← Chapters

ဆရာမဖန်သည် ဆရာမဖန်သာဖြစ်သည်

Vol. 36 Ch. 536

ဆရာမဖန်သည် ဆရာမဖန်သာဖြစ်သည်

Vol. 36 Ch. 536

ထွင်ထျန်းဟာက ဝိညာဥ်သားရဲများ၏ တိုက်ပွဲဆိုင်ရာအချက်အလက်ကို မြင်ပြီးပြီ ဖြစ်သည်။

ထို့ပြင် သူ့ကို အကဲဖြတ်ရေးစင်တာက တတိယတန်းစားဝိညာဉ်သားရဲ အဖြစ် သတ်မှတ်ခဲ့သည်။

အိမ်မွေးတိရိစ္ဆာန် ဝိညာဥ်တိုက်ပွဲတွင် ဆရာလေးလင်း ပါဝင်ရခြင်းမှာ စစ်မှန်သော တိုက်ပွဲကသာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အချင်းချင်း လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်ခြင်းကြောင့် ဖြစ်သည်။

ပြိုင်ပွဲနှင့် ပတ်သက်သည့် ယခင်အချက်အလက်များ အရ ထွင်ထျန်းဟာသည် ထိုအချိန်က တတိယတန်းစား ဝိညာဥ်သားရဲထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။

သူနှင့်ပြိုင်ဘက်ဖြစ်သည့် ဝိညာဥ်သားရဲများ အားလုံးတွင် သူ၏ အကြီးမားဆုံး ပြိုင်ဘက်မှာ အလူမီနီယမ်ငါးလေးဟုခေါ်သော ကုန်းငါးမန်း ဖြစ်သည်။

ဤသားရဲမှာ မှီခိုရာအထက်တန်းကျောင်းမှ သစ်ပင်မိသားစုညီအစ်ကိုသုံးယောက် အနက်မှ တစ်ဦးဖြစ်သည့် အလူမီနီယမ်သစ်ပင်၏ ဝိညာဉ်သားရဲ ဖြစ်သည်။

ထိုသားရဲ၏ စွမ်းအားသည် တတိယတန်းစား အထွဋ်အထိပ်အဆင့်ဖြစ်ပြီး ပြင်းထန်စွာ ထိုးစစ်ဆင်နိုင်ပြီ ဖြစ်သည်။

၎င်းက ကုန်းရေနှစ်သွယ် ကျင်လည်လှုပ်ရှားနိုင်ပြီး မတူကွဲပြားသော ပတ်ဝန်းကျင်တွင် တိုက်ခိုက်နိုင်သည်။

ထိုအချိန်က တစ်ဖက်သားအား မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို ထွင်ထျန်းဟာ တွေးတောနေခဲ့သည်။

ယခုအခါတွင် ထိုအတွေးများ အားလုံးကို လွှတ်ချနိုင်ပြီ ဖြစ်သည်။

သားရဲအဆင့် သတ်မှတ်ပြီး တစ်ပတ်အကြာမှာပင် ငွေရောင်လေး၏ သူတော်စင်သားရဲသွေးထဲတွင် စိမ်ခဲ့ပြီးနောက် ဒုတိယတန်းစား ဝိညာဥ်သားရဲ အဖြစ်သို့ ရုတ်တရက် အဆင့်တက်သွားလိမ့်မည်ဟု မည်သူက ထင်မိပါမည်နည်း။

အရိုးဘုရင်ကို သန့်စင်ခြင်း လုပ်ငန်းစဥ်သည် ရေရှည်အတွက်လိုအပ်သော လုပ်ငန်းစဉ် ဖြစ်သည်။

ဤသည်မှာ သူတော်စင်သားရဲ၏အရိုးဖြစ်သည့်အပြင် သူတော်စင်သားရဲဘုရင်၏ အရိုးလည်း ဖြစ်သည်။

ထို့ကြောင့် စိတ်ကြိုက်ဖန်တီးနိုင်စွမ်း ရှိသည့် ဖက်တီးလောကဲ့သို့ ပန်းပဲပညာရှင် တစ်ယောက်ကို လိုအပ်နေ၏။

ဇူလိုင်လ၁၇ရက် တနင်္လာနေ့သည် စာသင်နှစ်၏ ဆယ့်သုံးပတ်မြောက် ဖြစ်သည်။

ဆရာမဖန်က စာမေးပွဲများကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျောင်းသို့ ပထမဦးဆုံး ရောက်ရှိလာလေ့ရှိသည်။

ထို့နောက် အခန်းထဲတွင် ဗုဒ္ဓရုပ်ပွားတော်ကဲ့သို့ မိန့်မိန့်ကြီး စောင့်ကြပ်နေလေသည်။

ကော်ဟောက်၏ ဖော်ပြချက်အရ ဆရာမဖန်၏ ဖင်သည် ကုလားထိုင်တွင် သံပူနှင့် ကပ်ထားသကဲ့သို့ ဖြစ်နေသည်။

သူမ၏ လက်များနှင့် မျက်လုံးများအပြင် ကျန်တစ်ကိုယ်လုံးမှာ ကျောက်တုံးများကဲ့သို့ ဖြစ်နေ၏။

ဆရာမဖန်က အတန်းထဲတွင် စောင့်ကြည့်နေသဖြင့် မည်သူမှ မလှုပ်ရှားဝံ့သလို အသံပင် မထွက်ရဲကြပေ။

ယခင်ကဆိုလျှင် ကော်ဟောက်နှင့် ချန်းချောင်တို့၏ လွှမ်းမိုးမှုဖြင့် အတန်းက အမြဲလိုလို ဆူညံနေလေ့ ရှိသည်။

ဆန့်ကျင်ဘက်အားဖြင့် ယခုအချိန်တွင် အလုံးစုံ တိတ်ဆိတ်နေသည်။

တကယ်တမ်းတွင်မူ ကော်ဟောက်နှင့် ချန်းချောင်တို့က အငြိမ်မနေဘဲ ဆဲလ်ဖုန်းကို အသုံးပြု၍ စကားပြောနေကြသည်ကို ဝမ်လင်း မြင်လိုက်ရသည်။

ချန်းချောင်က သူ့ဖုန်းကို စာအုပ်အောက်တွင် ဖွက်ထားပြီး စာရိုက်နေသည်။

ထွင်ထျန်းဟာက ပို၍ပင် အထာကျသည်။

သူက ထူထဲသော အဘိဓာန်စာအုပ်ကို ဝယ်ပြီး ဖုန်းတစ်လုံးထည့်လောက်ရုံ အပေါက်ကို စာအုပ်၏ အလယ်တွင်ဖောက်ကာ သူ့ဖုန်းကို ထည့်ထားလိုက်သည်။

ဝမ်လင်း ".........."

ချန်းချောင် နှင့် ကော်ဟောက်တို့က သီးသန့်ချက်တင် ဝင်းဒိုးမှ စိတ်ပါလက်ပါ စကားပြောနေကြသည်။

ဝမ်လင်းက မပါဝင်ခဲ့သော်လည်း ကော်ဟောက်က သူ့ဘေးတွင် ထိုင်နေသောကြောင့် မျက်လုံးထောင့်မှ ခိုးကြည့်နေခဲ့သည်။

ဤချက်ဂရုမှာ ကော်ဟောက် ဖန်တီးထားသော ချက်ဂရု ဖြစ်သည်။

ချက်ဂရုထဲမှ လူအများစုသည် သူတို့အတန်းထဲမှ လူများ ဖြစ်သည်။

ချန်းချောင် "ဝမ်လင်းရော.. ဘယ်လိုလဲ.. မင်းသူ့ကိုမဖိတ်ဘူးလား"

ကော်ဟောက် "သူက ငါ့ဘေးမှာ အင်္ဂလိပ်စာတွေကို အလွတ်ကျက်နေတယ်.. ဒါကြောင့် သူက ချက်ဂရုကို ဝင်မကြည့်ဘူးလို့တော့ မထင်နဲ့.. သူက ပါးနပ်တဲ့သူဆိုတော့ မျက်လုံးထောင့်ကနေ ငါ့ကို ခိုးကြောင်ခိုးဝှက် စောင့်ကြည့်နေတယ်"

ဝမ်လင်း ".........."

ချန်းချောင် သက်ပြင်းချလိုက်သည်။

"အတန်းဖော်စွန်းရုံရော.. ဘယ်လိုလဲ.. မင်းသူ့ကိုမဖိတ်ဘူးလား"

ကော်ဟောက် ခေါင်းခါလိုက်သည်။

''ဒီဂရုမှာက ယောက်ျားလေးတွေပဲ စုဝေးနေတာလေ.. ငါသူ့ကိုဖိတ်မှာမဟုတ်ဘူး"

ထိုအချိန်တွင် မြေပဲလေးက မက်ဆေ့ချ်တစ်စောင် ပေးပို့လိုက်သည်။

"မင်းတို့နှစ်ယောက်စလုံး သတိထားဦး.. ဆရာမဖန်က မင်းတို့ကို သတိပြုမိတော့မယ်လို့ ငါထင်နေတယ်"

ချန်းချောင် ''မြေပဲလေး.. မင်းက အရမ်းကြောက်တတ်တာပဲ.. စိတ်မပူပါနဲ့.. ဆရာမဖန် စတိတ်စင်ပေါ်က ဆင်းလာတာနဲ့ ငါကဖုန်းကို နှစ်စက္ကန့်အတွင်း ဖွက်ပြီးသားပဲ.. ငါဒါကို အိမ်မှာ အထူးလေ့ကျင့်ထားပြီးပြီ"

မြေပဲလေး ".........."

ကော်ဟောက် "..........."

ယင်းအချိန်တွင် ချန်းချောင်က မေးခွန်းထုတ်လိုက်သည်။

''မင်းတို့တွေရော မင်းတို့ဖုန်းတွေကို ဘယ်လိုဝှက်ထားကြလဲ"

ကော်ဟောက် "ဟားဟား.. ဒီသခင်ကြီးရဲ့ နည်းကတော့ အပြစ်ရှာလို့မရတဲ့ နည်းလမ်းပဲ.. ငါက အဘိဓာန်စာအုပ်မှာအပေါက်တစ်ပေါက် ဖောက်ပြီး ဖုန်းကို အဲဒီထဲ ထည့်ထားလိုက်တယ်"

ချန်းချောင်က ကူကယ်ရာမဲ့စွာဖြင့် လက်မထောင်လိုက်သည်။

''မင်းရဲ့အကြံက အရမ်းမိုက်တယ်"

ကော်ဟောက် "အတန်းဖော်စွန်းရုံက သူ့ဖုန်းကို ဘယ်မှာဝှက်ထားမလဲလို့ ငါတွေးမိတယ်"

"သူ့အဖေက ကျောင်းဘုတ်အဖွဲ့ ဒါရိုက်တာလေ.. ဆရာမဖန်ကအရေးယူမှာ မဟုတ်ဘူး"

မြေပဲလေးက ပြန်ဖြေလိုက်သည်။

ချန်းချောင်နှင့်ကော်ဟောက် "မျက်နှာကြီးရာ ဟင်းဖက်ပါတဲ့ လူ့အဖွဲ့အစည်းပါလား"

"မင်းတို့သိလား.. အထက်တန်း ဝင်ခွင့်စာမေးပွဲအတွက် အတန်းဖော်စွန်းရုံ ရေးခဲ့တဲ့ စာစီစာကုံးကို ပြခန်းမှာ ဘောင်ခတ်ပြီး သိမ်းထားတယ်.. ဘာကြောင့်လဲဆိုတော့ စွန်းရုံရဲ့ဖခင်က ဟွာကောရေတံခွန်အုပ်စုရဲ့ ဥက္ကဌ မို့လို့ပဲ.. သူကနိုင်ငံတကာ အချမ်းသာဆုံး ထိပ်တန်းပုဂ္ဂိုလ် အယောက်တစ်ရာမှာ ပါဝင်တယ်''

မြေပဲလေးက စွန်းရုံအကြောင်းကို အတင်းပြောလိုက်သည်။

မြေပဲလေးက သူ့ဖုန်းကို တိတ်တဆိတ် ထုတ်ယူပြီး စားပွဲအောက်ကနေ စာရိုက်နေခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် သူက အတန်းချိန်အတွင်း ဖုန်းသုံးလေ့မရှိပေ။

သူက အတန်းတာဝန်ခံဖြစ်၍ စံနမူနာပြ ဖြစ်ရမည်မဟုတ်လော။

ယနေ့ သူဖုန်းသုံးရသည့်အကြောင်းအရင်းမှာ ဆရာမဖန် အနီးတဝိုက်ရှိ လေထုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ မူမမှန်သည်ကိုသတိထားမိသောကြောင့် ကော်ဟောက်နှင့် သူငယ်ချင်းများကို သတိပေးရန်အတွက် ဖြစ်သည်။

မြေပဲလေး "မင်းတို့နှစ်ယောက်ရပ်သင့်ပြီ.. ဆရာမဖန်က မင်းတို့ကို သတိထားမိတော့မယ်လို့ ငါထင်တယ်.. ဖုန်းကို မြန်မြန်ပိတ်လိုက်ပါ.. ငါတော့ကြောက်လို့ ဖုန်းပိတ်လိုက်ပြီ"

မြေပဲလေးက တကယ်ပဲ သူ့ဖုန်းကို ပိတ်လိုက်သည်။

ချန်းချောင်က ရယ်မောလိုက်၏။

''စုရှောင်က တကယ်ကြောက်တတ်တဲ့ ကြောင်ကလေးပဲ"

ကော်ဟောက် "ဟဟ.. ဒီကောင်က တကယ့်ငကြောက်ပဲ''

သူတို့နှစ်ယောက် စာရိုက်နေစဥ်မှာပင် စာသင်ခန်းထဲရှိ လေထုက ရုတ်တရက် အေးစက်သွားခဲ့သည်။

စက္ကန့်ပိုင်းလေး အတွင်းမှာပင် လူတိုင်းက အေးစက်စက်ချွေးများ ခန္ဓာကိုယ်တွင် စီးကျလာသလို ခံစားလိုက်ရသည်။

ဆရာမဖန်က ဆရာမဖန်ဟုသာ ဆိုနိုင်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ရှေ့ဆောင်ဆရာမတစ်ဦးအနေဖြင့် သူမက အလွန်မျက်စိလျင်သည်။

ဆရာမဖန်က ချက်ချင်းပင် မှော်စွမ်းအားဖြင့် စာသင်ခန်းရှိ ကလန့်ကာများကို ပိတ်လိုက်သည်။

ထို့အပြင် စာသင်ခန်းမီးများကိုပါ ပိတ်လိုက်သည်။

ဤအရာများကို သူမက ချောချောမွေ့မွေ့ ပြုလုပ်ခဲ့ပြီး လုပ်ငန်းစဥ် တစ်ခုလုံးမှာ စက္ကန့်ဝက်မျှပင် မကြာချေ။

ဆရာမဖန် အဘယ်ကြောင့် ထိုမျှမြန်ဆန်ရသနည်း ဆိုလျှင် ယခင်က အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

သူမက ကျောင်းသားများ၏ လှည့်ကွက်များကို ကြိမ်ဖန်များစွာ ဖော်ထုတ်ပြီးနောက်တွင် ပြီးပြည့်စုံသော နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။

သူမက မီးများပိတ်လိုက်သည်နှင့် စာသင်ခန်း တစ်ခုလုံးကချက်ချင်း အမှောင်ထဲသို့ ရောက်ရှိသွားပြီး ကော်ဟောက်နှင့်ချန်းချောင်တို့၏ ဆဲလ်ဖုန်းစခရင်များမှ ဖုန်းအလင်းရောင်က ထင်ရှားစွာ ထွက်ပေါ်နေခဲ့သည်။

ဖုန်းအလင်းရောင်က အလွန် တောက်ပနေရုံသာမက ကော်ဟောက် နှင့် ချန်းချောင်တို့၏ မျက်နှာများကိုပါ ကြည်လင်ပြတ်သားစွာ လင်းထိန်စေခဲ့သည်။

ထို့နောက် ဆရာမဖန်က သူတို့ကို ကြိမ်းမောင်းလိုက်သည်။

"မျက်နှာလင်းနေတဲ့ ဟိုနှစ်ကောင် ငါ့ရုံးခန်းကို အခုချက်ချင်းလာခဲ့.. မင်းတို့မျက်နှာတွေ တောက်ပနေတာက အပ်စိုက်ကုထုံးကို အသုံးပြုထားတာကြောင့်လို့တော့ ငါ့ကို ဆင်ခြေပေးဖို့ မကြိုးစားနဲ့"

ကော်ဟောက်နှင့်ချန်းချောင် ".........."

All Chapters