← Chapters

ကျန့်ဝူကျုံး

Vol. 61 Ch. 908

ကျန့်ဝူကျုံး

Vol. 61 Ch. 908

“မရဘူး”

ဆူဇီမိုက သူ၏ခေါင်းကို ခါပြီး ပြတ်သားစွာဖြင့်ပြောလိုက်လေသည်။

“ဂိုဏ်းက စီနီယာတစ်ယောက်ယောက် လိုက်ပါမသွားပဲ အခုလိုအချိန်မှာ မင်းတို့သုံးယောက် ဂိုဏ်းကနေ ထွက်ခွာသွားဖို့က အန္တရာယ်များလွန်းတယ်...”

သူက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ထက် ပို၍ ငယ်ရွယ်လေသည်။ သို့သော်လည်း သူက ဝါစဥ်အားဖြင့် သူတို့ထက်ပို၍ မြင့်မားလေသည်။

သူက နန်းကုန်လင်းနှင့် အခြားနှစ်ယောက် အန္တရာယ်ကျရောက်မှာကို ဒီတိုင်းကြည့်မနေနိုင်ပေ။

ဒါ့အပြင် ပြီးခဲ့သည့်နှစ်လအတွင်း သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို အချိန်အတန်ကြာ စိုက်ကြည့်ပြီး ခဏတဖြုတ် အနားယူဖို့အတွက် သူ၏ လိုဏ်ဂူခန်းဝကနေ ထွက်ခွာသည့်အချိန်တိုင်း တစ်ယောက်ယောက်က စောင့်ကြည့်နေသည်ဟု ခံစားမိလေသည်။

အဲ့ဒါက အသွန်းတစ်ရာဂိုဏ်းမှ တပည့်တစ်ယောက်ဖြစ်မည်ဆိုလျှင် သူက စူစမ်းချင်ရုံမျှသာဖြစ်သည့်အတွင် အဆင်ပြေလေသည်။

အဲ့ဒါက ငရဲမီးစံအိမ် သို့မဟုတ် အသွန်းတစ်ရာဂိုဏ်းနှင့် ရန်ငြိုးရန်စရှိသော အခြားဂိုဏ်းမှ သူလျှိုတစ်ယောက်ဖြစ်မည်ဆိုလျှင် သူတို့၏ ပြုမြူလှုပ်မှုတိုင်းက ပေါက်ကြားနေပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျှင် သူတို့သည် ဂိုဏ်းကနေ ထွက်ခွာသည့်ခဏမှာပင် ပစ်မှတ်ထားခံရဖို့ အခွင့်များလေသည်။

“ဆရာဦးလေးအသေးလေး အဲ့ဒါက အဆင်ပြေပါတယ်...”

ရူရွှမ်က ချွဲချွဲပစ်ပစ်လေသံဖြင့်ပြောလိုက်လေသည်။

“လေတိမ်မြို့တော်က တစ်သီးပုဂ္ဂလလေးအုပ်စုရဲ့ အလယ်မှာရှိတာပဲကိုး... အဲ့ဒါက အသွန်းတစ်ရာဂိုဏ်းနဲ့လည်း သိပ်အဝေးကြီးမှမဟုတ်တာနော့... အဲ့ဒီမှာဘယ်လိုလုပ် အန္တရာယ်ရှိပါ့မလဲ”

ဆူဇီမိုက ငြင်းပယ်ဖို့အတွက် ခေါင်းခါမည်ပြုစဥ်မှာပင် သူက သူ့ဘေးတွင်ရပ်နေသော လျှိုဟန်ယန်ကို ​မြင်မိသွားလေသည်။

တိတ်ဆိတ်ငြိမ်သက်နေသော ဤအမျိုး သမီးက ဘာစကားမှ မပြောသော်လည်း သူမက သူ့ကို မျှော်လင့်စောင့်စားနေသော အရိပ်အယောင်များဖြင့် ကြည့်နေလေသည်။

ဆူဇီမို၏ နှလုံးသားက နူးညံ့ပျော့ပြောင်းသွားလေသည်။

လျှိုဟန်ယန်က ဤရက်များအတွင်း ဖိအားများစွာအောက်မှာ ကျရောက်နေခဲ့လေသည်။

ဤခရီးစဥ်က သူမ၏စိတ်တင်းကျပ်မှုများကို ဖြေဖျောက်ပေးနိုင်ကောင်းလေသည်။

ထိုသို့အတွေးဖြင့် ဆူဇီမိုက ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

ထိုစဥ်မှာပင် နန်းကုန်လင်းက ဆူဇီမိုကို ကြည့်ပြီး နှာတစ်ချက်မှုတ်လိုက်လေသည်။

“ငါတို့မှာရှိတဲ့ စီနီယာတွေက အလုပ်များနေတယ်လို့ ဘယ်သူကပြောလဲ.. ငါတို့ရဲ့ စီနီယာဦးလေးအသေးလေးက အားနေတာပဲကို”

ဆူဇီမိုက ထူးမခြားနားအမူအရာဖြင့် မတ်တတ်ထရပ်လိုက်လေသည်။

“ကောင်းပြီလေ... ငါက မင်းတို့တွေနဲ့ ခဏတဖြုတ်လိုက်ခဲ့ပေးမယ်”

“အာ...”

ဤတစ်ကြိမ်တွင်တော့ အံ့အားသင့်သွားရသူမှာ နန်းကုန်လင်းဖြစ်လေသည်။

အစကတော့ သူသည် ဆူဇီမိုကို ဒီတိုင်းထေ့ငေါ့လိုက်ရုံသာဖြစ်လေသည်။ သူ၏ အမှတ်မဲ့ပြောလိုက်သောစကားတွင် ထိုလူက ချက်ချင်းသဘောတူလိုက်လိမ့်မည်ဟု သူက ထင်မှတ်မထားမိပေ။

နန်းကုန်လင်းက ထိုစကားကိုပြောပြီးသည့်ခဏမှာပင် နောင်တရမိသလို ခံစားလိုက်ရလေသည်။

“ဒါပဲလေ...”

ရူရွှမ်က လက်ခုပ်တီး၍ ပြုံးဖြီးနေလေသည်။

လျှိုဟန်ယန်ပင်လျှင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ သူမ၏ တွေဝေရှုပ်ထွေးမှုက ပြေလျော့သွားသည်ဟု ထင်ရပြီး သူမ၏ မျက်လုံးများက တောက်ပဝင်းလဲ့လာလေသည်။ သူမက ဆူဇီမိုကို ဦးညွတ်၍ ညင်သာစွာပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ်... ဆရာဦးလေး”

“ငါက မင်းတို့တွေနဲ့ အဲ့ဒီကိုလိုက်ပါပေးဖို့က ပြဿနာတော့မဟုတ်ဘူး... ဒါပေမယ့် ငါက မင်းတို့ကို သတိပေးစရာရှိတယ်”

ဆူဇီမို၏ အမူအရာက တင်းမာနေပြီး သူက တည်တံ့စွာဖြင့်ပြောလိုက်လေသည်။

“မင်းတို့သုံးယောက်ကပျော်လို့ရတယ်... ဒါပေမယ့်လို့ ငါ့ဆီကနေ ပေသုံးဆယ်အတွင်းမှာပဲ နေရမယ်... မင်းတို့အဲ့ဒါကို လုပ်နိုင်ရဲ့လား”

“အား...ရတာပေါ့ ရတာပေါ့”

ရူရွှမ်က လောဆော်လိုက်ပြီး ဆူဇီမို၏ အင်္ကျီလက်စကို ဆွဲကာ တတွတ်တွတ်ပြောဆိုရင်း အပြင်ဘက်သို့ လျှောက်လှမ်းထွက်လိုက်လေသည်။

“ဆရာဦးလေးအသေးလေး... ရှင်က အမြဲတမ်းပွစိပွစိပြောနေတော့တာပဲ”

နန်ကုန်းလင်က သူ၏နှုတ်ခမ်းကိုမဲ့ပြီး တီးတိုးရေရွတ်လိုက်လေသည်။

“ကျုပ်က ခင်ဗျားဆီနေ ပေသုံးဆယ်အတွင်းမှာနေရင် ဘာဖြစ်မှာလဲ... အဲ့ဒါက ကျုပ်ကို အင်မော်တယ်တစ်ယောက် ဖြစ်လာစေမှာလား”

သူ့စကားပြောလို့မဆုံးသေးခင်မှာပင် နန်းကုန်လင်း၏ လည်ဂုတ်က တင်းကျပ်သွားသည်ဟု ခံစားရပြီး သူက လေထဲသို့ မြောက်တက်သွားလေသည်။

“ဘယ်... ဘယ်သူလဲ”

နန်းကုန်လင်း၏ အမူအရာက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ၏မျက်နှာက နီမြန်းသွားလေသည်။ သူသည် သူ၏ခြေထောက်များကို လေထဲမှ ယက်ကန်ပြီး သူ၏ ခွန်အားများက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရလေသည်။

ထိုစဥ်မှာပင် ခပ်ကြမ်းကြမ်းမျက်နှာတစ်ခုက သူ့ရှေ့မှာပေါ်ထွက်လာခဲ့လေသည်။

ဆူဇီမိုက နန်းကုန်လင်းကို လက်တစ်ဖက်ဖြင့် ဂုတ်ကနေမပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။

“ငါကမင်းကို အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ အာမမခံပေးနိုင်ဘူး... ဒါပေမယ့်လို့... အနည်းဆုံး မင်းအသက်ကို ငါကာကွယ်ပေးနိုင်တယ်”

“ခင်..ခင်ဗျား ကျုပ်ကိုလွှတ်ပေးစမ်းပါဗျာ”

နန်းကုန်လင်းက သူ၏ ဓမ္မစွမ်းအားနှင့်သွေးချီများကို လှည့်ပတ်ဖို့ အကောင်းဆုံးကြိုးစားလိုက်လေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ ဆူဇီမို၏ ဆုပ်ကိုင်ထားမှုအောက်တွင် သူ၏ ခွန်အားများကို ထုတ်ဖော်၍မရနိုင်တော့ပေ။ ထိုသူ သယ်ဆောင်သွားတာကို သူက ဒီတိုင်းခွင့်ပြုနေရလေသည်။

“ဟားဟားဟားဟား...”

ရူရွှမ်က အကြောက်အလန့်ကင်းမဲ့သည့်အတွက် သူမက ဟားတိုက်ရယ်မောလိုက်လေသည်။

နန်းကုန်လင်းက အရှက်ခွဲခံရသည်ဟု ပို၍ခံစားရပြီး နေရာမှာပင် သတိလစ်မတတ်ဖြစ်သွားခဲ့လေသည်။

ရုတ်တရက်ဆိုသလို...

သူ၏ ခန္ဓာကိုယ်က ပြေလျော့သွားသည်ဟု ခံစားလိုက်ရပြီး အောက်သို့ပြန်ပြုတ်ကျကာ သူ၏ လွတ်လပ်မှုကို ပြန်ရရှိသွားလေသည်။

နန်းကုန်လင်းသည် ဒေါသူပုန်ထသွားပြီး ဆူဇီမိုနှင့် ငြင်းခုံမည်ပြုစဥ်မှာပင် သူတို့က လိုဏ်ဂူခန်းဝကနေ ထွက်ခွာလာပြီး အပြင်ဘက်သို့ ဦးတည်နေကြသည်ကို နားလည်သွားလေသည်။

နန်းကုန်လင်းသည် မကျေမချမ်းနှင့် သူ့နောက်သို့ အမီပြေးလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ဘာပဲပြောပြော ဆူဇီမိုက သူ၏ဆရာဦးလေး ဖြစ်လေသည်။

သူက အများသူငါရှေ့မှောက်မှာ ဆူဇီမိုနှင့် တိုက်ခိုက်လို့မဖြစ်ပေ။ သူ၏ဆရာက ဤကိစ္စကို သိရှိသွားလျှင် သူ့ကို ဂိုဏ်းအပြင်ဘက်သို့ ကန်ထုတ်ပစ်ပေလိမ့်မည်။

ဂိုဏ်းအပြင်ဘက်သို့ရောက်ရှိလာပြီးနောက် ရူရွှမ်က သူမ၏ သိုလှောင်အိတ်ကိုပုတ်ကာ စိတ်ဝိညာဥ်ယာဥ်ပျံတစ်စင်းကို ဆင့်ခေါ်ထုတ်လိုက်လေသည်။ အဲ့ဒါက လျင်မြန်စွာပြန့်ကားသွားပြီး အတွင်းတွင် လက်ဖက်ရည်နှင့် စိတ်ဝိညာဥ်သစ်သီးများအပါအဝင် သူတို့ လိုအပ်သမျှ အရာရာတိုင်းကို တွေ့မြင်နိုင်လေသည်။

“ဆရာဦးလေးအသေးလေး... သွားကြရအောင်”

ထိုသို့ပြောပြီးသည်နှင့် ရူရွှမ်က ဆူဇီမိုနှင့်အတူ အရင်ခုန်တက်လိုက်ပြီး အခြားသူများက နောက်ကနေလိုက်ပါလာလေသည်။

ယခု သူတို့က စိတ်ဝိညာဥ်ယာဥ်ပျံနှင့် ခရီးသွားကြမည်ဖြစ်တာကြောင့် ဆူဇီမိုသည် အာလပ်ချိန်ရရှိသွားပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ထုတ်ကာ ဆက်လက်၍ ကျင့်ကြံလိုက်လေသည်။

ဤအချိန်အတောအတွင်း သူသည် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထားလေသည်။ သူ မောပန်းသည့်အခါတိုင်း ခဏတဖြုတ်အနားယူပြီး ဆက်လက်၍ နားလည်ဆင်ခြင်လေသည်။

ဆူဇီမိုသည် ဤဓားပညာရပ်၏ အပေါ်ယံအလွှာတစ်ခုကို ထိုးဖောက်နိုင်တော့မည်ဟု ခံစားမိနေလေသည်။

စိတ်ဝိညာဥ်ယာဥ်ပျံက နေ့ဝက်မျှ ခရီးသွားပြီးနောက် အရှိန်ကို လျှော့ချလိုက်လေသည်။

ရှေ့တည့်တည့်တွင် ဧရာမမြို့တစ်မြို့၏ ကောက်ကြောင်းများက ရှင်းလင်းစွာ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့လေသည်။

လေတိမ်မြို့တော်...

၎င်း၏အမည်အတိုင်း အဲ့ဒါက သူရဲကောင်းများစုဝေးရာ နေရာတစ်ခုဖြစ်လေသည်။

လေတိမ်မြို့တော်သို့ သူတို့မရောက်ခင်မှာပင် အနီးနားဝန်းကျင်၌ ကျင့်ကြံသူများစွာကို တွေ့မြင်နေရလေသည်။

အချို့က ဓားပျံများပေါ်ကနေ ပျံသန်းလာကြလေသည်။

အချို့က တိမ်စိုင်များကို စီးနင်းလာကြလေသည်။

အချို့သောကျင့်ကြံသူများက ခမ်းနားထည်ဝါသော တိမ်စိုင်များကို စီးနင်းလာပြီး အချို့သော ပကတိအရှင်များက အင်မော်တယ်ကြိုးကြာများကို စီးနင်းလာကြလေသည်။

စိတ်ဝိညာဥ်ယာဥ်ပျံကို သိမ်းဆည်းပြီးနောင် ဆူဇီမိုတို့အုပ်စုက လေတိမ်မြို့တော်​ပေါ်သို့ ဆင်းသက်လိုက်ကြလေသည်။

မြို့တော်က ကြီးမား၍ ပျားပန်းခတ်လှုပ်ရှားနေကြလေသည်။

အမျိုးမျိုးသောထိပ်သီးဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများမှ ကျင့်ကြံသူများကို နေရာတိုင်းမှာ တွေ့မြင်နိုင်လေသည်။ လမ်း၏ တစ်ဖက်တစ်ချက်စီမှာ မရေမတွက်နိုင်သော ဆိုင်ခန်းငယ်များ ရှိနေလေသည်။

ဓမ္မလက်နက်များကိုလည်း နေရာတိုင်းမှာ တွေ့မြင်ရလေသည်။

ရှေးဟောင်းကျမ်းစာများနှင့် လျှို့ဝှက်အတတ်များကိုလည်း တွေ့မြင်နေရလေသည်။

အဲ့ဒီမှာ ဆေးလုံးအမျိုးအစားစုံလင်စွာနှင့် အရောင်အသွေးစုံလင်သော လက်ဖွဲ့များကိုလည်း တွေ့မြင်နေရလေသည်။

ကျင့်ကြံသူအချို့သည် သူတို့၏ ဣန္ဒြေကိုပင် မထိန်းသိမ်းကြတော့ပဲ သူတို့၏ပစ္စည်းများကို အော်ဟစ်၍ ရောင်းချနေကြလေသည်။

ဤကဲ့သို့ သက်ဝင်လှုပ်ရှားသော မြင်ကွင်းမျိုးကို တွေ့မြင်ရဖို့က ရှားရှားပါးပါးဖြစ်ပြီး လျှိုဟန်ယန်၏ စိတ်ခံစားချက်က အတော်လေး တိုးတက်လာသည်မှာ သိသာလေသည်။ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲအတွက် သူမ၏ ဖိအားများက ပျောက်ကွယ်သွားသည့်အလားပင်။

ရူရွှမ်က ဆိုင်ခန်းငယ်တစ်ခုရှေ့သို့ရောက်တိုင်း စပ်စုလိုစိတ်ဖြင့် ပစ္စည်းများကို ကိုင်တွယ်ပွတ်သပ်ကြည့်လေသည်။ သို့သော်လည်း သူမက ထိုပစ္စည်းများကို မဝယ်ယူသည့်အတွက် များစွာသောလူများက သူမကို မျက်လုံးစွေကြည့်ကြလေသည်။

နန်းကုန်လင်းသည် လျှိုဟန်ယန်၏နောက်ကနေ နီးကပ်စွာလိုက်ပါလာပြီး သူချစ်ရသူကောင်မလေး၏အကြည့်ကို အာရုံစိုက်ထားလေသည်။ သူမက လိုချင်တာ တစ်ခုခုရှိလာလျှင် သူက အဲ့ဒါကို ​ဝယ်ပေးဖို့ အဆင်သင့်ဖြစ်နေလေသည်။

ဆူဇီမိုက ခါတိုင်းလိုပင်ရှိနေပြီး သူ၏လက်ထဲတွင် ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို ဆုပ်ကိုင်ကာ သူတို့သုံးယောက်နောက်ကနေ ပျင်းရိလေးတွဲစွာဖြင့် လိုက်ပါလာခဲ့လေသည်။

သူက ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းအပေါ် အမှန်တစ်ကယ်ပင် နားလည်ဆင်ခြင်နေလေသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က သူ့စိတ်ဝိညာဥ်အသိစိတ်၏ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေပြီး သတိကို လျှော့ချခြင်းမရှိပဲ ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ထားလေသည်။

“ဟိုမှာကြည့်စမ်း...မိုးပျံငှက်မွေးဂိုဏ်းက ပြိင်စံရှား ဝူထန်ယွီက ပေါ်ထွက်လာပြီ”

“ဝူထန်ယွီ... ဒီတစ်ခေါက်အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၁၁ ပဲ... သူက ဒီလောက်စောစောစီးစီး ရောက်ရှိလာလိမ့်မယ်လို့ ထင်မထားဘူး”

“တစ်ချက်လောက်သွားကြည့်ရအောင်... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်အပေါ်က အဆင့် ၁၁ က ဘယ်လိုလူမျိုးလဲ ငါမမြင်ဖူးသေးဘူး”

များစွာသော ကျင့်ကြံသူများသည် ဆွေးနွေးပြောကြား၍ ထိုအရပ်ဘက်သို့ ဥိးတည်သွားကြလေသည်။

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်ရှိ ကျင့်ကြံသူများသည် သူတို့ဘယ်နေရာကို ရောက်ရောက် လူအများ၏ စိတ်ဝင်စားမှုကို ခံရပေလိမ့်မည်။

“တာအိုရောင်းရင်း... ခင်ဗျားက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၈၃ နန်းကုန်လင်းလား... ကျုပ်မေးပါရစေ”

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်ယောက်က ပေါ်ထွက်လာပြီး သူ၏လက်နှစ်ဖက်ကို ယှက်၍ နန်းကုန်လင်းကို မေးလိုက်လေသည်။

နန်းကုန်လင်းက ဘာစကားမှမပြောပဲ သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဂုဏ်ယူဝံ့ကြွားသော အမူအရာတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ထိုသူက ကျေနပ်နှစ်ခြိုက်သွားပြီး အလောတကြီးပြောလိုက်လေသည်။

“အဲ့ဒါက တစ်ကယ်ပဲ တာအိုရောင်းရင်း နန်းကုန်ကို... ကျုပ်က ခင်ဗျားရဲ့ဂုဏ်သတင်းကို တစ်ချိန်လုံးချီးမွန်းနေတာ ဒီနေရာမှာ ခင်ဗျားနဲ့ အခုလိုဆုံတွေ့ရတာ တစ်ကယ့်ကို ကံကောင်းတာပဲ...”

ထိုစဥ်မှာပင် သူ့နောက်ဘက်ရှိ လူအုပ်ကြီးထဲမှ အုံးအုံးကျက်ကျက်အသံတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။

“ကြည့်စမ်း... အဲ့ဒါက ကျန့်ဝူကျုံးပဲ...”

“အား..... အဲ့ဒါ သူပဲ”

အစက နန်းကုန်လင်း၏အရှေ့တွင် မတ်တတ်ရပ်နေသော ကျင့်ကြံသူသည် ပို၍ပင် စိတ်လှုပ်ရှားသွားလေသည်။ သူက နန်းကုန်လင်းကို မမြင်ရတော့သည့်အလား လူအုပ်ကြီးနှင့်အတူ လိုက်ပါသွားပြီး ကျန့်ဝူကျုံးရှိရာဘက်သို့ ဦးတည်သွားခဲ့လေသည်။

နန်းကုန်းလင်ပင်လျှင် စိုးရိမ်ပူပန်သော အရိပ်အယောင်တစ်ခု ထုတ်ပြလာပြီး သူက တီးတိုးရေရွတ်လိုက်လေသည်။

“ကျန့်ဝူကျုံး... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က တတိယပုဂ္ဂိုလ်ပဲ”

All Chapters