← Chapters

ကျင့်ကြံဖို့အတွက် ဖြည့်စွက်စာတွေ စားပေးရတယ်

Vol. 36 Ch. 533

ကျင့်ကြံဖို့အတွက် ဖြည့်စွက်စာတွေ စားပေးရတယ်

Vol. 36 Ch. 533

ဤအစားအသောက် ထရပ်ကားတစ်စီးလုံးကို မှာယူခြင်းမှာ ငွေရောင်လေးအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။

ထို့ကြောင့် ဝမ်ရှန်းဥယျာဉ်အိမ်ရာ အဝင်ရှိ လုံခြုံရေးအစောင့်များသည် ဤကား၏ လိုင်စင်နံပါတ်ပြားနှင့် အလွန်ရင်းနှီးနေပြီး ထရပ်ကားကို တိုက်ရိုက် ဝင်ခွင့်ပြုလိုက်သည်။

ဟုတ်ပါသည်။ ဤထရပ်ကားသည် စားသောက်ဆိုင်များ၏ ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းမဟုတ်ခဲ့ပေ။

ငွေရောင်လေး အတွက် ဗုံးပစ်စီနီယာ အင်မော်တယ်က ပြင်ပပစ္စည်းပေးပို့သည့် ကုမ္ပဏီမှ ငှားရမ်းပေးထားခြင်း ဖြစ်သည်။

ထို့ပြင် ထိုထရပ်ကားဖြင့် သယ်ယူရလျှင် ပစ္စည်းများ အေးသွားမည်ကို မစိုးရိမ်ရပေ။

လက်ခံရမည့် နေရာရောက်သည်အထိ ပူပူနွေးနွေး ရှိနေစေရန်အထူးပြုပြင်ထားသည်။

ထွင်ထျန်းဟာက ယခင်က တစ်ခါမှ မမြင်ဖူးသည့် အံ့မခန်းမြင်ကွင်းကြောင့် အံ့ဩသွားသည်။

အစားအသောက် ပို့ဆောင်ရေးကား ရပ်လိုက်သောအခါတွင် ယာဥ်မောင်းက ချက်ချင်းထွက်လာပြီး ကွန်တိန်နာကိုဖွင့်ရန် ပြေးသွားခဲ့သည်။

ကွန်တိန်နာဘောက်စ်ထဲတွင် အခြားညီငယ်လေး တစ်ယောက်က ထိုင်နေသည်။

ထို့နောက်တွင် သူတို့က အတူတူ ကုန်ချလုပ်ငန်းစဥ်ကို စတင်ခဲ့ကြသည်။

အစားအသောက်များမှာ ကြီးမားသော သေတ္တာဆယ်ပုံးအပြည့် ဖြစ်သည်။

ထွင်ထျန်းဟာက မေးခွန်းထုတ်လိုက်သည်။

''မင်းဘယ်လောက်တောင် မှာလိုက်တာလဲ"

ငွေရောင်လေးက ခေါင်းခါရမ်းလိုက်သည်။

"သိပ်မများပါဘူး ငါက ဒီရက်ပိုင်း အစားအသောက်တွေ လျှော့စားနေတာလေ အခုမှာထားတာက ပုံမှန်စားတဲ့ပမာဏရဲ့တစ်ဝက်လောက်ပဲ ရှိပါသေးတယ်"

ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက သက်ပြင်းချလိုက်သည်။

".........."

နတ်ဆိုးဘုရင်ဖြစ်စဥ် သူသည်လည်း အစားကြီးခဲ့သည်။

သို့သော် လက်ရှိခန္ဓာကိုယ်ဖြင့် ဤမျှလောက်သော အစားများကိုစားလျှင် လုံးဝခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဝိညာဉ်သားရဲများသည် လူသားအသွင် ဆောင်နိုင်သည့် အဆင့်သို့ရောက်လျှင် အစာစားချင်စိတ်သည် ယခင်ကထက် များစွာ ကြီးမားလာသည်ဟု ဆိုကြသည်။

ရိုးသားစွာဝန်ခံရလျှင် ထွင်ထျန်းဟာသည် ဤအချက်ကို အနည်းငယ် စိတ်ပူမိသည်။

သူက ကျင့်ကြံခြင်းအဆင့် မြင့်မားလာပြီး လူသားအသွင်ဆောင်နိုင်လျှင် ဆရာလေးလင်းက သူ၏စားစရိတ်ကို တတ်နိုင်ပါမည်လော။

အစားအသောက် ပို့ဆောင်သော လူငယ်နှစ်ယောက်က လေ့ကျင့်သား ဝနေသော လှုပ်ရှားမှုများဖြင့် အစားအသောက်သေတ္တာများကို ဂရုတစိုက် ကိုင်တွယ်ခဲ့ကြသည်။

သစ်သားဘောက်စ် တစ်ခုချင်းစီတွင် အစားအသောက်ကုမ္ပဏီမှ အမှတ်တံဆိပ် ဖြစ်သည့် 'ဟင်းရည်မဖိတ်ရ'ဟူသောတံဆိပ်ကို ကပ်ထားသည်။

ထိုအဓိပ္ပါယ်မှာ ၎င်းတို့ ပို့ဆောင်စဥ်အတွင်း ဟင်းရည်တစ်စက်မှ ဖိတ်စင်မည်မဟုတ်ကြောင်း အာမခံသည်ဟု အဓိပ္ပါယ်ရသည်။

အကယ်၍ ထိုသို့ဖြစ်လာလျှင် ၎င်းတို့က ဖောက်သည်ကို ဆယ်ဆကျော် လျော်ကြေးပေးလိမ့်မည် ဖြစ်၏။

ထို့ကြောင့်ကုမ္ပဏီ၏ အဓိကဆောင်ပုဒ်မှာ "ဟင်းရည်ဖိတ်သွားတာလား.. ငါတို့ဆယ်ဆပြန်လျော်ပေးမယ်" ဟူ၍ဖြစ်သည်။

ငွေရောင်လေးက အစားအသောက် မှာယူနေကျဖြစ်၍ ဤအစားအသောက် ပို့ဆောင်ရေးညီနောင်နှစ်ဦးနှင့် ကောင်းစွာရင်းနှီးနေပြီ ဖြစ်သည်။

ပစ္စည်းများကို ချပြီးနောက်တွင် ညီငယ်တစ်ဦးသည် ကုန်ကျစရိတ် စာရင်းကို ကမ်းပေးလိုက်သည်။

သူ့မျက်နှာတွင် အပြုံးပန်းများ ဖုံးလွှမ်းနေသည်။

"မင်္ဂလာပါ မစ္စတာငွေရောင်.. ဟင်းရည်မဖိတ်ရ ကုမ္ပဏီရဲ့ဝန်ဆောင်မှုကို အသုံးပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်.. သင့်ရဲ့အမှာတွေကို စစ်ဆေးပေးပါဦး.."

ဝိညာဥ်ကြက်စွပ်ပြုတ်ဟင်းပွဲ ၁၀၀

ဖက်ထုပ်ဟင်းချို အပွဲ ၂၀၀

ရေဘဝဲ အကောင် ၁၀၀၀

ချဥ်စပ်ခေါက်ဆွဲ အပွဲ ၁၀၀

ထန်ရှန်းရဲ့ အကောင်းဆုံး ဘဲဟင်းရည်ပွဲ ၅၀၀

အသီးအနှံ ပွဲ၁၀၀

ပင်လယ်ဘုရင် ပင်လယ်စာ ၁တန်

အစားအသောက်တွေ အားလုံးက ပူပူနွေးနွေးပဲ.. မစ္စတာငွေရောင်.. မစ္စတာငွေရောင် စားသောက်ပြီးတဲ့ အခါကျရ င် ဒီသစ်သားသေတ္တာတွေနဲ့ အမှိုက်တွေကို အပေါက်ဝမှာပဲ ထားထားပေးပါ.. တစ်ယောက်ယောက်ကို လွှတ်ပြီး လာယူခိုင်းလိုက်ပါမယ်"

"ကျေးဇူးတင်ပါတယ်"

ငွေရောင်လေးက ပြုံး၍ ပြန်ဖြေလိုက်သည်။

"သွားပြီ.. မနက်ဖြန်တွေ့ကြမယ်"

ညီနောင်နှစ်ယောက်က ကားပေါ်မတက်မီ ဦးညွှတ်လိုက်ကြသည်။

ထို့နောက်တွင် ငွေရောင်လေးက လက်ကို တစ်ချက်ဝှေ့ရမ်းလိုက်ပြီး သေတ္တာဆယ်လုံးကို သူ၏သိုလှောင်ခန်းထဲသို့ ထည့်လိုက်သည်။

ငွေရောင်လေးက ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။

"မင်းဒီအတိုင်း အများကြီး စားနေမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်မှာ မဟုတ်ဘူး"

"ငါ့ရဲ့ အဓိကဦးစားပေးက ဗိုက်ပြည့်ဖို့ပဲ.. အာဟာရကို ငါကဂရုမစိုက်ဘူး.. ဆရာလေးလင်းရဲ့ခေါက်ဆွဲကြွပ်ကြော် အပြင် တခြားသော အဆာခံဆေးတွေကလည်း ငါ့ကို ကူညီမပေးနိုင်ဘူး.. ငါအဲဒါတွေကို စားပြီးရင် ပိုတောင် ဗိုက်ဆာလာတယ်.. ဒါကြောင့် ငါ့အနေနဲ့ အဆာခံဆေးတွေကိုပဲ စားနေလို့ မဖြစ်ဘူးလေ"

ထိုစကားကို ထွင်ထျန်းဟာ မငြင်းနိုင်ပေ။

အားလုံးခြုံငုံ၍ ပြောရလျှင် ငွေရောင်လေးသည် သူတော်စင်သားရဲတစ်ကောင် ဖြစ်ပြီး သူတော်စင်သားရဲ နှလုံးသားနှင့် သူတော်စင်သားရဲသွေး ပါရှိသည်။

သူတော်စင်သားရဲ နှလုံးသားနှင့် သူတော်စင်သားရဲသွေးတို့သည် ပြင်းထန်သော ဒဏ်ရာများကို အရှင်း သက်သာပျောက်ကင်းစေနိုင်သည့် သဘာဝမှ ပေးအပ်သော လက်ဆောင်များ ဖြစ်သည်။

ထို့ကြောင့် သူတော်စင်သားရဲများသည် ဆေးဝါးများကို အလွန်ခံနိုင်ရည် ရှိနေ၏။

ထို့ကြောင့် အဆာခံဆေးများက ငွေရောင်လေး၏ အစာအိမ်ကို သက်ရောက်မှုမရှိခြင်း ဖြစ်သည်။

ထိုအရာများကို စားသည်က သူ၏ခွန်အားကို တိုးတက်လာစေမည် မဟုတ်သလို ဗိုက်ပြည့်စေမည်လည်း မဟုတ်သောကြောင့် ငွေရောင်လေးအနေဖြင့် အစားအသောက် မှာစားရန်သာ ကျန်ရှိတော့သည်။

ဤမျှ များပြားသော အစားအသောက်များကို မှာထားသော်လည်း ငွေရောင်လေးက ပုံမှန်ပမာဏထက် တစ်ဝက်သာရှိသည်ဟု ပြောသည်ကို ကြားလျှင် ထွင်ထျန်းဟာက အလွန်အံ့အားသင့်ခဲ့ရသည်။

"သူတော်စင် သားရဲတွေက အစားကောင်းကောင်း စားချင်စိတ်မရှိဘူးလို့ ငါထင်ခဲ့တယ်"

"ဘာလို့ အစားကောင်းကောင်း စားချင်စိတ် မရှိရမှာလဲ.. ကျင့်ကြံဖို့အတွက် ဖြည့်စွက် အစားအစာတွေတော့ စားရမှာပဲလေ.. ကျန်းမာရေးကို ခေါင်းစဥ်တပ်ပြီး အစာရှောင်ခြင်းကို ပြုလုပ်နေကြတဲ့ ကျင့်ကြံသူတွေက ငမိုက်သားတွေပဲ"

ထွင်ထျန်းဟာ "..........''

ငွေရောင်လေးက အများအပြား မှာထားသော်လည်း စားနှုန်းက အလွန်ပင်မြန်ဆန်သည်။

ထွင်ထျန်းဟာက ငွေရောင်လေးလို ပါးဖြဲနားဖြဲ စားသောက်၍ မရပေ။

အဆုံးသတ်တွင် သူ၏ လက်ရှိခန္ဓာကိုယ်သည် သေဆုံးသွားသည့် ရောဂျော်ခွေးတစ်ကောင်၏ ခန္ဓာကိုယ်သာ ဖြစ်သည်။

ရောဂျော်ခွေးများသည် ဝိညာဥ်သားရဲများ မဟုတ်ပေ။

ဤသို့ဆိုလျှင် ထွင်ထျန်းဟာက အဘယ်ကြောင့် ကျင့်ကြံနိုင်စွမ်း ရှိနေသနည်း။

အကြောင်းအရင်းမှာ နတ်ဆိုးဘုရင်ဖြစ်သည့် သူ၏ မူလဝိညာဥ်ကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ဒုတိယတန်းစား ဝိညာဥ်သားရဲ အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းအရင်းမှာ ဆရာလေးလင်းက နတ်ဆိုးဘုရင်၏ နှလုံးသားကျမ်းကို မွမ်းမံပေးခဲ့သောကြောင့်ဖြစ်သည်။

ငွေရောင်လေးက အလွန်ပင် မြန်ဆန်သည်။

နာရီဝက်ခန့် အကြာတွင်ပင် သေတ္တာတစ်ဝက်ခန့်က အလွတ်နီးပါး ဖြစ်သွားခဲ့သည်။

"မြန်မြန်စားတာက အစာကြေမှာမဟုတ်ဘူး.. မင်းဝလာဖို့လည်း ပိုလွယ်တယ်"

ထွင်ထျန်းဟာက ရေဘဝဲကို ပါးစပ်ထဲထည့်ကာ ​ဖြည်းညင်းစွာဝါးလိုက်သည်။

"စိတ်မပူပါနဲ့.. ငါက ဘယ်လောက်စားစား ကိုယ်အလေးချိန်တက်မှာမဟုတ်ဘူး"

ထွင်ထျန်းဟာ " .........."

ထိုစကားက အမုန်းပွားစေမည့် စကားလုံးများဖြစ်သည်။

ငွေရောင်လေးက နေ့လည်စာအတွက် အစားအသောက်အများအပြား မှာထားသော်လည်း အားလုံးပြီးအောင် စားသောက်ရန် အချိန်တစ်နာရီမျှသာ ကြာခဲ့သည်။

ထို့နောက်တွင် ငွေရောင်လေးသည် ဆိုဖာပေါ်တွင် လဲလျောင်းကာ အေးအေးဆေးဆေး ဇိမ်ယူနေခဲ့သည်။

ထွင်ထျန်းဟာက ဘာမှမစားရသေး သကဲ့သို့ ယခင်အတိုင်းပြားချပ်ချပ်ဖြစ်နေသော ငွေရောင်လေး၏ဗိုက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

သူတော်စင်သားရဲ၏ ဝမ်းဗိုက်ကို အဘယ်အရာဖြင့် ပြုလုပ်ထားပါသနည်း။

"ဘာလို့ ဒီနေ့ မင်းစားနေကျရဲ့ တစ်ဝက်ပဲ စားရတာလဲ"

ငွေရောင်လေး ခေါင်းညိမ့်ပြလိုက်သည်။

''ဘာမှမဟုတ်ပါဘူး.. ငါဒီအတိုင်း တစ်ဝက်ပဲ မှာလိုက်တာ.. ဒီထဲကနေ ငါမင်းကို ကျွေးလိုက်သေးတယ် ဆိုတော့ တစ်ဝက်တောင် မပြည့်ဘူးလို့ ပြောရမယ်"

ထွင်ထျန်းဟာ "..........."

"လခွမ်း"

ထို့နောက် ငွေရောင်လေးက မေးခွန်းထုတ်လိုက်သည်။

"ဒါနဲ့ဒီနေ့ မင်းငါ့ကို ဘာဖြစ်လို့လာရှာတာလဲ"

ထွင်ထျန်းဟာက ဝေ့ကျစ်ထံမှ လက်ဆောင်ရရှိလာသော အရိုးဘုရင်ကို ထုတ်ယူလိုက်သည်။

ဝေ့ကျစ်က အရိုးဘုရင်ကို ဒုဥက္ကဌထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ထွင်ထျန်းဟာကို ပေးသောအခါတွင် ထိုအရိုးမှ သူတော်စင်သားရဲသွေးအနံ့ကို ထွင်ထျန်းဟာက ရရှိခဲ့သည်။

ထို့ကြောင့် ထွင်ထျန်းဟာက အရိုး၏ဇစ်မြစ်ကို ရှာဖွေရာတွင် ငွေရောင်လေး၏ အကူအညီကို ရယူရန်အတွက် ဤနေရာသို့ရောက်လာခြင်း ဖြစ်သည်။

"ဒါက.. "

ထိုအရိုးကို မြင်သောအခါ ငွေရောင်လေးက တံတွေးမမြိုချဘဲမနေနိုင်တော့ချေ။

"ကြည့်ရတာ အရမ်းကိုအရသာရှိမယ့်ပုံပဲ.. ဟင်းချက်စားချင်လိုက်တာ"

ထွင်ထျန်းဟာ ".........."

"ဒီငမိုက်သားကို မကယ်တင်နိုင်တော့ဘူးလား"

All Chapters