← Chapters

အစပျိုးလာသောမုန်တိုင်း

Vol. 61 Ch. 905

အစပျိုးလာသောမုန်တိုင်း

Vol. 61 Ch. 905

သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများ၏ သမာဓိတာအိုမီးကို စတင်တွေးတောချိန်မှစ၍ ဆူဇီမိုသည် ထိုလမ်းကြောင်းကို စတင်ကျင့်ကြံခဲ့ပြီး အဲ့ဒါကို နားလည်ဆင်ခြင်ခဲ့လေသည်။

သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်သည် အင်မော်တယ်ဂိုဏ်းကျင့်ကြံခြင်း နည်းစနစ်တစ်ခုဖြစ်သော်လည်း ဆူဇီမိုပထမဆုံး နားလည်ဆင်ခြင်မိသည့်အရာမှာ ဗုဒ္ဓတာအိုမီးဖြစ်လေသည်။

အဲ့ဒါက သဘာဝကျလေသည်။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အမြတ်ပစ္စည်းဖြစ်သော အသောကပန်းနှင့် ပေါင်းစည်းသွားခဲ့လေသည်။

အသောကပန်းသည် အစကတည်းက မီးတောက်ပန်းတစ်မျိုးဖြစ်လေသည်။

ဆူဇီမိုသည် ဗုဒ္ဓကျောင်းတော်များ၏ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြံထားခဲ့လေသည်။ ဂမ္ဘီရဓမ္မကြာပဒုမ္မာသုတ္တန်ဖြစ်စေ ၊ မဟာနေ့ရက်ရူလိုင်းသုတ္တန်ဖြစ်စေ သူတို့အားလုံးက ဗုဒ္ဓကျောင်းတော်များ၏ အထွတ်အထိပ်လျှို့ဝှက်ကျမ်းများ ဖြစ်ကြလေသည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ဆူဇီမိုသည် ဇင်တာအိုကို နားလည်ဆင်ခြင်ခဲ့ပြီး ဂါထာမန္တာန်များကို နှစ် ၂၀ ကြာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကာ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့လေသည်။

သူက ဗုဒ္ဓတာအိုမီးကို စုဖွဲ့နိုင်ခဲ့သည်မှာ သဘာဝကျလေသည်။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် ဆူဇီမိုက ဝူယွမ်နှင့် တိုက်ခိုက်ဖလှယ်ခဲ့သည်ကိုသာ မြင်တွေ့ခဲ့ရလေသည်။ သူ၏ လက်ချောင်းကို သာမန်ကာလျှံကာ လှုပ်ရှားခြင်းနှင့်အတူ ဗုဒ္ဓတာအိုမီးက ဖြစ်ပေါ်လာပြီး အဲ့ဒါက ဖြစ်ကတတ်ဆန်းနိုင်လေသည်။

ဆူဇီမို၏ အသိစိတ်အတွင်းတွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က ကျမ်းစာများ ရွတ်ဖတ်သရဇ္ဈာယ်နေသည်ကို သူတို့သုံးယောက်က မတွေ့မြင်နိုင်ခဲ့ပေ။

ထိုထဲတွင် မဟာဗုဒ္ဓတစ်ပါး၏ ပုံရိပ်ယောင်က ထွက်ပေါ်လာပြီး ဂါထာမန္တာန်အသံများက လေထဲမှာ ပြည့်နှက်နေခဲ့လေသည်။ အဲ့ဒါက မြင့်မြတ်ထည်ဝါပြီး ကြည်လင်ရှင်းလင်းနေခဲ့လေသည်။

အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်သည် ရွှေရောင်ဗုဒ္ဓတာအိုမီးကို မစုဖွဲ့ခင်မှာပင် အင်မော်တယ်ဂိုဏ်းများ၏ ကျင့်ကြံခြင်းနည်းစနစ်ကိုလည်း ၎င်း၏အကန့်အသတ်ထိ ကောက်ချက်ချနိုင်ခဲ့ပြီးဖြစ်လေသည်။

ဝူယွမ်ကျင့်ကြံထားသော ငရဲမီးသည် မကောင်းဆိုးဝါးဆန်သော အမှောင်ထုပေါ်မှာ မှီခိုတိမ်းညွတ်လေသည်။

ဒဏ္ဍာရီအရဆို ငရဲမီးသည် ငရဲကိုးထပ်၏ အောက်ဆုံးအထပ်ကနေ စတင်လာခဲ့ခြင်းဖြစ်လေသည်။

သူက ငရဲမီးကို တိုက်ခိုက်ဖို့အတွက် အင်မော်တယ်တာအိုမီးကို အသုံးပြုခဲ့မည်ဆိုလျှင် ဘယ်ဘက်က အနိုင်ရရှိမလဲ ပြောဖို့တစ်ကယ်ခက်လေသည်။

အခြားတစ်ဖက်မှာတော့ ဗုဒ္ဓကျောင်းတော်များ၏ တာအိုမီးသည် မြင့်မြတ်ထည်ဝါပြီး အပြစ်ကင်းမဲ့လေသည်။ အဲ့ဒါက ငရဲကိုးခုစလုံးကိုပင် ဖိနှိမ်နိုင်ပြီး ငရဲမီး၏ တန်ပြန်ဝိပါက်ဖြစ်ခဲ့သည်မှာ သဘာဝကျလေသည်။

ထို့ကြောင့်ပင် ငရဲမီးနှင့် ဗုဒ္ဓတာအိုမီးက ထိတွေ့ရိုက်ခတ်သည့် ခဏမှာပင် ငရဲမီးက ဖိနှိမ်ခံခဲ့ရခြင်းဖြစ်လေသည်။

သူက ရူရွှမ်နှင့် စကားစမြည်ပြောနေစဥ်မှာပင် သူတို့လေးယောက်သည် အသွန်းတစ်ရာဂိုဏ်းသို့ မသိလိုက်မသိဘာသာနှင့်ပင် ရောက်ရှိလာခဲ့လေပြီ။

ဝင်ပေါက်ဝရှေ့တွင် ဧရာမမီးဖိုကြီးတစ်လုံးကို ထောင်မတ်ထားလေသည်။

အဲ့ဒါက ခမ်းနားထည်ဝါနေလေသည်။

ဆူဇီမိုတို့ လေးယောက်အုပ်စုသည် ဂိုဏ်း၏ ဝင်ပေါက်ဝရှေ့သို့ ရောက်ရှိလာပြီး ဧရာမမီးဖိုကြီးကို မော့ကြည့်ကာ သူတို့အားလုံးက သေးငယ်သွားသည်ဟု ခံစားရလေသည်။

အသွန်းတစ်ရာဂိုဏ်း ကျင့်ကြံသူများစွာက ဝင်ပေါက်ဝကို စောင့်ကြပ်နေကြလေသည်။ သူတို့အများစုက အ​ခြေတည်အဆင့်ကျင့်ကြံသူများဖြစ်ကြပြီး သူတို့ထဲမှ နှစ်ယောက်စ သုံးယောက်စကသာ ရွှေအမြုတေများဖြစ်ကြလေသည်။

သူတို့သည် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို မြင်သောအခါ ထိုကျင့်ကြံသူများက ရိုသေလေးစားသော အမူအရာများကို ထုတ်ဖော်ပြသပြီး လက်သီးနှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်လိုက်ကြလေသည်။

“စီနီယာအစ်ကိုနန်းကုန်လင်း ၊ စီနီယာအစ်မလျှိုနဲ့ စီနီယာအစ်မရူရွှမ်တို့ကို နှုတ်ဆက်ပါတယ်”

“စီနီယာတို့ ခင်ဗျားတို့က ပြန်ရောက်လာပြီဆိုတော့ ခင်ဗျားတို့ရဲ့ ခရီးစဥ်က အခြေအနေဘယ်လိုလဲ”

ရူရွှမ်က ဆူဇီမို၏ ရှေ့မှာတော့ ကလေးငယ်တစ်ယောက်လို စကားပြောဆိုနေခဲ့လေသည်။

သို့သော်လည်း ဤဂိုဏ်းသားများ၏ ရှေ့မှောက်မှာတော့ သူမက ပုံမှန်အမူအရာနှင့် ဣန္ဒြေရနေလေသည်။

“နင်တို့တွေ သွားလို့ရပြီ အဲ့ဒါက ဘာမှထူးထူးခြားခြားမရှိဘူး”

ရူရွှမ်သည် စီနီယာအစ်မတစ်ယောက်၏ ဟန်ပန်ဖြင့် သူမ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြလိုက်လေသည်။

လူတိုင်းက နာခံလိုက်ကြ၏။

ရွှေအမြုတေတစ်ယောက်ကတော့ ဆူဇီမိုကို စပ်စုလိုစိတ်ဖြင့်စိုက်ကြည့်ပြီး သူက အလိုလိုမေးလိုက်လေသည်။

“တာအိုရောင်းရင်း... ခင်ဗျားက..”

လျှိုဟန်ယန်နှင့် ရူရွှမ်က တုံ့ပြန်မှုများစွာမရှိကြပေ။

သို့သော်လည်း နန်းကုန်လင်းကတော့ အနည်းငယ်ရှက်ရွံသည့်ဟန်ပေါက်သွားလေသည်။

သူသည် ဆူဇီမိုကို သူ၏ဆရာဦးလေးအဖြစ် အစကတည်းက လက်မခံချင်ဖြစ်နေခဲ့လေသည်။

ယခု ထိုအကြောင်းကို အခြားသူများသိရှိသွားမည်ကို သူက ပို၍ပင် စိုးရိမ်လာလေသည်။

ထိုလူ၏ မေးခွန်းကို ကြားသောအခါ နန်းကုန်လင်း၏ မျက်နှာအမူအရာက ညိုမဲလာပြီး သူက ဆတ်ကနဲလှည့်လိုက်လေသည်။

“မင်းက ဘာလို့ အဲ့လောက်စကားတွေများနေတာလဲ... သွား... မြန်မြန်သွားပြီး ဝင်ပေါက်ဝမှာစောင့်ကြပ်နေ”

“အမ်....”

ထိုလူသည် ဘာမဟုတ်တာနှင့် အဆူခံလိုက်ရသည့်အတွက် သူက ဘာအမှားလုပ်မိသည်ကို နားမလည်နိုင်ပဲ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုရှိနေလသည်။

ထိုသူက ထွက်မသွားသေးသည်ကို နန်းကုန်လင်းမြင်သောအခါ သူက အေးစက်စွာဖြင့် စိုက်ကြည့်ပြီးပြောလိုက်လေသည်။

“ဘာလဲ... ငါက တစ်ယောက်ယောက်ကို ခေါ်လာခဲ့ရင် မင်းကိုအရင်သတင်းပေးနေရမှာလား...”

“မဟုတ်ပါဘူး...”

ထိုသူက ဇက်ပုပြီး ကပျာကယာ ထွက်ခွာသွားခဲ့လေသည်။

ဆူဇီမိုက အဲ့ဒါကို ရယ်စရာတစ်ခုအဖြစ်မြင်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။

သူတို့လေးယောက်သည် အသွန်းတစ်ရာဂိုဏ်းသို့ ဝင်ရောက်လာပြီးနောက် နန်းကုန်လင်းသည် သူနှင့်သိသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံပြီး တူညီသောမေးခွန်းထပ်မေးခံရမှာကို စိုးရိမ်လာခဲ့လေသည်။ ထို့ကြောင့်သူက အကြောင်းပြချက်တစ်ခုပေးကာ ထွက်ခွာသွားခဲ့လေသည်။

လျှိုဟန်ယန်နှင့်ရူရွှမ် ပါလာသည့်အတွက် သူတို့သုံးယောက်က အဆင်ပြေချောမွေ့စွာ သွားလာနိုင်ခဲ့လေသည်။

သို့သော်လည်း ဤအချိန်အတောအတွင်း များစွာသော ကျင့်ကြံသူများက သူ့ကို မနာလိုအားကျစွာဖြင့် လှမ်းမျှော်ကြည့်နေကြလေသည်။

အသွန်းတစ်ရာဂိုဏ်းက ယန်ဆေးဂိုဏ်း သို့မဟု​တ် ကြိုးကြာတစ်ထောင်ဂိုဏ်းတို့နှင့် မတူပေ။

အသွန်းတစ်ရာဂိုဏ်းသည် လက်နက်သွန်းလုပ်ခြင်းမှာ အထူးပြုပြီး သူတို့က မီးဆေးခြင်းအတော်များများကို ဖြတ်ကျော်ရ​လေသည်။ ထိုသို့ဖြင့် ဂိုဏ်းများရှိသော လူအများစုက အမျိုးသားများဖြစ်ကြပြီး အမျိုးသမီးက အနည်းအကျဥ်းသာ ရှိလေသည်။

ဒါ့အပြင် လျှိုဟန်ယန်နှင့်ရူရွှမ်က ရှားရှားပါးပါး အချောအလှလေးများဖြစ်ကြလေသည်။

ဂျုနီယာညီငယ်များဖြစ်စေ စီနီယာအစ်ကိုများဖြစ်စေ သူတို့အားလုံးက ထိုအမျိုးသမီးနှစ်ယောက်ကို ချီးမွမ်းကြလေသည်။

ထိုအလှပဂေးနှစ်ယောက်က ဗလတောင့်တောင့်လူတစ်ယောက်နှင့် ဂိုဏ်းထဲမှာသွားလာနေသည်ကို သူတို့မြင်သောအခါ လူတိုင်းသည် ပန်းခင်းထဲမှာ နင်းလျှောက်နေသော နွားရိုင်းတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ခံစားလာရလေသည်။

“အဲ့ဒါက ဘယ်သူလဲ...”

“ငါသူ့ကို အရင်ကမမြင်ဖူးပါဘူး... သူ့ပုံစံက ရင်းနှီးမနေဘူး”

“အဲ့ဒါ ဘာလို့လဲတော့ ငါမသိ့ဘူး... ဒါပေမယ့်လို့ အဲ့လူကို ကြည့်ရင်းနဲ့ ငါက ထုရိုက်ချင်စိတ်တွေပေါက်နေတယ်”

သူတို့က တိုးတိတ်စွာ ဆွေးနွေးနေကြသော်လည်း ဆူဇိမိုက ရှင်းလင်းစွာကြားနေရ​လေသည်။ သူက ပြုံးရုံသာ ပြုံးနေလိုက်လေသည်။

သူသည် တာအိုအရှင်အဆုံးစွန်မီးကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးပြီးနောက် သူဆောင်ရွက်ရမည့်အရာကို ပြိးမြောက်သွားခဲ့လေပြီ။

နောက်သုံးလနေပြီးလျှင် သူက ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကို တက်ရောက်ပြီးနောက် သူက အသွန်းတစ်ရာဂိုဏ်းကနေ ထွက်ခွာသွားမည်ဖြစ်လေသည်။

ဤလူများက စိတ်ကျေနပ်မှုမရှိကြလျှင်တောင် အဲ့ဒီမှာ ပဋိပက္ခ ဖြစ်စရာမလိုပေ။

အသွန်းတစ်ရာဂိုဏ်းက သမိုင်းကြောင်းရှည်လျားသော ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်နေခဲ့သည်မှာ အံဩစရာမဟုတ်တော့ပေ။ သူတို့၏ အခြေခံအုတ်မြစ်က ဆန်းကြယ်တောင်ထွတ်ထက် အဆများစွာသာလွန်လေသည်။

ဂိုဏ်းအတွင်းမှာရှိသည့် အင်မော်တယ်တောင်တန်းများက ငွားငွားစွင့်စွင့် မြင့်မားနေပြီး စိမ့်စမ်းရေများက သူတို့ကို လှည့်ပတ်စီးဆင်းနေလေသည်။ အဆောက်အအုံများက ခမ်းနားထည်ဝါ၍ ရှေးကျနေလေသည်။

ကြွေပြားနှင့် အုတ်တစ်ချပ်ချင်းစီသည် အလွန်တရာ အနုစိတ်စွာ ပြုလုပ်ထားပြီး အဲ့ဒါက နတ်ဘုရားလက်ရာတစ်ခုအဖြစ် သတ်မှတ်နိုင်လေသည်။

ဂိုဏ်းအတွင်းတွင် သတ္တုဆန်ဆန် ခံစားချက်တစ်ခုကို ထုတ်ပေးနေသော အဆောက်အအုံများစွာကို တွေ့ရလေသည်။

လျှိုဟန်ယန်နှင့် ရူရွှမ်က ဆူဇီမိုကို လှည့်ပတ်၍ ခေါ်ဆောင်လာခဲ့ပြီး နောက်ဆုံးအခန်းဝတစ်ခုမှာ အထိုင်ချပေးလိုက်လေသည်။

ထိုအချိန်မှစ၍ ဆူဇီမိုက သူ၏လိုဏ်ဂူခန်းဝါထဲကနေ အပြင်သို့ ထွက်ခဲလေသည်။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကိုသာ ထုတ်ယူပြီး အဲ့ဒါကို နေ့စဥ်နှင့်အမျှ နားလည်ဆင်ခြင်ဖို့ ကြိုးစားနေခဲ့လေသည်။

ဤဓားကျမ်းက အထင်သေးလို့မရပေ။ သူက အဲ့ဒါကို တတ်နိုင်သမျှ မြန်မြန်နားလည်သဘောပေါက်နိုင်မည်ဆိုရင် သူ၏တိုက်ခိုက်ရည်ခွန်အားက အဆများစွာ တိုးပွားလာပေလိမ့်မည်။

သူသည် သူ၏ လိုဏ်ဂူခန်းဝထဲကနေ ထွက်ခဲသော်လည်း လျှိုဟန်ယန်နှင့် ရူရွှမ်က မကြာခဏ သူ့ထံသို့ လာရောက်လည်ပတ်တတ်လေသည်။

ထိုအမျိုးသမီးနှစ်ယောက်က သူနှင့်ပတ်သက်၍ အလွန်တရာစပ်စုချင်နေကြသည်ကို ဆူဇီမိုက ခံစားနိုင်လေသည်။

ရူရွှမ်က သူမ၏ စူးစမ်းလိုမှုကို ပြောင်ပြောင်တင်းတင်းပင် ထုတ်ဖော်ပြသလေသည်။

သို့သော်လည်း လျှိုဟန်ယန်ကတော့ တိတ်တဆိတ်ဖြင့် မပွင့်တပွင့်ရှိလေသည်။

ဤအချိန်အတောအတွင်း အမျိုးသမီးနှစ်ယောက်နှင့်အတူ စကားစမြည်ပြောဆိုရင်း ဆူဇီမိုသည် အသွန်းတစ်ရာဂိုဏ်းက လက်တလောပြုလုပ်နေသမျှ အရာရာတိုင်းသည် တာအိုအရှင်အဆုံးစွန်မီး၏ ခန္ဓာကိုယ်တည်ပြန်လည်တည်​​ဆောက်ခြင်းအတွက် ပြင်ဆင်နေခြင်းဖြစ်သည်ကို ဆူဇီမိုက ကောက်ချက်ချလိုက်နိုင်လေသည်။

အမျိုးသမီးနှစ်ယောက်ပြောပုံအရ ဂိုဏ်းမှာရှိနေသော ပညာရှင်များစွာသည် တံခါးပိတ်ကျင့်ကြံနေရာကနေ ဤအချိန်အတောအတွင်း ထွက်လာခဲ့ကြလေသည်။

မူလနတ္ထိတာအိုသက်ရှိများကနေ ဓမ္မဝိသေသတာအိုအရှင်များအထိ ဂိုဏ်းမှာရှိသော ပညာရှင်များသည် အပြင်သို့ မကြာခဏထွက်၍ ထိပ်တန်းအဆင့်ပစ္စည်းများကို စု​ဆောင်းလာခဲ့ကြလေသည်။

တစ်ကယ်ဆို ဂိုဏ်း၏ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များပင် ပေါ်ထွက်လာသည်ဟု သူတို့နှစ်ယောက်က ကြားသိခဲ့ရလေသည်။ သို့သော်လည်း အကြောင်းရင်းကိုတော့ သူတို့က မသိကြပေ။

အသွန်းတစ်ရာဂိုဏ်းမှ ပညာရှင်များသည် လှုပ်ရှားမှုများကို ခပ်စိပ်စိပ်ပြုလုပ်လာကြပြီး ကုန်ဖလှယ်အလုပ်ရုံများနှင့် လေလံအိမ်တော်အများစုသို သွားရောက်ကာ ငွေများကို ဗုံးပေါလအောသုံး၍ ရှားပါးပစ္စည်းတချို့ကို ဝယ်ယူခဲ့ကြလေသည်။

အဲ့ဒီမှာ ယန်ဆေးဂိုဏ်းမှ စိတ်ဝိညာဥ်ဆေးရည်များနှင့် ဆေးလုံးပမာဏများစွာကို ဝယ်ယူလာခဲ့ကြသော ကျင့်ကြံသူအချို့ပင် ရှိလေသည်။

တာအိုအရှင်အဆုံးစွန်မီး၏ ပြန်ရောက်လာမှုက လျှို့ဝှက်ချက်တစ်ခုဖြစ်နေဆဲပင်။

အနည်းဆုံးတော့ လျှိုဟန်ယန်နှင့် ရူရွှမ်က ထိုအကြောင်းကိုမသိကြပေ။

တာအိုအရှင်အဆုံးစွန်မီးသည် ဓမ္မဝိသေသအဆင့်မှာရှိသော ပညာရှင်တစ်ယောက်သာ ဖြစ်လေသည်။ သို့သော်လည်း နှစ်ငါးထောင်အလွန် ထိုသူ၏ ပြန်လည်ရောက်ရှိလာမှုကို ဂိုဏ်းက ဤမျှအထိ မြင့်မြင့်မားမား တန်ဖိုးထားလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားမိပေ။

ဂိုဏ်းမှာရှိသော ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များပင် သူ့အတွက် ထွက်လာခဲ့ရလေသည်။

တာအိုအရှင်အဆုံးစွန်မီးက အတော်လေးမရိူးရှင်းကြောင်း ဆူဇီမိုက ပထမဆုံးအကြိမ်နားလည်လာခဲ့လေသည်။

သူက တာအိုအရှင်အဆုံးစွန်မီးအတွက် ပျော်ရွှင်ရသလို တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်ရလေသည်။

တာအိုအရှင်အဆုံးစွန်မီးက ပို၍သန်မာလေလေ ထိုသတင်းက ပို၍ ပေါက်ကြားလို့မဖြစ်ပေ။

တာအိုအရှင်အဆုံးစွန်မီး ပြန်လည်ရှင်သန်လာမှုကို မလိုလားသောသူများက ထိုသတင်းကို ကြားသိရမည်ဆိုလျှင် သူတို့က တစ်စုံတစ်ရာကို သေချာပေါက် အကွက်ချလာနိုင်လေသည်။

သူတို့ဂိုဏ်းနှင့်ရန်ဘက်ဖြစ်သူများက တာအိုအရှင်အဆုံးစွန်မီး ပြန်လည်ရှင်သန်လာမှုကို လိုလားကြလိမ့်မည်မဟုတ်ပေ။

နောက်သုံးလကြာပြီးလျှင် ကြိုးကြာတစ်ထောင်ဧည့်ခံပွဲမှာ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲတစ်ခုကို ပြုလုပ်ကြရမည်ဖြစ်လေသည်။

အရာရာတိုင်းက တစ်ချိန်တည်းမှ ဖြစ်ပျက်နေသည်ဟု ထင်ရလေသည်။

ယခုအချိန်တွင် ကျင့်ကြံရေးလောကက အတော်​လေး ငြိမ်သက်အေးချမ်းနေသော်လည်း မုန်တိုင်းတစ်ခုက အစပျိုးလာတော့မည်ဖြစ်ကြောင်း ဆူဇီမိုက ခံစားမိနေလေသည်။

All Chapters