← Chapters

ဓားကိုပင် မထုတ်နိုင်လောက် ဆိုးဆိုးရွားရွား အရိုက်ခံရခြင်း

Vol. 61 Ch. 914

ဓားကိုပင် မထုတ်နိုင်လောက် ဆိုးဆိုးရွားရွား အရိုက်ခံရခြင်း

Vol. 61 Ch. 914

သူက ထိုစကားကိုပြောလိုက်သည့်ခဏမှာပင် လက်ရှိလူတိုင်းက တုန်လှုပ်သွားကြလေသည်။

အထင်အမြင်သေးခြင်း...

လွန်မင်းစွာ အထင်အမြင်သေးခြင်း...

များစွာသောကျင့်ကြံသူများသည် ဆူဇီမိုကို သေလူတစ်ယောက်ပမာ မြင်နေရသည့်အလား ကြည့်လိုက်ကြလေသည်။

ကျန့်ဝူကျုံး၏မျက်လုံးများက ပထမတော့ ဒေါသအမျက်ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

သို့သော်လည်း သူကရုတ်တရက် ရယ်ချလိုက်ပြီး ဆူဇီမိုကို ထပ်တလဲလဲ ခေါင်းညိတ်၍ ကြည့်လိုက်လေသည်။

“ကောင်းတယ်ကွာ ကောင်းတယ်... ဓားသမားတစ်ယောက်ဆိုတာ အဲ့လိုမျိုးထက်ရှနေရမှာ...”

“မင်းက အဲ့လိုဆိုလေ ငါက ပိုပြီးတော့သဘောကျလေပဲဟေ့”

ထိုအခိုက်အတန့်တွင် ကျန့်ဝူကျုံးက သူဘယ်သူနဲ့စကားပြောနေရလဲ နားမလည်သေးပေ။ ပြောရမည်ဆိုလျှင် လေတိမ်မြို့တော်ထဲရှိ မည်သည့်ကျင့်ကြံသူကမှ အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အစစ်အမှန် သရုပ်သကန်ကို မသိရှိကြပေ။

သားရဲတစ်ထောင်တောင်ကြားမှာတုန်းက ဆူဇီမိုသည် အလယ်အလတ်အဆင့် မိစ္ဆာသားရဲများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့လေသည်။

အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက ကျင့်ကြံရေးလောကတွင် မူလနတ္ထိအဆင့်များနှင့် တူညီလေသည်။

ကျန့်ဝူကျုံးသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယနေရာရရှိခဲ့သော်လည်း သူက နိုးထဝိညာဥ်တစ်ယောက်သာ ဖြစ်နေဆဲပင်။

ဒါ့အပြင် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်သည် ပြီးဆုံးသွားသည်မှာ မကြာသေးပဲ သူ၏ကျင့်ကြံမှုအဆင့်က အစောပိုင်းနိုးထဝိညာဥ်အဆင့်မှာသာ ရှိနေသေးလေသည်။

ဆူဇီမိုက အထွတ်အထိပ်နောင်ပိုင်း နိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိနေသည်ကို မဆိုထားနှင့် ဆူဇီမိုက နိုးထဝိညာဥ်အဆင့်သို့ ဝင်ရောက်ကာစ လွန်ခဲ့သည့်နှစ်တစ်ရာက ဆိုရင်တောင် သူက ကျန့်ဝူကျုံးကို အလွယ်တကူဖိနှိမ်နိုင်လေသည်။

ကျန့်ဝူကျုံးက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ကဲ... ဘယ်လိုလဲ ငါတို့ လက်ရည်စမ်းကြည့်ရအောင်.. မင်းက ငါ့ဆီက ဓားချက်သုံးချက်ကို ခံယူနိုင်တယ်ဆိုရင် ငါက မင်းတို့တွေကို ဒီနေရာကနေ သွားခွင့်ပေးလိုက်မယ်”

ခဏမျှရပ်တန့်ပြီးနောက် ကျန့်ဝူကျုံးက ဆက်ပြောလိုက်လေသည်။

“မင်းက အဲ့ဒါကို မခံယူနိုင်ဘူးဆိုရင် မင်းက ငါ့နောက်ကို အသာတကြည်လိုက်ခဲ့ရမယ်.. ပြီးရင် အနာဂတ်မှာ ငါ့သဘောထားအတိုင်းနေရမယ်... မင်းက အဲ့ဒီအလောင်းအစားကို လက်ခံရဲ့လား”

“ဓားချက်သုံးချက်က လုံလောက်တယ်”

“အမှန်ပဲ... ကျန့်ဝူကျုံးရဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က နံပါတ်လေးတောင် သူ့ဆီက ဓားချက်သုံးချက်ကို ခံယူနိုင်မှာမဟုတ်ဘူး...”

“အစိမ်းရောင်ဝတ်ကျင့်ကြံသူကတော့ သေချာပေါက် ရှုံးတော့မှာပဲ...”

လူတိုင်းက သူ့တို့ကိုယ်သူတို့ အကဲဖြတ်နိုင်သော ပွဲကြည့်ပရိတ်သတ်များအဖြစ် ရှုမြင်ပြီး ဆွေးနွေးလိုက်ကြလေသည်။

မိုးပျံငှက်မွေးဂိုဏ်းကျင့်ကြံသူက သူ့ဘေးနားရှိလူကိုကြည့်ပြီး မေးလိုက်လေသည်။

“စီနီယာအစ်ကို ခင်ဗျားကကော အဲ့ဒီအလောင်းအစားကို ဘယ်လိုမြင်လဲ”

“ကျန့်ဝူကျုံးရဲ့ဓားက အရမ်းမြန်တယ်.. ဓားချက်သုံးချက်...”

ဝူထန်ယွီက သူ၏ခေါင်းကို အနည်းငယ်ခါပြီး ပြောလိုက်လေသည်။

“နိုးထဝိညာဥ်တွေထဲမှာ သူ့ရဲ့ဓားချက်သုံးချက်ကို ခံယူနိုင်တဲ့လူက ဆယ်ယောက်ထက် ပိုမရှိဘူး”

ဝူထန်ယွီနှင့် ကျန့်ဝူကျုံးက တူညီသောအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ​ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး တစ်ယောက်၏ ခွန်အားကိုတစ်ယောက် နားလည်ကြလေသည်။

ကျန့်ဝူကျုံးအပေါ် သူ၏တွက်ဆမှုက အတော်လေးမြင့်မားလေသည်။

မိုးပျံငှက်မွေးဂိုဏ်းကျင့်ကြံသူက ပြောလိုက်လေသည်။

“အဲ့လိုဆိုရင်... အဲ့ဒီအစိမ်းရောင်ဝတ် ကျင့်ကြံသူက သေချာပေါက် ရှုံးမှာပဲ... စီနီယာအစ်ကိုပြောတဲ့ လူဆယ်ယောက်က နိုးထဝိညာဥ်အဆင့်မှာ အသန်မာဆုံး ပညာရှင်တွေဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကျော်ကြားကြတဲ့သူတွေ နေမှာပဲ... အဲ့လူက အဲ့ဒီထဲမှာမပါတာ ရှင်းနေတာပဲ”

“အင်း...”

ဝူထန်ယွီက လေးနက်စွာ ပြောလိုက်လေသည်။

“အဲ့ဒါက ပြောဖို့တော့ခက်တယ်... အဲ့ဒီအစိမ်းရောင်ဝတ် ကျင့်ကြံသူက အံ့မခန်းဖြစ်ပြီးတော့ သိပ်ပြီးမရိုးရှင်းဘူးလို့ ငါက ခံစားမိနေတယ်”

မိုးပျံငှက်မွေးဂိုဏ်း ကျင့်ကြံသူက ငရုမထားဟန်ဖြင့်ပြောလိုက်လေသည်။

“စီနီယာအစ်ကို.. သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း မမေ့လိုက်နဲ့ဦး... သူတို့က တိုက်ခိုက်ကြပြီဆိုတာနဲ့ သူက ကျန့်ဝူကျုံးရဲ့ ဖိနှိမ်ခြင်ကို သေချာပေါက် ခံရမှာပဲ ၊ သူက အဲ့ဒီအလောင်းအစားကို နိုင်မှာမဟုတ်ဘူး”

လမ်းမပေါ်တွင် နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်က စိုးရိမ်ပူပန်နေပြီး ဆူဇီမိုထံသို့ အသံများကို ထုတ်လွှင့်ပို့လွှတ်ကာ ထိုအလောင်းအစားကို လက်မခံဖို့ သူ့ကို ပြောနေလေသည်။

ရှုံးနိမ့်သွားသည်နှင့် သူတို့၏ ဆရာဦးလေးက အခြားတစ်ယောက်၏ နောက်လိုက်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ သူတို့ကဖြစ်စေ.. အသွန်းတစ်ရာဂိုဏ်းကဖြစ်စေ.. အဲ့ဒါကို လက်မခံနိုင်ပေ။

ဒါ့အပြင် နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် ဆူဇီမိုအနိုင်ရနိုင်မည့် မျှော်လင့်ချက်တစ်စုံတစ်ရာကို ရှာမတွေ့နိုင်ကြပေ။

“ကဲ... မင်းက အဲ့ဒီအလောင်းအစားကို လက်ခံရဲလား.. ဘယ်နှယ့်ရှိစ”

ကျန့်ဝူကျုံးက ယုံကြည်မှုရှိသော အမူအရာဖြင့် ပြုံး၍မေးလိုက်လေသည်။

“ဟားဟားဟားဟား....”

ဆူဇီမိုက ခေါင်းမော့၍ ဟားတိုက်ရယ်မောလိုက်လေသည်။

“ဒါပေါ့.... ဒါပေမယ့် ဓားချက်သုံးချက်မလိုဘူး.. မင်းက ငါ့ရှေ့မှာ မင်းရဲ့ဓားကို ဆွဲထုတ်နိုင််တယ်ဆိုရင်တောင် ငါကအရှုံးပေးလိုက်မယ်”

သူ၏စကားပြီးဆုံးသွားချိန်၌ လူတိုင်းက ကြောင်အမှင်တက်သွားကြလေသည်။

လမ်းမပေါ်တွင် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

သူ၏စကားလုံးများက အလွန်တရာမောက်မာသော်လည်း လူတိုင်းသည် သူ့လေသံမှ မာန်မာနနှင့် ခံ့ညားထည်ဝါမှုကို ခံစားမိနိုင်ကြလေသည်။

ကျန့်ဝူကျုံး၏ရှေ့တွင် ဘယ်သူကများ ထိုစကားမျိုးကို ပြောရဲမှာလဲ...

ဒီတစ်ခေါက်အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် ယဲ့ထျန်းချန်က အဲ့ဒါကိုပြောရဲမှာလား...

အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၏ နံပါတ်နှစ် ယန်မိုကရော အဲ့ဒါကို ပြောရဲမှာလား...

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် နိုးထဝိညာဥ်အဆင့် ကျင့်ကြံသူပေါင်းများစွာ ရှိလေသည်။ သူတို့ထဲမည်သူကများ ထိုစကားကို ပြောရဲမည်လဲ။

သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ အဲ့ဒါကို ပြောခဲ့ပြီးလေပြီ။

“မင်း....”

ကျန့်ဝူကျုံးက သူ၏မျက်လုံးကို မှေးကျဥ်းလိုက်လေသည်။

ဒီတစ်ခေါက်တွင်တော့ သူက အမှန်တစ်ကယ်ပင် ဒေါသအမျက်ထွက်လာပြီး အေးစက်နေသော လေသံဖြင့်ပြောလိုက်လေသည်။

“မင်းက ဘယ်လိုတောင်....”

“သတ်!”

ကျန့်ဝူကျုံး၏စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက သူ့ကိုဖြတ်အော်လိုက်လေသည်။

အသံလျှို့ဝှက်အတတ်.. မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း...

ခရမ်းရောင်မိုးကြိုးကျမ်းကို ကျင့်ကြံပြီးနောက် မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းက ပို၍ပင် စွမ်းအားကြီးလာခဲ့လေသည်။

ဘေးပတ်ဝန်းကျင်မှာ ရှိသော ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်များက တုန်ယင်လာသည်ကို ခံစားလိုက်ရလေသည်။

အဲ့ဒါကို တည့်တည့်ရင်ဆိုင်နေရသော ကျန့်ဝူကျုံးက မည်သို့သော ထိတွေ့ရိုက်ခတ်မှုကို ခံစားနေရမလဲ စဥ်းစားကြည့်နိုင်လေသည်။

ထိုအသံက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာပြီး ကျန့်ဝူကျုံး၏နားထဲမှာ ပေါက်ကွဲမြည်ဟည်းကာ သူ၏နားထဲမှာ တဝီဝီမြည်သွားစေလေသည်။

သို့သော်လည်း အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်တွင် တတိယနေရာကို ရယူထားနိုင်ခဲ့သော ကျန့်ဝူကျုံးက ကိုင်တွယ်ဖို့လွယ်ကူသော တစ်စုံတစ်ယောက် သေချာပေါက်မဟုတ်ပေ။

သူသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝပြီး ဆူဇီမိုက အသံလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် အဲ့ဒါကို ဆင်ခြင်နားလည်သဘောပေါက်သွားခဲ့လေသည်။

ချွင်...ချွင်..

ကျန့်ဝူကျုံးသည် သူ၏သွေးချီကိုလှည့်ပတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ ဓားချီမြည်သံက ထွက်ပေါ်လာလေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးအတွင်းရှိ ထိပ်သီးဂိုဏ်းကြီးများတွင် ဖန်သားနန်းတော် ပဒေသရာဇ်နန်းတော်နှင့် စိန်ကျောင်းတော်တို့ကဲ့သို့သော ခန္ဓာမီးဆေးဂိုဏ်းအချို့က အလွန်တစ်ရာ နာမည်ကြီးကျော်ကြားလေသည်။

တစ်ကယ်တမ်းမှာတော့ ဓားဂိုဏ်း၏ ခန္ဓာမီးဆေးခြင်းနည်းစနစ်ကလည်း အတော်လေး သန်မာအားကောင်းလေသည်။

ဓားချီများဖြင့် သူတို့၏ ခန္ဒာကိုယ်ကို ဆုတ်ဖြဲပြီး အဲ့ဒါကို အဆက်မပြတ် ပြန်လည်ပြင်ဆင်ခြင်းဖြင့် သူတို့ခန္ဓာကိုယ်ထဲရှိ သွေးချီများက အလွန်တရာ စွမ်းအားကြီး၍ ထက်ရှလာပေလိမ့်မည်။

ဓားဂိုဏ်းမှ ကျင့်ကြံသူများက သူတို့၏ခန္ဓာကိုယ်ကို သူတို့၏ အကန့်သတ်ထိ ကျင့်ကြံပြီးသည့်အခါ သူတို့၏ သွေးချီက ဓားချီများနှင့် ရောနှောသွားပေလိမ့်မည်။

သူတို့၏လက်ချောင်းများက ဓားများကဲ့သို့ ဖြစ်လာပြီး တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ဓမ္မလက်နက်များကို ဆုတ်ဖြဲပစ်နိုင်လေသည်။

ကျန့်ဝူကျုံးသည် သူ၏သွေးချီကို လှည့်ပတ်ပြီး မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း၏ သက်​ရောက်မှုကို ရှင်းထုတ်ပစ်လိုက်ပြီး ခဏမှာပင် သူ၏အမြင်အာရုံက ဝေဝါးသွားကာ အစိမ်းရောင်ပုံရိပ်တစ်ခုက သူ့ထံသို့ ပစ်ဝင်လာခဲ့လေသည်။

“မင်းကတော့... သေချင်နေပြီပဲ”

ကျန့်ဝူကျုံးက တစ်ချက်လှောင်ရယ်လိုက်ပြီး သူ၏ပုခုံးထက်မှ ဓားဆီသို့ လက်လှမ်းလိုက်လေသည်။

အဲ့ဒါက သူအလွန်တရာ ရင်းနှီးကျွမ်းဝင်သော ပြုမူလှုပ်ရှားမှုတစ်ခုဖြစ်လေသည်။

သူသည် ဓားဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးလေ့ကျင့်ရသည့် ဓားနည်းစနစ်မှာ ဓားကိုဘယ်လိုဆွဲထုတ်ရမလဲပင် ဖြစ်လေသည်။

သူ၏အိမ်မက်ထဲမှာတောင် သူ၏ ဆဋ္ဌမမြောက်အာရုံဖြင့် ကျန့်ဝူကျုံးသည် သူ၏ ဓားကို ချက်ချင်းဆွဲထုတ်နိုင်လေသည်။

အဲ့ဒါက သူ၏ အလိုအလျောက် တုံ့ပြန်မှုတစ်ခုဖြစ်လာခဲ့လေသည်။

သို့သော်လည်း သူဓားကို တစ်ဝက်သာအောင် ဆွဲမထုတ်ရသေးခင်မှာပင် လက်တစ်စုံက အဲ့ဒါကို ပြန်တွန်းထည့်လိုက်လေသည်။

ဇီ....

ဓားတေးသံက ထွက်ပေါ်လာသည့်ခဏမှာပင် ပြန်လည်ရပ်တန့်သွားလေသည်။

ဓားက ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။

သူက မြန်ဆန်လေသည်...

သို့သော်လည်း ဆူဇီမိုက သူ့ထက်ပင်ပို၍ မြန်ဆန်လေသည်။

အစိမ်းရောင်းအရိပ်က တဖျတ်ဖျတ်လှုပ်ရှားသွားပြီး ဆူဇီမိုက သူနှင့် ပူးကပ်နေခဲ့လေပြီ။

ဘန်းဘန်းဘန်း....

ကျန့်ဝူကျုံးသည် ကူကယ်ရာမဲ့စွာနှင့်ပင် ဆူဇီမို၏ တိုက်ခိုက်မှုကို လက်ဗလာဖြင့် ခုခံလိုက်ရလေသည်။

သို့သော်လည်း ချက်ချင်းဆိုသလိုပင် ကျန့်ဝူကျုံး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သူက နာကျင်မှုဖြင့် အော်ဟစ်မိမတတ် ဖြစ်သွားလေသည်။

ဆူဇီမို၏ ခန္ဓာကိုယ်က အရမ်းကိုသန်မာလွန်းလေသည်။

ကျန့်ဝူကျုံး၏ လက်သီးနှင့် လက်ဝါးများက အေးစက်မာကျောနေသော ကျောက်ဆောင်များနှင့် ထိတွေ့ရိုက်ခတ်မိနေသည့်အလား ခံစားရလေသည်။

တစ်ကွက်နှစ်ကွက်လှုပ်ရှားပြီးနောက် သူ၏ လက်နှစ်ဖက်က ပြာနှမ်း၍ ပေါက်ပြဲလာခဲ့လေသည်။

ထိုအကွာအဝေး၌ ကျန့်ဝူကျုံးသည် သူ၏ ဓမ္မပညာရပ်တစ်ခုကိုပင် ထုတ်ဖော်ဖို့ပင် အခွင့်အရေးမရပေ။

ဆူဇီမို၏တိုက်ခိုက်မှုများက မိုးပေါက်များကဲ့သို့ တဖွားဖွားကျဆင်းနေပြီး မွန်းကျပ်ဖွယ်ရာ ကောင်းနေလေသည်။

ကျန့်ဝူကျုံးသည် အံကိုတင်းတင်းကြိတ်ပြီး သူ၏မျက်လုံးများက နီရဲလာခဲ့လေသည်။ သူက ဆူဇီမို၏ ဝင်ရောက်လာသော လက်ဝါးကို လျစ်လျူရှုပြီး သူ့ပုခုံးထက်မှ ဓားကို ဆွဲထုတ်ကာ အသေအကျေတိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော်လည်း ဆူဇီမို၏လက်ဝါးက သူ၏ရင်ဘတ်ကိုပုတ်ပြီး ရှေ့သို့ရှေတစ်လှမ်းတိုးကာ သူ၏ပုခုံးကို ရိုက်ချလိုက်လေသည်။

ချွမ်း!

ဓားက ဓားအိမ်ထဲကနေ ကြွတက်လာသည့်ခဏမှာပင် ဆူဇီမိုက အဲ့ဒါကို ပြန်လည်ရိုက်ထည့်လိုက်လေသည်။

“မင်း....”

ကျန့်ဝူကျုံးသည် ဒေါသထွက်လွန်းသောကြောင့် သူ၏ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း သူက ကူကယ်ရာမဲ့နေလေသည်။

သူက နောက်သို့ အဆက်မပြတ်ဆုတ်ပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုခြားကာ သူ၏ဓားကို ဆွဲထုတ်ဖို့ကြိုးစားလိုက်လေသည်။

သို့သော်လည်း ဆူဇီမိုက သူ့နောက်သို့ တောက်တဲ့တစ်ကောင်ပမာ လိုက်ပါလာပြီး သူ့ကို မည်သည့်အခွင့်အရေးမှမပေးပေ။

တစ်ခဏအတွင်းမှာပင် နှစ်ဖက်စလုံးက အချက်ရေတော်တော်များများ တိုက်ခိုက်ဖလှယ်ခဲ့ပြီးလေပြီ။

ဤအချိန်အတောအတွင်း ကျန့်ဝူကျုံးသည် သူ၏ဓားကို ဆွဲထုတ်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်လည်း ဆူဇီမို၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံခဲ့ရလေသည်။

သူ၏ လက်ဖဝါးနှင့် လက်ဖျံတို့က ဆူဇီမိုနှင့် ထိတွေ့ရိုက်ခတ်ပြီးနောက် ယောင်ကိုင်း၍ ဆုတ်ပြဲလုနီးပါး ဖြစ်လာခဲ့လေသည်။

မျှော်လင့်ချက်ကင်းမဲ့ခြင်း...

ကျန့်ဝူကျုံး၏ရင်ထဲမှာ မျှော်လင့်ချက်ကင်းမဲ့ခြင်းက ပြည့်နှက်လာခဲ့လေသည်။

သူက ပြန်လည်တိုက်ခိုက်ဖို့ အခွင့်အရေးလုံးဝမရပေ။

ဤတိုင်းသာဆက်သွားနေလျှင် သူ့ဓားကိုမထုတ်ခင်မှာပင် သူ၏ အရိုးများက ကျိုးကြေမွသွားပေတော့မည်။

သူသည် တိုက်ပွဲတစ်ပွဲမှာ ဤကဲ့သို့သော အ​ခြေအနေထိ လျှောကျပြီး အပြတ်အသတ်ရှုံးနိမ့်ခြင်းကို တစ်ခါမှမကြုံတွေ့ခဲ့ဖူးပေ။

ဖိနှိမ်ခြင်း...

အပြတ်အသတ် ဖိနှိမ်ခံရခြင်း...

သူသည် သူ့ဓားကို ဆွဲမထုတ်နိုင်လောက်အောင်ပင် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းခံနေရလေသည်။

All Chapters