← Chapters

ငရဲမီးစံအိမ်မှ သတ်ဖြတ်လိုစိတ်

Vol. 61 Ch. 906

ငရဲမီးစံအိမ်မှ သတ်ဖြတ်လိုစိတ်

Vol. 61 Ch. 906

နှစ်လနေပြီးနောက် ငရဲမီးစံအိမ်တွင်..

မကောင်းဆိုးရွားဆန်၍ အေးစက်နေသော ခန်းမတစ်ခုထဲတွင် တဖျပ်ဖျပ်လက်နေသော ဖယောင်းတိုင်မီးများသာလျှင် ရှိလေသည်။

ခန်းမ၏အလယ် အမြင့်တစ်နေရာတွင် လူတစ်ယောက်က ထိုင်နေပြီး ငရဲမီးစံအိမ်မှ ကျင့်ကြံသူတစ်ယောက်ကို ငုံ့ကြည့်နေလေသည်။

“နန်းတော်အရှင်ကို အစီရင်ခံပါတယ်”

ငရဲမီးစံအိမ်ကျင့်ကြံသူက ဒူးတစ်ဖက်ထောက်၍ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ပြီးခဲ့တဲ့ နှစ်လအတွင်း အသွန်းတစ်ရာဂိုဏ်းမှာ အတော်လေး အုံးအုံးကျက်ကျက် ဖြစ်နေကြပါတယ်”

“အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတွေက ကုန်ဖလှယ်အလုပ်ရုံတွေနဲ့ လေလံအိမ်တော်ကြီးတွေမှာ ခြေရှုပ်နေကြတယ်.. သူတို့က ရတနာတွေနဲ့ ဆေးလုံး တော်တော်များများကို ဝယ်ယူ​နေကြတယ်.. သူတို့က ဘာအတွက် လှုပ်ရှားနေကြတာလဲ ကျုပ်လည်း အတိအကျတော့ မသိရပါဘူး”

အမြင့်တစ်နေရာတွင် ထိုင်နေသောသူက ငရဲမီးစံအိမ်သခင် ဖြစ်လေသည်။

“ဟမ့်”

ငရဲမီးစံအိမ်သခင်က အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်လေသည်။

“အဲဒါက ဘယ်လိုရတနာမျိုးတွေလဲ”

ငရဲမီးစံအိမ်ကျင့်ကြံသူက ပြောလိုက်လေသည်။

“ပြီးခဲ့တဲ့ ရက်လေးဆယ်လောက်က.. အသွန်းတစ်ရာဂိုဏ်းက တာအိုအရှင်ထျန်ရှင်းက လေလံအိမ်တော်တစ်ခုမှာ ပေါ်လာပြီးတော့ နေကျောက်တုံးတစ်တုံးကို ဝယ်သွားခဲ့တယ်လို့ ကျင့်ကြံသူတစ်ယောက်က မြင်ခဲ့ရတယ်”

ငရဲမီးစံအိမ်သခင်က မျက်မှောင်ကြုတ်လိုက်လေသည်။

“လွန်ခဲ့တဲ့တစ်လက အသွန်းတစ်ရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ယန်ဆေးဂိုဏ်းကို သွားပြီး သွေးခဲဆေးလုံး၊ စိတ်ဝိညာဉ်အသားဆေးလုံးနဲ့ ဘဝစိတ်ဝိညာဉ် စိမ့်စမ်းရေ အတော်များများကို ဝယ်ယူသွားခဲ့တယ်လို့ ယန်ဆေးဂိုဏ်းက ကျင့်ကြံသူတချို့က ပြောကြတယ်”

ခဏမျှ ရပ်တန့်ပြီးနောက် ထိုလူက ဆက်ပြောလိုက်လေသည်။

“ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ အသွန်းတစ်ရာဂိုဏ်းက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ပေါ်ထွက်လာပြီးတော့ စျေးကွက်ထဲမှာ ကောင်းကင်ဘုံကြယ်တာရာ ကျောက်တုံးကို ထိုက်သင်တဲ့စျေးပေးပြီး ဝယ်ယူသွားခဲ့တယ်လို့ ကောလဟာလတချို့ ရှိနေတယ်”

“ရွှစ်”

ရုတ်တရက် ငရဲမီးစံအိမ်သခင်၏ မျက်လုံးထဲတွင် မီးလုံးနှစ်လုံးက လောင်ကျွမ်းလာပြီး အဲဒါက နက်မှောင်၍ မကောင်းဆိုးရွားဆန်နေလေသည်။

ခန်းမထဲရှိ လေထုက အနိဋ္ဌာရုံဆန်လာလေသည်။

ငရဲမီးစံအိမ်ကျင့်ကြံသူက မြေပြင်ပေါ်မှာ ဒူးထောက်ကျပြီး ကြောက်ရွံ့မှုဖြင့် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ခဏနေပြီးနောက်.. အထက်ကနေ အသံတစ်သံက ထွက်ပေါ်လာလေသည်။

“အသွန်းတစ်ရာဂိုဏ်းမှာ နောက်ထပ် တခြားလှုပ်ရှားမှုတွေကော ရှိသေးလား”

“မ.. မရှိပါဘူး”

ထိုလူ၏အသံက အနည်းငယ် တုန်ယင်နေလေသည်။

ငရဲမီးစံအိမ်သခင်က ထပ်မေးလိုက်လေသည်။

“လွန်ခဲ့တဲ့နှစ်လက ဝူယွမ်နဲ့ အခြားနှစ်ယောက်ကို သတ်ဖြတ်ခဲ့တဲ့ ကျင့်ကြံသူရဲ့ သရုပ်သကန်ကိုရော မင်းတို့ ရှာတွေ့သွားပြီလား”

“အခုထိတော့ မရသေးပါဘူး”

ငရဲမီးစံအိမ်ကျင့်ကြံသူက တံတွေးကို အလျင်အမြန် မျိုချပြီး ပြောလိုက်လေသည်။

“အသွန်းတစ်ရာဂိုဏ်းမှာရှိတဲ့ ကျုပ်တို့ရဲ့ သူလျှိုတွေဆီကနေ ကြားရတာတော့.. အဲဒီလူက ဂိုဏ်းထဲကို ဝင်ရောက်သွားပြီးကတည်းက တံခါးပိတ်ကျင့်ကြံနေခဲ့တယ်.. သူက ရံဖန်ရံခါမှသာ ထွက်လာတတ်တယ်”

“အဲဒီလူက ပေါ်ထွက်လာတဲ့ အခါတိုင်းမှာ.. သူ့လက်ထဲက ရှေးဟောင်းစာလိပ်တစ်လိပ်အပေါ်မှာပဲ အာရုံစိုက်ထားပြီးတော့… သူက စာကြမ်းပိုးတစ်ယောက် ဖြစ်တဲ့ပုံပါပဲ”

“စာကြမ်းပိုး ဟုတ်လား”

ငရဲမီးစံအိမ်သခင်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဝူယွမ်နဲ့ အခြားကိုးယောက်က စာကြမ်းပိုးတစ်ယောက်ရဲ့ လက်ထဲမှာ သေဆုံးခဲ့ရတယ်လို့ မင်းက ပြောချင်နေတာလား.. ဟမ့်..”

ငရဲမီးစံအိမ်ကျင့်ကြံသူက အလွန်တရာ ကြောက်လန့်သွားပြီး ချွေးများ ဒီးဒီးကျကာ အသံတစ်ချက်မှ မထွက်ရဲတော့ပေ။

ငရဲမီးစံအိမ်သခင်၏ အသံက ငရဲကိုးခု၏အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည့်အလား အေးစက်နေလေသည်။

“နှစ်လကြာ စုံစမ်းပြီးတာတောင် အဲဒီလူက စာကြမ်းပိုးတစ်ယောက်ပဲ ဖြစ်တယ်လို့ မင်းက ငါ့ကို ပြောနိုင်တာလား.. အဲဒီမှာ ဘာသတင်းအချက်အလက်မှ မရှိတော့ဘူးလား.. ဟမ့်”

“ရှိ.. ရှိပါသေးတယ်”

ငရဲမီးစံအိမ်ကျင့်ကြံသူက ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်လေသည်။

“အဲဒီလူရဲ့ နာမည်က မိုလင်းပါ.. သူက နောက်ပိုင်းနိုးထဝိညာဉ်အဆင့်.. ကျုပ်ကြားတာ အဲဒီလူက အသက်တစ်ရာကျော်ပဲ ရှိသေးတယ်လို့ ပြောတယ်.. နောက်ပြီးတော့..”

“နောက်ပြီးတော့ ဘာဖြစ်လဲ”

ငရဲမီးစံအိမ်ကျင့်ကြံသူက တွေဝေသွားသည့်​ ခဏမှာပင် ငရဲမီးစံအိမ်သခင်၏ အသံက ထွက်ပေါ်လာပြီး သူ၏ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားစေလေသည်။

ငရဲမီးစံအိမ်ကျင့်ကြံသူက တဆတ်ဆတ် တုန်ယင်သွားပြီး သူက အလောတကြီး ပြောလိုက်လေသည်။

“နောက်ပြီးတော့ အသွန်းတစ်ရာဂိုဏ်းက လျှိုဟန်ယန်နဲ့ ရူရွှမ်က အဲဒီလူနဲ့ အတော်လေး ရင်းနှီးတယ်လို့ ကျုပ်ကြားရတယ်.. သူတို့က သူ့ကို ဆရာဦးလေးလို့ ခေါ်တဲ့ပုံပဲ”

“ဆရာဦးလေး.. ဟုတ်လား”

ငရဲမီးစံအိမ်သခင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..။

လျှိုဟန်ယန်က ထိုလူကို ဆရာဦးလေးဟု ခေါ်သည်ဆိုလျှင် အဲဒီလူက တာအိုအရှင်ကြယ်သွေးနီနှင့် တူညီသော မျိုးဆက်မှလာသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

ထိုမျိုးဆက်မှာရှိသော ကျင့်ကြံသူ အားလုံးနီးပါးကို သူက တွေ့မြင်ဖူးထားလေသည်။ အဲဒီမှာ အသက်တစ်ရာကျော် နိုးထဝိညာဉ်တစ်ယောက် ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲ။

“ကျုပ်တို့ရဲ့ သူလျှိုတွေက အရမ်းလည်း နီးနီးကပ်ကပ် ချဉ်းကပ်မသွားရဲဘူး”

ငရဲမီးစံအိမ်ကျင့်ကြံသူက ဆက်ပြောလိုက်လေသည်။

“နောက်ပြီးတော့.. သူပြောတာ သူက အဲဒီလူကို အဝေးကနေ ထောက်လှမ်းကြည့်ရှုတဲ့ အချိန်တိုင်း အဲဒီလူက အဲဒါကို အာရုံခံမိနေတဲ့ပုံပဲတဲ့.. အဲဒီလူက အမှတ်တမဲ့နဲ့ ကျုပ်တို့ရဲ့ သူလျှိုရှိရာဘက်ကို လှမ်းလှမ်းကြည့်တတ်တယ်လို့ ပြောတယ်”

“အသက်တစ်ရာကျော် နိုးထဝိညာဉ်တစ်ယောက်က အဲ့လောက်ထိ ဝါစဉ်မြင့်မားတာလား.. ဟီးဟီး.. စိတ်ဝင်စားစရာပဲ”

ငရဲမီးစံအိမ်သခင်က ရယ်မောလိုက်လေသည်။

“မင်း အရင်ထွက်သွားလို့ရပြီ.. အသွန်းတစ်ရာဂိုဏ်းကို ဆက်ပြီးတော့ စောင့်ကြည့်ထားလိုက်”

“နားလည်ပါပြီ”

သူက လွတ်ငြိမ်းချမ်းသာခွင့် ရရှိသွားသည့်အလား.. ငရဲမီးစံအိမ်ကျင့်ကြံသူက ခပ်သုတ်သုတ် ပြေးထွက်သွားခဲ့လေသည်။

ခန်းမက တဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့လေသည်။

ခဏနေပြီးနောက်.. ငရဲမီးစံအိမ်သခင်၏ အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာလေသည်။

“နေကျောက်တုံး.. ကောင်းကင်ဘုံကြယ်တာရာကျောက်တုံး.. သွေးခဲဆေးလုံး.. ဘဝစိတ်ဝိညာဉ် စိမ့်စမ်းရေ.. တစ်ယောက်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာလား”

“အဲဒါက မှားစရာမရှိဘူး.. အဲဒါက ခန္ဓာကိုယ်တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ထိပ်တန်းအဆင့် ပစ္စည်းတွေပဲ”

ငရဲမီးစံအိမ်သခင်၏နောက်ဘက် အမှောင်ထုထဲမှ ကုပ်ကိုင်းကိုင်းနှင့် လူတစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လှမ်းထွက်လာလေသည်။

ဝင်ရောက်လာသူက ဖြူဖွေးနေသော ဆံပင်များ၊ မှုန်ရီဝေဝါးသော မျက်လုံးများနှင့် အိုမင်းရင့်ရော်သော အသံတစ်သံကို ပိုင်ဆိုင်ထားလေသည်။ သူက အချိန်မရွေး ကွယ်လွန်သွားတော့မည့်အလား.. သေအံ့ဆဲဆဲ လောကဓံအော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ငရဲမီးစံအိမ်သခင်က သူ့နောက်ဘက်ရှိ ဤလူကို သိကျွမ်းပုံရပြီး သူက အံ့အားသင့်သွားခြင်း မရှိဘဲ သူ့ဘာသာသူ ဆက်ပြောလိုက်လေသည်။

“အသွန်းတစ်ရာဂိုဏ်းက ဒီလောက်များတဲ့ ကျင့်ကြံသူတွေကို အုန်းအုန်းကျက်ကျက် ဖြစ်သွားစေအောင် စွမ်းဆောင်နိုင်တဲ့သူက ဘယ်သူများလဲ ငါသိချင်လိုက်တာ.. သူ့အတွက်နဲ့ ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် ထွက်ပေါ်လာရတယ်ဆိုတော့..”

ခဏကြာ တိတ်ဆိတ်နေပြီးနောက် ငရဲမီးစံအိမ်သခင်က ခေါင်းခါလိုက်လေသည်။

“ငါ ဘယ်လိုပဲ အဲဒါကို စဉ်းစား စဉ်းစား.. အဲ့လောက်ထိ ဩဇာအာဏာ ကြီးမားတဲ့လူက ဘယ်သူလဲဆိုတာ ငါစဉ်းစားလို့ မရဘူး”

“ဦးလေးယွီ.. ခင်ဗျားကရော တစ်ယောက်ယောက်ကို စဉ်းစားမိလား”

ငရဲမီးစံအိမ်သခင်က သူ၏ဘေးတွင်ရှိသော အဘိုးအိုကို ဘေးတိုက်တစ်ချက် ကြည့်လိုက်လေသည်။

ဦးလေးယွီက ခေါင်းခါပြလိုက်လေသည်။

“ငါလည်း မသိဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် ဦးလေးယွီက ပြောလိုက်လေသည်။

“ငါတို့က အင်အားတစ်စုကို ဖွဲ့စည်းပြီးတော့​ အသွန်းတစ်ရာဂိုဏ်းက လိုချင်နေတဲ့ ပစ္စည်းတွေကို တိတ်တဆိတ် ဖျက်စီးပစ်လိုက်ရင် ကောင်းမလား..”

“အဲ့လိုလုပ်စရာ မလိုပါဘူး”

ငရဲမီးစံအိမ်သခင်က အထင်သေးသည့် မျက်လုံးများဖြင့် ခေါင်းခါလိုက်လေသည်။

“အဲဒီပစ္စည်းတွေက တာအိုအရှင်တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် ပစ္စည်းတွေပဲ.. တာအိုအရှင်တစ်ယောက်က သူ့ရဲ့ခန္ဓာကိုယ်ကို တည်ဆောက်ခဲ့မယ်ဆိုရင်တောင် သူက ကျုပ်တို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး”

သူရဲကောင်းဆန်ဆန် အော်ရာတစ်ခုက ဖြာထွက်နေပြီးနောက်.. သူက လက်ကာပြ၍ လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“နောက်တစ်လနေလို့.. ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲကျရင် အသွန်းတစ်ရာဂိုဏ်းက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ရမှာပဲ”

“အသွန်းတစ်ရာဂိုဏ်းမှာ နောက်ထပ် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ထပ်တိုးလာတာကို မပြောနဲ့.. သူက ပေါင်းသည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဆိုရင်တောင် အလကားပဲ”

ဦးလေးယွီကလည်း ခေါင်းညိတ်လိုက်လေသည်။

“အမှန်ပဲ.. အသွန်းတစ်ရာဂိုဏ်းက လျှိုဟန်ယန်က လက်နက်သွန်းလုပ်ခြင်းမှာ မဆိုးလှဘူးဆိုပေမဲ့လို့ သူမက မင်းဟန်ထက်တော့ နိမ့်ကျနေသေးတယ်.. အသွန်းတစ်ရာဂိုဏ်းက အဲဒီ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်”

ငရဲမီးစံအိမ်သခင်က ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

“ဒါပေ့ါ.. ကျုပ်တပည့်က ရှုံးမှာမဟုတ်ဘူး”

ခဏနေပြီးနောက်.. ငရဲမီးစံအိမ်သခင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သက်ပြင်းချလိုက်လေသည်။

“နန်းတော်အရှင်.. ခင်ဗျားက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်အကြောင်း စဉ်းစားနေတုန်းပဲလား”

ဦးလေးယွီက မေးလိုက်လေသည်။

“အမှန်ပေါ့ဗျာ”

ငရဲမီးစံအိမ်သခင်က သူ့လက်သီးကိုဆုပ်ပြီး ပြောလိုက်လေသည်။

“အဲဒါက ကျုပ်ကို ခေါင်းကိုက်စေတဲ့အရာပဲ.. ကျုပ်က အဲဒီ ကျင့်ကြံခြင်းနည်းစနစ်ကို ရမှကိုဖြစ်မယ်”

“အခုချိန်မှာတော့ အဲဒီ ကျင့်ကြံခြင်းနည်းစနစ်ကို သိတဲ့လူက လေးယောက်ပဲရှိတယ်”

ဦးလေးယွီက ပြောလိုက်လေသည်။

“တာအိုအရှင်ကြယ်သွေးနီကတော့ ကိုင်တွယ်ရ လွယ်ကူမှာ မဟုတ်ဘူး.. သူ့ကို ငါတို့က ဖမ်းမိမယ်ဆိုရင်တောင် သူက သူ့ဆရာလိုပဲ အသက်သာ အသေခံမယ်.. ဘာမှထုတ်ပြောမှာ မဟုတ်ဘူး.. ငါတို့က သူ့တပည့်သုံးယောက်ကို တိုက်ခိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”

“အင်း”

ငရဲမီးစံအိမ်သခင်က ပြောလိုက်လေသည်။

“ကျုပ်က အခွင့်အရေးတစ်ခုပေါ်တာနဲ့ လှုပ်ရှားဖို့ မူလနတ္ထိတစ်အုပ်စုကို စေလွှတ်ထားခဲ့ပြီးပြီ.. ကျုပ်တို့က နန်းကုန်လင်းနဲ့ အခြားနှစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်ရမယ်”

“ဒါပေမဲ့လို့..”

ငရဲမီးစံအိမ်သခင်က မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်လေသည်။

“အဲဒီ မိုလင်းက နည်းနည်းတော့ ထူးဆန်းနေတယ်.. သူ့ကြောင့်နဲ့ အပြောင်းအလဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျုပ်က ခံစားမိနေတယ်”

ဦးလေးယွီက အနည်းငယ် ဦးညွတ်လိုက်လေသည်။

“ခင်ဗျား စိတ်မရှိဘူးဆိုရင် ကျုပ်က အဲဒါကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်ချင်တယ်”

“ဦးလေးယွီ.. ခင်ဗျားရဲ့ ဘဝသက်တမ်းက သိပ်ကျန်တော့တာ မဟုတ်ဘူး.. အဲ့လိုမျိုး ကိစ္စတွေအတွက် ခင်ဗျားကို ကျုပ်က ဒုက္ခမပေးချင်ပါဘူး”

ငရဲမီးစံအိမ်သခင်က စကားအားဖြင့် ငြင်းဆန်လိုက်သော်လည်း.. သူ၏မျက်လုံးများက အဲဒါကို အလိုရှိကြောင်း ပြသနေလေသည်။

“စိတ်မပူပါနဲ့”

ဦးလေးယွီက ထူးမခြားနားပုံစံဖြင့် ပြန်ပြောလိုက်လေသည်။

“ငါက အချိန်သိပ်ကျန်တော့တာ မဟုတ်ဘူး.. ငါက ဒီနေရာမှာထိုင်ပြီး သေရဖို့အတွက် စောင့်ဆိုင်းနေမယ့်အစား.. အဲဒီ အပြောင်းအလဲဖြစ်စေနိုင်မယ့် လူတွေကို သတ်ဖြတ်ပြီးတော့ မင်းအတွက် နောက်ဆုံး အကျိုးဆောင်ပေးချင်တယ်”

“ဟားဟားဟားဟား”

ငရဲမီးစံအိမ်သခင်က သူ့ခေါင်းကိုမော့၍ ရယ်မောလိုက်လေသည်။

“ကောင်းတယ်ဗျာ.. ကောင်းတယ် ကောင်းတယ်.. တစ်ချိန်တုန်းက ခင်ဗျားကလည်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့တဲ့ ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ပဲ.. ခင်ဗျားရဲ့ ဘဝသက်တမ်းက ကုန်ဆုံးတော့မှာ ဆိုပေမဲ့လို့ ခင်ဗျားရဲ့ တိုက်ခိုက်ရေးခွန်အားကတော့ ကျန်ရှိနေတုန်းပဲ”

“ခင်ဗျားကိုယ်တိုင် ကိုင်တွယ်မယ်ဆိုမှတော့ အဲဒီမိုလင်းက နိုးထဝိညာဉ်မကလို့ မူလနတ္ထိအဆင့်ပဲဖြစ်ဖြစ်.. သူက အသာတကြည် အညံ့ခံရတော့မှာပဲ”

All Chapters