ကောင်းကင်နဲ့ မြေပြင် ပြောင်းပြန်လှန်ခြင်း… အကြီးအကဲတွေ ရောက်လာကြပြီ
Vol. 65 Ch. 1022
ခေါင်းဆောင်သည် သူ၏ လက်ထဲမှ မီးအိမ်ကို ကြည့်နေရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ အိမ်ရှေ့စံမင်းသားနဲ့ တခြားလူတွေက ငါတို့နောက်ကို တကယ်ပဲ လိုက်မလာကြဘူးလား… မဟုတ်ရင် ဘယ်လိုလုပ် သူတို့က အသူရာချောက်နက်ထဲက ဝိညာဉ်နက်တွေကို စားသုံးနိုင်မယ့် အခွင့်အရေးကို တောင့်ခံနိုင်မှာလဲ ”
ခေါင်းဆောင်သည် သက်ပြင်းချလိုက်ပြီး လူသားအရေပြားမီးအိမ်ကို လျစ်လျူရှုထားသည်။ သူ၏ ဘယ်လက်က ချိပ်တံဆိပ်လက်ဟန်တချို့ကို ဖွဲ့စည်းလိုက်ပြီး သူ၏ မျက်နှာနှင့် (၈၀)ရာခိုင်နှုန်းတူညီသော လူသားအရေပြားမီးအိမ်ပေါ်သို့ ဖိချလိုက်သည်။
မီးအိမ်ပေါ်မှ ရက်စက်ကြမ်းကြုတ်သော မျက်နှာသည် နက်ရှိုင်းသော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။
သို့သော်လည်း မကြာမီ ထိုဟိန်းသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ခေါင်းဆောင်သည် လျှာကိုက်လိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုပ်ကို ထွေးချလိုက်သည်။
ချက်ချင်းဆိုသလို မီးအိမ်သည် သွေးဖြင့် ရွှဲရွှဲစိုသွားသည်။
“ ပါးစပ်ပိတ်ထားစမ်း… မင်းက အတိတ်တုန်းက ဒီနေရာမှာ ငါထားခဲ့တဲ့ မျက်နှာပဲ… မင်းက ဘယ်လိုလုပ် ငါ့ကို ပြန်အော်ရဲတာလဲ ”
ခေါင်းဆောင်၏ အသံထွက်ပေါ်လာသည့်အခါ ရွှီချင်းသည် တောင်တန်းကို အသင့်အတင့် နှုန်းထားဖြင့် ဖြတ်ကျော်သွားပြီး ယဇ်ပလ္လင်ပေါ်သို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူ၏ လက်ထဲမှ ဖယောင်းတိုင်သည်လည်း လုံးဝ လောင်ကျွမ်းကုန်ဆုံးသွားပြီ ဖြစ်သည်။ မြူခိုးက လွင့်ပြယ်သွားသည့်အခါ ရွှီချင်းသည် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လာသည်။ သူ၏ အကြည့်သည် နောက်ဆုံးမှာတော့ ခေါင်းဆောင်နှင့် သူ၏ လက်ထဲမှ မီးအိမ်ပေါ်သို့ ကျရောက်သွားသည်။
ခေါင်းဆောင်သည် မီးအိမ်ကို ဂုဏ်ယူဝင့်ကြွားစွာ မြှောက်ပြလိုက်သည်။
“ ဒီဟာကို အတိတ်တုန်းက ဒီနေရာမှာ ငါထားရစ်ခဲ့တာ… အဲ့ဒါက ဒီနေရာမှာ ပုန်းအောင်းနေတာ… ဒါပေမဲ့ သူ့မှာ ဦးနှောက်မရှိဘူး မျက်နှာပဲ ရှိတယ်… အဲ့ဒါကြောင့် သူ့မှာ အသိဉာဏ်မရှိဘူး ”
“ ဒီကောင့်အကြောင်းကို ငါကောင်းကောင်း သိတယ်… တောင်ခြေကနေ ငါတို့စထွက်လာကတည်းက ငါ ဘာစကားတစ်ခွန်းမှ မပြောခဲ့ဘူး… ဒါပေမဲ့ မြူခိုးထုထဲကနေ အပြင်လောကကို ငါတို့အာရုံမခံနိုင်တာကို ဒီကောင်က အခွင့်ကောင်းယူပြီး စကားတွေ အများကြီး ပြောခဲ့တယ်… မင်းတို့တွေလည်း အဲ့ဒါကို ကြားလိမ့်မယ်လို့ ငါယုံကြည်တယ် ”
ခေါင်းဆောင်က စကားပြောနေစဉ် တခြားလူများသည်လည်း ယဇ်ပလ္လင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ ဤခရီးစဉ်၏ ချောမွေ့မှုကို သူတို့က အနည်းငယ် အံ့ဩနေကြသည်။
ခေါင်းဆောင်က ပြုံးလိုက်ပြီး ဆက်ပြောသည်။
“ အစက ဒီကောင်က မင်းတို့ကို နောက်လှည့်မကြည့်ဖို့ပြောတာ မင်းတို့ရဲ့ ယုံကြည်မှုကို ရယူချင်လို့ပဲ… သူက အသူရာချောက်နက်ထဲက တည်ရှိမှုတွေ သူ့ရဲ့ အစာကို ဖြတ်လုသွားမှာကို စိုးရိမ်နေတာ ”
“ မင်းတို့ရဲ့ ယုံကြည်မှုကို ရရှိပြီးသွားရင် နောက်ဆုံးမှာ သူက မင်းတို့ကို အမြန်ပြေးခိုင်းလိမ့်မယ်… ဒါမှ သူက မင်းတို့ကို ဝါးမျိုနိုင်လိမ့်မယ် ”
“ ဒီကောင်က ငါးမျှားနေတာ… အဲ့တော့ ငါလည်းပဲ ငါးမျှားတာပေါ့… ဒီကောင့်မှာ ဦးနှောက်မရှိဘူးဆိုပေမဲ့ အရမ်းသတိကြီးတယ်… ငါသာ အခုလို ငါးစာမချထားဘူးဆိုရင် ဒီကောင်က လုံးဝအနားကပ်လာမှာ မဟုတ်ဘူး ”
“ ဒီအဆင့်မှာ ငါ့ရဲ့ဖယောင်းတိုင်နဲ့ဆိုရင် ဘာအခက်အခဲမှမရှိဘူး… အခက်အခဲဆိုလို့ ဒီကောင့်ကို ငါးစာချရတာပဲ ”
ခေါင်းဆောင်သည် မီးအိမ်၏ မျက်နှာကို ပုတ်လိုက်သည်။
သွေးဖြင့် ဖြန်းပက်ခံလိုက်ရသောအခါ ၎င်းက သေအံ့ဆဲဆဲအခြေအနေသို့ ကျရောက်သွားဟန် ရသည်။ ဤအခိုက်အတန့်မှာ ၎င်းက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ခေါင်းဆောင်၏ လက်ချောင်းကို ကိုက်ပစ်ရန် ကြိုးစားသည်။ သို့သော်လည်း ခေါင်းဆောင်က ချက်ချင်း ဖြတ်ရိုက်ပစ်လိုက်သည်။
“ အဲ့ဒါ ငါ့ကိုပေး ”
ဝိညာဉ်သခင်မယုံကျင်းသည် အေးစက်သော အကြည့်ဖြင့် တည်ငြိမ်စွာ ပြောသည်။
ခေါင်းဆောင်သည် မျက်တောင်ခတ်လိုက်ပြီး လူသားအရေပြားမီးအိမ်ကို ဝိညာဉ်သခင်မယုံကျင်းထံသို့ ပစ်ပေးလိုက်သည်။ ဤသည်မှာ ဝိညာဉ်သခင်မယုံကျင်း သူ့နောက်လိုက်ရန် သဘောတူညီမှုအတွက် သူပေးအပ်ရမည့် တန်ဖိုးများထဲမှ တစ်ခုဖြစ်သည်။
ဝိညာဉ်သခင်မယုံကျင်းသည် လူသားအရေပြားမီးအိမ်ကို ယူဆောင်ပြီးနောက် ကြည့်လိုက်သည်။ ၎င်းက ချန်းအားညို၏ မျက်နှာနှင့် (၈၀)ရာခိုင်နှုန်း တူညီနေသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးသည် နီရဲလာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး မျက်နှာပေါ်သို့ အကြင်နာမဲ့စွာ ရိုက်ချလိုက်သည်။
ယင်းက အဆုံးသတ်မဟုတ်သေးပေ။ သူက ထပ်ခါထပ်ခါ ရိုက်လိုက်လေရာ လူသားအရေပြားမီးအိမ်သည် အော်ဟစ်ညည်းညူလာသည်။ ၎င်း၏ အသံသည် အလွန်သနားစရာကောင်းလေရာ ဘေးမှ နင်ယန်၊ ဝူကျန်းဝူနှင့် တခြားလူများသည်ပင် စိတ်မကောင်းဖြစ်သွားကြရသည်။
ဘေးမှ ခေါင်းဆောင်သည် အားပေးသည်။
“ ကောင်းလိုက်တဲ့ ရိုက်ချက်ပဲ… အားထပ်ထည့်ဦး… မင်းလုပ်နိုင်ပါတယ် ”
ခေါင်းဆောင်၏ အသံကို ကြားသောအခါ ဝိညာဉ်သခင်မယုံကျင်းသည် ပိုပြီးဒေါသထွက်လာသည်။ လူသားအရေပြားမီးအိမ်သည်တော့ အတော်လေး ထူးဆန်းသည်။ ဝိညာဉ်သခင်မယုံကျင်းက မည်မျှရိုက်နှက်ပါစေ ၎င်းက မပျက်စီးသွားခဲ့ပေ။ ၎င်း၏ မျက်နှာပေါ်မှာ အဖုအဖောင်းများ ထွက်ပေါ်လာသော်လည်း ယင်းတို့က မြန်ဆန်စွာ ပုံမှန်ပြန်ဖြစ်သွားကြသည်။
ထိုမြင်ကွင်းသည် အလွန်ထူးခြားဆန်းကြယ်သည်။
ရွှီချင်း၏ အကြည့်က မီးအိမ်ပေါ်သို့ ကျရောက်သွားသောအခါ သူက စကားပြောရန် ဟန်ပြင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ရင်းနှီးကျွမ်းဝင်သော အသံသည် သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
“ ဒီမီးအိမ်က အတော် စိတ်ဝင်စားဖို့ကောင်းတာပဲ ”
ထိုရှေးဟောင်းအသံသည် အိမ်ရှေ့စံမင်းသားမှလွဲ၍ တခြားလူမဟုတ်ပေ။
ရွှီချင်းသည် ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ သူက အံ့အားသင့်သွားစဉ် တခြားအသံသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ဟုတ်တယ်… အဲ့ဒါက ရတနာပဲ… အထူးသဖြင့် အဲ့ဒါကို သန့်စင်ထားတဲ့ အတတ်ပညာပဲ… ဟွမ်ကောင်းကင်ဘုံရဲ့ နည်းစနစ်တချို့ ပါတယ်… ဒီချန်းအားညိုရဲ့ နောက်ခံက တကယ်လျှို့ဝှက်ဆန်းကြယ်တယ် ”
ယင်းက မင်းသမီးမင်မိန်၏ အသံဖြစ်သည်။
“ ဒီကောင်က ငါးအကြီးကြီးဆိုတာ ငါသိသားပဲ… ဒါကြောင့် သူ့နောက်ကို တိတ်တိတ်လေးလိုက်ဖို့ မင်းတို့ကို ငါအကြံပေးတာပေါ့… အရင်တုန်းက သူ့ကို ငါအရောတဝင် ဆက်ဆံခဲ့တာ သူ့ဆီကနေ သတင်းအချက်အလက်တချို့ နှိုက်ထုတ်ချင်လို့ပဲ ”
ထိုအသံသည် အဖိုးရှစ်ဖြစ်သည်။
“ ဒီမီးအိမ်ထက်စာရင် သူနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အဆင့်မြင့်နတ်ဘုရားက ဘယ်ကနေ ရောက်လာတာလဲဆိုတာ ငါပိုပြီးစိတ်ဝင်စားတယ်… အဲ့ဒါက အရင်တုန်းက ငါတို့သုံးသပ်ထားတဲ့ဟာနဲ့ တူပါ့မလား ”
ထိုအသံသည် အဖွားငါးဖြစ်သည်။
“ အဲ့ဒီမေးခွန်းရဲ့ အဖြေက ဒီနေရာမှာ သေချာပေါက် ရှိလိမ့်မယ်… ပြီးတော့ အဲ့ဒီလျှိုမြောင်ထဲက ဝိညာဉ်နက်တွေထဲမှာ ရှေးဟောင်းအရှိန်အဝါတွေ ပါရှိတယ်… အဲ့ဒါက ငါတို့အတွက် ရှားပါးတဲ့ အာဟာရဓာတ်စာတွေပဲ ”
အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။
သူ၏ စိတ်ထဲမှ ထိုအသံများကို ရွှီချင်းကြားလိုက်သောအခါ သူက တိတ်တဆိတ် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူတို့ရှိနေသော နေရာသည် အမှန်တကယ် ကောင်းကင်ပေါ်မှာ ဖြစ်သည်။ ဘေးဘီကို ကြည့်လျှင် မှောင်ရီနေသော အနက်ရောင်ကောင်းကင်သည် အသူရာချောက်နက်သဖွယ် အောက်မေ့ရသည်။
အထူးသဖြင့် ကောင်းကင်ပေါ်မှ အမှတ်အသားဖြစ်သည်။ စောစောတုန်းက တောင်ခြေမှ သူကြည့်ရှုခဲ့စဉ် ယင်းသည် အမှတ်အသားတစ်ခုထက် မပိုပေ။ သို့သော်လည်း ယခု သူက ကောင်းကင်နှင့် အလွန်နီးကပ်လာသည့်အခါ ထိုအမှတ်အသားသည် ဧရာမလျှိုမြောင်ကြီးတစ်ခုနှယ် ကြီးမားလှသည်။
လျှပ်စီးသည် လျှိုမြောင်ထဲမှာ လင်းလက်နေသည်။ သို့သော်လည်း ယင်းက အမှောင်ထုကို မတွန်းလှန်နိုင်ပေ။ ရံဖန်ရံခါ မြည်ဟိန်းသံများ ပဲ့တင်ထပ်လာပြီး အမှောင်ထုထဲမှာ ပျံ့လွင့်နေသည်။
ရွှီချင်း၏ အကြည့်ကို သတိထားမိသောအခါ ခေါင်းဆောင်သည် သူ့ဆီသို့ လျှောက်လာပြီး ပခုံးပုတ်လိုက်သည်။
“ ချင်းလေး… ဒုတိယခရီးမှာ အန္တရာယ်တချို့ရှိပေမဲ့ ငါသေချာ ပြင်ဆင်ထားပါတယ် ”
“ ငါမင်းကို ပြောပြမယ်… အဲ့ဒီလျှိုမြောင်ထဲမှာ မရေမတွက်နိုင်တဲ့ ဝိညာဉ်တွေရှိတယ်… အဲ့ဒီဝိညာဉ်တွေက ထူးခြားပြီး ရှေးဟောင်းအရှိန်အဝါတွေ ရှိတယ်… သူတို့က ငါတို့အနားကပ်လာတာနဲ့ ငါတို့ရဲ့ အသက်ဓာတ်တွေက ရှေးခေတ်အချိန်ကာလရဲ့ သက်ရောက်ခံလိုက်ရပြီး အမြန်အသက်ကြီးလာလိမ့်မယ်… နောက်ဆုံးမှာ ငါတို့ရဲ့ ခန္ဓာကိုယ်က ခြောက်သွေ့သွားပြီး သေဆုံးသွားလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် အဆောင်အရွက်အများအပြားကို ထုတ်ယူလိုက်ပြီး လူတိုင်းကို ခွဲဝေပေးလိုက်သည်။
“ ခဏနေ ငါတို့အထဲဝင်ပြီးသွားလို့ အရှေ့ကို ရွေ့လျားသွားတဲ့အခါကျရင် ဒီဟာတွေကို မီးရှို့ရလိမ့်မယ်… ဒီတစ်ကြိမ်မှာတော့ ငါတို့က လူစုမခွဲတော့ဘူး… မီးမငြိမ်းသွားသရွေ့ အဲ့ဒီဝိညာဉ်တွေက ငါတို့နားကို ချဉ်းကပ်လာနိုင်မှာ မဟုတ်ဘူး ”
“ ဒီအရေပြားတွေက ပစ္စည်းကောင်းတွေပါ… အဲ့ဒါတွေကို ချွေချွေတာတာ အသုံးပြုကြပါ… ”
ခေါင်းဆောင်သည် သူ၏ အရေပြားများကို အနည်းငယ် မခွဲနိုင်မခွာနိုင်ဖြစ်နေသည်။ ထို့ကြောင့် သူတို့ကို ထပ်မံသတိပေးလိုက်သည်။
ရွှီချင်းက အဆောင်အရွက်များကို ယူဆောင်လိုက်သည့်အခါ သူ၏ အထိအတွေ့မှတဆင့် ယင်းက စီနီယာအကိုကြီး၏ အရေပြားဖြစ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ သို့ဖြစ်၍ သူက ခေါင်းဆောင်ကို ကရုဏာသက်စွာ ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ ရောက်ရှိလာမှုကို စီနီယာအကိုကြီးအား မပြောပြခြင်းက ပိုကောင်းလိမ့်မည်ဟု သူခံစားမိသည်။ သို့မဟုတ်လျှင် တစ်ဖက်လူ၏ စိတ်ခံစားမှုသည် ချက်ချင်း မပျော်မရွှင်ဖြစ်လာလိမ့်မည်။
အိမ်ရှေ့စံမင်းသားနှင့် တခြားလူများက မကြာခင်မှာ သူတို့ကိုယ်သူတို့ ရုပ်လုံးထွက်ပြလာနိုင်သော်လည်း အနည်းဆုံးတော့ ခေါင်းဆောင်သည် တစ်ခဏကြာအောင် ပျော်ရွှင်ခံစားရလိမ့်မည်။
ရွှီချင်းသည် လေးဖင့်စွာ အသက်ရှူထုတ်လိုက်ပြီး သူ့အရှေ့မှ လျှိုမြောင်ဆီသို့ တန်းမတ်စွာ လျှောက်သွားသည်။
သူက အထဲဝင်သွားသည်နှင့်ချက်ချင်း လောကကြီးသည် ပြောင်းပြန်လှန်သွားသည်။
ကောင်းကင်သည် မြေပြင်ဖြစ်လာပြီး မြေပြင်သည် ကောင်းကင်ဖြစ်လာသည်။
အစောနက ကောင်းကင်ထဲမှာရှိသော လျှိုမြောင်သည် ရွှီချင်း၏ အရှေ့မှာ ထွက်ပေါ်လာသည်။ လျှိုမြောင်သည် ကောင်းကင်၏ မျဉ်းတံသဖွယ် တည်ရှိနေသည်။ ယခင်က ဓားသွားသဖွယ်တည်ရှိနေခဲ့သော တောင်ကုန်းများသည် ယခု ကောင်းကင်၏ အမိုးခုံးဖြစ်လာသည်။
၎င်း၏ တစောင်းပုံစံသည် ဧရာမဆေဘာဓားနှင့် အမှန်တကယ် တူညီပြီး ကောင်းကင်ပေါ်မှာ မြင့်မြင့်ချိတ်ဆွဲခံထားရသည်။ ဤသည်မှာ ဆေဘာဓားက မည်သည့်အချိန်၌မဆို ဤလျှိုမြောင်ထဲသို့ ပြုတ်ကျသွားနိုင်ပြီး ဓားအိမ်ထဲသို့ ဝင်ရောက်သွားတော့မည့်ဟန် အောက်မေ့ရသည်။
ထိုမြင်ကွင်းသည် လျှိုမြောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြသူများကို ဖိနှိပ်မှုအား ချက်ချင်း ခံစားမိသွားစေသည်။
ဤသည်မှာ အာဏာပါးကွပ်သား၏ ဆေဘာဓားက သူတို့၏ ဦးခေါင်းပေါ်မှာ ရပ်တန့်နေသည့်အလားပင်။
လူတိုင်းက ထိတ်လန့်နေကြစဉ် ခေါင်းဆောင်သည် အရေပြားအပိုင်းအစတစ်ခုကို ထုတ်လိုက်ပြီး မီးရှို့လိုက်သည်။
ထိုအခါ မင်ရည်ကဲ့သို့ မည်းမှောင်နေသော ဘေးပတ်ဝန်းကျင်သည် မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ဖြည်းညင်းစွာ ဆုတ်ခွာသွားကြသည်။ မီးအလင်းရောင်ရှိသော နေရာသည် ဟာလာဟင်းလင်း ဖြစ်လာသည်။
“ အဲ့ဒါတွေကို အလဟဿမလုပ်ပစ်ကြနဲ့… ငါတို့က တစ်ချိန်တည်းမှာ နှစ်ခုလောင်ကျွမ်းပစ်ရင်ရပြီ… ငါတစ်ယောက်တည်းက တရစပ် မီးရှို့မယ်… ကျန်တဲ့လူတွေကတော့ တစ်ယောက်တစ်လှည့်စီ မီးရှို့ပေးရမယ် ”
“ ကျန်းကျန်းကြီးက အရင်လုပ်မယ်… ပြီးသွားရင် နင်နင်လေး၊ လီယိုဖေး၊ ဖင်ကြီး အဲ… အမယုံကျင်းနဲ့ ရွှီချင်းက အစဉ်လိုက်လုပ်မယ် ”
ခေါင်းဆောင်၏ စကားသံက ပဲ့တင်ထပ်လာသည့်အခါ နွေးထွေးမှုသည် မီးအလင်းရောင်နှင့်တကွ ပျံ့လွင့်လာပြီး သူတို့အုပ်စု၏ ခန္ဓာကိုယ်နှင့် နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။ မီးအလင်းရောင်၏ အခြားတစ်ဖက်တွင် ပုံပျက်တွန့်လိမ့်မှုက စတင်ပေါ်လျှိုးလာသည်။ အမှောင်ထုထဲမှာ မိစ္ဆာမျက်လုံးများက သူတို့ကို အေးတိအေးစက်အကြည့်ဖြင့် စိုက်ကြည့်နေကြကြောင်း ရွှီချင်း အာရုံခံမိသည်။
ဤသည်မှာ အမှောင်ထု၏ ဖုံးကွယ်မှုအောက်တွင် ဧရာမသတ္တဝါကြီးများက နိုးထလာနေသည့်အလားပင်။ ၎င်းတို့က သူတို့ကို လောဘတကြီး စူးစိုက်ကြည့်နေကြသည်။
သေခြင်းရှင်ခြင်းကဒ်ဘေး၏ စိတ်အာရုံသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။
သို့သော်လည်း သူက အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို တွေးမိသွားသောအခါ စိတ်သက်သာရာရသွားသည်။
ဝူကျန်းဝူသည် အဆောင်အရွက်ကို မြန်ဆန်စွာ မီးရှို့လိုက်သည်။ ထိုအခါ မီးအလင်းရောင်၏ နယ်နိမိတ်သည် ပိုပြီးကျယ်ဝန်းလာသည်။
“ သွားကြစို့ ”
ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ ရွှီချင်းက သူ့အနောက်မှာ လိုက်သွားသည်။ လူတိုင်းသည် လျှိုမြောင်ထဲသို့ လျှောက်သွားကြပြီး အမှောင်ထုထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့က လမ်းလျှောက်သွားနေကြစဉ် မီးအလင်းရောင်၏ ထွန်းလင်းမှုအောက်မှာ သူတို့ရှိနေသော ဧရိယာသည် ဤအမှောင်လောက၏ တစ်ခုတည်းသော အလင်းရောင်ဖြစ်လာသည်။ သို့ဖြစ်၍ ယင်းက အမှောင်ထုထဲမှ လောဘအကြည့်များကို ပိုမိုများပြားစွာ ဆွဲဆောင်လာခြင်းသည် ပုံမှန်သာ ဖြစ်၏။
ကောင်းကင်ယံမှာ တွဲလောင်းရှိနေသော တောင်စောင်းအပြင် အမှောင်ထုထဲမှ အန္တရာယ်ကြောင့် လူတိုင်းသည် ကြီးမားသော ဖိအားကို ခံစားရလာကြသည်။
နင်ယန်နှင့် ဝူကျန်းဝူသည် ဤနေရာသို့ လိုက်လာခြင်းကို စတင်နောင်တရနေကြပြီ ဖြစ်သည်။ လီယိုဖေးသည်တော့ ရွှီချင်းနားသို့ တိုးကပ်လာသည်။ ယင်းက သူ့ကို လုံခြုံသော စိတ်ခံစားမှု ပေးနိုင်သည်ဟု ခံစားမိဟန် ရသည်။
ဝိညာဉ်သခင်မယုံကျင်းသည် သူတို့၏ အနောက်မှာ ရှိသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး လူသားအရေပြားမီးအိမ်ကို ဆက်လက် ရိုက်နှက်နေသည်။
ထိုသို့ဖြင့် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မကြာမီ နှစ်နာရီ ကုန်ဆုံးသွားသည်။
လူတိုင်းက ဤလျှိုမြှောင်၏ ခရီးတစ်ဝက်ကို ဖြတ်လျှောက်သွားပြီးနောက် အရေပြားဒါဇင်ခန့်သည် မီးလောင်ကျွမ်းသွားကြပြီ ဖြစ်သည်။
သူတို့က အနက်ပိုင်းထဲသို့ ဝင်ရောက်လာလေ အရေပြားများ၏ ကုန်ဆုံးမှုက ပိုပြီးများပြားလာလေ ဖြစ်သည်။ ခေါင်းဆောင်သည် သူ့စိတ်ကို ကြိုတင်ပြင်ဆင်ထားသော်လည်း သူ၏ အရေပြားအများအပြားက ပြာဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ နှလုံးနာကျင်လာသည်။
မည်သို့ဖြစ်ပါစေ ထိုအရေပြားအပိုင်းအစတစ်ခုစီကို သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆွဲခွာထားခြင်းမဟုတ်ပါလော။ ထိုအတွက် သူက ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပေသည်။
ထိုသို့အမြန်နှုန်းဖြင့်ဆိုလျှင် သူတို့က ခရီးဆုံးထိ မရောက်နိုင်မည်ကို သူစိုးရိမ်လာသည်။ ထိုအချိန်ကျလျှင် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရေပြားများကို ထပ်မံဆွဲခွာရလိမ့်မည်။
“ မဖြစ်နိုင်တာ… ”
ခေါင်းဆောင်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။
အဆုံးမှာတော့ ရွှီချင်းသည် ရပ်ကြည့်မနေနိုင်တော့ပေ။ သူက စိတ်ထဲမှာ တီးတိုးပြောလိုက်သည်။
‘ စီနီယာ… ’
‘ ကောင်းပြီ… အခု ဘေးပတ်ဝန်းကျင်မှာ စုဝေးရောက်ရှိနေတဲ့ အရေအတွက်က လုံလောက်ပါတယ် ’
အိမ်ရှေ့စံမင်းသားသည် တည်ငြိမ်စွာ ပြောသည်။ နောက်အခိုက်အတန့်မှာ ခေါင်းဆောင်နှင့် နင်ယန်၏ လက်ထဲမှ အဆောင်အရွက်များသည် မီးလောင်ကျွမ်းနေခြင်းမှ ရုတ်တရက် ငြိမ်းသတ်သွားသည်။
လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြပြီး သတိထားလာကြသည်။ ခေါင်းဆောင်သည်လည်း မျက်လုံးပြူးကျယ်လာသည်။
တစ်ချိန်တည်းမှာ မီးအလင်းရောင် ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် အမှောင်ထုထဲသို့ တဖန်ကျရောက်သွားသည်။ အမှောင်ထုထဲမှာ စုဝေးရောက်ရှိနေကြသော ဝိညာဉ်များသည် လူတိုင်းထံသို့ လောဘရမ္မက်ဖြင့် အရူးအမူး ပြေးလာနေကြသည်။
စူးရှသော အော်မြည်သံများနှင့် ဟိန်းသံများသည် အရပ်မျက်နှာပေါင်းစုံမှ ပဲ့တင်ထပ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ထိုအသံများသည် ကြောက်လန့်သွားသော အော်ဟစ်သံများသို့ ရုတ်ချည်း ပြောင်းလဲသွားပြီး အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။
ဤသည်မှာ ၎င်းတို့က အလွန်ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့သွားကြသည့်အလားပင်။
သို့သော်လည်း ယင်းက အလွန်နောက်ကျသွားချေ၏။ ရွှီချင်းသည် သူ၏ အင်္ကျီလက်ကို အကြိမ်ရေအနည်းငယ် လှုပ်ခါလိုက်သည်။ ထိုအခါ ပုံရိပ်တချို့သည် သူ၏ အင်္ကျီလက်ထဲမှ ပျံသန်းထွက်လာကြသည်။
တစ်ချိန်တည်းမှာ ကြောက်လန့်တကြား အော်ဟစ်သံများသည် သွေးပျက်ဖွယ်ကောင်းသော ငိုကြွေးသံများသို့ ပြောင်းလဲသွားကြသည်။
ထို့နောက် ချောက်ချားဖွယ်ကောင်းသော တဂျွတ်ဂျွတ် ဝါးစားသံများ ထွက်ပေါ်လာသည်။ ဤသည်မှာ မရေမတွက်နိုင်သော ဝိညာဉ်များက ဝါးစားခံနေရသည့်အလားပင်။
မိုးခြိမ်းသံက မြည်ဟိန်းသွားပြီး လျှပ်စီးက ဖြတ်ခနဲ လင်းလက်သွားသည့်အခါ ဘေးပတ်ဝန်းကျင်သည် အနည်းငယ် ရှင်းလင်းပြတ်သားလာသည်။ ရွှီချင်းသည် ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားနှင့် တခြားလူများကို ဝေဝေဝါးဝါးသာ ဖြတ်ခနဲ မြင်လိုက်ရပေသည်။ သူတို့သည် ဝဲကတော့များအသွင်သို့ ပြောင်းလဲသွားကြပြီး မတူညီသော အရပ်မျက်နှာအသီးသီးမှာ အရူးအမူး ဝါးမျိုစားသောက်နေကြသည်။
မရေမတွက်နိုင်သော ဝိညာဉ်များသည် ဝဲကတော့၏ ဆုတ်ဖြဲမှုအောက်မှာ အက်ကွဲသွားကြပြီး ဝဲကတော့၏ စုပ်ယူခြင်းခံလိုက်ရသည်။ ၎င်းတို့က အစာဖြစ်လာသည်။
ဤအခိုက်အတန့်မှာ ရွှီချင်းသည် အကြီးအကဲများထံမှ ယခင်က အမြဲတမ်း သူခံစားရမိသော နွေးထွေးကြင်နာမှုကို မရရှိတော့ပေ။ ယင်းအစား သူတို့က အေးစက်မှုကိုသာ ပေးသည်။
ရွှီချင်းသည် တည်ငြိမ်သည်။ သူက အံ့အားသင့်ခြင်းမရှိပေ။
ယင်းက ဝိညာဉ်စုစည်းခြင်းအဆင့်၏ အစစ်အမှန်ပုံစံဖြစ်ကြောင်း သူသိသည်။
သေချာသော အသိအမြင်မှ ကြည့်မည်ဆိုလျှင် ဝိညာဉ်စုစည်းခြင်းအဆင့်သည် သက်ရှိနယ်ပယ်ကို ကျော်လွန်သွားကြပြီ ဖြစ်သည်။
သူတို့က ဆေးဆိုင်ထဲမှာ နွေးထွေးကြင်နာကြသော အဖိုးအို အဖွားအိုများအသွင်ဖြင့် ရှိနေရခြင်းမှာ ရွှီချင်းနှင့် တခြားလူများကို သူတို့၏ ဂျူနီယာလေးများသဖွယ် သဘောထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း အပြင်လူများအတွက်တော့ ‘ ဝိညာဉ်စုစည်းခြင်း ’ ဟူသည် နတ်ဘုရားတစ်ပါးနှင့် မခြားနား