လုပ်ကြံသတ်ဖြတ်ခြင်း
Vol. 61 Ch. 912
ခဏမျှတိတ်ဆိတ်နေပြီနောက် အဲ့ဒီမှာ ရုတ်ရုတ်သဲသဲအသံများက ထွက်ပေါ်လာလေသည်။
ဖုန်း..ဖုန်း..ဖုန်း...
အစက ချန်ဖန်းနောက်ကနေ လိုက်ပါလာသော ကောင်းကင်ဇင်ယော်ဂိုဏ်း တပည့်အချို့သည် နောက်ကနေ အလောတကြီးပြေးတက်လာပြီး သူ့ကို ကူညီဖေးမလိုက်လေသည်။ သူတို့အားလုံးက ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သော်လည်း ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများဖြင့် သူတို့ထဲ မည်သူကမှ ရှေ့သို့မတက်လှမ်းရဲကြပေ။
ချန်ဖန်းပင်လျင် သူ၏ဓားချီဖြင့် ဤအခြေအနေထိ ကျရောက်သွားသည်ဆိုလျှင် သူတို့ထဲ မည်သူကများ အဲ့ဒါကို ခုခံနိုင်ပါမည်နည်း။
“မြန်မြန်လုပ်... သွားကြရအောင်”
ချန်ဖန်း၏ မျက်နှာပေါ်တွင် သွေးရောင်မရှိတော့ပဲ သူက သည်းထန်စွာမောဟိုက်နေလေသည်။
“ဂိုဏ်းကို မြန်မြန်ပြန်ပြီး ဒီကိစ္စကို တင်ပြရအောင်”
ကောင်းကင်ဇင်ယော်ဂိုဏ်းတပည့်များက တွေဝေခြင်းမရှိပဲ ချန်ဖန်ကိုဖေးမကာ စားသောက်ဆိုင်ထဲကနေ ထွက်ခွာသွားကြလေသည်။
သူတို့က တိမ်စိုင်တစ်ခုကို ဆင့်ခေါ်ပြီး အရပ်တစ်ဘက်သို့ ထွက်ခွာသွားကြလေသည်။
“အဲ့ဒါက ဘယ်သူပါလိမ့်... သူ့ရဲ့ဝတ်စားဆင်ယင်ပုံကို ကြည့်ရတာတော့ အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတစ်ယောက်နဲ့မတူပါဘူး”
“သူက ဓားဂိုဏ်းက ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်”
“ဟုတ်တာပေါ့... ဒီလောက်ကြောက်စရာကောင်းတဲ့ ဓားချီကို ကျင့်ကြံထားနိုင်တဲ့သူက ဓားဂိုဏ်းက အရိုက်အရာဆက်ခံသူပဲ ဖြစ်ရမယ်”
“ဒါပေမယ့်လို့... သူ့ပုံစံက မရင်းနှီးပါဘူး... ငါက သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး... သူက မကြာသေးခင်ကမှ မြင့်မားတိုးတက်လာတဲ့ ပြိုင်စံရှား တစ်ယောက်များဖြစ်နေမလား”
ကျင့်ကြံသူများက တိတ်တဆိတ်ဆွေးနွေးလိုက်ကြလေသည်။
အစက ချည်းကပ်လာနေသော စွမ်းအားကြီးသော အော်ရာများသည် စောစောက မြင်ကွင်းမှာ ထိတ်လန့်တုန်လှုပ်သွားသည့်အလား သူတို့၏ခြေလှမ်းများရပ်တန့်သွားကြသည်ကို နန်းကုန်လင်းက ရှင်းလင်းစွာ ခံစားမိလိုက်လေသည်။
“သွားမယ်ဟေ့... ဒီနေရာကထွက်ကြရအောင်”
ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို သူ၏ဝတ်ရုံစကြားထဲသို့ ထိုးထည့်ပြီးနောက် ဆူဇီမိုက လေထဲသို့ ခုန်တက်ကာ လမ်းမပေါ်သို့ ချက်ချင်းရောက်ရှိသွားလေသည်။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အလောတကြီး လိုက်ပါသွားခဲ့လေသည်။
စားသောက်ဆိုင်၏ အောက်ဘက်ကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများစွာသည် နောက်သို့ ဆုတ်ပေးလိုက်ပြီး ဆူဇီမိုကို စူးစမ်းလိုသော၊ ရိုသေလေးစားသော၊ ရန်လိုစိတ်ရှိသော အကြည့်များဖြင့် ကြည့်နေကြလေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ရှေ့သို့လျှောက်လှမ်းသွားလေသည်။
နန်းကုန်လင်းနှင့်အခြာနှစ်ယောက်က ခပ်ဝေးဝေးသို့ လျှောက်လှမ်းလာပြီးမှ သူတို့၏ အသိစိတ်ကို ပြန်လည်ရရှိလာကြလေသည်။
ရူရွှမ်ကရှေ့သို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးတက်သွားလေသည်။
“ဆရာဦးလေးအသေးလေး... ရှင့်ရဲ့ အဲ့ဒီဓားချက်ကအရမ်းမိုက်တာပဲနော် အဲ့ဒါကို ဘာလို့ခေါ်လဲ.... ရှင်က အဲ့ဒါ ကျွန်မကိုသင်ပေးလို့ မရဘူးလား”
နန်းကုန်လင်းပင်လျှင် သူ၏သိချင်စိတ်ကို မချုပ်တည်းနိုင်ပဲ အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“ဆရာဦးလေးအသေးလေး...ခင်ဗျားက အရင်တုန်းက ဓားဂိုဏ်းမှာကျင့်ကြံဖူးတာလား”
ဆူဇိမိုက ပြန်ဖြေခြင်းမရှိဘဲ ရှေ့သို့သာ ခပ်သုတ်သုတ် လျှောက်လှမ်းသွားလေသည်။
ဒီတစ်ကြိမ်မှာတော့ နန်းကုန်လင်းက သူ့ကိုဒေါသမထွက်တော့ပေ။
စောစောက ဖြစ်ရပ်ပြီးနောက် သူက ဆူဇီမိုအပေါ် ပို၍ ရိုသေလေးစားလာခဲ့လေသည်။
ဓားချီတစ်ခုတည်းဖြင့် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ပေါ်က ပြိုင်စံရှားတစ်ယောက်ကို ဒုက္ခိတဖြစ်အောင်လုပ်နိုင်သည့်သူက များများစာစားမရှိပေ။
“ဆရာဦးလေးအသေးလေး...အဲ့လောက်မြန်မြန်မလျှောက်ပါနဲ့...”
ရူရွှမ်ကစိတ်လှုပ်ရှားနေပြီး သူမမှာ ကြောက်ရွံ့ထိတ်လန့်မှုတို့ မရှိတော့ပေ။ သူမက ဆူဇီမိုနောက်သို့ အမီလိုက်ပြီး အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။
“ဆရာဦးလေးအသေးလေး...ရှင်က အဲ့ဒီဓားနည်းစနစ်ကို ကျင့်ကြံထားမှတော့ ကျွန်မတို့က ဘာကိုကြောက်နေရဦးမှာလဲ... လေတိမ်မြို့တော်ထဲမှာ ကျွန်မတို့က လုပ်ချင်ရာကို လုပ်လို့ရနေပြီ ဟင်းဟင်း...”
“ဆရာဦးလေးအသေးလေး... မပူပါနဲ့ ကျွန်မတို့က အသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတွေပဲ... မူလနတ္ထိပညာရှင်တွေက သူတို့ရဲ့ မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်ကို ထောက်ထားပြီး ကျွန်မတို့ကို တိုက်ခိုက်ကြမှာမဟုတ်ဘူး”
“အဲ့ဒီမှာ သူတို့အတွက် ဘာကကောင်းတယ်ဆိုတာမသိတဲ့ နိုးထဝိညာဥ်တွေက ချော်ခဲသလင်းကျောက်ကို လုယူချင်တယ်ဆိုရင်တော့ ရှင့်ရဲ့လက်ချောင်းတွေကိုလှုပ်ရှားပြီးတော့ ရွှစ်ရွှစ်ရွှစ်ဆိုပြီး ဓားချီတွေကို ပစ်ထုတ်လိုက်ပေါ့”
သူမသည် ပြောနေရင်းဖြင့် ပို၍ စိတ်လှုပ်ရှားတက်ကြွလာပြီး လက်ဟန်ခြေဟန်များပင် ပါလာလေသည်။
ရုတ်တရက်ဆူဇီမိုက ပြောလိုက်လေသည်။
“အဲ့ဒီဓားချီကို ထုတ်ဖော်ဖို့အတွက် ငါက စိတ်စွမ်းအင်အတော်များများကို သုံးလိုက်ရတယ်... ငါက အချိန်ခဏလေးအတွင်း အဲ့ဒါကို နောက်တစ်ခေါက် ပြန်ထုတ်ဖော်နိုင်မှာမဟုတ်ဘူး”
ဆူဇီမိုက ခြောက်လှန့်နေခြင်းမဟုတ်ပေ။
ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းက မဟာရှေးဟောင်းဓားပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်လေသည်။
ဆူဇီမိုသည် ၎င်း၏အခြေခံသဘောတရားကိုသာ နားလည်ထားသေးသော်လည်း သူ၏ နိုးထဝိညာဥ်အဆင့်ကျင့်ကြံမှုဖြင့် ထိုဓားချီကို ထုတ်ဖော်ဖို့က သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့လေသည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က နိုးထဝိညာဥ်အဆင့်ထက် သာလွန်နေခြင်းမဟုတ်လျှင် သူက အဲ့ဒါကို မထုတ်ဖော်နိုင်ခင်မှာပင် ဓားချီကြောင့် ဒဏ်ရာရသွားနိုင်လေသည်။
ဆူဇီမို၏ ပြန်ဖြေစကားကိုကြားသောအခါ ရူရွှမ်က မျက်နှာညိုးသွားပြီး ဆက်လက်၍ ပြောဆိုရဲခြင်းမရှိတော့ပေ။
တစ်ကယ်တော့ ဆူဇီမိုက ချော်ခဲသလင်းကျောက်အတွက် လာရောက်မည့်သူများကို စိုးရိမ်ပူပန်မနေပေ။ ထိုအစား သူက အမှောင်ထဲတွင် ပုန်းလျှိုးနေသော တစ်စုံတစ်ယောက်ကို စိုးရိမ်ပူပန်နေခြင်းဖြစ်လေသည်။
အဲ့ဒီမှာ ပို၍ပင်ကြောက်စရာကောင်းသော ရန်သူတစ်ယောက်က သူတို့ကို ပစ်မှတ်ထားနေသည်ဟု ဆူဇီမိုက ခံစားနေရလေသည်။
သူတို့က ဤနေရာကနေ တတ်နိုင်သမျှမြန်မြန်ထွက်ခွာရပေမည်။
“ဝါး.... မင်းတို့တွေက ရတနာတစ်ခုကို ရရှိပြီးပြီဆိုတော့ အခုထွက်ပြေးဖို့ ကြိုးစားနေပြီပေါ့...”
“ဟီးဟီး... မင်းတို့ကောင်တွေက ချော်ခဲသလင်းကျောက်ကို ရထားတယ်ဆိုတာ ငါကြားပါတယ်... စိတ်မကောင်းစရာပဲ ငါကလည်း အဲ့ဒီကျောက်တုန်းကို လိုချင်နေတာ”
ရုတ်တရက် ကြောင်တိကြောင်တောင်နှင့် ထူးဆန်းသောအသံတစ်သံက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာလေသည်။
“အဲ့ဒီမှာ ဘယ်သူပုန်းနေတာလဲကွ”
နန်းကုန်လင်း၏ အကြည့်က တောက်ပလာပြီး သူက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုကာ ငေါက်ငမ်းလိုက်လေသည်။
လူအုပ်ကြီးက နောက်ဆုတ်သွားကြလေသည်။
သို့သော်လည်း နန်းကုန်လင်းသည် သူ့ကိုရန်စလိုက်သည့်သူကို ရှာမတွေ့နိုင်ပေ။
အဲ့ဒါက လူအုပ်ကြီးထဲရှိ မည်သူမဆို ဖြစ်နိုင်သည့်ပုံပင်။
“ဟီးဟီး... အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က အဆင့် ၈၃ ဆိုတဲ့အတိုင်းပဲ.. ဘယ်လောက်တောင် ဟိတ်ဟန်ကောင်းလိုက်သလဲ”
“ဟိတ်ဟန်လုပ်ရုံကလွဲပြီး ဘာသုံးစားလို့ရလို့လဲ... သူက တခြားသူကာကွယ်ပေးတာ ခံနေရတဲ့ အမှိုက်သာသာကောင်ပဲ “
“ဟေး... ဟိုအစိမ်းရောင်ဝတ်ဓားသမား မင်းနဲ့ အဲ့ဒီအသွန်းတစ်ရာဂိုဏ်းက ကျင့်ကြံသူတွေနဲ့ ပက်သက်ဆက်နွယ်မှုက ဘယ်လိုလဲ... ငါမင်းကို အကြံတစ်ခုပေးလိုက်မယ် မင်းက သူတို့နဲ့မပက်သက်တာ ပိုကောင်းလိမ့်မယ်”
“အသွန်းတစ်ရာဂိုဏ်းက တစ်သီးပုဂ္ဂလလေးအုပ်စုထဲကနေ ဖယ်ထုတ်ခံရတော့မှာ...သူတို့က ဖျက်ဆီးပစ်ခံရဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး ဟီးဟီးဟီးဟီး....”
လှောင်ပြောင်ရယ်မောသံက တစ်ဖန်ထွက်ပေါ်လာပြီး အသံထွက်ပေါ်လာရာနေရာက အဆက်မပြတ် ပြောင်းလဲနေလေသည်။ ထိုသူ၏ တည်နေရာကို ထောက်လှမ်းသိရှိနိုင်ဖို့ရာ နည်းလမ်းမရှိပေ။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် ထိုအသံကိုကြားသောအခါ ဒေါသချောင်းချောင်း ထွက်သွားကြသော်လည်း သူတို့က ဘာမှမတတ်နိုင်ကြပေ။
အစကတော့ ဆူဇီမိုသည် သူ၏ လမ်းကြောင်းအတိုင်း လျှောက်လမ်းနေပြီး ရုတ်တရက် သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။
ဖျတ်ကနဲဆို ဘေးဘက်ရှိလူအုပ်ကြီးထဲသို့ ခုန်ဝင်လိုက်လေသည်။
“စကားများမနေနဲ့ ထွက်ခဲ့စမ်း...”
ဆူဇီမို၏အကြည့်က လျှပ်စီးကဲ့သို့ တောက်ပနေပြီး သူ၏လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လူအုပ်ကြီး၏ အလယ်မှာရှိသည့် ကျင့်ကြံသူတစ်ယောက်ကို ဖမ်းဆွဲလိုက်လေသည်။
ထိုသူက သာမန်ရုပ်ရည်သွင်ပြင်သာ ရှိလေသည်။ သူ့မှာ ထူးခြားနေတာ ဘာမှမရှိပေ။ သူက တစ်ချက်ကြည့်ပြီးနောက် မေ့လျော့သွားမည့် တည်ရှိမှုမျိုး ဖြစ်လေသည်။
သို့သော်လည်း ဤသာမန်ပုံစံကျင့်ကြံသူသည် ဆူဇီမို၏ တိုက်ခိုက်မှုကို မြင်သောအခါ သူ၏ မျက်လုံးက အေးစက်စက်အလင်းဖြင့် တစ်ချက်လက်သွားလေသည်။ သူက ထူးဆန်းစွာဖြင့် ရယ်မောလိုက်လေသည်။
“တာအိုရောင်းရင်း... ခင်ဗျားက ကျုပ်ကိုရှာတွေ့နိုင်တယ်ဆိုတော့ တော်တော်လေး အစွမ်းအစရှိပါပေတယ်”
ထိုသူက ဆူဇီမိုကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်း လုံးဝမရှိပေ။ သူက အလွန်တစ်ရာလျင်မြန်စွာဖြင့် နောက်သို့ ချာကနဲလှည့်ထွက်လိုက်လေသည်။
“သနားဖို့ကောင်းတာက ခင်ဗျားက တော်တော်နှေးတာပဲ”
ထိုသူက အဓိပ္ပါယ်ပါပါပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ပေါ်လွင်ထင်ရှားမှုမရှိသော ပုံရိပ်တစ်ခုသည် နန်းကုန်လင်းနှင့်အခြားနှစ်ယောက်ဆီသို့ လူအုပ်ကြီး၏ အခြားတစ်ဖက်ကနေ လျင်မြန်စွာချည်းကပ်လာခဲ့လေသည်။
ထိုကျင့်ကြံသူက အမူအရာကင်းမဲ့နေပြီး သူ၏မျက်လုံးများက တည်ငြိမ်နေလေသည်။ အဲ့ဒီမှာ သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စမှ ရှိမနေပေ။
သူ၏ အကြည့်ကို မှေးကျဉ်းရင်း ဆူဇီမို၏ အရိုးများက တဖျောက်ဖျောက်မြည်သွားပြီး သူ၏ လက်တစ်ဖက်က သုံးပေအထိ ဆန့်တန်းထွက်သွားလေသည်။
ချက်ချင်းဆိုသလိုပင် သူ၏လက်က ထွက်ပြေးသွားသော ကျင့်ကြံသူ၏ ဦးခေါင်းပေါ်သို့ အုပ်မိုး၍ ကျဆင်းသွားလေသည်။
“ဖြီး...”
ဆူဇီမို၏ လက်ဝါးအောက်တွင် ထိုလူ၏ ဦးခေါင်းက တို့ဖူးတုံးတစ်တုံးကဲ့သို့ ကြေမွသွားပြီး သူ၏ အမြုတေးစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွားလေသည်။
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က ထိုသည်ကို မြင်သောအခါ သူတို့သည် အံ့မခန်းသတ်ဖြတ်လိုစိတ်တစ်ခုကို ရုတ်တရက် ခံစားမိလိုက်ပြီး ခေါင်းနပန်းကြီးလာခဲ့လေသည်။
သူတို့သုံးယောက်က ဓားအလင်းတန်းတစ်ခုကို ရိပ်ကနဲ မြင်တွေ့လိုက်ရလေသည်။ အဲ့ဒါက အရမ်းမြန်ဆန်လွန်းလှ၏။
မသိလိုက်မသိဘာသာနှင့်ပင် ပေါ်လွင်ထင်ရှားမှုမရှိသော ကျင့်ကြံသူက သူတို့၏ ဘေးမှာပေါ်ထွက်လာခဲ့လေသည်။
မည်သို့မည်ပုံ ရောက်ရှိလာသည်မသိရသော ထိုသူက သေးသွယ်ပျော့ပြောင်းသော ဓားတစ်လက်ကို ထုတ်ယူပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်လေသည်။
သံသယရှိစရာမလိုအောင်ပင် အဲ့ဒါက လူတစ်ယောက်၏ စိတ်နှလုံးကို မျှော်လင့်ချက်ကင်းမဲ့သွားစေနိုင်သော လုပ်ကြံသတ်ဖြတ်ခြင်း ကြိုးပမ်းမှုတစ်ခု ဖြစ်လေသည်။
ဤလူ၏ တိုက်ခိုက်ရည်ခွန်အားက နန်းကုန်လင်းကို ယှဥ်နိုင်ချင်မှ ယှဥ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုအပြီး၌ နန်းကုန်လင်းသည် ဓားသွားက သူ၏လည်ပင်းပေါ်သို့ ရောက်ရှိလာမည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်ခဲ့လေသည်။
သူ၏လည်ပင်းက ဓားသွား၏ လှီးဖြတ်ခြင်းကို ခံရပြီး လမ်းမပေါ်သို့ သွေးများဖြာထွက်လာသည်ကိုပင် သူက ဖျပ်ကနဲ မြင်ယောင်မိလာလေသည်။
မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော.. လျှို့ဝှက်မရဏဂိုဏ်း...
ဤမျှအထိ အတိုင်းအတာဖြင့် ဟာကွက်လုံးဝမရှိပဲ ထိုကဲ့သို့ လူတစ်ယောက်ကို မျှော်လင့်ချက်ပျက်ပြား၍ တုန်လှုပ်သွားစေနိုင်သော လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ဖို့ဆိုသည်ကား… အဲ့ဒါက လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူများသာလျှင် စွမ်းဆောင်နိုင်သော တစ်စုံတစ်ရာဖြစ်လေသည်။
ထိုလုပ်ကြံသတ်ဖြတ်မှုက စေ့စေ့စပ်စပ် အကွက်ချထားသည်ဟု ဆိုနိုင်လေသည်။
ပထမ တစ်စုံတစ်ယောက်က ဆူဇီမိုကိုအဝေးသို့ မျှားခေါ်သွားခဲ့လေသည်။
ထို့နောက် အခြားတစ်ယောက်က တိတ်တဆိတ်ဖြင့် သေကွင်းသေကွက်ကို ဝင်ရောက်တိုက်ခိုက်ပြီး ရတနာကို လုယူသွားမည်ဖြစ်လေသည်။
ဖြစ်စဥ်တစ်ခုလုံးက အပြစ်ဆိုစရာမရှိလောက်ပေ။
ကံမကောင်းစွာနှင့်ပင် သူတို့က လူတစ်ယောက်ကို လျှော့တွက်ခဲ့မိလေသည်။
ဓားအလင်းက နန်းကုန်လင်း၏ လည်ပင်းကို လှီးဖြတ်တော့မည့်ဆဲဆဲမှာပင် အဲ့ဒါက ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
ဓား၏ပုံရိပ်က ပေါ်ထွက်လာခဲ့လေသည်။
အဲ့ဒါက နန်းကုန်လင်း၏ လည်ပင်းနှင့် တစ်လက်မသာသာ,သာ ကွာဝေးတော့ပြီး ဓားသွား၏ ထက်ရှမှုက သူ၏လည်ဂုတ်ပေါ်ရှိ ဆံပင်များကိုပင် ပြတ်ကျသွားစေခဲ့လေသည်။
ထိုအခိုက်အတန့်တွင် ဓားသွားက လေထဲမှာ မလှုပ်မယှက်ဖြင့် အေးခဲရပ်တန့်သွားခဲ့လေသည်။
လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူ၏ လက်နှစ်ဖက်က ဓားရိုးကို ဆုပ်ကိုင်ထားလေသည်။
ဓားသွားကိုတော့ သွယ်လျသော.လက်နှစ်ချောင်းက ဖမ်းညှပ်ထားပြီး အဲ့ဒါက တုတ်တုတ်မျှ မလှုပ်နိုင်တော့ပေ။