ထူးခြားသော ဖြစ်ရပ်
Vol. 42 Ch. 619
ကြေညာချက်က အလွန်တရာမှကို ရိုးရှင်းပေသည်။ နတ်ဆေးဆရာဝိုင်၏ ဆေးအား ကိုရီးယားနိုင်ငံကို ရောင်းချမည် မဟုတ်ပါ။
နတ်ဆေးဆရာဝိုင်နှင့် ပတ်သက်သော သတင်းများက တရုတ်နိုင်ငံတွင်း၌သာ ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းအား အခြားနိုင်ငံများက သတိမထားမိကြချေ။ နိုင်ငံထဲမှ သတင်းအချို့ ထွက်လာခဲ့လျင်တောင်မှ ယင်းအား အာရုံစိုက်ခံမှု ရရှိရန် ပြုလုပ်သည့် လှိမ့်လုံးတစ်ခုဟုသာ သတ်မှတ်ခံရပေလိမ့်မည်။
နတ်ဆေးဆရာဝိုင်က အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး သူနှင့် ပတ်သက်သည့် သတင်းအချက်အလက် များများ စားစား မရှိခြင်းတို့ပါ ပေါင်းလိုက်သောအခါ ပြည်ပ မီဒီယာများ၏ အာရုံစိုက်ခြင်းကို မရတော့ချေ။
ကိုရီးယားနိုင်ငံက ဘာမှမသိသဖြင့် သူတို့သည် ဘယ်နေရာကမှန်းမသိ ပေါ်လာသော ဤနတ်ဆေးဆရာအား လူပြက်သက်သက်ဟုသာ ထင်မြင်ကြသည်။
[အခု သူတို့က အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီလား၊ တရုတ်လူမျိုးတွေက စိတ်ကူးယဉ်တွေ ဖန်တီးရတာကို သိပ်ကြိုက်တာ၊ သူတို့က ငါတို့နိုင်ငံကို အယုံလွယ်တယ်လို့များ ထင်နေတာလား၊ မင်းတို့က ဖန်တီးထားတဲ့ နတ်ဆေးဆရာနဲ့ ငါတို့ကို ခြောက်ဖို့ ကြိုးစားနေတာလား၊ တစ်ကမ္ဘာလုံး ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာကို လူတစ်ယောက်က ဖြေရှင်းနိုင်တယ်တဲ့လား၊ အဲ့လိုဆေးမျိုးသာ ရှိလို့ကတော့ ငါ ချီးစားပြမယ်ကွာ]
ကိုရီးယားနိုင်ငံ၏ တုံ့ပြန်မှုက အင်တာနက်ပေါ်၌ ဆူဆူညံညံ စဖြစ်လာစေသည်။
[လခွမ်း၊ ကိုရီးယားနိုင်ငံက အံ့ဩဖို့ကောင်းလိုက်တာ၊ မြင့်မြတ်လိုက်တာ]
[ဝါးဟားဟားဟား … ကိုရိးယားနိုင်ငံက နတ်ဆေးဆရာဝိုင်ကို ပြောဆိုဖို့ လုပ်နေတာကို မြင်တော့ ငါ ဘာလို့မှန်း မသိဘဲ စိတ်အေးသွားပြီ]
[ကိုရီးယားနိုင်ငံက သူတို့အတွက် တွင်းတစ်တွင်းကို အောင်အောင်မြင်မြင် တူးနိုင်ခဲ့သွားပြီ၊ သူတို့ကများ နတ်ဆေးဆရာဝိုင်ကို ဟာသလုပ်ရဲတယ်ပေါ့လေ]
[သူတို့ကို ငါ လေးစားမိပြီ၊ နတ်ဆေးဆရာဝိုင်ကို ရန်စရဲတဲ့လူကို ငါ ပထမဆုံး မြင်ဖူးတာပဲ]
[ချစ်ခင်ရပါသော ကိုရီးယားနိုင်ငံရေ၊ ကျေးဇူးပြုပြီး စိတ်အေးလက်အေးနဲ့ သူ့ကို ဆက်ရန်လုပ်ကြပါ၊ သူ့ကို အပြည့်အဝ ရန်ရှာလေ ပိုကောင်းလေပဲ]
[ဘာလို့မှန်းတော့ မသိဘူး၊ ဒီလို ရဲရင့်တဲ့လူတွေကို မြင်တော့ ငါ တအား စိတ်လှုပ်ရှားမိသွားတယ်]
…
အွန်လိုင်းပေါ်မှ တုံ့ပြန်မှုများကို ကြည့်ပြီး ကိုရီးယားနိုင်ငံက အရာအားလုံးကို သိမြင်နေသကဲ့သို့ ပြုမူကာ သူတို့အား ထပ်မံ၍ သရော်လေသည်။
[ဟားဟား ကလေးကလားအကွက်တွေကွာ]
[ဟုတ်တယ်၊ မင်းပြောတာ လုံးဝ မှန်တယ်]
[သောက်ရမ်း မိုက်တယ်ကွာ၊ မင်းက ဒီပရိယာယ်ကို ထိုးဖောက်မြင်နိုင်ခဲ့တာပဲ]
[ညီအစ်ကိုတို့၊ ဒါက မျှော်လင့်ချက်မ မရှိဘူး၊ ကိုရီးယားနိုင်ငံက ကယ်လို့မရတော့ဘူး၊ ဝါးဟားဟားဟား …]
[အမှန်ကို သိတဲ့အခါကျရင် ကိုရီးယားနိုင်ငံ ငိုလိမ့်မယ်လို့ မင်းတို့ ထင်လား]
[မောက်မာတာက ကြောက်စရာကောင်းတယ်၊ ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်]
…
ကိုရီးယားနိုင်ငံ၏ တုံ့ပြန်မှုအား နားလည်နိုင်ပေသည်။ ၎င်းသည် ဆေးနှင့် ပတ်သက်သော အကြောင်းအရာ မဟုတ်ပါလော။ ယင်းသည် ကမ္ဘာပေါ်၌ ဖြေရှင်းရ အခက်ဆုံး ပြဿနာများထဲမှ တစ်ခု ဖြစ်ပေသည်။
အထူးသဖြင့် ခေတ်မီ ဆေးပညာက အလွန် တိုးတက်ပြီးပြီ ဖြစ်သည်။ ယခုအထိ အဖြေရှာမတွေ့သေးသော အရာများသည် တစ်ကမ္ဘာလုံးက မဖြေရှင်းနိုင်သော၊ ဖြေရှင်းရန် မဖြစ်နိုင်သော ပြဿနာများ ဖြစ်လေသည်။ ၎င်းတို့အား အမြင့်ဆုံး ခက်ခဲသော ပြဿနာများ ဖြစ်သည်ဟု သတ်မှတ်နိုင်ပေသည်။ နတ်ဆေးဆရာဝိုင်က ဤသို့သော ဆေးမျိုးကို ဘယ်လိုလုပ် ဖန်တီးနိုင်မည်နည်း။
အကယ်၍ ဆေးအား တရုတ်နိုင်ငံက ဖန်တီးသည်ဟု ပြောပါက ယုံကြည်နိုင်လောက်သေးသည်။ သို့သော် ၎င်းအား သီးသန့်ပုဂ္ဂိုလ်တစ်ယောက်က ဖန်တီးသည်ဟု ပြောလာသောအခါ ထိုပြောဆိုချက်၏ ယုံကြည်နိုင်မှုနှုန်းက သုညပင်။
အမေရိကား …
[မြတ်စွာဘုရား၊ ဒါက တကယ်လား]
[သူတို့က ခွေးရူးပြန်ရောဂါကို တကယ် ကုသနိုင်တာလား၊ တရုတ်နိုင်ငံရဲ့ ဆေးပညာက တိုးတက်လာပြီလား]
[တရုတ်ဆေးပညာက သိပ်ထူးခြားတယ်လို့ ငါ ကြားဖူးတယ်၊ ဒီကမ္ဘာ့အဆင့် ပြဿနာကို သူတို့ တကယ် ဖြေရှင်းနိုင်ခဲ့တာလား]
[နတ်ဆေးဆရာဝိုင်ဆိုတာက လူလိမ်တစ်ယောက်ပဲ မဟုတ်ဘူးလား၊ သူတို့က ဘယ်လိုလုပ် ငါတို့ အနောက်တိုင်း ဆေးပညာနဲ့ ယှဉ်နိုင်မှာလဲ]
[နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းက အစီရင်ခံစာကို ငါ စောင့်နေတယ်]
အင်္ဂလန် …
[ဝိုး … သူတို့သာ ဒီလို ဆေးပညာကို တကယ် ထုတ်လုပ်နိုင်ခဲ့တာဆိုရင် ဒါက လူသားအားလုံးကို အကျိုး ဖြစ်စေမှာပဲ]
[နတ်ဆေးဆရာဝိုင်လား၊ ဘာလို့ သူ့ကို အရင်က မကြားဖူးတာလဲ၊ ဒါက နည်းနည်း မဟုတ်သလိုပဲ]
[ငါတို့ မင်းသမီးကို ကယ်ခဲ့တဲ့ ဟိုအိတ်အကြောင်း မင်း မေ့သွားပြီလား]
[အိုး … တရုတ်နိုင်ငံက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ နိုင်ငံပဲ]
ရုရှား …
[ဘုရားသခင်၊ တရုတ်နိုင်ငံက ခွေးရူးပြန်ရောဂါကို ကုသနိုင်တဲ့ဆေးကို ထုတ်လုပ်နိုင်ခဲ့ပြီလား]
[ဒါ အံ့ဩဖို့ကောင်းတယ်၊ ဒါ လူ့သမိုင်းရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ]
[လူသားတွေနဲ့ တိရစ္ဆာန်တွေ အခုတော့ ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒွန်တွဲနေနိုင်ပြီ၊ ဒီကြီးမားတဲ့ ပြောင်းလဲမှုကြီးအတွက် ငါ ပုံအပ်ထားလိုက်ပြီကွာ]
[ငါတို့မိတ်ဆွေ တရုတ်နိုင်ငံက အံ့ဩဖို့ကောင်းတာပဲ]
ဂျပန်နိုင်ငံ …
[အရူးတွေ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါ သတင်းအမှားပဲ ဖြစ်ရမယ်]
[တရုတ်နိုင်ငံက လေပေါရတာကို ကြိုက်တာပဲ၊ ဒီနတ်ဆေးဆရာဝိုင်က ဘယ်ကနေ ရုတ်တရက်ကြီး ပေါ်လာတာလဲ]
[ငါတို့လူမျိုးတွေက တရုတ်နိုင်ငံထဲမှာ နှစ်တွေ အများကြီး သွားလာနေပင်မယ့် ခွေးရူးပြန်ရောဂါကို နှိမ်နင်းနိုင်တဲ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမျိုး ငါတို့ တစ်ခါမှ မကြားဖူးခဲ့ဘူး]
…
အစိုးရက ဤသတင်းအား မပိတ်ပင်ထားချေ။ အခြားသော နိုင်ငံများအားလုံး သတင်း သိုးသိုးသန့်သန့် ရနေပြီး နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်းအား လာရောက်၍ ဤဆေးသစ်အား စမ်းသပ်ရန် ဖိတ်ကြားနေသည်။
ဤအဖြစ်က တစ်ကမ္ဘာလုံး၏ အာရုံကို ဖမ်းစားသွားပြီး စကားနိုင်လုပွဲများစွာ ဖြစ်ပေါ်လာစေ၏။
ခွေးရူးရောဂါဟုလည်း လူသိများသည့် ခွေးရူးပြန်ရောဂါသည် ခွေးများတွင်သာ ဖြစ်ပွားခြင်း မဟုတ်ချေ။ ကြောင်များနှင့် အခြားသော တိရစ္ဆာန်များသည်လည်း ရောဂါပိုး သယ်ဆောင်သူများ ဖြစ်နိုင်သည်။ အိမ်မွေး တိရစ္ဆာန်များအား မိမိတို့၏ ကလေးသဖွယ် သဘောထားသော အနောက်နိုင်ငံ၌ မိသားစုအားလုံးနီးပါးတိုင်းတွင် ခွေးတစ်ကောင် ရှိကြသည်။ သူတို့သည် တိရစ္ဆာန်နှင့် တစ်ချိန်လုံး အနီးကပ် နေထိုင်ကြသဖြင့် အလွယ်တကူ ဒဏ်ရာ ရနိုင်သည်။ ထို့ကြောင့် ခွေးရူးပြန်ရောဂါက သူတို့အတွက် ကြောက်စရာကောင်းသော ရောဂါတစ်ခုပင်။
လူတော်တော်များများက ခွေးရူးပြန်ရောဂါကြောင့် တိရစ္ဆာန်များကို မုန်းတီးကြကာ တိရစ္ဆာန်အားလုံးနှင့် ကင်းကင်းနေမိသွားစေသည်။
အကယ်၍ ခွေးရူးပြန်ရောဂါ ပြဿနာကိုသာ ဖြေရှင်းပြီးပါက လူသားများနှင့် တိရစ္ဆာန်များ၏ ဆက်ဆံရေးက ပို၍ နီးကပ်လာနိုင်သည်။ ထို့ကြောင့် အနောက်နိုင်ငံသားများသည် ဤဆေးအပေါ် ပို၍ အလေးထားကြသည်။
သို့သော် ဆွေးနွေးမှုအများစုမှာ သာမန်ကာလျှံကာ စိတ်ဝင်စားခြင်းသာ ဖြစ်ပြီး ဤဆေးသည် တရားဝင် ထုတ်ဖော်ခြင်း မရှိသလို နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၏ စမ်းသပ်မှုကို ကျော်လွှားနိုင်မည် မဟုတ်ဟု ဆိုကြသည်။
နှစ်စဉ်နှစ်တိုင်း မရေတွက်နိုင်သော ဆေးများသည် နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၏ ပယ်ချခြင်း ခံခဲ့ရသည်။
ထို့အပြင် ဤသတင်း၏ စစ်မှန်မှုအား မဆုံးဖြတ်ရသေးချေ။
ရဲ့လင်းချန်သည် အခြားသူများ သူ့ကို ဘယ်လိုမြင်လဲ ဂရုမစိုက်ချေ။ သူသည် ကြေညာချက်ကို တင်ပြီးနောက် ဘာကိုမှ အရေးမစိုက်တော့ပေ။ ဆေးဝါးသည် နိုင်ငံတကာ ဆေးပညာအဖွဲ့အစည်း၏ စမ်းသပ် စစ်ဆေးမှုကို အောင်မြင်သွားပြီးလျင် သံသယများနှင့် သရော်မှုများအားလုံးသည် အံ့ဩမှုအဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။
ယနေ့တွင် တုန်းမြောင်မြောင် ခူးလာသော ဆေးပင်များအားလုံးကို သူ့ထံသို့ ပို့ဆောင်လာ၏။
သုံးရက်ကြာသော် ရဲ့လင်းချန်သည် သူ ဖော်စပ်ထားသော ဆေးများကို သယ်ဆောင်၍ နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်းသို့ ဦးတည် ထွက်ခွာလိုက်သည်။ ယခုတစ်ခေါက်၌ သူသည် တစ်ကိုယ်တည်း မသွားချေ။ သူသည် မိုဟာမက် အလီကို သူ၏ သက်တော်စောင့်အဖြစ် ခေါ်ဆောင်သွားသည်။
အလီသည် လူကောင်ကြီးပြီး အခြားသူများအား အလွယ်တကူ ခြောက်လှန့်နိုင်သည်။ ယင်းက သူ့အား အချို့သော မလိုလားအပ်သည့် အရှက်ခွဲမှုများမှ ကာကွယ်နိုင်ပေသည်။ နတ်ဆေးဆရာဝိုင်ဟူသော နောက်ခံက အလွန် အထိမခံနိုင်သော ခေါင်းစဉ်ပင်။
နိုင်ငံတကာ ဆေးပညာ အဖွဲ့အစည်း၌ ရုံးငါးခု ရှိပြီး တစ်ရုံးစီက ကမ္ဘာပေါ်ရှိ အဖွံ့ဖြိုးဆုံးနေရာများ၌ တည်ရှိသည်။ တစ်ခုက တရုတ်နိုင်ငံ၊ မြို့တော်၏ အနောက်ဘက် စီချွမ်ဒေသနှင့် တိဘက်ကြား၌ တည်ရှိသည်။
အချို့သော ဆေးများသည် မြို့ဧရိယာ အနီးအနားအတွက် အထိအခိုက် မခံနိုင်သောကြောင့် လူသူ နည်းပါးသော ဧရိယာ၌ တည်ဆောက်ထားခြင်း ဖြစ်မည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။
စီချွမ်ဒေသသို့ လေယာဉ်ဖြင့် ရောက်ရှိပြီးနောက် သူသည် ရုံးရှိရာသို့ ရောက်ရှိနိုင်သည့် သုံးနာရီကြာမြင့်သော ဘတ်စ်ကားအား စီးလိုက်သည်။
ရဲ့လင်းချန်နှင့် အလီသည် လူသတိမထားမိစေရန် mask များ တပ်ထားကြသည်။
အလီသည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းကို စတင် လေ့ကျင့်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ပို၍ ကြံ့ခိုင် သန်မာလာသည်။ သူတို့ ဝတ်ထားသည့် ထူးခြားသော အဝတ်အစားများကိုပါ ပေါင်းလိုက်သောအခါ ချက်ချင်း လူအချို့၏ စိတ်ဝင်စားခြင်း ခံလိုက်ရသည်။
ရဲ့လင်းချန်သည် အေးအေးလူလူနှင့် ထိုင်စရာနေရာ ရွေးလိုက်သည်။ ထိုအခိုက်တွင် အလီက နောက်ဆုံးတန်းသို့ ဦးတည်သွားပြီး ထိုင်လိုက်သည်။
လူသူနည်းပါးသော ဧရိယာဖြစ်သော်လည်း လမ်းများက အလွန် ကျယ်ပြီး အနည်းငယ် ယာဉ်ကြော ပိတ်ဆို့မှု ရှိသည်။ ထို့အပြင် ကားများအားလုံးက တန်ဖိုးကြီးကားများ ဖြစ်လေသည်။
ရဲ့လင်းချန်ကို အံ့အားအသင့်ဆုံး ဖြစ်စေသည့် အချက်မှာ ဤခရီး၌ သူ တွေ့သော သူများသည် သာမန်နှင့်မတူဘဲ သိုင်းပညာရှင်များနှင့် ပိုတူသည်ဟု သူ ခံစားမိနေသည်။
ဖြတ်သွားသည့် ကားဆယ်စီးတိုင်း၌ သိုင်းပညာရှင် တစ်ယောက် သို့မဟုတ် နှစ်ယောက် ပါတတ်သည်။ ယင်းမှာ ကြောက်စရာကောင်းသော အချိုးအဆပင်။
မြို့များတွင်တောင်မှ စစ်သည်တော်ဌာနမှာ လူများသာလျင် သိုင်းပညာရှင်များ ဖြစ်ပြီး သူတို့၏ လှုပ်ရှားမှုများကို တင်းကြပ်စွာ စောင့်ကြည့်သည်။ သို့သော် ဤနေရာ၌ သိုင်းပညာရှင်များသည် လွတ်လပ်စွာ သွားလာနိုင်ပြီး အရေအတွက်ကလည်း များပေသည်။
သူတို့၏ အရည်အချင်းက ရဲ့လင်းချန်နှင့် မယှဉ်နိုင်သော်လည်း သူတို့သည် သာမန်လူများကြားထဲ၌ ရှားပါးသူများဟု ဆိုနိုင်ပေသည်။
*ဒါက ထူးဆန်းတယ်၊ ဒီနေရာက လူသူကင်းမဲ့လွန်းလို့ စစ်သည်တော်ဌာနက သူတို့ကို စောင့်ကြည့်ဖို့ စိတ်မဝင်စား တာလား*