← Chapters

ဥက္ကဌပိုင်ကိုဖမ်းမည့်အစီအစဥ်

Vol. 36 Ch. 528

ဥက္ကဌပိုင်ကိုဖမ်းမည့်အစီအစဥ်

Vol. 36 Ch. 528

ကျိုက်ယန်က ဝမ်မင်၏ လည်ပတ်မှုနဲ့ပတ်သက်၍ ကန့်သတ်ချက်တစ်ခု ချမှတ်ထားသောကြောင့် ဝမ်မင်က အချိန်သိပ်မရပေ။

ဝမ်လင်းကို စောင့်ဆိုင်းနေစဉ်အတွင်း ဝမ်မင်၏ ကန့်သတ်အချိန်က ကုန်သွားသော်လည်း ကျိုက်ယန်တစ်ယောက် အပေါ်ထပ်သို့တက်၍ လာမခေါ်ခဲ့ခြင်းမှာ အောက်ထပ်ရှိ မေမေဝမ် အကူအညီကြောင့် ဖြစ်သည်။

အမျိုးသမီးနှစ်ဦး အတူရှိနေကြသောအခါတွင် ပွင့်ပွင့်လင်းလင်း ရှိနေသ၍ အကြောင်းအရာတစ်ခုအတွက် ပြောစရာများစွာ တွေ့ရှိနိုင်ပေသည်။

မေမေဝမ်က တရားဝင်အိမ်ရှင်မ ဖြစ်မလာမီ မော်ကွန်းဝင်အဆင့်လူသတ်သမားနှစ်ဦးကို အမှတ်မထင် မွေးထုတ်ပေးခဲ့သည့် မှော်လက်များပိုင်ရှင် နတ်ဘုရားမယ်တော် ဖြစ်ခဲ့သည်။

ထို့အပြင် သူမက စာရေးဆရာတဦးလည်း ဖြစ်၏။

မေမေဝမ်က အလွန်စာနာတတ်ပြီး တစ်ဖက်သားကို နားလည်တတ်သည်။

အကြောင်းအရာတခုခုကို စတင်လိုက်သည်နှင့် သူမကို ဟန့်တားရန် နည်းလမ်းမရှိပေ။

ဝမ်မင် အောက်ထပ်သို့ ဆင်းလာချိန်အထိ ကျိုက်ယန်က မေမေဝမ်၏ လေလုံးထဲတွင် မျောနေခဲ့သည်။

ဆိုရလျှင် သူမက ထွက်ခွာရမည့် အချိန်ကိုပင် မေ့လျော့နေခဲ့သည်။

သူမက ဝမ်မိသားစုအိမ်ကလေးမှ ထွက်ခွာမသွားခင် မေမေဝမ် နှင့် တစ်ယောက်ကို တစ်ယောက် wechatတွင် အပ်လိုက်ကြသည်။

ဤအကောင့်က ဝမ်မင် ဖန်တီးပေးထားသည့် ကျိုက်ယန်၏ ကိုယ်ပိုင်အကောင့် ဖြစ်သည်။

သို့ရာတွင် သူမက အေးအေးလူလူ နေတတ်သူဖြစ်၍ သီးသန့်မက်ဆေ့ချ်များလည်း ရှိမနေခဲ့ပေ။

အထူးသဖြင့် သုသေသနာဌာနသို့ ရောက်လာကတည်းက လအတော်ကြာသည့်အထိ သူ​မ ဘာပို့စ်မျှ မတင်ရသေးချေ။

"ကျေးဇူးတင်ပါတယ်ဒေါ်လေး"

သူမက တံခါးဝတွင် ရပ်တန့်လိုက်ပြီး မေမေဝမ်ကို စစ်တပ်ထုံးစံအတိုင်း အလေးပြုလိုက်သည်။

"ငါတို့ အိမ်ကလေးက ကြိုဆိုပါတယ်.. မင်းအချိန်မရွေး လာလည်လို့ရပါတယ်"

မေမေဝမ်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"မင်းအောင်မြင်မယ်လို့ ငါမျှော်လင့်ပါတယ်"

ထိုစကားကို ကြားသောအခါတွင် ကျိုက်ယန်က ရှက်ရွံ့နေသော်လည်း ဝမ်မင်က ပဟေဠိ ဖြစ်သွားခဲ့သည်။

များသောအားဖြင့် သုန်မှုန်သော အမူအရာကို ဆင်မြန်းထားလေ့ရှိသည့် ကျိုက်ယန်သည် ယခုအခါတွင် ပါးပြင်များ နီရဲလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဝမ်မင်သည် ကျိုက်ယန် တစ်ယောက် အနည်းငယ် မိန်းမဆန်လာသည်ဟု ခံစားခဲ့ရသည်

ဝမ်မင်က ကျိုက်ယန်၏ လိင်အမျိုးအစားကို စနောက်လေ့ရှိသည်။

ဆံပင်ရှည်က ဆွဲဆောင်မှု ပိုရှိမှန်း သိသော်လည်း စစ်တပ်ထဲမှ လာသူဖြစ်သောကြောင့် ကျိုက်ယန်က ဆံပင်တိုကိုသာ ထားပြီး စတိုင်ကျစွာ ညှပ်ထားခဲ့သည်။

သူမဆံပင်က ကတုံးစတောက်ကေလောက် မတိုသလို သာမန်အမျိုးသမီး တစ်ယောက်၏ ဆံပင်မျှလည်း မရှည်ပေ။

ကားထဲသို့ ရောက်သည်နှင့် ဝမ်မင်က ကျိုက်ယန်ကို စပ်စုလိုက်သည်။

"အောက်ထပ်မှာ အဒေါ်နဲ့ ဘာတွေပြောနေလို့ အရမ်းပျော်နေရတာလဲ"

"ဘာမှမဟုတ်ပါဘူး သာမန်ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုလေးပါပဲ"

ကား၏ စတီယာရင်ဘီးကို ကိုင်လိုက်သည်နှင့် ကျိုက်ယန်၏ မျက်နှာက ပုံမှန်အတိုင်း အေးစက်စက် အမူအရာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ဝမ်မင် "ဘာအကြောင်းလဲ"

ကျိုက်ယန်က တိုတိုတုတ်တုတ် ဖြေလိုက်သည်။

"ယောက်ျားအကြောင်း"

"........."

ထိုစကားကိုကြားလျှင် ဝမ်မင် တုန်လှုပ်သွားခဲ့သည်။

"အဒေါ်က ဘာတွေပြောလိုက်လဲ"

"ဒေါ်လေးနဲ့ငါက အများကြီးဆွေးနွေးခဲ့တယ်..ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကို ဆွဲကိုင်နိုင်ဖို့က သူ့ဗိုက်ကနေ စရတယ် ဆိုတဲ့ အယူအဆကို ဒေါ်လေးက ထောက်ခံခဲ့တယ်"

ကျိုက်ယန်က စကားပြောနေရင်း ဝမ်မင်ကို မျက်လုံးထောင့်ကနေ ကြည့်လိုက်သည်။

"အခုလေးတင် ငါက ဒေါ်လေးနဲ့ နဂါးဝက်သားကြော် ဗားရှင်း 2.0 ကို အပ်ဒိတ်လုပ်ဖို့ အတွက် ဆွေးနွေးလာခဲ့တယ်.. ငါတို့ သုတေသန ဌာနကို ပြန်ရောက်ရင် ငါနင့်အတွက် ချက်ပေးမယ်"

ထိုစကားကိုကြားလျှင် ဝမ်မင်က ငိုချင်စိတ်ပင် ပေါက်လာသည်။

"ညီမလေးရေ တောင်းပန်ပါတယ်.. တိုင်းပြည်အတွက် အလှူငွေထည့်ဖို့ နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်ပါသေးတယ်"

ကျိုက်ယန်က မဲ့ပြုံးပြုံးလိုက်သည်။

"စိတ်မပူပါနဲ့ နင်မစားခင် ဥက္ကဌချီကို အရင်ဆုံး ကျွေးကြည့်မှာပါ"

ထိုစကားကြောင့် ဝမ်မင်က ပို၍ပင် ထိတ်လန့်သွားခဲ့သည်။

"မေ့လိုက်ပါ ညီမလေး မင်းပြန်စဉ်းစားတာ ကောင်းမယ်လို့ ငါထင်တယ်"

ကျိုက်ယန် "???"

ဝမ်မင် "နိုင်ငံတည်ထောင်သူ ဗိုလ်ချုပ်ဆယ်ယောက်ထဲက တစ်ယောက်ကို သတ်လိုက်တာက ကြီးလေးတဲ့အပြစ်ပဲ"

ကျိုက်ယန် ".........."

ဇူလိုင်လ၁၆ရက်နေ့သည် စာသင်နှစ်၏ ၁၂ပတ်မြောက် တနင်္ဂနွေနေ့ ဖြစ်သည်။

ထွင်ထျန်းဟာက ထိုနေ့နံနက်တွင် ပြန်ထွက်သွားခဲ့သော်လည်း ဝင်လင်းက ထိုအကြောင်းကို သိထားပြီးသား ဖြစ်သည်။

သူက ထွင်ထျန်းဟာ လာရှာမည်ကို ငွေရောင်လေးအား အသိပေးထားခဲ့သည်။

ထွင်ထျန်းဟာတွင် သူငယ်ချင်းအနည်းငယ်သာရှိ၍ မကြာခဏလည်ပတ်သည်မှာ ကောင်းမွန်သော လုပ်ရပ်တစ်ခု မဟုတ်လော။

ထို့အပြင် ယခုတစ်ကြိမ် ထွင်ထျန်းဟာ သွားသောအခါတွင် ဝမ်လင်းက ငွေရောင်လေး အတွက် သားရဲပဋိညာဉ် စာချုပ်ကို တစ်ခါတည်း ယူသွားစေခဲ့သည်။

ငွေရောင်လေးက ဝမ်လေးနှင့် စာချုပ်ချုပ်ဆိုရန်အတွက် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသည်။

ယမန်နေ့က ဝမ်မင်နှင့် ကျိုက်ယန်တို့ ထွက်သွားပြီးနောက်တွင် ဝမ်လင်းကစာချုပ်ကို တိုက်ရိုက်ရေးဆွဲခဲ့သည်။

ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်ထံမှ မက်ဆေ့ခ်ျကို လက်ခံရရှိသောအချိန်တွင် ထွင်ထားဟာက ထွက်ခွာသွားပြီ ဖြစ်သည်။

စီနီယာ အင်မော်တယ်က ဥက္ကဌပိုင်ကို ရှာဖွေသည့်အစီအစဉ် မအောင်မြင်သည့် အကြောင်းကို မက်ဆေ့ချ်ထဲ၌ တိုတိုတုတ်တုတ် ရှင်းပြထားခြင်း ဖြစ်သည်။

အကြောင်းပြချက် အများအပြား ရှိသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က သတင်းကြိုတင် ပေါက်ကြားခဲ့သည်ဟု မှန်းဆခဲ့သည်။

ဝမ်လင်းက မက်ဆေ့ခ်ျကို ဖတ်ပြီးနောက် သက်ပြင်းချလိုက်သည်။

အတိုချုပ်ပြောရလျှင် ယမန်နေ့ညက ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ငွေရောင်လေးတို့သည် ဥက္ကဌပိုင်ကို မဖမ်းနိုင်ခဲ့ပေ။

ထင်ထားသည့် အတိုင်းပင် ဥက္ကဌပိုင်က လိမ္မာပါးနပ်ပြီး ရင်ဆိုင်ဖို့ခက်ခဲသောလူ ဖြစ်သည်။

လောကတွင် ဆက်ဆံရအခက်ဆုံးမှာ ကောက်ကျစ်သူများ ဖြစ်ကြသည် မဟုတ်ပါလော။

အဖမ်းခံထားရသော မိစ္ဆာအင်ပါယာကွာဖီ၊ အင်မော်တယ် စံအိမ်သခင်ချန်ယွီ၊ မိစ္ဆာဓားနတ်ဘုရားတို့ပင် ဤလူလောက် မည်သူမျှ ကောက်ကျစ်ခြင်း မရှိပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က လျင်မြန်စွာပင် စာပို့လိုက်သည်။

"ညီနောင်လင်း.. ဒီလူကိုဖမ်းဖို့က လေကိုဖမ်းရသလိုပဲ.. အခုဆိုရင် သူ့ကိုဖမ်းဖို့က ပိုပြီး ခက်ခဲသွားတော့မယ်.. ငါတို့ဆီမှာ ခိုင်မာတဲ့အထောက်အထား မရှိပေမယ့် မစ္စတာလုရဲ့ စကားက ယုံကြည်လို့ရတယ်လို့ ငါထင်တယ်.. အကယ်၍ ဥက္ကဋ္ဌပိုင်သာ သူတော်စင်သားရဲတွေကို သုတ်သင်ရှင်းလင်းခဲ့တဲ့ ခေါင်းဆောင် ဖြစ်ရိုးမှန်ရင် သူ့ရဲ့ လှုပ်ရှားမှုက စေ့စေ့ပ်စပ် ရှိမှာအမှန်ပဲ.. သူက ငါတို့ထက် ခြေလှမ်းများစွာ ကြိုဦးထားနိုင်တယ်"

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။

"ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းမှာဘာအကြံစည်ရှိလဲ"

ရိုးသားစွာဝန်ခံရလျှင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ပိုကောင်းသည့်နည်းလမ်းကို သူစဉ်းစား၍ မရတော့ပေ။

ယခု သူတို့အစီအစဉ် မအောင်မြင်၍ ဥက္ကဌပိုင်ကလည်း အန္တရာယ်ကို သတိပြုမိသွားပြီး လွယ်လွယ်နှင့် ထွက်ပေါ်လာတော့မည် မဟုတ်ချေ။

"ဟုတ်တယ် ငါ့မှာအကြံရှိတယ်"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်

မနေ့ညက အိမ်ကို ပြန်ရောက်ပြီးနောက်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ထိုပြဿနာကို ဖြေရှင်းရန် အချိန်အတော်ကြာ စဉ်းစားခန်း ဝင်ခဲ့သည်။

သူက ကျင့်ကြံခြင်းနယ်ပယ် အဆင့် မမြင့်မားသော်လည်း ဉာဏ်ရည် နှင့် အသေခံရဲသည့်သတ္တိ ရှိသည်။

အဓိကအချက်မှာ ဝမ်လင်း ပေးထားသည့် စိတ်ဝိညာဥ်ဖိနှိပ်ခြင်းလက်စွပ်ကြောင့် သူက သေခြင်းတရားကို ပို၍ မကြောက်ရွံ့တော့ခြင်း ဖြစ်သည်။

စီနီယာအင်မော်တယ်က သူ၏အကြံစည်ကို ချပြလိုက်သည်။

"ပထမနည်းလမ်းကတော့ ဖိုရမ်က လျှို့ဝှက်ဆန်းကြယ်သတင်းပေးသူကို ရှာဖို့ပဲ.. ဒီလူရဲ့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းအကြောင်း နားလည်မှုအပေါ် အခြေခံပြီးတော့ ဥက္ကဌပိုင်အကြောင်းကို နည်းနည်းဖြစ်ဖြစ် သိမယ်လို့ ငါယုံကြည်တယ်..

ဒါပေမယ့် ဒီလူက လိပ်စာကို ဝှက်ထားတယ်.. ဘလက်လေးမှာလဲဖော်ထုတ်ဖို့ နည်းလမ်းမရှိဘူး.. ညီနောင်လင်းက ညီနောင်ဝမ်မင်ဆီ အကူအညီ တောင်းပေးရင် ကောင်းလိမ့်မယ်.. သူဆိုရင်တော့ နည်းလမ်းရှိနိုင်တယ်"

"ဒုတိယနည်းလမ်းကတော့ ငွေရောင်လေးကို ငါးစာအဖြစ် အသုံးပြုတဲ့နည်းလမ်းပဲ"

"မစ္စတာလုရဲ့ အဆိုအရ ဥက္ကရပိုင်ရဲ့ ဝူကျီထီးက သူတော်စင်သားရဲ ၄၉ မျိုးရဲ့ အရေပြားနဲ့ လုပ်ထားတယ်လို့ သိရတယ်.. ဒီထီးက ပြီးပြည့်စုံမှု ရှိလာဖို့အတွက် သူတော်စင်သားရဲ အရေပြား တစ်မျိုး လိုနေသေးတယ်လို့ ကြားတယ်.. လိုအပ်နေတဲ့ သူတော်စဉ်သားရဲအရေပြားက ငွေရောင်လေးရဲ့ မျိုးနွယ်စုဖြစ်တဲ့ ယူနီကွန်းမျိုးနွယ် ဖြစ်တယ်လို့ ငါနဲ့ မစ္စတာလုတို့ အရင်က အတည်ပြုထားခဲ့တယ်"

ဝမ်လင်းက ဒုတိယအစီအစဉ်ကို မြင်သောအခါတွင် ထပ်မံ စဉ်းစားစရာပင်မလိုဘဲ ခေါင်းခါယမ်းလိုက်သည်။

အဆုံးသတ်တွင် သူက ငွေရောင်လေးကို ကာကွယ်ပြီး ငွေရောင်လေး၏ ဝိသေသ လက္ခဏာအမှန်ကို ဖုံးကွယ်ထားပေးရန် ငွေရောင်လေးနှင့် သဘောတူညီခဲ့သည် မဟုတ်လော။

အကြောင်းပြချက်က အလွန်ရိုးရှင်းသည်။

ငွေရောင်လေး၏ သခင်အနေဖြင့် သူက ရက်စက်ကြမ်းကြုတ်သော ဥက္ကဌပိုင်ကို မျှားခေါ်ရာတွင် ငွေရောင်လေးကို အသုံးမပြုချင်ခဲ့ပေ။

ငွေရောင်လေးကို သူတော်စင်သားရဲများအား အစုလိုက် အပြုံလိုက် သေစေခဲ့သော လက်သည် တရားခံဖြစ်သည့် ဤအရူးကောင်နဲ့ မစွန့်စားချင်ပေ။

ငွေရောင်လေး၏ ဆံပင်တစ်မျှင်ကပင် သူ့အတွက် အတော်လေးတန်ဖိုးရှိနေသည် မဟုတ်ပါလား။

All Chapters