ခွေးပါဖိ နှင့် ကလိမ်ကကျစ်ငွေ
Vol. 36 Ch. 529
ဝမ်လင်းက ဥက္ကဌပိုင်ကို ဖမ်းရမည်အား ရှင်းရှင်းလင်းလင်းနားလည်နေပြီ ဖြစ်သည်။
ထိုအချိန်က သူတော်စင်သားရဲများ မျိုးတုန်းခြင်း၏ နောက်ကွယ်မှ အဓိကတရားခံမှာ ဥက္ကဌပိုင် ဖြစ်သည်။
၎င်း၏အပြစ်ကို ဖော်ပြရန်အတွက် "များပြားလွန်းလှသည်" ဟူသော စကားစုကိုသာ အသုံးပြုသင့်သည်ဟု သူခံစားခဲ့ရသည်။
သို့ရာတွင် ဥက္ကဌပိုင်ကို ခြေရာခံရန်အတွက် ငွေရောင်လေး၏ ဘေးကင်းရေးကို အရင်ဆုံး ထည့်သွင်းစဉ်းစားဖို့လည်း လိုအပ်၏။
ဤသည်က ငွေရောင်လေး၏ ဘေးကင်းရေးကို ရည်ညွှန်းခြင်းတင် မဟုတ်ဘဲ သူ့အကြောင်း အချက်အလက်တွေကိုပါ ရည်ညွှန်းခြင်းဖြစ်သည်။
သူတော်စင်သားရဲများသည် ယခုအခါတွင် မျိုးတုန်းသွားပြီဖြစ်ကြောင်း လူတိုင်းနီးပါးက သိထားကြသည်။
အိမ်မော်တယ်စံအိမ် စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ချက်ဂရုထဲမှ လူများမှ လွဲ၍ ပြင်ပလူ တစ်ဦးတစ်ယောက်မျှ ငွေရောင်လေး၏ ဝိသေသ လက္ခဏာကို မသိရှိထားကြပေ။
အင်မော်တယ်စံအိမ် အဖြစ်အပျက် ဖြစ်ပြီးနောက်တွင် ဂရုထဲရှိ လူများက ထိုကိစ္စနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေရန် တညီတညွတ်တည်း သဘောတူခဲ့ကြ၍ မည်သည့် အချက်အလက်မှ ပေါက်ကြားခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ငွေရောင်လေးသည် ယခုအခါတွင် လုံးဝ လုံခြုံသည်ဟု ဆိုရပေမည်။
အကယ်၍ သူတို့သာ ငွေရောင်လေးကို ဖော်ထုတ်၍ ဥက္ကဌပိုင်ကိုမျှားခေါ်ရမည် ဆိုလျှင် အပြစ်မကင်းသလို စိတ်မသက်မသာ ခံစားနေရမည် မဟုတ်လော။
တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ဤအဖြေကို လုံးဝ မျှော်လင့်ထားပြီးသား ဖြစ်သည်။
လင်းကျန်းရန်က စိတ်သဘောထား နူးညံ့သူတစ်ဦး ဖြစ်သည်။
အများစုက ၎င်းကို အေးတိအေးစက် ရှိသူ တစ်ဦးအဖြစ် ရှုမြင်ကြသော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်း အကြောင်း သိထားသောကြောင့် ဤအကြံအစည်က အလုပ်ဖြစ်မည် မဟုတ်ကြောင်း ကြိုသိနေခဲ့သည်။
သို့ဆိုလျှင် အဘယ်ကြောင့် အလုပ်မဖြစ်မှန်း သိပါလျက်ဖြင့် သူက ပြောခဲ့ရပါသနည်း။
အကြောင်းရင်းမှာ ငွေရောင်လေး၏ တစ်ဖက်သက် တောင်းဆိုမှုကြောင့်ဖြစ်သည်။
ငွေရောင်လေးက သူသခင်အတွက် အကျိုးဆောင်ရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။
ဝမ်လင်းက ဤအစီအစဉ်ကို မက်ဆေ့ချ်ပို့၍ ငြင်းဆိုလိုက်သောအခါတွင် ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ နံဘေးတွင် ရှိနေခဲ့ပြီး မက်ဆေ့ခ်ျကို ဖတ်နေခဲ့သည်။
မက်ဆေ့ခ်ျက အလွန်တိုတောင်းပြီး လင်းကျန်းရန်၏ ထူးခြားသောအမူအကျင့်နဲ့ ဆင်တူသည်။
"ဆရာငြင်းမယ်ဆိုတာ ငါသိသားပဲ"
"ဒါဆို မင်းက ဘာလို့ ဖင်ယားပြီး မေးခိုင်းရတာလဲ"
"ဒါက စမ်းသပ်မှုတစ်ခုပါ"
ထိုစကားကိုပြောရင်း ငွေရောင်လေးက အလွန်ပျော်ရွှင်နေခဲ့သည်။
ထို့နောက်တွင် ငွေရောင်လေးက ဖင်အောက်ကနေ စာအုပ်သုံးအုပ်ကို ဆွဲထုတ်လိုက်သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က စာအုပ်မျက်နှာဖုံးကို ကြည့်ရှုလိုက်၏။
မင်းရဲ့သခင် ပိုချစ်လာအောင် ဘယ်လိုလုပ်ရမလဲ..
ယောကျာ်းတစ်ယောက်ကို အပိုင်ဖမ်းဖို့ နည်းလမ်းတစ်ရာ..
သူတစ်ပါးနာကျင်သည်ကိုမြင်လျှင် သာယာသူနှင့် ရက်စက်ခြင်း၌ သာယာသူ တစ်ယောက်နှင့်တစ်ယောက် တွေ့တဲ့အခါ..
တတိယမြောက် စာအုပ်၏ခေါင်းစဉ်က ဗုံးပစ်စီနီယာ အင်မော်တယ်ကို အံ့သြသွားစေခဲ့သည်။
"လခွမ်း ညီနောင်ငွေရောင်လေး.. မင်း ညီနောင်လင်းကို တစ်ခုခုကြံစည်နေတာလား"
"မဟုတ်ပါဘူး ငါဘယ်လိုလို့ လုပ်ရဲမှာလဲ.. ဒီတတိယမြောက်စာအုပ်က လက်ဆောင်ရတာပါ.. ခေါင်းစဉ်က နည်းနည်းပေါက်ကရ ဖြစ်နေပေမယ့် တကယ်တော့ ဒီစာအုပ်က တက္ကသိုလ်က အထူးပြုဘာသာရပ်စာအုပ်ပါ
ဗုံးပစ်စီနီယာအင်မော်တယ် "ဘာအထူးပြုဘာသာရပ်လဲ"
"အထဲက စာမျက်နှာတွေကို ကြည့်လိုက်လေ"
ငွေအောင်လေးက စာအုပ်ကိုဖွင့်ပြီး အထဲမှ မာတိကာများကို ပြလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒီထဲက ပျားဖယောင်း ကစားနည်းလေ့လာရေးကို ငါဖတ်ခဲ့သေးတယ်"
ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်။
သေချာသည်က ထိုဘာသာရပ်ကို သူမဖတ်ဖူးပေ။
"ငါဒီဘာသာရပ်ကို မသိတာ တက္ကသိုလ်က ဘွဲ့ရပြီးတာ ကြာသွားလို့များလား"
"ငါ့မှာ Phd နှစ်ခုတောင် ရပြီးသွားပြီ.. ဒီပျားဖယောင်း ကစားနည်း လေ့လာရေးက ဘာလဲ.. ငါဘာလို့မကြားဖူးရတာလဲ.."
"ဒီဘာသာရပ်က အရမ်းအနုစိတ်တယ်.. ဒီဘာသာရပ်ကို ဖန်တီးတဲ့သူရဲ့ ပရိုဖိုင်တောင် ပါသေးတယ်"
"ဖန်တီးသူလား"
"သူ့နာမည်က အင်္ဂလိပ်လိုဆိုတော့ နိုင်ငံခြားသား ဖြစ်မယ်ထင်တယ်"
"သူ့နာမည်ကို ဘာသာပြန်လိုက်ရင် ပျားဖယောင်းရှင်းလင်းရေးအကလို့ အဓိပ္ပါယ်ရတယ်"
"............"
...................
"ဒီလိုအခြေအနေမှာ သတင်းပေးသူကိုရှာဖို့ နည်းလမ်းတစ်ခုပဲ ငါတို့တွေးနိုင်တယ်"
"မစ္စတာလုရဲ့ ပတ်ဝန်းကျင်ကိုလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားရမယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က သူ၏အစီအစဉ်ကို ပြောပြလိုက်သည်။
သတင်းပေးသူကို ရှာဖွေခြင်းအပြင် မစ္စတာလု၏ လုံခြုံရေးသည် ယခုအချိန်တွင် ဥက္ကဌပိုင်ကို တရားစွဲနိုင်မည့် တစ်ခုတည်းသောသက်သေ ဖြစ်သောကြောင့် အလွန်အရေးကြီးလာပြီ ဖြစ်သည်။
မစ္စတာလုသာ တခုခုဖြစ်သွားလျှင် သူတို့အနေဖြင့် ခိုင်လုံသောသက်သေတစ်ခုကို ဆုံးရှုံးလိုက်ရသည်နှင့် အတူတူပင်။
ဝမ်လင်းက သူ့ဆီသို့ ဖိုရမ်မှ ပို့စ်၏ မူရင်းလင့်ကို ပို့ပေးရန် ဗုံးပစ်စီနီယာ အင်မော်တယ်အား တောင်းဆိုသည့် မက်ဆေ့ချ်ကို ပို့လိုက်သည်။
သူ့အနေဖြင့် သတင်းပေးသူကို ခြေရာခံရန် အတွက် ဝမ်မင်ကိုအကူအညီ တောင်းရမည် ဖြစ်သည်။
ဘလက်လေးတွင် ရွေးချယ်စရာ မရှိတော့သော်လည်း ဝမ်မင်ထံ၌ နည်းလမ်းများ ရှိနေနိုင်ပါသေးသည် မဟုတ်လော။
လောလောဆယ်တွင် သူတို့က ဘာမှမလုပ်နိုင်သေးပေ။
ဝမ်မင်ဆီမှ အကြောင်းပြန်လာသည်ကိုသာ အရင်ဦးဆုံး စောင့်ဆိုင်းရမည် ဖြစ်သည်။
ချက်တင် မပြီးဆုံးခင် ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ နေအိမ်တွင် ထွင်ထျန်းဟာ ခဏမျှ နေထိုင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က အလွန်ယဉ်ကျေးစွာပင် ပြန်ပြောလိုက်သည်။
"စိတ်မပူနဲ့ ညီနောင်လင်း.. ဂိတ်က လုံခြုံရေးအစောင့်တွေကို ညီနောင်ခွေးဆီ ကားနဲ့ ငါလာခေါ်ခိုင်းလိုက်မယ်"
ဝမ်လင်းက အချိန်အတော်ကြာ တွေးတောရင်း ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။
မျှော်လင့်ထားသည့် အတိုင်းပင် ဇိမ်ခံအိမ်များက သာမန်အိမ်များနှင့် လုံးဝ ခြားနားနေခဲ့သည်။
ဧည့်သည်ကို အကြိုအပို့လုပ်ရန် အတွက် ကားများပင် ရှိနေခဲ့သည်။
................
ဤသည်မှာ ထွင်ထျန်းဟာက ဗုံးပစ်စီနီယာ အင်မော်တယ်၏ နေအိမ်သို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ခြင်း ဖြစ်သည်။
ယခင်က ငွေရောင်လေးက ထွင်ထျန်းဟာကို အကြိမ်ကြိမ် ဖိတ်ကြားခဲ့ဖူးသည်။
ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်ကို သူ၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားနေခဲ့ပြီ ဖြစ်သည်။
ထွင်ထျန်းဟာက ဤအိမ်ကြီးတွင် နေထိုင်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ငွေရောင်လေးတို့၏ ဆက်ဆံရေးများကို သတိပြုမိခဲ့သည်။
ငွေရောင်လေး၏ သားရဲပုံစံ အသွင်အပြင်ကို ဗုံးပစ်စီနီယာ အင်မော်တယ်က အမွေးများ ဖြီးသင်ပေးလေ့ ရှိသည်။
ဒါတင်မကပဲ ဆံပင်မွှေးဆီများပင် ထည့်ပေးလိုက်သေးသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က ကြည့်ကောင်းသော အနက်ရောင်ဆံပင်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
အစောပိုင်းတွင် သူက တစ်လလျှင် အမွှေးဆီ ပုလင်းငယ် နှစ်ပုလင်းကိုသာ အသုံးပြုခဲ့သည်။
သူက ငွေရောင်လေး ရောက်လာခဲ့ပြီးနောက်တွင် ယခင်က ပုလင်းသေးသာ ဝယ်ခဲ့သော်လည်း ပုလင်းကြီးကို ပြောင်းဝယ်လာခဲ့ရ၏။
ဆိုရလျှင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ငွေရောင်လေးကို ညီငယ်တစ်ယောက်လို ဆက်ဆံနေခဲ့သည်။
ဟုတ်ပါသည်။ ငွေရောင်လေးက ဗုံးပစ်စီနီယာ အင်မော်တယ် ထက် အသက်ပိုကြီးသော်လည်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအရ ရင့်ကျက်မှု မရှိသေးပေ။
အဆုံးသတ်တွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် မဟာသေမင်းတမန် စီနီယာဟု လက်ရှိကျင့်ကြံခြင်း အသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခံရသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ငွေရောင်လေးကဲ့သို့ အတွေ့အကြုံမရှိသော ယူနီကွန်း တစ်ကောင်က သူ့ကို စီနီယာဟု ခေါ်ဆိုသည်မှာ တကယ်တမ်း တွေးကြည့်လျှင် မလွန်ပေ။
အမှန်အတိုင်း ပြောရလျှင် ထွင်ထျန်းဟာက ငွေရောင်လေးကြောင့် ဗုံးပစ်စီနီယာ အင်မော်တယ် စိတ်ရှုပ်နေမည်ဟု ထင်ထားခဲ့သည်။
သို့သော်လည်း သူလေ့လာရသလောက် ဗုံးပစ်စီနီယာ အင်မော်တယ်က ကျေနပ်နေပုံရသည်ကို တွေ့ခဲ့ရသည်။
ပြဿနာရှာရသည်ကို နှစ်သက်သည့် ငဆိုးကောင်အား အနားတွင် ထားထားရသည်မှာ တကယ်တမ်း မလွယ်ကူချေ။
ငွေရောင်လေးက ထွင်ထျန်းဟာကို ပေးထားသော အွန်လိုင်းအမည်မှာ ခွေးပါဖိ(ဝါ)ကလိမ်ကကျစ်ခွေး ဖြစ်သည်။
အပြန်အလှန်အားဖြင့် ထွင်ထျန်းဟာကလည်း ငွေရောင်လေးကို ကလိမ်ကကျစ်ငွေဟု ခေါ်ဆိုလေ့ရှိသည်။
ငွေရောင်ယူနီကွန်း တစ်ကောင်နှင့် ခွေးတစ်ကောင်က တစ်ယောက်ကိုတစ်ယောက် စနောက်၍ လှောင်ပြောင် ခေါ်ဝေါ်ခဲ့ကြသည်။
ယခုအခါတွင် သူတို့နှစ်ဦးစလုံးသည် လင်းကျန်းရန်၏ ကြွပ်ကြွပ်ရွရွ ခေါက်ဆွဲခြောက်ကြွပ်ကြော် စတူဒီယိုအောက်တွင် လက်မှတ်ရေးထိုးထားသည့် ဝိညာဉ်သားရဲများ ဖြစ်လာကြပြီ မဟုတ်ပါလား။
ကျိုးပါဖိ= "ညသန်းခေါင်၌ကြက်များဆူညံသံ" ဇာတ်လမ်းတွင်အကျင့်မကောင်းသူဖြစ်ပြီး ကြက်များကို ခါတိုင်းထက်စော၍ တွန်စေရန်အတွက် ကြက်မများကို နှိုးဆော်ကာ အလုပ်သမားများကို စောစောထခိုင်းခဲ့သူ ဖြစ်သည်။