← Chapters

ဗုဒ္ဓတာအိုမီး

Vol. 61 Ch. 904

ဗုဒ္ဓတာအိုမီး

Vol. 61 Ch. 904

“ဘုရားရေ.. “

နန်းကုန်လင်း၏နှုတ်ခမ်းက တုန်ယင်သွားပြီး သူက သူ၏လျှာကို ကိုက်မိမတတ် ဖြစ်သွားခဲ့လေသည်။

အဲဒါက အရမ်းကို ရက်ရောလွန်းလေသည်။

မည်သို့ပင်ဆိုစေ.. ပကတိအဆင့် ဓမ္မလက်နက်များက အရမ်းကို ရှားပါးလွန်းလေသည်။

သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာရှိသည့် အကြီးမားဆုံး လက်နက်သွန်းလုပ်ခြင်းဂိုဏ်း၏ တပည့်များဖြစ်ကြပြီး အတွေ့အကြုံရှိကာ ဗဟုသုတကြွယ်ဝသော်လည်း ပကတိအဆင့် ဓမ္မလက်နက်များကို ဒီတိုင်း အလွယ်တကူ ပေးကမ်းပစ်သည့် တစ်စုံတစ်ယောက်ကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။

သူ၏အမူအရာနှင့် သာမန်ကာလျှံကာနိုင်မှုက လမ်းဘေးတွင် ဟင်းရွက်ကန်စွန်းများကို ပေးကမ်းနေသည့်အတိုင်းပင်။

ရူရွှမ်၏ အမူအရာက ပို၍တောင် ပြင်းထန်သေးလေသည်။ သူမက နေရာမှာတင် ထခုန်ပြီး ဆူဇီမိုရှိရာသို့ ပြေးသွားလေသည်။

ဆူဇီမိုက မတုံ့ပြန်နိုင်ခင်မှာပင် ရူရွှမ်က သူ၏အင်္ကျီလက်စကို ဆွဲပြီး ချိုသာစွာဖြင့် တတွတ်တွတ် ခေါ်ဆိုနေလေသည်။

“ဆရာဦးလေး အသေးလေး.. ဆရာဦးလေး အသေးလေး.. ဆရာဦးလေး အသေးလေး……”

ဆူဇီမိုက သူမအတွက် လက်ဆောင်တစ်ခု ထုတ်မပေးမချင်း သူမက ရပ်တန့်မည့်ပုံ မရပေ။

ဆူဇီမိုက သူ၏လက်ကို လှုပ်ရှားပြီး ရူရွှမ်၏ရှေ့တွင် ဝှေ့ယမ်းပြလိုက်လေသည်။

ရူရွှမ်၏မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားလေသည်။

အဲဒါက တိမ်စိုင်ကဲ့သို့ အင်းကွက်တစ်ခု ပါရှိသည့် သွေးနီရောင် ပုတီးစေ့တစ်ခုဖြစ်ပြီး အလွန်တရာ လျှို့ဝှက်ဆန်းကြယ်နေလေသည်။

ထိုပုတီးစေ့​က ဓမ္မလက်နက်တစ်ခု မဟုတ်သော်လည်း.. နန်းကုန်လင်းရော လျှိုဟန်ယန်ပါ အားကျစွာဖြင့် ငေးကြည့်လိုက်ကြလေသည်။

အဲဒါက မီးတိမ်ပုတီးစေ့ ဖြစ်လေသည်။ မီးဓာတ်ကျင့်ကြံခြင်း နည်းစနစ်များကို ကျင့်ကြံထားသူသည် အဲဒါကို ဆောင်ထားမည်ဆိုလျှင် သူတို့၏ ကြိုးစားအားထုတ်မှု ရလဒ်က နှစ်ဆဖြစ်လာပေလိမ့်မည်။

မီးတိမ်ပုတီးစေ့များက အရမ်းကို ရှားပါးပြီး တန်ဖိုးကြီးမားလေသည်။ သူတို့ကို လေလံတင်ရောင်းချမည်ဆိုလျှင် ၎င်း၏တန်ဖိုးက ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက်များထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး အသေးလေး ရေ့”

ရူရွှမ်က မီးတိမ်ပုတီးစေ့ကို ကပျာကယာ ယူပြီး စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်နေလေသည်။

ရူရွှမ်က အဲဒါကို စဉ်းစားတွေးတောခဲ့ပြီး ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ.. သူမက ဤဆရာဦးလေးကို အနှေးနှင့်အမြန် လက်ခံရမည် ဖြစ်လေသည်။ သူ့ကို ဆရာဦးလေးဟု ခေါ်ဆိုရခြင်းဖြင့် သူမက သေသွားလိမ့်မည် မဟုတ်ပေ။

ပို၍အရေးပါသည်မှာ သူ၏ ဆရာဦးလေးထံမှာ ရတနာများစွာ ရှိနေလေသည်။

ဒါ့အပြင် ဤဆရာဦးလေးက အရမ်းကို ရက်ရောပြီး မိုက်မဲပုံရလေသည်။ သူမက နောက်နောင်တွင် သူ့ကို အရူးလုပ်နိုင်ပါက နောက်ထပ် ရတနာများစွာကို သူမက ရရှိနိုင်လေသည်။

ဆူဇီမိုက ထိုပစ္စည်းနှစ်ခုကို တကယ်ပဲ ဂရုမစိုက်ဘဲ ပေးကမ်းပစ်နိုင်သည်ကို သူမက မသိနိုင်ပေ။

သူ့ထံတွင် ရတနာများစွာရှိပြီး ထိုကဲ့သို့သော ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက်များ နောက်ထပ် အတော်များများ ရှိနေသေးလေသည်။

ဒါ့အပြင် သူက ဤအဆင့်မှာရှိသော ရတနာများကို စိတ်ဝင်စားခြင်း မရှိတော့ပေ။

ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက်များက အတော်လေး ရှားပါးသော်လည်း ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာဖြင့် သူတို့ကို အလွယ်တကူ ချိုးချေမွနိုင်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ၏ စွမ်းအားက မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခုနှင့် နှိုင်းယှဉ်၍ ရနိုင်လေသည်။

လျှိုဟန်ယန်နှင့် ရူရွှမ်က သူတို့၏ရတနာများ ကိုင်ဆောင်ထားသည်ကို မြင်သောအခါ.. နန်းကုန်လင်း၏ မျက်လုံးများက နီရဲလာလေသည်။ သူက ဆက်လက်၍ ချုပ်တည်းနိုင်ခြင်း မရှိတော့ပေ။

သူတို့က နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်လာကာစဖြစ်ပြီး သူတို့မှာ ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက်များ မရှိကြပေ။

ဒါ့အပြင် ထိုကဲ့သို့သော ရတနာများ သူတို့မှာ ပိုရှိလေ.. ပိုကောင်းလေ ဖြစ်လေသည်။

ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက် တစ်ခုအပိုရှိခြင်းက သူတို့၏ တိုက်ခိုက်ရေးခွန်အားကို ပို၍ မြင့်မားတိုးတက်လာစေပေလိမ့်မည်။

နန်းကုန်လင်းသည် အနည်းငယ် ရှက်နေသော်လည်း အင်တင်တင်နှင့်ပင် ဆူဇီမို၏ရှေ့သို့ ရောက်ရှိလာလေသည်။ သူက သူ၏ခေါင်းကို တစ်ဘက်သို့လှည့်ပြီး တိုးတိတ်စွာဖြင့် ခေါ်လိုက်လေသည်။

“ဆရာဦးလေး အသေးလေး..”

ဆူဇီမိုက သူ့အသံကို မကြားချင်ယောင်ဆောင်ပြီး ပြုံးစစဖြင့် မေးလိုက်လေသည်။

“မင်းက ဘာတွေပြောနေတာလဲ”

နန်းကုန်လင်းက စိတ်ထဲကနေ ဒေါသထွက်သွားပြီး အံကိုကြိတ်လိုက်လေသည်။

ဘေးဘက်တွင် ရပ်နေသော ရူရွှမ်က အူမြူးအားရစွာဖြင့် အဆက်မပြတ် ရယ်မောလိုက်လေသည်။

‘ယောကျ်ားတစ်ယောက် ဘယ်အချိန်မှာ ဦးညွတ်ရမယ်ဆိုတာကို သိရမယ်တဲ့.. ငါက အဲဒါကို သည်းခံရမယ်’

နန်းကုန်လင်းက စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်လေသည်။

“နောက်ကျရင် ငါ့ရဲ့ကျင့်ကြံမှုနဲ့ ခွန်အားက သူ့ထက် သာလွန်သွားတာနဲ့ ဘယ်သူက ငါ့ရဲ့ ဆရာဦးလေးလဲဆိုတာ ကြည့်ကြသေးတာပေါ့”

ထိုသို့အတွေးဖြင့် နန်းကုန်လင်းသည် ခါးကိုမတ်ပြီး မအီမသာ အမူအရာဖြင့် ကျယ်လောင်စွာ ပြောလိုက်လေသည်။

“ကျုပ် နန်းကုန်လင်း.. ဆရာဦးလေး အသေးလေးကို နှုတ်ဆက်ပါတယ်.. ကျေးဇူးပြုပြီး ကျုပ်ကို လက်ဆောင်တစ်ခု စွန့်ကြဲပေးပါ”

နန်းကုန်လင်းသည် သူက အရှက်မဲ့ရတော့မည် ဖြစ်တာကြောင့် တစ်စုံတစ်ရာ မရမချင်း အဆုံးထိ မျက်နှာပြောင်တိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။

ဒါ့အပြင် သူ့မှာ အခြားသော ရည်ရွယ်ချက်လည်း ရှိသေးလေသည်။

သူက ဆူဇီမိုကို ဆရာဦးလေး အသေးလေးဟု ခေါ်ဆိုရခြင်းမှာ ထိုသူက ငယ်ရွယ်ပြီး အဆင့်မမီသေးဟု ဆိုလိုခြင်းဖြစ်လေသည်။

ဆူဇီမိုက ထိုသူ၏စိတ်ကို ဖတ်မိသည့်အလား နန်းကုန်လင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်လေသည်။

ဆူဇီမိုက ပြုံးစစဖြင့် ခေါင်းညိတ်လိုက်လေသည်။

“လိမ္မာလိုက်တဲ့ တူလေး.. ဘယ်လောက်တောင် ရိုကျိုးလိုက်သလဲ”

နန်းကုန်လင်းက သွေးတစ်လုတ်ကို အန်ထုတ်ရလုနီးပါး ဖြစ်သွားခဲ့လေသည်။

ဆူဇီမိုက ပြောရင်းနှင့် သူ၏ သိုလှောင်အိတ်ထဲကနေ အနက်ရောင်ပစ္စည်းတစ်ခုကို ထုတ်ယူပြီး နန်းကုန်လင်းကို ကမ်းပေးလိုက်လေသည်။

နန်းကုန်လင်းက တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်လုံးထဲတွင် စိတ်ပျက်မှုနှင့် ဒေါသတို့က ပြည့်နှက်လာခဲ့လေသည်။

ထိုအနက်ရောင်ပစ္စည်းက ဆူဇီမို၏ထိုးချက်ကို ခုခံဖို့အတွက် ဝူယွမ် သုံးခဲ့သော မဟူရာဒိုင်းကာ ဖြစ်လေသည်။

ဆူဇီမို၏ လက်ချည်းသက်သက် ထိုးနှက်ချက်ဖြင့် ထိုမဟူရာဒိုင်းကာက လွင့်ပျံသွားပြီး ဝူယွမ်၏ ခန္ဓာကိုယ်က ဂျုံးဂျုံးကျ ပျက်စီးသွားခဲ့သည်ကို နန်းကုန်လင်းက သူ့မျက်လုံးဖြင့် မြင်တွေ့ခဲ့ရလေသည်။

ကြည့်ရသည်မှာ ထိုမဟူရာဒိုင်းကာက သုံးစားမရသည့်​ အမှိုက်သာသာ ပစ္စည်းတစ်ခု ဖြစ်ပုံရလေသည်။

“ဟမ့်.. ဒါက ဘယ်လိုဆရာဦးလေးမျိုးပါလိမ့်.. သူသိတာက တခြားသူတွေကို ဘယ်လိုစနောက်ရမလဲ ဆိုတာပဲ”

နန်းကုန်လင်းက မဟူရာဒိုင်းကာကို လက်ခံယူပြီး မကျေမချမ်းဖြင့် တတွတ်တွတ် ပြောဆိုလိုက်လေသည်။

ဆူဇီမိုက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။

“မင်း အဲဒါကို မကြိုက်ဘူးဆိုရင် မင်းအတွက် တခြားတစ်ခုနဲ့ ပြန်လဲပေးမယ်”

“ရပါတယ်”

နန်းကုန်လင်းက ဆူဇီမို၏စကားကို ကြားသောအခါ သူ၏ခေါင်းကို ကပျာကယာ ခါပြလိုက်လေသည်။

အဲဒါက နောက်ထပ်ပစ္စည်းတစ်ခုဆိုလျှင် အဲဒါက မဟူရာဒိုင်းကာလောက်တောင် ကောင်းပါတော့မလား မပြောတတ်ပေ။

နန်းကုန်လင်းသည် မဟူရာဒိုင်းကာကို နောက်ထပ်တစ်ချက်ကြည့်ပြီးနောက် အံ့အားတသင့် ရေရွတ်လိုက်လေသည်။ တဖြည်းဖြည်းနှင့် သူက တစ်စုံတစ်ရာ ထူးဆန်းနေသည်ကို နားလည်လာခဲ့လေသည်။

ဒိုင်းကာက ဓမ္မလက်နက်တစ်ခု မဟုတ်ဘဲ တောကောင်တစ်ကောင်ကောင်၏ အရိုးများ ဖြစ်ပုံရလေသည်။ အကြောင်းမှာ ၎င်းပေါ်တွင် မည်သည့်ဓမ္မအင်းကွက်မှ ရှိမနေသောကြောင့်ပင်။

နန်းကုန်လင်းသည် တစ်ချက်နှစ်ချက် ခေါက်ကြည့်ပြီးနောက် သူ၏မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။

သူထင်တာ မမှားဘူးဆိုလျှင် မဟူရာဒိုင်းကာက အလယ်အလတ်အဆင့် မိစ္ဆာသားရဲတစ်ကောင်၏ အရိုးများကနေ ပြုလုပ်ထားခြင်း ဖြစ်ရပေမည်။

၎င်း၏ခံစစ်က ပကတိအဆင့် နိုးထဝိညာဉ် ဓမ္မလက်နက်တစ်ခုနှင့် သေချာပေါက် နှိုင်းယှဉ်နိုင်လေသည်။

အဲဒါက တန်ဖိုးကြီးသည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။

နန်းကုန်လင်းသည် ကျေနပ်နှစ်ခြိုက်သွားပြီး မဟူရာဒိုင်းကာကို ကပျာကယာ လက်ခံယူလိုက်လေသည်။

တကယ်တော့ ဆူဇီမိုထိုးချက်၏ စွမ်းအားကို နန်းကုန်လင်းက မသိနိုင်ပေ။

ဆူဇီမိုက သူ၏ခွန်အားအကုန်ကို ထုတ်မသုံးခဲ့သော်လည်း ထိုဒိုင်းကာသည် သူ၏ထိုးချက်တစ်ချက်ကို ကြေမွခြင်းမရှိဘဲ ခံနိုင်ရည်ရှိသည်ဆိုသော အချက်ကပင် အဲဒါကို ရတနာတစ်ခုဟု သတ်မှတ်၍ ရနေပေပြီ။

သူတို့သုံးယောက်သည် သူတို့၏ရတနာများကို ရရှိသွားပြီးနောက် ကျေနပ်နှစ်ခြိုက်သွားကြလေသည်။

ရူရွှမ်က ကပျာကယာ ပြောလိုက်လေသည်။

“ဆရာဦးလေး အသေးလေး.. ဂိုဏ်းကို အရင်ပြန်ကြရအောင်.. ဟို​ရောက်ရင် ကျွန်မက ရှင့်ကို လိုက်ပြပေးမယ်”

“ဟုတ်ပြီလေ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ရူရွှမ်က ဦးဆောင်သွားပြီး ဆူဇီမိုက နောက်ကနေ လိုက်ပါသွားလေသည်။

လျှိုဟန်ယန်က သူမ၏ဘေးတွင်ရှိသော နန်းကုန်လင်းထက် ကိုယ်တစ်ဝက် နောက်ချန်၍ လိုက်လာလေသည်။

“ဟန်ယန်.. အဲဒါ ဝူယွမ်က အဲဒီဝင်္ကပါကို ထုတ်ဖော်ခဲ့လို့ပဲ”

နန်းကုန်လင်းက အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်လေသည်။

“အဲဒီဝင်္ကပါရဲ့ ကန့်သတ်ချုပ်နှောင်မှုကြောင့်သာ မဟုတ်ရင် ငါက သူတို့ကို သေချာပေါက် သတ်ဖြတ်နိုင်တယ်”

“ဟန်ယန်.. ဆရာဦးလေး အသေးလေးက ငါ့ထက်လည်း ကျင့်ကြံမှုအဆင့် ပိုမြင့်မားနေလို့ပါ.. ငါက နောက်ပိုင်းနိုးထဝိညာဉ်အဆင့်ကို ရောက်ရင် သူ့ထက် သေချာပေါက် ပိုသန်မာလာလိမ့်မယ်”

လမ်းတစ်လျှောက်တွင် နန်းကုန်လင်းက သူ့ကိုယ်သူ သက်သေပြဖို့အတွက် လျှိုဟန်ယန်ကို တတွတ်တွတ် ပြောဆိုနေလေသည်။

လျှိုဟန်ယန်က ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးနေလေသည်။

အခြားတစ်ဖက်မှာတော့ ရူရွှမ်က ဆူဇီမိုအပေါ် လုံးဝအာရုံစိုက်ထားလေသည်။

“ဆရာဦးလေး အသေးလေး.. ရှင်က ဘယ်ကနေ လာတာလဲ”

“အလယ်ပိုင်းတိုက်ရဲ့ တစ်နေရာရာကပေါ့”

“ဆရာဦးလေး အသေးလေး.. ရှင်က လိမ်နေတာပဲ.. ရှင် စောစောကပြောတော့ တခြားဒေသတစ်ခုကနေ လာတာဆို”

“ဪ.. အဲ့လိုပြောခဲ့တာလား.. အဲဒါဆိုရင်တော့ ငါက တခြားဒေသတစ်ခုခုကပေါ့”

“ဆရာဦးလေး.. ရှင်က ကျွန်မကို အနိုင်ကျင့်နေတာပဲ”

ရူရွှမ်က ဆူဇီမိုအပေါ် သိချင်စိတ်ပြင်းပြနေပြီး သူမက သူ၏ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်ကို မေးမြန်းစုံစမ်းဖို့ မစောင့်နိုင်တော့သည့်ပုံပင်။

သို့သော်လည်း ဆူဇီမိုက စိတ်မပါသည့်ဟန်ဖြင့် သာမန်ကာလျှံကာ ပြန်ဖြေပေးလေသည်။

“ဆရာဦးလေး အသေးလေး.. စောစောက ရှင်စုဖွဲ့ခဲ့တဲ့ ရွှေရောင်မီးတောက်က ဘယ်လိုမျိုးလဲ”

ရူရွှမ်က မနေနိုင်ဘဲ မေးလိုက်လေသည်။

“ကျွန်မတို့လည်း သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို ကျင့်ကြံထားတာပါပဲ.. ဒါပေမဲ့လို့ ရှင့်ရဲ့မီးတောက်က ဘာလို့ရွှေရောင်ဖြစ်ပြီး ပိုသန်မာနေရတာလဲ”

ဤတစ်ကြိမ်တွင်တော့ နန်းကုန်လင်းနှင့် လျှိုဟန်ယန်ကပါ လှည့်ကြည့်လိုက်ပြီး နားစွင့်ထားကြလေသည်။

စောစောက ဆူဇီမို ထုတ်ဖော်ခဲ့သော ရွှေရောင်မီးတောက်က အရမ်းကို တုန်လှုပ်စရာ ကောင်းလွန်းလေသည်။

အဲဒါက လက်သီးဆုပ်အရွယ်မျှသာ ရှိသော်လည်း ၎င်းက တဟုန်းဟုန်းတောက်လောင်နေသော ငရဲမီးကို ချက်ချင်းပင် ဖိနှိမ်နိုင်ခဲ့လေသည်။

ဒါ့အပြင် ရွှေရောင်မီးတောက်များက မြင့်မြတ်ထည်ဝါပြီး အပြစ်ဆိုစရာမရှိဘဲ သူတို့ ကျင့်ကြံထားသည့် တာအိုမီးများနှင့် လုံးဝကွဲပြားခြားနားနေခဲ့လေသည်။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် စောစောက တိုက်ပွဲကို ပြန်လည်စဉ်းစားပြီး အတွေးနက်သွားခဲ့လေသည်။

သူ ထုတ်ဖော်ခဲ့သော ရွှေရောင်မီးတောက်က နန်းကုန်လင်းနှင့် အခြားနှစ်ယောက်တို့နှင့် ကွဲပြားနေရခြင်းမှာ ထိုရွှေရောင်မီးတောက်သည် သူကျင့်ကြံထားသော သမာဓိတာအိုမီးတောက်များထဲမှ တစ်ခုဖြစ်သည့် ဗုဒ္ဓတာအိုမီး ဖြစ်နေသောကြောင့်ပင်။

All Chapters