← Chapters

မင်းက ထိုက်တန်လို့လား

Vol. 61 Ch. 913

မင်းက ထိုက်တန်လို့လား

Vol. 61 Ch. 913

လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူက ကြောင်အမှင်တက်သွားခဲ့လေသည်။

သူ့ရှေ့တွင် အစိမ်းရောင်ဝတ် လူတစ်ယောက်က ထက်ရှသော အကြည့်ဖြင့် အမူအရာကင်းမဲ့စွာ ရပ်နေလေသည်။ ထိုသူက သူ့ကို အေးစက်စက် သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ စိုက်ကြည့်နေလေသည်။

သူ့လက်ထဲရှိ ဓားက အစိမ်းရောင်ဝတ်လူ၏ လက်နှစ်ချောင်းကြားတွင် ညှပ်နေပြီး လုံးဝလှုပ်ရှား၍ မရနိုင်တော့ပေ။

“ဆရာဦးလေး အသေးလေး..”

နန်းကုန်လင်းက သေဘေးမှနေ လွတ်မြောက်လာပြီးနောက် အော်ဟစ်လုနီးပါး ဖြစ်သွားခဲ့လေသည်။

ဆူဇီမိုက သတ်ဖြတ်ရာမှာ ပြတ်သားမှုရှိလေသည်။ သူက လျှို့ဝှက်မရဏဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် လျင်မြန်စွာ တစ်ဘက်သို့လှည့်၍ နောက်ထပ် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ သတ်ဖြတ်ကွက်ကို ပိတ်ဆို့တားဆီးလိုက်လေသည်။

အဲဒါက မြန်ဆန်လွန်းလှလေသည်။

သူတို့က မတူညီသော အဆင့်များမှာ ရှိနေကြလေသည်။

ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်ကို လူအတော်များများက ရှင်းလင်းစွာ မမြင်လိုက်ကြရပေ။

လူတိုင်းသည် သူတို့၏ အမြင်အာရုံက ဝေဝါးသွားပြီးနောက်.. ဆူဇီမိုသည် ပြန်လည်ထွက်ပေါ်လာကာ လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူ၏ဓားကို သူ၏လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ထားလိုက်သည်ကို မြင်လိုက်ရလေသည်။

လျှို့ဝှက်မရဏဂိုဏ်းသည် ပုန်းကွယ်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းမှာ အထူးပြုလေသည်။

လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူများသည် လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် သတ်ဖြတ်မှုကို ပြုလုပ်ကြလေ့ရှိလေသည်။

သူတို့၏ တိုက်ခိုက်မှုက လွဲချော်သွားမည်ဆိုလျှင် သူတို့က ချက်ချင်းပင် လှည့်ထွက်ပြေးသွားမည် ဖြစ်လေသည်။

သူတို့က ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မတော်ကြပေ။

သို့သော်လည်း.. ဆူဇီမို၏ လက်ရှိခန္ဓာကိုယ်သည် ပကတိအဆင့် နိုးထဝိညာဉ်ဓမ္မလက်နက်များနှင့် ယှဉ်နိုင်လေသည်။

သူ၏ ကိုယ်ကာယခွန်အားသည် လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူများ ယှဉ်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။

လျှို့ဝှက်မရဏဂိုဏ်းမှ သာမန်ကျင့်ကြံသူတစ်ယောက်ကို မဆိုထားနှင့်.. လျှို့ဝှက်မရဏဂိုဏ်းမှ မိစ္ဆာအမွေခံသူတစ်ယောက်ပင်လျှင် နေရာမှာပင် သေဆုံးသွားရမည် ဖြစ်လေသည်။

ဆူဇီမိုသည် သူ၏လွှမ်းမိုးနိုင်စွမ်းကို တည်ဆောက်ဖို့ ဆုံးဖြတ်ထားခဲ့ပြီဖြစ်ပြီး သေချာပေါက် အလျှော့ပေးတော့မည် မဟုတ်ပေ။

သူ၏မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ခုက ဖျပ်ခနဲလက်သွားပြီး သူ့လက်ချောင်းထဲသို့ ခွန်အားတစ်ခုကို လှည့်ပတ်လိုက်လေသည်။

ချွမ်း..။

သူ့လက်ချောင်းနှစ်ချောင်းကြောင့် အေးစက်နေသော ဓားက ကျိုးပဲ့သွားပြီး ဓားသွားက နောက်ပြန်လွင့်ကာ လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူ၏ နဖူးထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ဖြီး..။

သွေးရောင်က ဖြာခနဲလက်သွားပြီး လျှို့ဝှက်မရဏဂိုဏ်း ကျင့်ကြံသူ၏ အမြုတေစိတ်ဝိညာဉ်က ဓားကျိုး၏ ထိုးနှက်ချက်ဖြင့် ကြေမွပျက်စီးကာ နေရာမှာတင် သေဆုံးသွားရလေသည်။

ချက်ချင်းပင် နိုးထဝိညာဉ်နှစ်ယောက်က လမ်းမပေါ်မှာ သေဆုံးသွားခဲ့လေပြီ။

ဆူဇီမိုအပေါ် များစွာသော ကျင့်ကြံသူများ၏ ရှုမြင်ပုံက တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။

နေရာမှာပင် မတ်တတ်ရပ်နေရင်း ဆူဇီမိုက တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

အဲဒီမှာ သွေးရနံ့တစ်ခုက ပါရှိနေလေသည်။

အဲဒါသည် မရေမတွက်နိုင်သော ပြိုင်စံရှားများကို သတ်ဖြတ်ပြီး များစွာသော ပြန်ဝင်စားမွန်းစတားများ၏ အလောင်းများအပေါ် နင်းချေဖြတ်ကျော်လာပြီးမှာ စုဆောင်းရရှိလာခဲ့သော သွေးရနံ့ဖြစ်လေသည်။

အစကတော့ ဆူဇီမိုသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံယူလိုစိတ်မရှိဘဲ သူ၏အော်ရာကို ချုပ်တည်းထားခဲ့လေသည်။

သို့သော် ယခုအခါမှာတော့.. သူသည် လျှပ်စီးလို အမြန်နှုန်းဖြင့် အဟန့်အတားများ အားလုံးကို ချိုးဖျက်ပြီး နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို ဂိုဏ်းဆီသို့ တတ်နိုင်သမျှ မြန်မြန် ပြန်ခေါ်သွားချင်လေသည်။

ဆူဇီမိုသည် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်.. မကောင်းသည့်စိတ်ထား ရှိနေကြသောသူများက သူ၏အကြည့်နှင့် ရင်မဆိုင်ရဲဘဲ နောက်ဆုတ်သွားကြလေသည်။

အဲဒါက ဖိအားတစ်ခု ဖြစ်လေသည်။

အဲဒါက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ပုဂ္ဂိုလ်ထံမှ ကျရောက်လာသော ဖိအားတစ်ခု ဖြစ်လေသည်။

ဆူဇီမိုက ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ လျှောက်လှမ်းသွားလေသည်။

လူအုပ်ကြီးက ချဲထွက်သွားပြီး လမ်းကြောင်းတစ်ခုက ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့လေသည်။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က နောက်ကနေ အလျင်အမြန် လိုက်ပါသွားကြ၏။

လမ်းတစ်လျှောက်တွင် ချန်ဖန်းက ဒုက္ခိတဖြစ်သွားပြီး လျှို့ဝှက်မရဏဂိုဏ်းမှ နိုးထဝိညာဉ်နှစ်ယောက်က အသတ်ခံလိုက်ရသည့်အတွက်ကြောင့် များစွာသောလူများက တကယ်ပဲ တုန်လှုပ်သွားကြလေသည်။

ချော်ခဲသလင်းကျောက်ကို လုယူချင်ကြသော ကျင့်ကြံသူအချို့က သူတို့သည် ချန်ဖန်းလောက် သန်မာရဲ့လား.. သူတို့ကိုယ်သူတို့ ပြန်လည်စဉ်းစားရတော့မည် ဖြစ်လေသည်။

မလှမ်းမကမ်းတွင် များစွာသော ကျင့်ကြံသူများက နိုးထဝိညာဉ်တစ်ယောက်ကို ဝန်းရံထားကြလေသည်။ သူက ကြော့ရှင်း၍ ရုပ်ရည်ချောမောပြီး ပြုံးစစဖြင့် လှမ်းမျှော်ကြည့်ရှုနေလေသည်။

အဲဒါက မိုးပျံငှက်မွေးဂိုဏ်း၏ ဝူထျန်ယွီဖြစ်ပြီး သူက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၁ ဝင်လေသည်။

“စီနီယာအစ်ကို.. ကျုပ်တို့ တိုက်ခိုက်ကြမလား”

မိုးပျံငှက်မွေးဂိုဏ်း ကျင့်ကြံသူတစ်ယောက်က တိုးတိတ်စွာ မေးလိုက်လေသည်။

ဝူထျန်ယွီက ထိုသူကို ဘေးတိုက်တစ်ချက်ကြည့်ပြီး မေးလိုက်လေသည်။

“မင်းက အဲဒီ အစိမ်းရောင်ဝတ် ကျင့်ကြံသူကို တားဆီးနိုင်လို့လား”

“ကျုပ်ကတော့ မတားနိုင်ဘူးပေါ့.. စီနီယာအစ်ကို.. ခင်ဗျားကတော့ အဲဒါကို သေချာပေါက် လုပ်နိုင်လိမ့်မယ်”

ထိုကျင့်ကြံသူက တီးတိုးပြောဆိုလိုက်လေသည်။

ဝူထျန်ယွီက သူ၏ခေါင်းကို ခါပြီး မှင်သေသေဖြင့် ပြောလိုက်လေသည်။

“အဲဒီလူက တကယ့်အံ့မခန်းပဲ.. ငါလည်း ယုံကြည်မှု သိပ်မရှိဘူး.. အလယ်ပိုင်းတိုက်က ဝပ်နေတဲ့ကျားတွေ.. ပုန်းကွယ်နေတဲ့ နဂါးတွေနဲ့ တကယ်ပဲ ပြည့်နှက်နေတာပဲ.. ချန်ဖန်းရဲ့ ရှုံးနိမ့်မှုက တရားမျှတမှု မရှိတာတော့ မဟုတ်ဘူး”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင်.. ဝူထျန်ယွီ၏အကြည့်က ရွေ့လျားသွားပြီး သူက မြို့ဂိတ်တံခါးမှာရှိသော ကျင့်ကြံသူအုပ်စုကို လှမ်းကြည့်လိုက်လေသည်။ သူ၏နှုတ်ခမ်းထောင့်က ကွေးညွတ်သွားပြီး သူက တီးတိုးရေရွတ်လိုက်လေသည်။

“စိတ်ဝင်စားဖို့တော့ ကောင်းလာပြီပဲ”

များစွာသော ကျင့်ကြံသူများ၏ အကြည့်အောက်မှာ ဆူဇီမိုတို့အုပ်စုသည် ရှေ့သို့လျှောက်လှမ်းသွားရင်း သိပ်မကြာမီ မြို့ဂိတ်တံခါးနားသို့ ရောက်ရှိလာခဲ့လေသည်။

သူတို့၏ ရှေ့တည့်တည့်တွင် ကျင့်ကြံသူ ၁၀ယောက်ကျော်က မတ်တတ်ရပ်နေကြလေသည်။

ထိုအုပ်စုမှ ကျင့်ကြံသူတစ်ယောက်ချင်းစီသည် အေးစက်စက် အမူအရာတစ်ခုစီ ရှိနေကြပြီး သူတို့၏ကျောထက်တွင် ဓားများကိုလွယ်ကာ လမ်းမထက်မှာ ရပ်နေကြလေသည်။ သူတို့က လမ်းဖယ်ပေးလိုစိတ် မရှိသည်မှာ သိသာလေသည်။

နန်းကုန်လင်းက ခေါင်းဆောင်ဖြစ်သူကို မြင်သောအခါ သူ၏အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့်​ ရေရွတ်လိုက်လေသည်။

“ကျန့်ဝူကျုံး”

ဓားဂိုဏ်းမှ ကျန့်ဝူကျုံးက အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ တတိယဖြစ်လေသည်။

ရူရွှမ်က လျှာကို တစ်လစ်ထုတ်ပြီး အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်လေသည်။

“အို.. မဟုတ်သေးဘူး.. ကျန့်ဝူကျုံးက တိုက်ခိုက်တော့မယ့်ပုံပဲ.. ဆရာဦးလေး အသေးလေးက သူ့ရဲ့ဓားချီကို စောစောကတင် ထုတ်သုံးထားတာဆိုတော့ နောက်တစ်ခါထပ်ပြီး တိုက်ခိုက်နိုင်ဦးမှာ မဟုတ်ဘူး… ငါတို့ ဘာလုပ်ကြမလဲ”

“ဆရာဦးလေး အသေးလေးက သူ့ရဲ့ ဓားနည်းစနစ်ကို ထုတ်ဖော်နိုင်မယ်ဆိုရင်တောင် အဲဒါက အလကားပဲ.. ကျန့်ဝူကျုံးက ဓားများအားလုံး စုစည်းခြင်း အမြုတေနယ်မြေကို ကျင့်ကြံထားပြီးတော့ လောကမှာရှိတဲ့ ဓားတိုင်းက သူ့ကို အညံ့ခံရလိမ့်မယ်ဆိုတာ မမေ့လိုက်နဲ့”

နန်းကုန်လင်းက စိုးရိမ်ပူပန်နေသော အမူအရာတစ်ခုဖြင့် ပြောလိုက်လေသည်။

“ဓားကျင့်ကြံသူတွေ အားလုံးက ကျန့်ဝူကျုံးနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရေးခွန်အားကို ဆုံးရှုံးရလိမ့်မယ်.. ဆရာဦးလေး အသေးလေးကလည်း အဲဒါကို ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး”

လျှိုဟန်ယန်က တီးတိုးပြောဆိုလိုက်လေသည်။

“ကျန့်ဝူကျုံးက ငါတို့ကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ မျှော်လင့်ရတာပဲ.. တကယ်လို့.. “

လျှိုဟန်ယန်သည် ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

“တကယ်လို့ သူက ချော်ခဲသလင်းကျောက်အတွက် တိုက်ခိုက်ချင်တာဆိုရင် ငါက သူ့ကို အဲဒါ ပေးလိုက်တော့မယ်”

နန်းကုန်လင်းနှင့် ရူရွှမ်က ဘာမှမပြောနိုင်ကြပေ။

အမြုတေနယ်မြေ အဆင့်သတ်မှတ်ချက်ပေါ်ရှိ တတိယဖြစ်သူနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် ကူကယ်ရာမဲ့မှုကို ခံစားရပြီး အညံ့ခံရုံသာ တတ်နိုင်ကြတော့လေသည်။

အဲဒါက တိုက်ခိုက်ရည်ခွန်အား၏ ပကတိဖိနှိမ်ခြင်း ဖြစ်လေသည်။

ဒါ့အပြင်.. ဓားကျင့်ကြံသူအများစုက သွေးဆာရက်စက်သောသူများ ဖြစ်ကြလေသည်။

ချော်ခဲသလင်းကျောက်အတွက်ကြောင့် ဆရာဦးလေး အသေးလေးနှင့် သူတို့က ဒုက္ခရောက်ကြရမည်ဆိုရင် အဲဒါက နောင်တရစရာတွေ ဖြစ်လာပေတော့မည်။

ထိုစဉ်မှာပင် ဆူဇီမိုက ရှေ့သို့ လျှောက်လှမ်းသွားခဲ့ပြီဖြစ်ပြီး ပြောလိုက်လေသည်။

“လမ်းဖယ်စမ်း”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က သူတို့၏ရင်ထဲမှာ ဒိတ်ခနဲ ခုန်သွားကြလေသည်။

နိုးထဝိညာဉ်ကျင့်ကြံသူ ဘယ်လောက်များများကများ ကျန့်ဝူကျုံးကို ဤကဲ့သို့သော လေသံဖြင့် ပြောဆိုရဲလို့လဲ..။

“ဟမ့်”

ကျန့်ဝူကျုံးက သူ၏ မျက်ခုံးနှစ်ဖက်ကို ပင့်ပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ထကြွလာကာ ချောက်ချားဖွယ်ရာ အော်ရာတစ်ခုကို ထုတ်ပေးလိုက်လေသည်။

နန်းကုန်လင်းက ရှေ့သို့ အလျင်အမြန်တက်သွားပြီး ဆူဇီမို၏ အင်္ကျီလက်စကို ဆွဲလိုက်လေသည်။ သူက အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်၏။

“ဆရာဦးလေး အသေးလေး.. စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့.. ခင်ဗျားက ဓားကျင့်ကြံသူတစ်ယောက်ဆိုတော့ သူ့ကိုနိုင်မှာ မဟုတ်ဘူး”

စောစောက ကိစ္စများ ဖြစ်ပျက်ပြီးနောက်.. ဆူဇီမိုအပေါ် နန်းကုန်လင်း၏ စိတ်သဘောထားက ပြောင်းလဲလာခဲ့လေသည်။

စိုးရိမ်ပူပန်နေသော အမူအရာဖြင့် လျှိုဟန်ယန်ကလည်း အသံတစ်ခုကို ထုတ်လွှင့်ပို့လွှတ်လိုက်လေသည်။

“ဆရာဦးလေး.. အခြေအနေက ဆိုးရွားလာမယ်ဆိုရင် ကျွန်မတို့က ဒီကျောက်တုံးကို သူတို့ကို ပေးလိုက်ရုံပေါ့.. သူတို့နဲ့ တိုက်ခိုက်နေစရာ မလိုပါဘူး”

ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်ရခြင်းက အလွန်တရာ အန္တာရာယ်များလေသည်။

ဓားကျင့်ကြံသူများသည် သတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံကြပြီး သူတို့၏ဓားများကို ထုတ်ဖော်လိုက်သည်နှင့် သေချာပေါက် သွေးစွန်းရပေလိမ့်မည်။

ဆူဇီမိုက ဂရုမထားဟန်ဖြင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အော်ရာတစ်ခုနှင့်အတူ ကျန့်ဝူကျုံးကို စိုက်ကြည့်လိုက်လေသည်။

ကျန့်ဝူကျုံးက သွားဖြီးလိုက်လေသည်။

“မင်းက ဓားဂိုဏ်းက မဟုတ်ဘူးပဲ”

အစကတော့.. လေတိမ်မြို့တော်ထဲရှိ ကျင့်ကြံသူများ အားလုံးသည် ဆူဇီမိုက ဓားဂိုဏ်းမှ အရိုက်အရာဆက်ခံသူတစ်ယောက် ဖြစ်မည်ဟု တွေးထင်ခဲ့ကြလေသည်။ ယခုအခါမှသာ ဖြစ်ပျက်နေသည့် အရာများကို လူတိုင်းက နားလည်လာကြလေသည်။

“မင်းက ဓားဂိုဏ်းရဲ့ အရိုက်အရာဆက်ခံသူတစ်ယောက် မဟုတ်ဘူးဆိုမှတော့ ဘာလို့ ငါ့ကို ဦးမညွတ်သေးတာလဲ”

ကျန့်ဝူကျုံးက စကားလမ်းကြောင်း ပြောင်းလိုက်လေသည်။

“ငါက ဘာလို့ ဦးညွတ်ရမှာလဲ”

ဆူဇီမိုက ထူးမခြားနားပုံစံဖြင့် မေးလိုက်လေသည်။

“ဟားဟားဟားဟား”

ကျန့်ဝူကျုံးက ခေါင်းမော့၍ ရယ်မောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထုတ်ဖော်ကြေညာလိုက်လေသည်။

“ဓားဂိုဏ်းက လောကမှာရှိတဲ့ ဓားကျင့်ကြံသူ အားလုံးရဲ့ အထွတ်အမြတ်ထားရာ နေရာပဲ.. ငါက ဓားဂိုဏ်းရဲ့ အထူးချွန်ဆုံး အရိုက်အရာ ဆက်ခံသူတစ်ယောက်ပဲ.. မင်းက ငါ့ကို ဦးမညွတ်ဘူးဆိုရင် ဓားဂိုဏ်းကို မထီမဲ့မြင်ပြုတာနဲ့ အတူတူပဲ”

“ဓားဂိုဏ်းကို မထီမဲ့မြင်ပြုတယ်ဆိုရင် မင်းက သေချင်နေတယ်လို့ ဆိုလိုတာပဲ”

များစွာသော ကျင့်ကြံသူများသည် ထိုစကားကို ကြားသောအခါ သူတို့၏ခေါင်းကို ခါယမ်းလိုက်ကြလေသည်။

“အဲ့လူကတော့ သွားပြီ.. ကျန့်ဝူကျုံးကိုမှ သွားပြီးရန်စတယ်ဆိုတော့ သူက သေချင်နေတာပဲ”

“သူက ဓားဂိုဏ်းကို မထီမဲ့မြင်ပြုပြီး ကျန့်ဝူကျုံးရဲ့ ရှေ့မှာတောင် သူ့ကိုယ်သူ မချုပ်တည်းထားဘူးဆိုတော့ တော်တော်လေးကို မောက်မာတဲ့သူပဲ.. သူက ဒီနေရာမှာ သေသွားရမယ်ဆိုရင်တောင် သေသင့်နေပြီ”

နန်းကုန်လင်းနှင့် အ​ခြားနှစ်ယောက်က စိတ်သောကများနေသော်လည်း သူတို့က သူ့ကို ဘယ်လိုဖျောင်းဖျရမလဲ မသိတော့ပေ။

ထိုစဉ်မှာပင် ကျန့်ဝူကျုံးက ဆက်ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ မင်းရဲ့ ပါရမီအရည်အချင်းကို ထောက်ထားပြီးတော့ ငါက မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်.. မင်းက ငါ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက မင်းအသက်ကို ချမ်းသာပေးမယ်”

“အဲဒါက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုပဲ”

“အဲ့လူက ဥမင်ရဲ့အဆုံးမှာ အလင်းရောင်ကို ရှာတွေ့သွားပြီပဲ”

“ကျန့်ဝူကျုံးရဲ့ နောက်ကို လိုက်ရပြီဆိုရင် သူက ဓားဂိုဏ်းကို ဝင်ရောက်ခွင့်ရသွားပြီလို့ ဆိုလိုတာပဲ.. ဒီလူက တော်တော်ကံကောင်းတာပဲ”

လူတိုင်းက စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာကြလေသည်။

ထိုစဉ်မှာပင် လူတိုင်းသည် လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နှက်နေသော ခနဲ့တဲ့တဲ့ အသံတစ်သံကို ကြားလိုက်ရလေသည်။

“ငါက မင်းနောက်ကို လိုက်ရအောင် မင်းကိုယ်မင်း အဆင့်မီတယ်လို့ ထင်လို့လား”

All Chapters