← Chapters

အရာများစွာ ပြောင်းလဲခဲ့သည်

Vol. 61 Ch. 901

အရာများစွာ ပြောင်းလဲခဲ့သည်

Vol. 61 Ch. 901

တာအိုအရှင်အဆုံးစွန်မီးသည် ဆရာဘိုးဘိုးဟူသော ဝေါဟာရကို ကြားရချိန်တွင် သူက ထပ်တလဲလဲခေါင်းညိတ်လိုက်လေသည်။

“ကောင်းတယ် ကလေး မင်းက ဒီအဆင့်ထိရောက်အောင် ကျင့်ကြံခဲ့ပြီပဲ... သိပ်ကောင်းတယ် ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ... ကဲ ​ မြ​န်​​​မြန်ထတော့”

တာအိုအရှင်ကြယ်သွေးနီ၏ အဝတ်အစားများက မျက်ရည်များဖြင့် စိုရွှဲနေသော်လည်း သူက ခေါင်းကိုသာသွင်သွင်ခါ၍ ဒူးထောက်နေလေသည်။

မကောင်းသည့်နမိတ်ဆောင်သော ခံစားချက်တစ်ခုက တာအိုအရှင်အဆုံးစွန်မီး၏ စိတ်ထဲသို့ဝင်ရောက်လာပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ မေးလိုက်လေသည်။

“မင်းရဲ့ဆရာ ထျန်ရှင်းရော ဘာတွေလုပ်နေလဲ...”

တာအိုသက်ရှိထျန်ရှင်းသည် တာအိုအရှင်အဆုံးစွန်မီး၏ အကြီးဆုံးတပည့်ဖြစ်ပြီး သူ၏ တပည့် ၇ ယောက်ထဲတွင် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံနိုင်ခဲ့သော တစ်ဦးတည်းသော သူလည်းဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီး ပျောက်ဆုံးသွားပြီးနောက် သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို လက်ဆင့်အမွေကမ်းနိုင်ခဲ့သည်မှာ တာအိုသက်ရှိထျန်ရှင်း၏ ကျေးဇူးကြောင့်ဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီး၏ မေးခွန်းကိုကြားရပြီးနောက် တာအိုအရှင်ကြယ်သွေးနီက အလွန်တရာ နာကျင်ခံစားရသော အမူအရာတစ်ခုဖြင့် အော်ငိုလိုက်လေသည်။

“ဆရာက သေသွားခဲ့ပါပြီ...”

“အား...”

တာအိုအရှင်အဆုံးစွန်မီးသည် အဲ့တာအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း သူက အသံတစ်ချက်ထွက်၍ အော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးများက အစားထိုးမရနိုင်သော နာကျင်မှုတစ်ခုကို ထုတ်ပြလာလေသည်။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် တာအိုအရှင်အဆုံးစွန်မီးက ထပ်မေးလိုက်လေသည်။

“မင်းရဲ့ ဆရာဦးလေးတွေရော ရှစ်ယွီ ၊ ချန်ဟိုင်နဲ့ လောလင်...”

တာအိုအရှင်အဆုံးစွန်မီးက ဆက်မပြောနိုင်တော့ပေ။

တာအိုအရှင်ကြယ်သွေးနီက သူ၏ခေါင်းကို ငုံ့ထားပြီး သူ့နှုတ်ခမ်းကို တင်းတင်းစေ့ကာ ရှိုက်ငိုနေလေသည်။

“သူတို့တွေက ဓမ္မဝိသေသအဆင့်ကို မတက်လှမ်းနိုင်ခဲ့ပဲ သူတို့ရဲ့ ဘဝသက်တမ်းတွေက ကုန်ဆုံးသွားခဲ့ပါပြီ... သူတို့က ကွယ်လွန်သွားခဲ့ကြပါပြီ”

နောက်ဆုံးမှာတော့ တာအိုအရှင်ကြယ်သွေးနီက ခက်ခက်ခဲခဲပြောလိုက်လေသည်။

“အား...”

ထိုနေရာအရောက်တွင် ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်လေသည်။

သူသည် တာအိုအရှင်အဆုံးစွန်မီးကို သနားဂရုဏာသက်သွားလေသည်။

အချိန်ကာလက ရက်စက်ကြမ်းကြုတ်လွန်းလှလေသည်။

ဓမ္မဝိသေသအဆင့်သို့ မရောက်သရွေ့ လူတစ်ယောက်၏အသက်က နှစ်ငါးထောင်ထက်မကျော်လွန်ပေ။

တာအိုအရှင်အဆုံးစွန်မီး ပြန်ရောက်လာချိန်တွင် သူ၏ တပည့် ၇ ယောက်လုံးက သေဆုံးသွားခဲ့ပြီဆိုတော့...

နှစ်ငါးထောင်က ကုန်လွန်သွားခဲ့ပြီး ဝမ်းအနည်းရဆုံးအရာမှာ အရာများစွာက ပြောင်းလဲသွားခဲ့ခြင်းပင်။

တာအိုအရှင်အဆုံးစွန်မီးက တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်းနည်းပူဆွေးသော အမူအရာတစ်ခုနှင့် သူ၏မျက်လုံးများကို မှိတ်ထားလေသည်။ သူက ချက်ချင်းပင် သိသိသာသာ အိုစာသွားသည်ဟု ထင်ရလေသည်။

တပည့် ၇ ယောက်၏ ပုံရိပ်များက သူ၏စိတ်အာရုံထဲမှာ တဖျပ်ဖျပ် ပေါ်ထွက်လာခဲ့လေသည်။

တပည့် ၇ ယောက်၏ ရယ်သံများကို သူ့နားထဲတွင် ကြားယောင်လာခဲ့လေသည်။

သူထွက်ခွာသွားတုန်းက ထိုတပည့်များသည် အသက်မကြီးလာသေးပဲ နှစ်တစ်ထောင်ထက်မကျော်လွန်ကြပေ။

အငယ်ဆုံးတပည့် ရှစ်ယွီဆိုလျှင် အသက်တစ်ရာကျော်ကျော်သာ ရှိသေးလေသည်။ တာအိုအရှင်အဆုံးစွန်မီး၏ မျက်လုံးထဲမှာ သူက ကလေးတစ်ယောက်လိုသာဖြစ်လေသည်။

ယခု သူပြန်ရောက်လာချိန်တွင် သူက သူတို့ကို တစ်ဖန်ထပ်၍ မမြင်တွေ့နိုင်တော့ပေ။

ဆူဇီမိုသည် ဘေးကနေ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီး တာအိုအရှင်အဆုံးစွန်မီးကို မည်သို့ နှစ်သိမ့်ရမလဲ မသိတော့ပေ။

အဲ့ဒါက ကျင့်ကြံရေးလောကရှိ လောကဓံတရား၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်လေသည်။

ကျင့်ကြံသူများကြား ၊ မျိုးနွယ်စုများကြား ၊ လူကောင်းနှင့်လူဆိုးများကြား ၊ အင်မော်တယ်နှင့်မိစ္ဆာများကြား တိုက်ခိုက်မှုများအပြင် သူတို့၏နောက်ကျောတွင် အချိန်ကာလကလည်း ထက်ရှသော ဓားတစ်ချောင်းကဲ့သို့ အသင့်စောင့်ဆိုင်းနေလေသည်။

လူတစ်ယောက်၏ ကျင့်ကြံမှုလမ်းကြောင်းက ရပ်တန့်သွားသည်နှင့် ထိုဓားက သူတို့အပေါ်သို့ ခုတ်ပိုင်းကျလာပေလိမ့်မည်။

မည်သူကမှ ချမ်းသာရာမရပေ။

ရုတ်တရက်ဆိုသလို...

သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား တာအိုအရှင်အဆုံးစွန်မီးက သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး ထိုမျက်လုံးများက မီးတောက်များဖြင့် လောင်ကျွမ်းနေသည်ဟု ထင်ရလေသည်။

“အဲ့ဒါက မဖြစ်နိုင်ဘူး...”

တာအိုအရှင်အဆုံးစွန်မီးက ခေါင်းခါလိုက်လေသည်။

“လောလင် ၊ ရှစ်ယွီနဲ့ အခြားသူတွေက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို မကျင့်ကြံနိုင်ခဲ့တဲ့အတွက် သူတို့က ဓမ္မဝိသေသအဆင့်ကို မရောက်နိုင်ခဲ့ဘူးဆိုတာ နားလည်လက်ခံလို့ရတယ်”

“ဒါပေမယ့်လို့... မင်းရဲ့ဆရာထျန်ရှင်းက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံထားခဲ့တာပဲ... နောက်ပြီး ငါထွက်သွားတုန်းက သူက ပကတိမူလနတ္ထိအဆင့်ကိုရောက်နေပြီးတော့ ဓမ္မဝိသေသအဆင့်ကို အချိန်မရွေးတက်လှမ်းနိုင်တော့မှာ... သူက ဘယ်လိုဖြစ်လို့ ကွယ်လွန်သွားရတာလဲ”

ထိုနေရာအရောက်တွင် တာအိုအရှင်အဆုံးစွန်မီးသည် တာအိုအရှင်ကြယ်သွေးနီက သူ၏ဆရာသည် သေဆုံးသွားခဲ့သည်ဟု ပြောခြင်းဖြစ်ပြီး ကွယ်လွန်သွားခဲ့သည်ဟု ပြောခြင်းမဟုတ်သည်ကို ရုတ်တရက် အမှတ်ရသွားခဲ့လေသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အေးအေးချမ်ချမ်းဖြင့် ကွယ်လွန်သွားခဲ့သော ကျင့်ကြံသူများကို သေသည်ဆိုသော စကားလုံးဖြင့် မဖော်ပြတတ်ကြပေ။

“ထျန်ရှင်းက ဘာဖြစ်သွားခဲ့တာလဲ”

တာအိုအရှင်အဆုံးစွန်မီးက ဖြည်းဖြည်းချင်းမေးလိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက ငိုနေခြင်းကို ရပ်တန့်လိုက်ပြီဖြစ်၏။ သူက လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ပြီး အံကိုကြိတ်ကာ သူ့မျက်လုံးများက အမုန်းတရားများဖြင့် ပြည့်နှက်လာခဲ့လေသည်။

“အဲ့ဒါက ငရဲမီးစံအိမ်သခင်ကြောင့်ပဲ”

“သူက ဘယ်သူလဲ...”

တာအိုအရှင်အဆုံးစွန်မီးက မေးလိုက်လေသည်။

“သူက အသွန်းတစ်ရာဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်တယ်လို့ ငါကြားခဲ့ရတယ်”

တာအိုအရှင်ကြယ်သွေးနီက ခေါင်းညိတ်ပြီး တွေဝေနေသော အမူအရာတစ်ခုဖြင့် တာအိုအရှင်အဆုံးစွန်မီးကို မော့ကြည့်လိုက်လေသည်။

“သူ့ရဲ့တာအိုဘွဲ့က ခရမ်းမီးတောက်... သူက... သူက”

“သူက ငါ့ရဲ့စီနီယာအစ်ကိုပဲ...”

တာအိုအရှင်အဆုံးစွန်မီးက ထိုစကားလုံးကို တည်ငြိမ်စွာ ဆက်ပေးလိုက်လေသည်။

ဆူဇီမိုက တုန်လှုပ်သွားရလေသည်။

ငရဲမီးစံအိမ်သခင်သည် တာအိုအရှင်အဆုံးစွန်မီး၏ မျိုးဆက်မှ ပညာရှင်တစ်ဥိးဖြစ်ပြီး သူ၏ စီနီယာအစ်ကိုပင် ဖြစ်သည်ဆိုတော့...။

တာအိုအရှင်အဆုံးစွန်မီးက မေးလိုက်လေသည်။

“အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ...”

“လွန်ခဲ့တဲ့ နှစ်လေးထောင်လောက်က ငရံမီးစံအိမ်သခင်က ဂိုဏ်းကို သစ္စာဖောက်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်ခဲ့တယ်... သူက အဲ့ဒီကနေ ငရဲမီးစံအိမ်ကို ဖန်တီးခဲ့တယ်”

တာအိုအရှင်ကြယ်သွေးနီက ပြောလိုက်လေသည်။

“သူက အရမ်းကိုရည်မှန်းချက်ကြီးမားတယ်... သူက ငရဲမီးစံအိမ်ကို တည်ထောင်လိုက်ချိန်မှာပဲ သူက အသွန်းတစ်ရာဂိုဏ်းရဲ့နေရာကို အစားထိုးဝင်ရောက်ချင်တယ်”

“ဂိုဏ်းရဲ့ မဟာအကြီးအကဲတွေက ဘာတွေလုပ်နေကြတာလဲ... ငရဲမီးစံအိမ်ပေါ်ထွက်လာတာကို သူတို့က ဒီတိုင်းပဲ ခွင့်ပြုထားတာလား”

တာအိုအရှင်အဆုံးစွန်မီးက မျက်မှောင်ကြုတ်လိုက်လေသည်။

တာအိုအရှင်ကြယ်သွေးနီက ခါးသက်စွာဖြင့် ပြောလိုက်လေသည်။

“ငရဲမီးစံအိမ်ကို ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းက နောက်ခံပြုပေးထားတယ်လို့ပြောကြတယ်... အဲ့ဒါကြောင့် ဂိုဏ်းကလည်း အရမ်းကာရော မလှုပ်ရှားရဲတော့ဘူး”

တာအိုအရှင်အဆုံးစွန်မီးက မှင်သေသေဖြင့် ပြောလိုက်လေသည်။

“လက်နက်သွန်းလုပ်ခြင်းမှာ သူ့ရဲ့အောင်မြင်မှုက ငါ့ထက်အောက်မကျဘူး... ထပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ထောက်ပံ့မှုပါ ရထားတယ်ဆိုတော့ သူက အလျင်အမြန်တိုးတက်လာမှာပဲ...”

“အမှန်ပါပဲ ခင်ဗျာ...”

တာအိုအရှင်ကြယ်သွေးနီက ပြောလိုက်လေသည်။

“ငရဲမီးစံအိမ်က မလွဲမသွေ မြင့်မားတိုးတက်လာမှာကို ဂိုဏ်းရဲ့အကြီးအကဲတွေက မြင်ခဲ့ရပြီးတော့ လက်လျှော့ရုံသာ တတ်နိုင်ခဲ့ကြတယ်... သူတို့က ဂိုဏ်းနှစ်ဂိုဏ်းက အေးအေးချမ်းချမ်းနဲ့ အတူတကွ ယှဥ်တွဲနေထိုင်ဖို့ပဲ မျှော်လင့်ခဲ့ကြတယ်”

“ဒါပေမယ့်လို့ သစ်ပင်က အေးအေးချမ်းချမ်းနေချင်ရင်တောင် လေက တိုက်ခတ်တာကို ရပ်တန့်သွားမှာမဟုတ်ဘူး... ငရဲမီးစံအိမ်က အသွန်းတစ်ရာဂိုဏ်းရဲ့နေရာကို အစားထိုးဝင်ရောက်ချင်ရုံတင်မကဘူး သူတို့က သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကိုပါ လိုချင်နေကြတယ်”

တာအိုအရှင်အဆုံးစွန်မီး၏ မျက်လုံးထဲရှိ မီးတောက်များက တောက်ပစွာ လောင်ကျွမ်းလာခဲ့လေသည်။

တာအိုအရှင်ကြယ်သွေးနီက ဆက်ပြောလိုက်လေသည်။

“ဆရာက ဓမ္မဝိသေသအဆင့်ကို ရောက်ရှိသွားခဲ့တာ အတော်ကြာခဲ့ပြီ... ဒါပေမယ့်လို့ သူက ငရဲမီးစံအိမ်သခင်ရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားပြီးတော့ အသက်ရှင်လျက် ဖမ်းဆီးခြင်းခံခဲ့ရတယ်”

“သူက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို အတင်းအကျပ် ဖော်ထုတ်စေဖို့အတွက် ဆရာ့ရဲ့ အမြုတေစိတ်ဝိညာဥ်ကို ဆိုးရွားတဲ့နည်းလမ်းပေါင်းစုံနဲ့ ညှင်းပန်းနှိပ်စက်ခဲ့ကြတယ်... ဒါပေမယ့်လို့ ဆရာက နောက်ဆုံးသေအံ့ဆဲဆဲ အချိန်ထိ စကားတစ်ခွန်းမှ မပြောခဲ့ဘူး... သူ့ရဲ့ဝိညာဥ်က စုတ်ပြဲသွားပြီးတော့ နောက်ဆုံးမှာ သေဆုံးသွားခဲ့ရတယ်”

ထိုသည်ကိုကြားသောအခါ ဆူဇီမိုက ဒေါသချောင်း ချောင်းထွက်သွားခဲ့လေသည်။ အဲ့ဒါက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းလှလေသည်။

မည်သို့ပင်ဆိုစေ ငရဲမီးစံအိမ်သခင်သည် တစ်ခါတုန်းက အသွန်းတစ်ရာဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။ သူက ဂိုဏ်းသားအချင်းချင်းအပေါ်မှာပင် ရက်စပ်ကြမ်းကြုတ်လွန်းလှလေသည်။ တစ္ဆေသရဲများတောင်မှ သူ၏အပြုအမူကို သည်းခံနိုင်ကြမှာမဟုတ်ပေ။

“စီနီယာအစ်ကို ခရမ်းမီးတောက်...ငါ့ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ပြီးတာနဲ့ ငါက မင်းဆီကို သေချာပေါက် အလည်လာပြီး မင်းရဲ့ဝိညာဥ်ကို ထုတ်ယူမယ်... ပြီးရင် ငါ့တပည့်ရဲ့ အုတ်ဂူရှေ့မှာ မင်းကို သုံးရက်သုံးညလုံးလုံး ညှင်းပန်းနှိပ်စက်ပြမယ်”

တာအိုအရှင်အဆုံးစွန်မီး၏ မျက်လုံးထဲရှိ မီးတောက်များသည် အဆုံးမဲ့သော သတ်ဖြတ်လိုစိတ်ဖြင့် သက်ရှိအားလုံးကို လောင်ကျွမ်းပြာချပစ်ချင်သည့်အလား ဧရာမမီးလုံးကြီးနှစ်လုံးကဲ့သို့ ဖြစ်လာခဲ့လေသည်။

“ဆရာဘိုးဘိုး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”

တာအိုအရှင်ကြယ်သွေးနီက ကပျာကယာပြောလိုက်လေသည်။

“ငရဲမီးစံအိမ်သခင်က အရင်ကလိုမဟုတ်တော့ဘူး... သူက ပေါင်းစည်းခန္ဓာအဆင့်ကို ဝင်ရောက်သွားခဲ့တာ ကြာပြီ... အဲ့ဒါကို မစွန့်စားပါနဲ့ ဆရာဘိုးဘိုး”

ဓမ္မဝိသေသအဆင့်၏အထက်တွင် ပေါင်းစည်းခန္ဓာအဆင့်ရှိပြီး သူတို့ကို စွမ်းအားကြီးပုဂ္ဂိုလ်များဟု သတ်မှတ်နိုငိလေသည်။

သူတို့က တန်ခိုးရှင်များဖြစ်ကြလေသည်။

ပြီးခဲ့သည့်နှစ်ငါးထောင်မှာ တာအိုအရှင်အဆုံးစွန်မီးက သေခြင်းရှင်ခြင်းကြားမှာ ရုန်းကန်ခဲ့ရလေသည်။ သူက ယခုချိန်ထိ အသက်ရှင်နေသေးသည်မှာပင် အတော်လေး ကံကောင်းလွန်းနေလေပြီ။

သို့သော်လည်း ငရဲမီးစံအိမ်သခင်၏ ကျင့်ကြံမှုကတော့ လျော့ကျသွားခြင်းမရှိပေ။ ထိုအစား သူ၏ကျင့်ကြံမှုက တစ်နေ့ထက်တစ်နေ့ တိုးတက်လာပြီး သူက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဟူသော ဘွဲ့ကိုပင် ခံယူနိုင်ခဲ့လေသည်။

သူတို့နှစ်ယောက်ကြား ကွာဟချက်က အတော်လေးကျယ်ပြန့်သွားခဲ့ပြီဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီးက လုံးဝစိုးထိတ်မသွားပဲ လှောင်ရယ်လိုက်လေသည်။

“ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်လား... ကောင်းတာပေါ့ကွာ... သူက ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်ပဲ ဖြစ်နေဦးမယ်ဆို ငါက သူ့ကို သတ်ရမယ်ဆိုရင်တောင် ပျင်းစရာကောင်းနေမှာ”

ထိုကဲ့သို့ ရဲဝံ့သောစကားလုံးများကို ကြားရသောအခါ ဆူဇီမို၏ မျက်ရစ်က ဆတ်ကနဲလှုပ်သွားလေသည်။

တာအိုအရှင်ကြယ်သွေးနီက မနေနိုင်ပဲမေးလိုက်လေသည်။

“ဆရာဘိုးဘိုး ဒီနှစ်တွေထဲမှာ ဘယ်လိုနေခဲ့လဲ... ဆရာဘိုးဘိုးရဲ့ ခန္ဓာကိုယ်က...”

“အဲ့ဒါက ပြောရရင် ဇာတ်လမ်းရှည်ကြီးပဲ...”

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ငါ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. ငါဒီကို ပြန်လာရတယ်ဆိုတာလည်း ငါ့ရဲ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့ပဲ...”

“စိတ်မပူပါနဲ့ ဆရာဘိုးဘိုး”

တာအိုအရှင်ကြယ်သွေးနီကလည်း ခန္ဓာကိုယ်တစ်ခုပုံသွင်းခြင်း၏ ရှေးဟောင်းနည်းစနစ်နှင့် ပတ်သတ်၍ အတော်အတန်နားလည်မှုရှိလေသည်။ သူက ကပျာကယာပြောလိုက်လေသည်။

“ဂိုဏ်းမှာ အရိုးစုတစ်ခုပုံသွင်းဖို့အတွက် ထိပ်တန်းအဆင့်ပစ္စည်းတွေ အတော်များများရှိပါတယ်... အဲ့ဒီမှာ တခြားလိုအပ်တာ ထပ်ရှိဦးမယ်ဆို ဆရာဘိုးဘိုးအတွက် ကျုပ်က သေချာပေါက် အကောင်းဆုံးကြိုးစားပေးပါ့မယ်... ဆရာဘိုးဘိုး ကျေးဇူးပြုပြီး... ကျုပ်နဲ့အတူ ဂိုဏ်းကို ပြန်လိုက်ခဲ့ပါ”

တာအိုအရှင်ကြယ်သွေးနီက ဆက်ပြောလိုက်လေသည်။

“ဆရာဘိုးဘိုး အသက်ရှင်နေသေးတယ်ဆိုတာကို ဂိုဏ်းက အဲ့ဒီအဖိုးကြီးတွေ သိကြမယ်ဆို သူတို့က ဝမ်းသာလွန်းလို့ သတိပါလစ်သွားလောက်တယ်”

All Chapters