← Chapters

ငါစီနီယာခွေးဆီမှာသင်ချင်တယ်

Vol. 36 Ch. 527

ငါစီနီယာခွေးဆီမှာသင်ချင်တယ်

Vol. 36 Ch. 527

အင်မော်တယ်ကျမ်းရွမ်က သူ၏ အင်မော်တယ်တံဆိပ်ကို လွယ်လွယ်ကူကူ ထုတ်ပေးလိမ့်မည်ဟု ဝမ်လင်း မထင်ခဲ့မိပေ။

၎င်းမှာ အင်မော်တယ်အရှင်မြတ် အဆင့်များတွင်သာ ရှိသည့်

ယုံကြည်ခြင်း၏ စွမ်းအားကို ကိုယ်စားပြုသောအရာ ဖြစ်သည်။

ထိုတံဆိပ်သည် ပင်မတံဆိပ်နဲ့ အသေးစားတံဆိပ် ဟူ၍ နှစ်မျိုးရှိသည်

အကြမ်းဖျင်းအားဖြင့် ပြောရလျှင် နောက်လိုက် သို့မဟုတ် တပည့်တစ်ဦးကို အင်မော်တယ်တံဆိပ် တစ်ခု ပေးထားလျှင် အရေးကြီးသော အခိုက်အတန့်၌ ထိုတပည့်က ဆုတောင်းလိုက်ခြင်းဖြင့် တံဆိပ်ပိုင်ရှင်ကို ခေါ်နိုင်ပေသည်။

သို့သော် ကျမ်းရွမ်တွင် ဤမျှလောက် သတ္တိမရှိပေ။

သူက စီနီယာခွေးကို အလွန် လေးစားသောကြောင့် သူ၏ အင်မော်တယ် ပင်မတံဆိပ်ကို ချက်ချင်းပင် ပေးအပ်ခဲ့သည်။

အကြီးမားဆုံး ခြားနားချက်မှာ အသေးစားတံဆိပ်ဖြင့် ဆိုလျှင် တံဆိပ်ပိုင်ရှင်သည် အခင်းဖြစ်ရာနေရာသို့ သွားမသွား ကိုယ်တိုင်ဆုံးဖြတ်နိုင်ပေသည်။

သို့သော် ပင်မတံဆိပ် ဆိုလျှင်မူ တံဆိပ်ပိုင်ရှင်က မည်သည့်နေရာတွင် ရောက်နေသည်ဖြစ်စေ ဆင့်ခေါ်ခံရသည်နှင့် အခင်းဖြစ်သည့် နေရာသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်သည်။

ထွင်ထျန်းဟာက အင်မော်တယ်တံဆိပ်ကို ကိုင်ထားရင်း သူ၏ တုန်လှုပ်ချောက်ခြားနေသော စိတ်ခံစားမှုများကို ငြိမ်သက်စေရန်အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

အင်မော်တယ်ကျမ်းရွမ်က အလွန်ယဉ်ကျေးသော အမူအရာဖြင့် ပြောလိုက်သည်။

"စီနီယာခွေး ကျေးဇူးပြုပြီး အားနာမနေပါနဲ့.. ဒါက ကျွန်တော့်ရဲ့အင်မော်တယ် တံဆိပ်လေးပါပဲ.. စီနီယာခွေးက မိုးခေါင်ခြင်းကြယ်ဂြိုဟ် တစ်ခုလုံးကို ကယ်တင်ခဲ့တဲ့သူပါ.. ဒီဂျူနီယာအနေနဲ့ စီနီယာခွေးရဲ့ကျေးဇူးကို ဆပ်လို့မကုန်တော့ပါဘူး.. စီနီယာခွေးအနေနဲ့ ဒီအင်မော်တယ်တံဆိပ်ကို သိမ်းထားလိုက်ပါ.. စီနီယာခွေး အရမ်းအလုပ်များတဲ့ အခါကျရင် ငါ့ကိုအချိန်မရွေး ခေါ်ခိုင်းလို့ရပါတယ်"

"မင်းက ငါ့အတွက် အလုပ်လုပ်ပေးမလို့လား"

ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

သို့သော် ဆံပင်နီလူငယ်လေး၏ အဖြေက သူထင်ထားသည်ထက်ပင် ပိုရိုးရှင်းပြီး ပိုပြတ်သားသည်။

"အဲဒီလိုလည်းမဟုတ်ပါဘူး ကျနော်က စီနီယာခွေးရဲ့ ခွေးကလေး ဖြစ်ချင်တာပါ"

ထွင်ထျန်းဟာ".........."

ဝမ်လင်း".........."

.............

ဝမ်မင်က ဝမ်လင်း၏ အခန်းထဲတွင် ခဏလောက် စောင့်ဆိုင်းနေခဲ့သည်။

သူက ဝမ်လင်း၏ ကုတင်ပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ စိတ်လှုပ်ရှားနေသည်။

ဤသည်က ကမ္ဘာဦးချီကို နှစ်ပေါင်းများစွာ လေ့လာပြီးနောက်တွင် သူ့အတွက် အံ့သြစရာသတင်းတစ်ခု ဖြစ်ခဲ့သည်

ဝမ်လင်းက စွမ်းအင်စုဆောင်းသူ ကိရိယာကို ယူဆောင်မသွားမီတွင် အဆိုပါ ပုံမှန်မဟုတ်သော စွမ်းအားမှာ ကမ္ဘာဦးချီ ဖြစ်သည်ဟု သူ သံသယရှိခဲ့သည်။

သို့သော်လည်း သေချာတပ်အပ်မပြောမီ ဝမ်လင်း၏ ကမ္ဘာဦးချီ နှင့် နှိုင်းယှဉ်ရန် ဒေတာကို ဦးစွာ လိုအပ်ပေသည်။

ကမ္ဘာဦးချီ နှင့် ပတ်သက်သည့် ပြဿနာကို အဖြေမရှာနိုင်ခဲ့လျှင် အသန်မာဆုံးဦးနှောက် ဖြစ်သည့် သူ့အတွက် မည်မျှပင် ရှက်စရာ ကောင်းလိမ့်မည်နည်း။

အဆုံးသတ်တွင် ဝမ်လင်းသည် ဝမ်မင် မျှော်လင့်ထားသည်ထက်ပင် စောစီးစွာ ပြန်ရောက်လာခဲ့သည်။

သခင်မာက ဝမ်လင်းနှင့် ထွင်ထျန်းဟာကို ပြန်ခေါ်လိုက်သောအချိန်တွင် နာရီဝက်တောင် မပြည့်သေးပေ။

ရေချိုးခန်းဝတွင် ရပ်နေသော ထွင်ထျန်းဟာကို ဝမ်မင်က ခရီးရောက်မဆိုက် မေးခွန်းထုတ်လိုက်သည်။

"မင်းတို့တွေ တိုက်ပွဲဖြစ်ခဲ့တာလား"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက အံ့သြကာ ဝမ်မင်းကိုကြည့်လိုက်သည်။

"မင်းဘယ်လိုသိတာလဲ"

"မင်းဆီမှာ ယမ်းမှုန့်နံ့တွေရတယ်လေ"

ဝမ်မင်က ပြောလိုက်သည်။

"ငါတို့သုတေသနဌာနမှာ လက်တွေ့ စမ်းသပ်မှုတွေ လုပ်တဲ့အခါ ဓာတုပစ္စည်း အမျိုးမျိုးကို အမြဲရောစပ်လေ့ရှိတယ်.. ငါက ကျင့်ကြံသူ မဟုတ်ပေမယ့်လည်း ငါ့ရဲ့ အနံ့ခံအာရုံက အရမ်းကောင်းတယ်.. ငါ့ရဲ့ကိုယ်ထဲမှာ အနံ့ခံအာရုံကို အဆပေါင်းများစွာ တိုးတက်စေတဲ့ ချစ်ပ်ပြားတစ်ခု ရှိတယ်လေ.. ဒါကြောင့် ငါ့ရဲ့အနံ့ခံအာရုံက ကျင့်ကြံသူတစ်ယောက်ထက် လုံးဝအားမနည်းဘူး"

"ဘယ်အဆင့်လောက်မှာရှိလဲ"

ထွင်ထျန်းဟာက စိတ်ဝင်တစား မေးလိုက်သည်။

"ချစ်ပ်ကို သေချာပေါက် အနာဂတ်မှာ ငါအဆင့်မြှင့်တင်ဦးမယ်.. လောလောဆယ်မှာတော့ ငါရဲ့အနံ့ခံအာရုံက အခြေတည်စိတ်ဝိညာဉ် အဆင့်မှာပဲ ရှိပါသေးတယ်"

ဝမ်မင်က ဂုဏ်ယူစွာ ပြန်ပြောလိုက်သည်။

..........

ဤသည်ကပင် အလွန်ကောင်းမွန်နေပြီဟု ထွင်ထျန်းဟာ ထင်ခဲ့သည်

သာမန်လူတစ်ယောက်က ချစ်ပ်ပြားကို အားကိုး၍ အခြေတည်စိတ်ဝိညာဉ် အဆင့်အထိ အနံ့ခံအာရုံကို အဆင့်မြင့်တင်နိုင်ခဲ့သည်မှာ တကယ်ကို နားမလည်နိုင်စရာပင်။

သို့သော် ထွင်ထျန်းဟာက အလွန်လျင်မြန်စွာပင် ပြဿနာတစ်ခုကိုရုတ်တရက် သတိပြုမိလိုက်ပြီး ဝမ်မင်ကို အံ့အားသင့်မှုများ ပြည့်နှက်နေသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဆရာလေးလင်းကို ဘယ်လိုမြင်ရတာလဲ"

ဝမ်လင်းကို ယခုအချိန်တွင် မည်သူမှမမြင်ရပေ။

သို့ရာတွင် ဝမ်မင်က ဝမ်လင်းကို မြင်နေရသကဲ့သို့ ပုံမှန်အတိုင်းပင် နှုတ်ဆက်ခဲ့သည်။

ဝမ်လင်းက မဟာအာကာပြင် တာအိုကို တစ်ဝက်တစ်ပျက် မချေဖျက်နိုင်ပေ။

ထိုတာအိုက ၁၂နာရီကြာမှသာ သူလိုလို ပျက်ပြယ်သွားမည်ဖြစ်သည်။

ဝမ်မင်က သက်ပြင်းချကာ ထွင်ထျန်းဟာကို ပွတ်သပ်လိုက်သည်။

"ဒီလို ခံစားချက်မဲ့ ငါးမသာမျက်လုံးနဲ့ နှစ်အတော်ကြာ စိုက်ကြည့်ခံရလို့ရှိရင် မင်းအနေနဲ့ မမြင်နိုင်ရင်တောင်မှ မင်းရဲ့ စိတ်အာရုံကတော့ မြင်နိုင်မှာပါ"

ဤအရာကို ဝမ်မင်က ညီအစ်ကိုတစ်ဦး၏ ပင်ကိုသိစိတ်ဟု သဘောကျစွာ မှည့်ခေါ်ခဲ့သည်။

ထွင်ထျန်းဟာ ".........."

ဝမ်လင်း ".........."

.................

ကိုယ်ပျောက်နေသည့် ဝမ်လင်းက စွမ်းအင်စုဆောင်းသည့် ကိရိယာကို ဝမ်မင် ယူသွား၍ ရစေရန် စားပွဲပေါ်တွင် တင်ထားလိုက်သည်။

"ငါယူသွားလိုက်မယ်.. ရလဒ်ထွက်လာမှာပဲ မင်းဆီ နောက်တစ်ခေါက်ပြန်လာခဲ့မယ်"

ဝ​မ်မင်က စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။

ဤတစ်ခေါက် ပြန်သွားခဲ့လျှင် ဥက္ကဌချီကို ကတိပေးထားပြီးပြီဖြစ်၍ အပြင်သို့ထွက်၍ ရမည်မဟုတ်တော့ပေ။

အစောဆုံး ပြန်လာနိုင်ခဲ့လျှင်ပင် တစ်လအတွင်းသာ ဖြစ်လိမ့်မည်။

"လင်းလင်းလား"

ဝမ်မင်က စွမ်းအင်စုဆောင်းသူ ကိရိယာကိုယူပြီးနောက် ဝမ်လင်းက ခုံပေါ်တွင် ထိုင်နေသည်ဟု ထင်ခဲ့သည်။

သူက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဝမ်လင်း၏ ပျော့ပျောင်းသောဆံပင်ကို ထိကိုင်လိုက်သည်။

ဝမ်မင်က ဝမ်လင်း၏ ရုပ်ရည်အသွင်အပြင်ကို လုံးဝမမြင်နိုင်ပေ။

ဆိုရလျှင် သိပ္ပံနည်းကျကိရိယာ၊ ကျင့်ကြံခြင်းမှော်စွမ်းရည် သို့မဟုတ် မျက်လုံးနည်းစနစ်များပင် ဝမ်လင်းကို တွေ့နိုင်မည် မဟုတ်ချေ။

သူ၏အော်ရာကပင် လုံးလုံး ပျောက်ကွယ်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ မမြင်နိုင်လင့်ကစား ထိတွေ့နိုင်ပါသေးသည်။

ထိုကြောင့် ဝမ်မင်က ထိကိုင်လိုက်လျှင် ဝမ်လင်းက ချွေးစေးများ ထွက်လာခဲ့သည်။

ဝမ်မင်က သူ့ကို တကယ်ပဲ ရှာတွေ့နိုင်ခဲ့သည် မဟုတ်လော။

ဝမ်မင်ထံတွင် သူ့ကိုမြင်နိုင်သည့် မျက်လုံးတစ်စုံများ ရှိနေမလားဟုပင် ဝမ်လင်း ရုတ်တရက် တွေးမိခဲ့သည်။

ထွင်ထျန်းဟာက ဝမ်မင်ကိုကြည့်ကာ ပြောလိုက်သည်။

"မင်းက တကယ်အံ့ဩစရာပဲ"

"ဒါက ဘာမှမဟုတ်ပါဘူး.. သူ့ရဲ့အလေ့အထ အားလုံးကို ငါကရင်းနှီးနေလို့ပါ.. ငါက သူ့ဆံပင်မပြောနဲ့ သူ့ရဲ့ အစိတ်ပိုင်းအားလုံးကိုတောင် အတိအကျ ဖမ်းဆုပ်နိုင်ပါတယ်"

ထိုစကားကို ပြောရင်း ဝမ်မင်က သူ၏ လက်ချောင်းများကို စတင်လှုပ်ရှားလိုက်သည်။

ဝမ်လင်း၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။

{မေဘေး.. ဘယ်နေရာလာကိုင်တာလဲ}

..........

ထွင်ထျန်းဟာက ဟွာရှို့၏ လေးနက်သော ယဉ်ကျေးမှုကြောင့် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

သူက စာပေကို မကျွမ်းကျင်သော်လည်း စကားလုံး အသုံးအနှုန်းနှင့် ပတ်သက်၍ နားလည်နေဆဲ ဖြစ်သည်။

ဤစကားလုံးက အလွန်ပင် ညစ်ပတ်သည်။

"ဒါနဲ့ ဟိုမှာ ဘယ်လိုပြဿနာတွေ ကြုံခဲ့ရလဲ"

ဝမ်မင်က အဓိက အကြောင်းအရာဆီသို့ ပြန်ခေါ်လိုက်သည်။

သူက နောက်လတွင် လာရောက်လည်ပတ်ရန် မဖြစ်နိုင်သောကြောင့် ဝမ်လင်းကို စနောက်ရုံ သက်သက်သာ ပြောဆိုခဲ့ခြင်း ဖြစ်၏။

သာမန်အားဖြင့် ဤကဲ့သို့ အနီးကပ် လှောင်ပြောင်ခွင့်ရမည့် အခွင့်အရေးမျိုးကို ရရှိ​ရန်မှာ မလွယ်ကူပေ။

ထွင်ထျန်းဟာက ဘာမှဖုံးကွယ်မထားဘဲ အင်မော်တယ်ကျမ်းရွမ်နှင့် လေဝိညာဉ်တို့၏ အကြောင်းကို တိုက်ရိုက် ရှင်းပြလိုက်သည်။

ထိုအကြောင်းကိုကြားလျှင် ဝမ်မင်က အံ့ဩသွားခဲ့သည်။

"ဒါဆို ဒဏ္ဍာရီထဲက အင်မော်တယ် ကျမ်းရွမ်က တကယ်ရှိနေတာပေါ့.. သူက ပုံပြင်သက်သက်ပဲလို့ ငါအမြဲထင်နေခဲ့တာ"

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ငါလည်းအံ့သြသွားတယ်"

ဝမ်မင် "မင်းပြောတဲ့အတိုင်းဆို အင်မော်တယ် ကျမ်းရွမ် ကနေ ဆင့်ကဲပြောင်းလဲလာတဲ့ လေဝိညာဉ်ကလည်း အင်မော်တယ်အရှင်မြတ်တစ်ပါးပဲပေါ့"

"သူ့ကို ကိုင်တွယ်ဖို့က လွယ်မှာမဟုတ်ဘူး.. မင်းတို့နှစ်ယောက်ဘယ်လိုဖြစ်ပြီး နာရီဝက်တောင် မရှိသေးဘဲ ဘာလို့ ပြန်လာကြတာလဲ"

ထွင်ထျန်းဟာက မျက်မှောင်ကြုတ်လိုက်သည်

"ညီနောင်.. မင်းMOBAကစားဘူးလား"

ဝမ်မင် "ကစားဖူးတယ်လေ"

ထွင်ထျန်းဟာ "အဲဒီမှာ ဘယ်လို တစ်ဖက်သတ်ပွဲက မိနစ်၃၀ထက်ပိုကြာလို့လဲ"

All Chapters