကြသည်။

ပထမဆုံးအနေဖြင့် ဤလောကသည် အမှောင်ထု၏ ဖုံးလွှမ်းခြင်းမခံထားရပေ။ ကောင်းကင်နှင့် မြေပြင်ကြားတွင် တောက်ပသော အလင်းရောင်ရှိသည်။

အလင်းရောင်၏ ဇစ်မြစ်သည် လေထဲမှာ မျောလွင့်နေကြသော မီးအိမ်များထံမှ ဖြစ်သည်။

မီးအိမ်များသည် အလွန်များပြားပြီး ပြွတ်သိပ်ရှိနေကြသည်။ ယင်းတို့က တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လျက် လောကကို အလင်းရောင်ပေးနေကြသည်။

သို့သော်လည်း မီးအိမ်တစ်ခုစီ၏ သားရေပြားထံမှ ချောက်ချားဖွယ်ကောင်းသော လေထုကို ထုတ်လွှတ်နေလေသည်။ ထိုသားရေပြားပေါ်တွင် တစ္ဆေမျက်နှာများရှိသည်။ တချို့သည် ငိုကြွေးနေပြီး တချို့သည် ရယ်မောနေကြသည်။ တချို့သည် ဒေါသထွက်နေပြီး တချို့သည် အံ့အားသင့်နေကြသည်။

ယင်းက အလွန်အသက်ဝင်လေရာ သားရေပြားကို လူသားအရေပြားဖြင့် ပြုလုပ်ထားသည့်အလားပင်။

ထိုမီးအိမ်များထံမှ အလင်းရောင်ကြောင့် ရှည်လျားပြီး ကျယ်ပြောသော တောင်တန်းတစ်ခုသည် ရွှီချင်း၏ မြင်ကွင်းထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။

ယင်းက ဆေဘာဓားတစ်ချောင်းသဖွယ် အပေါ်ဘက်သို့ တိုးထွက်နေပြီး အလွန်အမင်း ရှည်လျားသည်။ ဤသည်မှာ ၎င်း၏ အဆုံးသတ်က ကောင်းကင်နှင့် ထိစပ်နေဟန် အောက်မေ့ရသည်။

သူတို့ရောက်ရှိနေသော နေရာသည် ထိုတောင်တန်း၏ စမှတ်နေရာဖြစ်သည်။ စက်ဝိုင်းသဏ္ဍာန်ရှိသော စင်မြင့်တစ်ခုကို ဤနေရာမှာ တည်ဆောက်ထားသည်။ မြေပြင်သည် အက်ကွဲနေပြီး အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။ ရှေးဟောင်းအရှိန်အဝါသည် လေထဲမှာ ရစ်ဝဲတည်ရှိနေပြီး ဤနေရာ၏ ရှေးကျမှုနှင့် ပျက်စီးယိုယွင်းမှုကို ဖော်ပြနေလေသည်။

တောင်တန်း၏ အစွန်းနှစ်ဖက်တွင်တော့ အဆုံးမရှိသော အမှောင်ထုရှိသည်။ လောက၏ အလင်းရောင်သည် ထိုနေရာကို အလင်းရောင်မပေးစွမ်းနိုင်ပေ။ ရံဖန်ရံခါ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများသည် ထိုအမှောင်ထုထဲမှ ပျံ့လွင့်ထွက်လာလေ့ ရှိသည်။ ထို့နောက် ကျောက်ဆောင်ကျောက်တုံးများကို လက်သည်းဖြင့် ကုတ်ခြစ်နေသော အသံသည် ထိုဟိန်းဟောက်သံများနောက်မှ လိုက်ပါထွက်လာသည်။

ဤသည်မှာ အသူရာချောက်နက်ထဲရှိ အလွန်ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခုက တောင်တန်းပေါ်သို့ တွယ်တတ်နေသည့်လားပင်။

ကောင်းကင်သည် မည်းမှောင်နေပြီး မီးအိမ်များသည် ယင်းကို အလင်းရောင် မထွန်းလင်းပေးနိုင်ပေ။ သို့သော်လည်း ကောင်းကင်ယံတွင် ဧရာမအက်ကွဲကြောင်းတစ်ခုက အမှတ်အသားတစ်ခုသဖွယ် ဟက်တက်ကွဲလျက် တည်ရှိနေကြောင်း မည်သူမဆို မသဲမကွဲ မြင်နိုင်လိမ့်ပေမည်။

မိုးခြိမ်းသံက အက်ကွဲကြောင်းထဲမှာ ဆက်လက် မြည်ဟိန်းနေလေရာ မည်သူမှ ၎င်းကို မရပ်တန့်ပစ်နိုင်ဟန် ရသည်။

ရံဖန်ရံခါ အပြာရောင်လျှပ်စီးသည် ကောင်းကင်ယံမှ အက်ကွဲကြောင်းထဲမှာ တဝင်းဝင်း လက်လက်သွားလေ့ရှိသည်။

ဤနေရာသည် အလွန်ထူးဆန်းသော နေရာဖြစ်သည်။

ထိုမြင်ကွင်းသည် ဤနေရာသို့ ရောက်ရှိလာကြသော လူတိုင်းကို တည်ကြည်လေးနက်သွားစေသည်။ ဝိညာဉ်သခင်မယုံကျင်းသည်ပင် အလွန်အမင်း သတိထားလာသည်။ လူသားအရေပြားမီးအိမ်များသော်လည်းကောင်း သို့မဟုတ် အသူရာချောက်နက်ထဲမှ ကြောက်မက်ဖွယ် အရှိန်အဝါသော်လည်းကောင်း သူ့အား အန္တရာယ်အငွေ့အသက်ကို ပေးသည်။

“ အဲ့ဒီလူသားအရေပြားမီးအိမ်တွေက ရှေးဘုရင်ရဲ့ အပြစ်တော်တွေကနေ ပြောင်းလဲဖြစ်ပေါ်လာကြတာ… သူတို့က သက်ရှိအားလုံးကို မုန်းတီးကြတယ်… တစ်စုံတစ်ယောက်က အဲ့ဒါတွေနဲ့ အထိခံလိုက်ရမယ်ဆိုရင် လူသားအရေပြားမီးအိမ်နဲ့ တစ်သားတည်း ဖြစ်လာလိမ့်မယ် ”

“ အသူရာချောက်နက်ထဲက တည်ရှိမှုတွေကတော့ နီလာနတ်သမီးမသေဆုံးခင်က မကျေမချမ်းစိတ်ဆန္ဒရဲ့ စုစည်းမှုတွေပါ… သူတို့ရဲ့ အမုန်းတရားကြောင့် ဒီတောင်တန်းပေါ်ကို လျှောက်လှမ်းတဲ့ ဘယ်သူမဆို သူတို့ရဲ့ ရန်လိုတာကို ခံရလိမ့်မယ် ”

ခေါင်းဆောင်သည် ဤနေရာအကြောင်းကို ကောင်းမွန်စွာ နားလည်ထားသည်။ သူက အရှေ့ဆုံးမှာ ရပ်နေပြီး နူးညံ့စွာ ပြောသည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ရွှီချင်းကို ပြုံးလျက် ကြည့်လိုက်သည်။

“ ဂျူနီယာညီလေး… ပြဇာတ်တစ်ပုဒ်ကို မှတ်တမ်းတင်မယ့်နေရာကနေ ကြိုဆိုလိုက်ပါတယ် ”

“ ဒီနေရာမှာ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာတုန်လှုပ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို မင်းမြင်တွေ့ရလိမ့်မယ် ”

“ ပြီးတော့ ငါတို့လုပ်ရမှာက အဲ့ဒီကို လျှောက်သွားဖို့ပဲ ”

ခေါင်းဆောင်သည် လက်မြှောက်လိုက်ပြီး ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းကို လက်ညှိုးညွှန်ပြလိုက်သည်။

“ အဲ့ဒီကို သွားကြရအောင်… ပြီးသွားရင် စပြီးမှတ်တမ်းတင်ကြမယ် ”

“ ဇာတ်ညွှန်းရဲ့ နာမည်ကိုတော့ ငါစဉ်းစားပြီးသွားပြီ… အဲ့ဒါကို နတ်ဘုရားသတ်ဖြတ်ခြင်းလို့ ခေါ်မယ် ”

“ ဇာတ်လမ်းအကြောင်းအရာကိုတော့ အဲ့ဒီကိုရောက်မှ မင်းတို့ကို ငါပြောပြမယ်… စိတ်မပူပါနဲ့… လူတိုင်းက ကိုယ့်အခန်းကဏ္ဍနဲ့ကိုယ် ပါဝင်ကြရမှာပါ ”

ခေါင်းဆောင်သည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ထိုသို့ပြောပြီးနောက် သူက အပြာရောင်ဖယောင်းတိုင်များကို ထုတ်ယူလိုက်ပြီး တစ်ယောက်တစ်တိုင်စီ ပေးလိုက်သည်။

ရွှီချင်းသည် ဖယောင်းတိုင်ကို လက်ထဲမှာ ကိုင်ထားသည်။ ယင်းက ညှီစို့စို့အနံ့ရှိပြီး သွေးကဲ့သို့ စေးကပ်သည်။ သူက ဖယောင်းတိုင်၏ ဇစ်မြစ်ကို ခန့်မှန်းတော့မည့်အချိန် နင်ယန်နှင့် ဝူကျန်းဝူ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာရှိကြောင်း သတိပြုမိသွားသည်။ ဤသည်မှာ သူတို့က အော့အန်ချင်နေဟန် ရသည်။

“ ငါတို့လက်ထဲက ဖယောင်းတိုင်ကို မီးထွန်းလိုက်မယ်ဆိုရင် ဒီနေရာကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းသွားနိုင်လိမ့်မယ်… ဒါပေမဲ့ သတိထားရမှာက လမ်းမှာ ဖယောင်းတိုင်က မီးငြိမ်းသွားလို့မဖြစ်ဘူး ”

စကားဆုံးသည်နှင့် ခေါင်းဆောင်သည် သူ၏ လက်ထဲမှ ဖယောင်းတိုင်ကို လေမှုတ်လိုက်သည်။ ချက်ချင်းပင် ဖယောင်းတိုင်းသည် မီးတောက်လာပြီး အနက်ရောင်မြူခိုးကို ထုတ်လွှတ်လာသည်။ ယင်းက သူ၏ ပုံရိပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ သူက တောင်တန်းဆီသို့ လျှောက်သွားသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဖယောင်းတိုင်ကို မီးထွန်းလိုက်သည်။ အနက်ရောင်မြူခိုးက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည့်အခါ သူက အရှေ့သို့ လျှောက်သွားသည်။

ကျန်လူများသည်လည်း သူတို့၏ လက်ထဲမှ ဖယောင်းတိုင်ကို မီးထွန်းလိုက်ကြသည်။ မကြာမီ သူတို့အုပ်စုသည် တောင်တန်းပေါ်သို့ လျှောက်သွားကြသည်။

“ မှတ်ထားပါ… ဖယောင်းတိုင်က မီးငြိမ်းလို့မရဘူး… ”

ခေါင်းဆောင်၏ အသံသည် အရှေ့ဆုံးမှ အနက်ရောင်မြူခိုးထဲမှ ပျံ့လွင့်လာသည်။

အဝေးမှကြည့်လျှင် ကောင်းကင်နှင့် ထိစပ်နေသော တောင်တန်းပေါ်မှာ မြူခိုးနက်ဘောလုံးခြောက်ခုသည် ပုံရိပ်ခြောက်ခုကို လွှမ်းခြုံထားကြသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ပေပေါင်းဒါဇင်ခန့်ခွာ၍ အရှေ့သို့ တရွေ့ရွေ့ လျှောက်သွားနေကြသည်။

ကောင်းကင်ပေါ်မှ လူသားအရေပြားမီးအိမ်များသည်တော့ အနည်းငယ် လှုပ်ယမ်းသွားကြသည်။ တောင်တန်း၏ ဘေးနှစ်ဖက်မှ အသူရာချောက်နက်သည် ပုံမှန်အတိုင်း မြည်ဟိန်းနေပြီး ကျောက်ဆောင်ကျောက်တုံးများကို ကုတ်ခြစ်နေသော အသံသည် ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်နေသည်။

All Chapters