← Chapters

ဆရာလေးလင်းနဲ့ ဘယ်အချိန်အတူတူနေရမလဲ

Vol. 36 Ch. 531

ဆရာလေးလင်းနဲ့ ဘယ်အချိန်အတူတူနေရမလဲ

Vol. 36 Ch. 531

ရှင်းလင်းစွာပြောရလျှင် ဤသည်က တကယ်ကို နားလည်မှုကြီးကြီးမားမား လွဲခဲ့ခြင်းဖြစ်သည်။

သို့သော် ထွင်ထျန်းဟာကို အပြစ်ဆိုရန် မဖြစ်နိုင်ပေ။

သင်ဝင်ရောက်လာစဥ် သင့်အား မျက်စိဒေါက်ထောက် လိုက်ကြည့်နေလျှင် မည်သူမဆို နားလည်မှု လွဲမှားမည်သာ ဖြစ်သည်။

ထို့ကြောင့် ထွင်ထျန်းဟာက ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး ထွက်မပြေးလျှင်သာ ထူးဆန်းပေလိမ့်မည်။

ဘာဖြစ်နေလဲဆိုသည်ကို အတိအကျ မသိချိန်တွင် မည်သူမဆို ပထမဆုံး တွေးမိမည်မှာ မိမိကိုယ်ကို ကာကွယ်ရန်သာ ဖြစ်သည် မဟုတ်ပါလော။

လုံခြုံရေးခေါင်းဆောင်က ထွင်ထျန်းဟာကို ဗုံးပစ်စီနီယာအင်မော်တယ်၏ အိမ်ရှေ့တံခါးထိ ခေါ်လာခဲ့သည်။

ထွင်ထျန်းဟာက အလွန်အင်မတန် ရှက်ရွံ့နေ၏။

ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက် လည်ပတ်ရာတွင် ဤကဲ့သို့ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရမည်ဟု မည်သူက ထင်မိမည်နည်း။

ဇိမ်ခံအိမ်ထဲသို့ ရောက်သောအခါ လုံခြုံရေးခေါင်းဆောင်သည် အစောပိုင်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဗုံးပစ်စီနီယာ အင်မော်တယ်အား အသိပေးလိုက်သည်။

"မစ္စတာဗုံးပစ်.. ဒါကမင်းရဲ့ခွေးလား"

"အိုး.. ဒါက ငါ့ရဲ့ခွေးမဟုတ်ဘူး.. ငါ့ညီနောင်ရဲ့ခွေးပဲ.. ဒီနေ့တော့ သူကငါ့ရဲ့ဧည့်သည်ပေါ့"

"အဲဒီလိုလား"

လုံခြုံရေးခေါင်းဆောင်က ခေါင်းကုပ်လိုက်သည်။

"ဒါဆို မင်းညီနောင်ရဲ့ခွေးမှာ စိတ်ပိုင်းဆိုင်ရာတစ်ခုခု ချို့ယွင်းနေပြီလို့ ငါထင်တယ်.. စောစောက ကြိုဆိုတဲ့အခါမှာ သူကကြောက်လန့်ပြီး ထွက်ပြေးနေလို့ အချိန်အတော်ကြာအောင် လိုက်ဖမ်းခဲ့ရသေးတယ်"

ထိုစကားကိုကြားလျှင် ဗုံးပစ်စီနီယာအင်မော်တယ်က ချွေးများ ထွက်လာသည်။

တကယ်တမ်းတွင် ဤသည်က သူ၏ လိုအပ်ချက်ကြောင့်ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော နတ်ဆိုးမုဆိုးများအဖွဲ့အစည်း၏ ဖြစ်ရပ်ကြောင့် ညီနောင်ခွေးက ပြင်ပတွင်ရှိနေသရွေ့ အမြဲသတိရှိနေမည် ဖြစ်ပြီး မရင်းနှီးသော အကြည့်များကို သံသယဝင်မည်မှာ ပုံမှန်ပင်။

အကယ်၍ ဗုံးပစ်စီနီယာအင်မော်တယ်က စောစောကတည်းက သိခဲ့လျှင် လုံခြုံရေးအစောင့်များကို ထိုကဲ့သို့စုဝေး၍ ကြိုဆိုစေမည်မဟုတ်ပေ။

''မင်းကို ဒုက္ခပေးမိတဲ့အတွက် အားနာလိုက်တာ"

ဗုံးပစ်စီနီယာအင်မော်တယ်က အလွန်တရာယဥ်ကျေးပျူဌာသော အမူအရာဖြင့် အင်မော်တယ်ဝိညာဥ် ဆေးလိပ်ဘူးကို ထုတ်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး ဒီဆေးလိပ်ဘူးကို မင်းရဲ့ညီအစ်ကိုတွေနဲ့ မျှဝေလိုက်ပါ"

ဤဆေးလိပ်များက အမှန်တကယ် ဈေးကြီးပြီး သာမန်လူများ မတတ်နိုင်ကြပေ။

ဗုံးပစ်စီနီယာအင်မော်တယ်က ဆေးလိပ်သောက်တတ်သည့် အလေ့အကျင့် မရှိချေ။

သို့သော် ကျင့်ကြံခြင်းဖိုရမ်တွင် သူနှင့် ပူးပေါင်းထားသောကုမ္ပဏီများသည် ပွဲတက်များတွင် သူ့ကို စီးကရက်ဘူးလက်ဆောင်များ ပေးလေ့ရှိသည်။

သူက ဆေးလိပ် မသောက်တတ်သော်လည်း အခြားလူများအတွက် လက်ဆောင်အဖြစ် ရိုးရှင်းစွာ အသုံးပြုခဲ့သည်။

လုံခြုံရေးခေါင်းဆောင်က ပြုံးရွှင်စွာဖြင့် စီးကရက်ဘူးကို လက်ခံလိုက်သည်။

"ကျေးဇူးတင်ပါတယ် မစ္စတာဗုံးပစ်"

ဤအပြုအမူက တကယ်တမ်းတွင် အဆင့်မြင့် ဇိမ်ခံအိမ်ရာ၌ ဖြစ်ရိုးဖြစ်စဥ်တစ်ခုပင်။

ဤစီးကရက်များက အလွန်တရာ ဈေးကြီးသော်လည်း ချမ်းသာသည့်သူများ အတွက်မူ မုန့်ဖိုးပေးသလောက်သာဖြစ်သည်။

ဗုံးပစ်စီနီယာအင်မော်တယ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူးကွာ.. နောက်တစ်ခါ ငါ့သူငယ်ချင်းရဲ့ခွေး လာလည်လို့ရှိရင် သူ့ကို မင်းလွှတ်ထားပေးလိုက်ပါ.. ငါနေရာကို သူ့ဘာသူ လာပါလိမ့်မယ်"

"ကောင်းပါပြီ.. မစ္စတာဗုံးပစ်"

လုံခြုံရေးခေါင်းဆောင်က ခေါင်းညိမ့်ပြလိုက်ပြီး တစ်စုံတစ်ရာကို ရုတ်တရက် စဥ်းစားမိလိုက်သည်။

"ဟို.. ဒါနဲ့စကားမစပ်.. မစ္စတာဗုံးပစ်ရေ.. ဇိမ်ခံအိမ်ရာမှာပိုင်ရှင်တွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို စိတ်ပိုင်းဆိုင်ရာအကြံပေးဝန်ဆောင်မှုတွေ အခမဲ့ပေးနေတဲ့ အိမ်မွေးတိရိစ္ဆာန်စင်တာ တစ်ခုရှိတယ်လေ"

"အင်း.."

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိမ့်လိုက်သည်။

အိမ်မွေးတိရိစ္ဆာန်စင်တာ အကြောင်း သူကောင်းစွာသိသည်။

သို့သော် ညီနောင်ခွေးကို သူ့အနေဖြင့် စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည်ဟု တိုက်ရိုက်ပြောနိုင်မည့် နည်းလမ်းမရှိပေ။

ထို့ကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က ရိုးရှင်းစွာပြန်ဖြေလိုက်သည်။

"ဒါက အရမ်းကြီးစိုးရိမ်နေစရာ မလိုပါဘူး.. မကြာသေးမီကဖြစ်ပျက်ခဲ့တဲ့ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ အဖြစ်အပျက်ကို ကြားမိသေးလား.. အဲဒီကိစ္စကြောင့်ပဲ ညီနောင်ခွေးက အရမ်း သတိထားနေတာပါ.. ဒီကိစ္စဖြစ်သွားတာ ရက်ပိုင်းလေးပဲ ရှိသေးတာလေ"

"ဪ.. အဲသလိုကိုး"

လုံခြုံရေးခေါင်းဆောင်က ချက်ချင်း နားလည်သွားပြီး သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ မစ္စတာဗုံးပစ်.. စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ရယူတာက ပိုကောင်းမယ်လို့ ကျွန်တော် အကြံပြုချင်တယ်.. တစ်ခါတလေ အရမ်းကြီး စိတ်ဖိစီးနေလို့လည်း မကောင်းဘူးလေ"

ဗုံးပစ်စီနီယာ အင်မော်တယ်က ဇိမ်ခံအိမ်ရာ၏ အိမ်မွေးတိရိစ္ဆာန်စင်တာတွင် ပွဲတစ်ခု ပြုလုပ်နေမှန်း သိသောကြောင့် သူနှင့် စကားစမြည်မပြောချင်တော့ပေ။

ဆေးဝါးကုသပေးခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများက အခမဲ့သာဖြစ်၍ ကောင်းမွန်သည်။

သို့သော် အထူးဝန်ဆောင်မှု ဖြစ်သည့် ဆံပင်ဆေးဆိုးခြင်း၊ အလှပြင်ခြင်းတို့ကမူ အခမဲ့မဟုတ်ပေ။

သူ၏ အတွေ့အကြုံအရ ဤလုံခြုံရေးခေါင်းဆောင်နှင့် စကားဆက်ပြောနေလျှင် စကားခေါင်းစဥ်သည် အိမ်မွေးတိရိစ္ဆာန်စင်တာ၏ VIP ကဒ်ရယူခြင်းသို့ ပြောင်းလဲသွားမည်ဖြစ်သည်။

ထို့ကြောင့် သူက ယဥ်ယဥ်ကျေးကျေးနှင့် လိမ္မာပါးနပ်စွာပင် ငြင်းဆိုလိုက်သည်။

"ငါဧည့်သည်ကို သွားဧည့်ခံလိုက်ဦးမယ်.. လုံခြုံရေးခေါင်းဆောင်.. မင်းကို အလုပ်ပေးလိုက်ရတာ စိတ်မရှိပါနဲ့.. ဒါ့အပြင် အိမ်မွေးတိရိစ္ဆာန်စင်တာက ညီနောင်ခွေးရဲ့ စိတ်အခြေအနေအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်မှာမဟုတ်ဘူး.. "

လုံခြုံရေးခေါင်းဆောင် "ဘာဖြစ်လို့လဲ"

"မင်းအရင်က ခွေးကိုက်ခံရဖူးလား"

လုံခြုံရေးခေါင်းဆောင် ".........."

သူသတိပြန်ဝင်လာသောအခါတွင် ဗုံးပစ်စီနီယာ အင်မော်တယ်က ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထွင်ထျန်းဟာက ဇိမ်ခံအိမ်ထဲကို ဝင်လိုက်သည်နှင့် အပေါက်တစ်ခုကို သတိထားမိလိုက်သည်။

ဤအပေါက်မှာ ဝမ်လင်း ဤအိမ်သို့ ရောက်ရှိလာသည့် နောက်ဆုံးအကြိမ်က ငွေရောင်လေး ကြမ်းပြင်ကို လက်သီးဖြင့် ထိုးဖောက်ခဲ့သည့်အပေါက် ဖြစ်သည်။

၎င်းကို ပြုပြင်ရမည့်အစား ဗုံးပစ်စီနီယာ အင်မော်တယ်က ယခင်အတိုင်းသာ ထားခဲ့ပြီး မျက်စိပသာဒ ဖြစ်စေရန် ထိုအပေါက်၏ နှုတ်ခမ်းသားကို အလှဆင်ထားခဲ့သည်။

ထွင်ထျန်းဟာက တစ်ချက်ကြည့်လိုက်ရာ အိမ်အောက်ထပ်ဆိုဖာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော ငွေရောင်လေးကို တွေ့လိုက်ရသည်။

သူ၏မက်ဆေ့ကို မဖတ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ဆိုဖာရှေ့ရှိ ကော်ဖီစားပွဲပေါ်တွင် ဆရာလေးလင်း အလွန်ကြိုက်သော ခေါက်ဆွဲကြွပ်ကြော်ကို တွေ့လိုက်ရသည်။

ထွင်ထျန်းဟာ အပေါက်လေးအတွင်းမှ ခုန်ဆင်းလိုက်သည်နှင့်တပြိုင်နက် ငွေရောင်လေးက အသက်ရှူထုတ်လိုက်သည်။

"အင်း.. ကျင့်ကြံလို့တော့ပြီးသွားပြီ"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက အံ့ဩသွားသည်။

ငွေရောင်လေးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဆရာလေးလင်းရဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်က တကယ်ကို ထိရောက်တာပဲ.. ငါ့ရဲ့ခွန်အားတွေက အဆပေါင်းများစွာ တိုးတက်လာတယ်လို့ ခံစားရတယ်"

ထိုစကားကိုပြောပြီးနောက် ငွေရောင်လေးက ပိုနေသည့် ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို သရေကွင်းဖြင့် ချည်လိုက်သည်။

"မင်းငါ့ဆီလာတွေ့မယ်လို့ ပြောတာနဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်ကို အပျင်းပြေ ထိုင်စားနေတာလေ.. ဆရာလေးလင်းရဲ့ အရသာရှိတဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကိုချေဖျက်ဖို့ ဒီလောက်ကြာမယ်လို့ မထင်ခဲ့မိဘူး"

ငွေရောင်လေးက သူ့လက်ချောင်းတွင် ကပ်နေသည့် အမှုန့်များကို ယက်လိုက်သည်။

ထွင်ထျန်းဟာ၏ မျက်လုံးထောင့်များက လှုပ်ရမ်းသွားသည်။

"ဒါနဲ့ ဘာလို့ တစ်ခါတည်းကုန်အောင် မစားလိုက်တာလဲ"

ငွေရောင်လေးက ခေါင်းခါရမ်းလိုက်သည်။

"တစ်ခါတည်းစားစရာလား.. ငါဒီည ကာတွန်းကားကြည့်ရင်း စားရဦးမယ်လေ"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာသည် သွေးအန်လုမတက်ဖြစ်သွားရသည်။

".........."

"မင်းအားရင် အိမ်မှာဘာတွေလုပ်နေလဲ"

ငွေရောင်လေးက လက်များကိုချိုး၍ ရေတွက်လိုက်သည်။

"စဥ်းစားမိသလောက်လပြောရရင် နေ့တိုင်းထမင်းစားတယ်၊ ကာတွန်းကြည့်တယ်၊ ဝတ္ထုတွေဖတ်တယ်၊ ဆရာလေးလင်း ပိုနှစ်သက်မဲ့ နည်းလမ်းတွေကို လေ့လာတယ်.. ဪ.. မေ့လို့.. ငါ့ရဲ့အမွှေးတွေကို ဗုံးပစ်စီနီယာအင်မော်တယ် ရှင်းလင်းပေးဖို့ အချိန်ပေးရသေးတယ်.. ဒါ့အပြင် ကျင့်ကြံခြင်း အရှိန်မြင့်လာဖို့အတွက် ဆရာလေးလင်း ပေးခဲ့တဲ့ ခေါက်ဆွဲခြောက်ကြွပ်ကြော်တွေကို ချေဖျက်ဖို့လည်း လုပ်ရတယ်"

ထွင်ထျန်းဟာ "မင်းတစ်လကို ပိုက်ဆံဘယ်လောက်တောင်သုံးလဲ"

ငွေရောင်လေးက သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။

"မများပါဘူး.. လုံးဝမများဘူး.. HNYသန်း အနည်းငယ်လောက်ပါပဲ"

ထိုစကားကိုပြောပြီးနောက် ငွေရောင်လေးက ထွင်ထျန်းဟာကို တစ်ချက် ကြည့်လိုက်သည်။

"ဒါနဲ့ဆရာလေးလင်းတို့ အိမ်ကို ဘယ်အချိန်ပြောင်းရမှာလဲ"

"မင်းက ဆရာလေးလင်းနဲ့ အတူတူနေချင်တာလား.. အဲဒါဆိုမေ့လိုက်ပါတော့"

ထွင်ထျန်းဟာက သက်ပြင်းတစ်ချက် ချလိုက်သည်။

"သူက မင်းရဲ့ကုန်ကျစရိတ်ကို မတတ်နိုင်ဘူး"

All Chapters