← Chapters

ကော်ဟောက်၏ ဦးလေးဝေ့

Vol. 36 Ch. 537

ကော်ဟောက်၏ ဦးလေးဝေ့

Vol. 36 Ch. 537

တာဝန်ခံ ဆရာ/မ တိုင်းနီးပါးသည် ကျောင်းသားများ၏ နှုတ်ဖြင့် မထီမဲ့မြင်ပြု ခံရခြင်း ကံကြမ္မာကို မလွတ်မြောက်နိုင်ကြပေ။

အမှတ်၆၀ အထက်တန်းကျောင်းတွင် နှစ်ပေါင်းများစွာ သင်ကြားခဲ့သည့် ဆရာမဖန်လည်း ခြွင်းချက်မဟုတ်ပေ။

သင်ကြားမှုစွမ်းရည်အရ ဆိုလျှင် ဆရာမဖန်ထက် သာလွန်သော ဆရာများစွာ ရှိခဲ့သည်။

သို့သော် အမှန်တကယ်တွင် သင်ကြားရေးစွမ်းရည်သည် ဆရာများအတွက် အရာအားလုံး မဟုတ်ပေ။

သို့မဟုတ်လျှင် ဆရာမဖန်က အဘယ်ကြောင့် အမှတ် ၆၀ အထက်တန်းကျောင်း၏ သင်ကြားရေး ရှေ့ဆောင် ဆရာတစ်ဦး အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်နိုင်ပါသနည်း။

ကျောင်းအုပ်ကြီးချမ်းက ငတုံး မဟုတ်၍ တာဝန်ခံ ဆရာတစ်ဦးအတွက် သင်ကြားနိုင်စွမ်း ရှိရုံမျှဖြင့် အသုံးမဝင်ကြောင်း ကောင်းစွာ သိထားခဲ့သည်။

အထက်တန်း ကျောင်းသားများတွင် ဆရာများကို ကလန်ကဆန်လုပ်သော ကာလများလည်း ရှိသည်။

ထိုအခြေအနေတွင် ကျောင်းသား အများအပြားသည် စိတ်လွတ်သွားတတ်ကြသည်။

အကယ်၍ သင်သာ ဤအဆင့်တွင် မှန်ကန်သော စိတ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုကို မရရှိခဲ့လျှင် ၎င်းက သင့်ဘဝ၏ နောက်ပိုင်းတွင် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပေသည်။

ကလန်ကဆန်လုပ်သော ကလေးများကို ဂရုတစိုက် ပြသရန် လိုအပ်ပြီး မှန်ကန်သော အမြင်သုံးပါး ရှိလာအောင် ကူညီပေးရမည် ဖြစ်သည်။

ဤအချက်ကို ကျောင်းအုပ်ကြီးချမ်းက နှစ်စဉ်ပြုလုပ်သည့် ကျောင်းအထွေထွေ အစည်းအဝေးပွဲတွင် အလေးပေး ဖော်ပြခဲ့သည်။

ထို့ကြောင့် သင်ကြားရေးစွမ်းရည်သည် အရေးကြီးသော်လည်း ကျောင်းမှ နှစ်စဉ် တာဝန်ခံဆရာများ ခေါ်ယူရာတွင် အဓိကစံနှုန်းမဟုတ်ပေ။

သို့သော်လည်း ဆရာမဖန်ကို သဘောမကျသည့် ကျောင်းသားတချို့လည်း ရှိခဲ့သည်။

သူမက ထိုကျောင်းသားများကို အရေးယူလိုက်တိုင်းတွင် အွန်လိုင်း၌ အမည်မသိ ပို့စ်များ တက်လာလိမ့်မည် ဖြစ်၏။

တကယ်တမ်းတွင် ထိုကဲ့သို့ ပို့စ်များက နှစ်တိုင်းလိုလို အနည်းငယ် ပေါ်လာတတ်သည်။

သို့သော်လည်း နည်းပါးလွန်းသည်ဟူ၍ လျစ်လျူရှု၍ မရပေ။

ဆရာမဖန် တစ်ယောက် အမှတ်၆၀ အထက်တန်းကျောင်းတွင် အလုပ်ဝင်ခဲ့သည်မှာ မည်မျှ ကြာညောင်းခဲ့သနည်း ဆိုလျှင် သူမ နှင့် ပတ်သက်သော ပို့စ်များကပင် စိတ်ဝင်စားစရာကောင်းလှသည်။

အများအားဖြင့် ကျောင်းသား အများစုသည် ကျောင်းရှိ ဆရာဆရာမများနှင့် ပတ်သက်သည့် သတင်းများကို အင်တာနက်တွင် ရှာဖွေရသည်ကို နှစ်သက်ကြသည်၊

အင်တာနက်ပေါ်တွင် ဆရာမဖန်၏ ကြမ်းတမ်းသော ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ပို့စ်များစွာ ရှိ၏။

ထို့ကြောင့် ဆရာမဖန်နှင့် ပတ်သက်၍ ဝေဖန်ထားသည့်ပို့စ်များမှာ အမှန်တရားကို ဖြစ်ပုံရသည်။

ထို့ကြောင့် စာသင်နှစ်အစတွင် လူများစွာသည် ဆရာမဖန်နှင့်ပတ်သက်၍ အမှန်တကယ် ခံစားချက် မကောင်းခဲ့ကြပေ။

အထူးသဖြင့် စည်းကမ်း တင်းကျပ်လွန်းသည်ဟု သူတို့ထင်ခဲ့ကြသည်။

သို့သော် "ရွှေကုံးဂိုဏ်း"၏ ဖြစ်ရပ်နောက်ပိုင်းတွင် ဆရာမဖန်အပေါ် လူတိုင်း၏ အထင်အမြင်မှာ အလွန် ကောင်းမွန်လာခဲ့သည်။

ယခုအခါတွင် သူမက အွန်လိုင်း အတင်းအဖျင်းများလောက် မဆိုးရွားဘဲ ကျောင်းသားများအပေါ် ဂရုစိုက်တတ်သူဖြစ်ကြောင်း လူအများက သိရှိလာကြသည်။

သေချာစဉ်းစားကြည့်လျှင် ဆရာမဖန် အကြောင်း အွန်လိုင်းမှာ ဆိုးဆိုးရွားရွား ရှုံချသည့် အွန်လိုင်းပို့စ်များ အားလုံးသည် အမည်မသိ ပို့စ်များသာ ဖြစ်သည်။

အကယ်၍သာ အရာအားလုံးက လုံးဝမှန်ကန်ပြီး ဆရာမဖန်ကို အရိုးထိအောင် မုန်းတီးနေခဲ့လျှင် ၎င်းတို့၏ အမည်ရင်းဖြင့် သူမကို ရှုံ့ချခြင်းက ပိုမိုကောင်းမွန်မည် မဟုတ်ပါလား။

သို့သော် နှစ်ပေါင်းများစွာ စာသင်ကြားလာပြီးနောက်တွင်ဆရာမဖန်သည် ချဲ့ကားပြောဆိုသော ပို့စ်များကို ထမင်းစားရေသောက်သလိုသာ သဘောထားခဲ့ပြီး ဂရုမစိုက်တော့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

လတ်တလောက စာမေးပွဲကာလ ဖြစ်သောကြောင့် ဆရာမဖန်က ကော်ဟောက်နှင့် ချန်းချောင်ကို ၎င်းတို့၏ မိဘများဆီ မတိုင်ကြားတော့ဘဲ နှုတ်ဖြင့်သာ သတိပေးခဲ့သည်။

ထို့နောက် သူမက ၎င်းတို့၏ ဆဲလ်ဖုန်းများကို သိမ်းသွားခဲ့သည်။

တစ်ချက်မှာ မိဘများကို ဖုန်းဆက်ခေါ်လျှင် စာမေးပွဲအပေါ် သူတို့၏ သဘောထား ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ သူမ၏ သင်ကြားရေး လှည့်ကွက်တွေထဲက တစ်ခုဖြစ်သည်။

ကျောင်းသားများက သူတို့၏ မိဘကို ဖုန်းဆက်လေ့ရှိကြ၏။

အကယ်၍ တစ်နေ့တွင် ရုတ်တရက် ဖုန်းမခေါ်ဆိုတော့လျှင်..

ဤသည်က ဆရာမဖန်တစ်ယောက် သူမ၏ မေတ္တာတရားကြီးမားပုံကို ကျောင်းသားများ ခံစားမိစေရန် အတွက် လှည့်ကွက်သာ ဖြစ်သည်။

ဝမ်လင်းက သူ့အနေဖြင့် ​​ထိပ်တန်းငါးယောက် ထဲကို ဝင်ဖို့ ခက်ခဲသည်ဟု မထင်ခဲ့ပေ။

အဆုံးသတ်တွင် အတန်းထဲ၌ စုစုပေါင်း လူဆယ့်ငါးယောက်သာ ရှိသည်။

အရေးကြီးဆုံးအချက်မှာ Grade1 အခန်း3တွင် ပထမ နှင့် ဘိတ်ချီး နေရာကြား ကြီးကြီးမားမား ကွာဟမှု မရှိခြင်း ဖြစ်သည်။

အတန်းထဲရှိ လူတိုင်းသည် လက်ရွေးစင်များ ဖြစ်ကြသည်။

ထို့ကြောင့် အမှတ်ကောင်း မရလျှင်ပင် အခြားသူများထက် အမှားနည်းအောင် လုပ်ကြသည်။

…............

နေ့လည်ပိုင်း ကိုယ်တိုင် လေ့လာချိန်အတွင်း ကာယဆရာယဲ့ဟန်က ဝမ်လင်းကို အထူးတလည် လာရောက်ရှာဖွေခဲ့သည်။

တကယ်တမ်းတွင် ဝမ်လင်းက ​​မနက်ပိုင်း ကိုယ်တိုင် စာကျက်ချိန်ကတည်းက စာသင်ခန်းတံခါးဝ၌ ဆရာယဲ့၏ ရုပ်ပုံလွှာကို သတိပြုမိခဲ့သည်။

သို့သော် ဆရာယဲ့က အတန်းထဲကို မဝင်လာရဲခဲ့ပေ။

အကြောင်းမှာ ဆရာမဖန်၏ ပတ်ပတ်လည်ရှိ လေထုက ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။

ဆရာယဲ့ဟန်က အဘယ်အတွက် ရောက်လာသည်ကို ဝမ်လင်း အနည်းနှင့်အများ ခန့်မှန်းနိုင်ခဲ့သည်။

သူက ခရိုင်အားကစား တွေ့ဆုံပွဲများတွင် အပြောင်းအလဲများ ရှိနိုင်သည်ဟု ထင်မြင်မိသည်။

ဝမ်လင်းက စုစုပေါင်း ပွဲစဉ် ၃ ပွဲ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

၎င်းတို့မှာ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ၊ ဆေးဘောလုံးနှင့် စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ တိုက်ပွဲတို့ ဖြစ်သည်။

စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ တိုက်ပွဲသည် ဖျော်ဖြေရေးကို အသားပေးသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။

ဆရာယဲ့က ပြိုင်ပွဲ၏ အချိန်ဇယားကို လက်ထဲတွင် ကိုင်၍ တံခါးဝတွင် ရှိနေခဲ့သည်။

ထိုအချိန်ဇယားက ပြိုင်ပွဲမှ အဓိကပွဲစဥ် တစ်ခုစီ၏အချိန်ကို အသေးစိတ် ဖော်ပြထားခဲ့သည်။

သို့သော်လည်း ဆေးဘောလုံးနှင့် စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ၏ တိုက်ပွဲကိုမူ တစ်ချိန်တည်းတွင် ကျင်းပမည်ဖြစ်သည်။

အမှတ် 60 အထက်တန်းကျောင်းက ဤတစ်ကြိမ်တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ဝိညာဥ်သားရဲအဖြစ် ထွင်ထျန်းဟာကို အတည်ပြုထားပြီးပြီ ဖြစ်သည်။

ပြိုင်ပွဲစည်းမျဥ်းအရ စိတ်ဝိညာဥ်သားရဲကို အတည်ပြုပြီးလျှင် ပြောင်းလဲ၍ မရတော့ပေ။

သို့သော် ဝမ်လင်းက ဆေးဘောလုံးပွဲ၌ ပါဝင်နေသောကြောင့် ဆရာယဲ့ အနည်းငယ် ခေါင်းကိုက်သွားခဲ့သည်။

"ကျောင်းသားဝမ်လင်း.. မင်းအသိတွေထဲမှာ မင်းကိုယ်စား စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်ကို ထိန်းကျောင်းနိုင်တဲ့သူရှိလား"

စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်များ တိုက်ပွဲ၏ ရမှတ်က နည်းပါးလွန်းသောကြောင့် ဆရာယဲ့က ဝမ်လင်းကို ဆေးဘောလုံး ပြိုင်ပွဲအား စွန့်လွှတ်ခိုင်းမည် မဟုတ်ပေ။

ထို့ကြောင့် ပင်မပြိုင်ပွဲ၏ အခြေအနေကို မထိခိုက်စေရန်အတွက် ၎င်းတို့က ဝမ်လင်းနေရာကို အစားထိုးရန် ထွင်ထျန်းဟာကို ညွှန်ကြားမည့် တစ်စုံတစ်ဦးကိုသာ ရှာဖွေနိုင်မည်ဖြစ်သည်။

သို့မှသာ ပွဲနှစ်ခုစလုံးတွင် ရမှတ်များ ရယူနိုင်မည် ဖြစ်၏။

တကယ်တမ်း အဓိကပြဿနာမှာ အမှတ် ၆၀ အထက်တန်းကျောင်းတွင် အားကစားသမား အများအပြား မရှိခြင်းပင်။

ယခုအခါတွင် အမှတ် 60 အထက်တန်းကျောင်းကို ပုံမှန်အထက်တန်းကျောင်းမှ စုန့်ဟိုင်မြို့ရှိ အဓိကမြို့ပြအထက်တန်းကျောင်းသို့ တိုးမြှင့်ဆောင်ရွက်နေချိန် ဖြစ်၍ ယခုတစ်ကြိမ် ခရိုင်အားကစားပွဲတော်သည် အဆင့်သတ်မှတ်ချက် အတွက် များစွာ အရေးပါပေသည်။

တံခါးနားရှိ ဆရာယဲ့က ဝမ်လင်းကို ပြောနေသည့် စကားများအား အတန်းထဲမှ လူတိုင်းက ကြားလိုက်ရသည်။

ဆရာယဲ့၏ စကားကိုကြားလိုက်သည့် ကော်ဟောက်က အလွန်စိတ်လှုပ်ရှားသွားပြီး စာသင်ခန်းထဲကနေ တံခါးဝသို့ အမြန်ထွက်လာခဲ့သည်။

"ဆရာ.. စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်တိုက်ပွဲ အတွက် ဝမ်လင်း နေရာမှာ အစားထိုးဖို့လူကို ကျနော် ရှာပေးနိုင်တယ်"

"မင်း.. မင်းတကယ် လုပ်နိုင်ပါ့မလား"

ဆရာယဲ့က ကော်ဟောက်ကို မျက်လုံးပြူး၍ ကြည့်လိုက်သည်။

ချန်းချောင်ကလည်း စာသင်ခန်းထဲကနေ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

"ဆရာယဲ့.. ကော်ဟောက်အကြောင်းကို မသိသေးလို့ပါ.. ကော်ဟောက်က ကျိန်းသေရှာပေးနိုင်တယ်"

နယ်ပယ်တိုင်းတွင် ရှိသည့် ကော်ဟောက်၏ ဦးလေးများအကြောင်းကို အတန်းထဲတွင် မသိသူမရှိပေ။

ကော်ဟောက် "တကယ်တော့ ကျွန်တော့်ထက် အသက်သိပ်မကြီးတဲ့ ဦးလေးတစ်ယောက် ရှိတယ်.. သူက အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ တစ်ယောက်ပါ.. ဒီနယ်ပယ်မှာတော့ သူက ဆရာကြီးပဲ"

ဆရာယဲ့ ချွေးအနည်းငယ် ထွက်လာသည်။

"အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာလား.. သူ့ကို ဌားရင်ပိုက်ဆံအများကြီး ပေးချေရမှာလား.. ငါတို့မှာ ရန်ပုံငွေအများကြီး မရှိဘူး.. သူ့ကို ငှားဖို့ မဖြစ်နိုင်ဘူးထင်တယ်"

ကော်ဟောက်"သူ့ကို ပိုက်ဆံပေးစရာ မလိုဘူး..

သူ့နာမည်က ဝေ့လို့ခေါ်တယ်.. ထွင်ထျန်းဟာလည်း သူ့ကို သိတယ်.. သူတို့ အတော်လေး ရင်းနှီးတယ်လို့လည်း သိရတယ်"

ကော်ဟောက်က ဝေ့ကျစ်ကို အကြံပြုနေကြောင်း ဝမ်လင်း သိခဲ့သည်။

တကယ်တမ်း ကော်ဟောက်က ဘာမှ မပြောလျှင်ပင် ဝမ်လင်း၏ စိတ်ထဲကို ပထမဆုံးရောက်လာသည့်သူမှာ ဝေ့ကျစ်သာ ဖြစ်သည်။

ဆရာယဲ့ "မင်းမျိုးရိုးက ကော် မဟုတ်ဘူးလား.. ဘာလို့ မင်းဦးလေးရဲ့ မျိုးရိုးနာမည်က ဝေ့ ဖြစ်နေတာလဲ"

"ဦးလေးတိုင်းက မိဘတွေရဲ့ ညီတွေ ဖြစ်ရမယ်လို့ ဘယ်သူပြောလဲ.. ကျနော့်ဦးလေးတွေ အားလုံးမှာ မတူညီတဲ့ မျိုးရိုးအမည်တွေ ရှိတယ်.."

ဆရာယဲ့ ".............."

All Chapters