သူတော်စင်သားရဲများ၏ဘုရင်
Vol. 36 Ch. 538
"စိတ်ဝိညာဉ် အိမ်မွေးတိရစ္ဆာန်တိုက်ပွဲ"အတွက် ပါဝင်သူစာရင်းကို တတ်နိုင်သမျှ အမြန်ဆုံး အတည်ပြုရန် လိုအပ်သောကြောင့် ဆရာယဲ့က ကော်ဟောက်၏ အကြံပြုချက်ကို ကြားပြီးနောက် ချက်ချင်းပင် ဆဲလ်ဖုန်းကို ထုတ်ကာ ကော်ဟောက်အား ဝေ့ကျစ်ထံ ဖုန်းခေါ်ဆို၍ အတည်ပြုပေးရန် တောင်းဆိုခဲ့သည်။
ဝမ်လင်းအတွက်မူ ဘာပြဿနာမှမရှိပေ။
ဝေ့ကျစ်က သဘောတူသရွေ့ ဤကိစ္စက အခြေခံအားဖြင့် ပြေလည်သွားပြီ ဖြစ်သည်။
ဝေ့ကျစ် ဖုန်းကိုင်သည်နှင့် ကော်ဟောက်က အရာအားလုံးကို အကျဉ်းချုံး ပြောပြလိုက်သည်။
အဆုံးသတ်တွင် ဝေ့ကျစ်က အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
"တူလေး.. တကယ်ကြီးလား"
ဆရာယဲ့ နှင့် ဝမ်လင်းတို့က ဖုန်းထဲမှ ဝေ့ကျစ်၏ စိတ်လှုပ်ရှားသော ရေရွတ်သံကို အတိုင်းသား ကြားနေရသည်။
"ငါ သူနဲ့ စကားပြောပါရစေ"
ဆရာယဲ့က ကော်ဟောက် ထံမှ ဖုန်းကိုယူ၍ ပြုံးလိုက်သည်။
"မင်္ဂလာပါ.. မစ္စတာဝေ့လား.. ငါက ကျောင်းသားကော်ရဲ့ ကာယဆရာပါ.. ငါ့မျိုးရိုးနာမည်က ယဲ့.."
ဝေ့ကျစ်က အလွန်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ကော်ဟောက်ဆီက ကြားပြီးပါပြီ.. ဆရာယဲ့က ဒီကိစ္စအတွက် လူရှာနေတာ ဆိုရင်တော့ မှန်ကန်တဲ့လူကို ရှာတွေ့ပြီလို့သာ မှတ်လိုက်တော့"
ဆရာယဲ့က ခေါင်းညိတ်လိုက်သည်။
"မင်းက တကယ်ပဲ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာလား"
ဝေ့ကျစ်က ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်.. ငါက အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာတစ်ယောက်ပါ"
စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ၏ တိုက်ပွဲတွင် စိတ်ဝိညာဥ်သားရဲက အဓိကကျသော်လည်း နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ရာတွင် သားရဲထိန်းကျောင်းသူသည် သော့ချက်ဖြစ်လေ့ ရှိသည်။
ထိုအချက်ကို ကျောင်းတိုင်းက သိပ်ဂရုမစိုက်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် နောက်ကွယ်၌ တိတ်တဆိတ်လှုပ်ရှားနေခဲ့သည်။
ဥပမာပြရလျှင် မှီခိုရာ အထက်တန်းကျောင်းသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေး ဆရာတစ်ယောက်ကို ရှာဖွေခဲ့သည်။
တိုက်ပွဲတွင် ကုန်းငါးမန်းပိုင်ရှင် အလူမီနီယမ်သစ်ပင် နေရာတွင် အစားထိုးရန် Sအဆင့် အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေးဆရာကို ရှာတွေ့ခဲ့ကြောင်း ဆရာယဲ့က သတင်းရရှိခဲ့သည်။
ထို့ကြောင့် ဝေ့ကျစ်သာ ပရော်ဖက်ရှင်နယ် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာ ဖြစ်လျှင် ဝမ်လင်းထက် အနိုင်ရရန် အခွင့်အလမ်း ပိုများလောက်သည်ဟု ဆရာယဲ့ ယူဆခဲ့ခြင်း ဖြစ်သည်။
ဆရာယဲ့ "တစ်ခုလောက် မေးလို့ရမလား... မစ္စတာဝေ့ရဲ့ ပရော်ဖက်ရှင်နယ်အဆင့်က ဘာအဆင့်လဲ"
ထိုမေးခွန်းကြောင့်ဝေ့ကျစ် မှင်တက်သွားသည်။
"ကန့်သတ်ချက်ရှိလို့လား"
ဆရာယဲ့ ခေါင်းကို အမြန်ခါလိုက်သည်။
"ကန့်သတ်ချက်မရှိဘူး ဒါပေမယ့် ပြိုင်ပွဲမှာ စာရင်းသွင်းဖို့အတွက် မစ္စတာဝေ့ရဲ့ အသေးစိတ် အချက်အလက်တွေကို လိုအပ်တယ်လေ"
"မစ္စတာဝေ့ကျစ်.. မင်းပြိုင်ပွဲမှာပါမယ်ဆိုရင် အတည်ပြုဖို့အတွက် မင်းရဲ့ ID ကတ်နဲ့ မင်းရဲ့ ကျွမ်းကျင်မှုလက်မှတ်မိတ္တူတွေကို ငါလိုအပ်လိမ့်မယ်"
ဝေ့ကျစ့က ခေါင်းညိတ်လိုက်သည်။
"ကိစ္စမရှိပါဘူး ဆရာယဲ့ ဒါပေမယ့် ငါ့အဆင့်က ပျမ်းမျှပါပဲ.. ပရော်ဖက်ရှင်နယ်အရ ပြောရရင် ငါ့ထက် သန်မာတဲ့သူတွေ အများကြီးရှိတယ်"
ထိုစကားကို ကြားလျှင် ဝမ်လင်းနှင့် ကော်ဟောက်က ဝေ့ကျစ်သူ့ကိုယ်သူ နှိမ့်ချ၍ ပြောနေကြောင်း ချက်ချင်းသိလိုက်သည်။
ဝေ့ကျစ်၏ မိသားစုသည် ယခင်က စစ်မှုထမ်းဟောင်းများဖြစ်ကြသည်။
သို့သော်လည်း ဝေ့ကျစ်၏ အဘိုး လက်ထက်မှ စတင်၍ ကျွမ်းကျင်သော အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ ဖြစ်လာကြသည်။
ယခုဆိုလျှင် သူတို့မိသားစုကို အိမ်မွေးတိရစ္ဆာန် သင်တန်းဆရာ မိသားစုအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
ဝေ့ကျစ်သည် ဝိညာဥ်သားရဲ တစ်ဒါဇင်နှင့် စာချုပ်များ ချုပ်ဆိုထားသူ ဖြစ်သည်။
ဤသည်က ပျမ်းမျှအဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများ အောင်မြင်နိုင်သည့် အရေအတွက် မဟုတ်ပေ။
သူ၏ နှိမ့်ချသောစကားက ဆရာယဲ့ကို ပြုံးစေခဲ့သည်။
သေချာပါသည်။ ကျောင်းသားတစ်ယောက် ကျပန်းအကူအညီ တောင်းခဲ့သည့် လူတစ်ယောက်ကို အလွန်အားကောင်းသည့် ပရော်ဖက်ရှင်နယ်အဆင့်တွင် ရှိလိမ့်မည်ဟု မျှော်လင့်၍ ရသော်လည်း အနည်းဆုံးတော့ Aအဆင့် အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူ ဆိုလျှင် ပိုကောင်းမည်ဖြစ်သည်။
ထိုအကြောင်းကို တွေးမိပြီး ဆရာယဲ့က အတတ်နိုင်ဆုံး လိမ္မာပါးနပ်စွာဖြင့် မေးလိုက်သည်။
"မစ္စတာ ဝေ့ကျစ်.. မင်းက B အဆင့် ဆရာလား"
မျက်နှာပျက်ရမည့် အဖြစ်ကို ရှောင်ရှားရန်အတွက် သူက အဆင့်ကို တမင်နှိမ့်၍ မေးလိုက်သည်။
ဝေ့ကျစ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ငါက SSR အဆင့်ပါ"
ဆရာယဲ့က ထိတ်လန့်သွားပြီး နေရာမှာပင် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
"လခွမ်း SSRအဆင့်လား.."
ဤသည်က ဆရာသခင်အဆင့် ဖြစ်သည်။
ဆရာသခင် အဆင့် ပရော်ဖက်ရှင်နယ် အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေးဆရာတစ်ဦး..
ထိုအဆင့်က လက်ရှိတွင် အမြင့်ဆုံး အသိအမှတ်ပြုမှုဖြစ်၏။
SSR အဆင့် ကျွမ်းကျင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူက အများအပြား မရှိဘဲ တစ်နိုင်ငံလုံးတွင် ငါးဆယ်ထက် မပိုကြောင်း ဆရာယဲ့ သတိရမိသည်။
ဆရာယဲ့က အံ့အားသင့်သွားခဲ့သည်။
"မစ္စတာ ဝေ့ကျစ်.. မင်းက တော်တော် အံ့သြဖို့ကောင်းတာပဲ.."
Sအဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများကို အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူများကြားတွင် ကျွမ်းကျင်အဆင့်အဖြစ် မှတ်ယူနိုင်သောကြောင့် SSR အဆင့်သည် အဆင့်ကျော်လွန်နေပြီဟုပင် ဆိုနိုင်ပေသည်။
ထိုအဆင့်ရှိ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူများသည်တက္ကသိုလ်တွင် ပါမောက္ခများ ဖြစ်လာရန် ပြဿနာမရှိပေ။
ထို့အပြင် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသည့် အထူးသင်တန်းများသည် လွန်ခဲ့သည့် နှစ်နှစ်အတွင်း လူကြိုက်များလာခဲ့သည်။
ထိုဘာသာရပ်ကို ကျောင်းသားများ စာရင်းသွင်းမှု များလာသော်လည်း ဆရာ၊ဆရာမ ရှားပါးမှုများ ရှိနေခဲ့သည်။
ဆရာသခင်အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အများစုသည် ကိုယ်ပိုင်ဂိုဏ်းများကို တည်ထောင်ကြသည်။
အထူးသဖြင့် သင်ကြားရေးလမ်းကြောင်း အတိုင်း မသွားခြင်း ဖြစ်သည်။
ထို့ကြောင့် ဝေ့ကျစ် ကဲ့သို့သော SSR အဆင့် အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူများသည် အစိုးရက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည့် အလွန်ရှားပါးသော သားရဲပညာရှင်များ ဖြစ်ကြသည်။
ဝေ့ကျစ်က အလွန်ပင် နှိမ့်ချခဲ့သည်။
"ငါကံကောင်းသွားတာပါ.. စာမေးပွဲဖြေတုန်းက မေးခွန်းတွေ လွယ်နေခဲ့တယ်လေ"
ဆရာယဲ့"..........."
ဝမ်လင်းနှင့်ကော်ဟောက် "..............."
ဝမ်လင်းက ဝေ့ကျစ်သည်လည်း လျှို့ဝှက်ဘော့စ်တစ်ဦး ဖြစ်နိုင်သည်ဟု ရုတ်တရက် တွေးလိုက်မိသည်။
….............
နေ့လည်ပိုင်းတွင် ထွင်ထျန်းဟာက ဖက်တီးလောကို ရှာဖွေရန် အပြင်သို့ ထွက်လာခဲ့သည်။
သုံးဘီးဆိုင်ကယ် ကလေးမလေးနှင့်အတူ ဖက်တီးလော၏ သတ္တုပစ္စည်းဆိုင်သို့ ပြုပြင် ထိန်းသိမ်းရန် အကြိမ်ပေါင်းများစွာ ရောက်ဖူးသောကြောင့် ထိုလမ်းကို အလွန် ရင်းနှီးခဲ့သည်။
သူက ဖက်တီးလောကို ရှာရန် မနေ့ညက ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။
ထိုအတွက် ဆရာလေးလင်းက အရာအားလုံးကို စီစဉ်ခဲ့သည်။
ဖက်တီးလော၏ အဆိုအရ မှော်လက်နက်ကို စိတ်ကြိုက်ပြုလုပ်ရန်အတွက် လူကိုယ်တိုင် လာရောက်ပြီး အသေးစိတ် ဆွေးနွေးသည်က သူ့အတွက် ပိုကောင်းမည်ဟု ဆိုခဲ့သည်။
အချိန်ဘယ်လောက်ကြာမလဲ ဆိုသည်ကမူ အခက်အခဲနှင့် လိုအပ်ချက်ပေါ် မူတည်သည်။
ဖက်တီးလော၏ သတ္တုပစ္စည်းဆိုင်သည် အေမိထီယပ်စ် လမ်းတွင် တည်ရှိသည်။
ထိုနေရာက ရှေးခေတ်ကာလတွင် အင်မော်တယ်အရှင်မြတ် အဆင့်သို့ ပထမဆုံးရောက်ရှိသူဟု ယူဆရသည့် အရှင်မြတ် အေမိထီယပ်စ်၏ နေထိုင်ရာ ဖြစ်ခဲ့ဖူးသည်ဟု ဒဏ္ဍာရီများတွင် ဆိုထားသည်။
သို့သော် သမိုင်းဝင် ကျမ်းစာများတွင် အင်မော်တယ်အရှင်မြတ် အေမိထီယပ်စ်နှင့် ပတ်သက်၍ တိကျသော အချက်အလက် အနည်းငယ်သာ ရှိခဲ့သည်။
သူနှင့် ပတ်သက်၍ စွယ်စုံကျမ်းတွင် အတိုချုံး နိဒါန်းပျိုးထားသော်လည်း သူ၏ အောင်မြင်မှုများနှင့် ပတ်သက်၍ သနားစရာ ကောင်းလောက်အောင် အချက်အလက် နည်းနည်းသာ ရှိခဲ့ပါသည်။
ကလေးမလေးက ထွင်ထျန်းဟာကို ခေါ်လာသော အခိုက်အတန့်တွင် ဖက်တီးလောသည် ကောင်တာတွင် အလုပ်ရှုပ်နေပြီး မေးစေ့ကို လက်ဖြင့် ပွတ်သပ်နေခဲ့သည်။
ဗုံးပစ်စီနီယာ အင်မော်တယ်၏ အဆိုအရ ဖက်တီးလောသည် လွန်ခဲ့သောနှစ်ရက်အတွင်း အမှာစာများကို ရပ်တန့်ခဲ့ပြီး သူ့ကိုယ်ပိုင်ကိစ္စကို တံခါးပိတ် လုပ်ဆောင်နေခဲ့သည်။
ဖက်တီးလောသည် သူ၏ မှော်ရတနာများ အပေါ်တွင် အစွဲအလမ်းကြီးသော ပန်းပဲဆရာဖြစ်သည်ဟု ထွင်ထျန်းဟာသိထားသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်နှင့် ဝမ်လင်းက ထွင်ထျန်းဟာရောက်လာမည်ကို ကြိုတင်အကြောင်းကြားပေးထားသောကြောင့် ထွင်ထျန်းဟာက တံခါးကို တိုက်ရိုက် တွန်းဖွင့်၍ဝင်လာခဲ့သည်။
'ဖက်တီးလော'က မှန်ဘီလူးတစ်လက်ကို ကိုင်ဆောင်ကာ မြေပုံကို လေ့လာနေသည်။
ခဏအကြာတွင် သူက သက်ပြင်းချလိုက်သည်။
"ဟူး.. မလွယ်ပါလား"
"ဘာကြည့်နေတာလဲ"
ကလေးမလေးက ကောင်တာဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ဖက်တီးလောက ကလေးမလေး ဝတ်ထားသည့် ပန်းရောင်စကတ်ကို ကြည့်လိုက်သည်။
သူ နောက်ဆုံးအကြိမ်က သုံးထားသည့် အရောင်က တောက်ပမှုအား တော်တော်ကောင်းသည်။
ကလေးမလေး ကိုယ်ပေါ်ရှိ အရောင်သည် ယခင်ကဲ့သို့ တောက်ပနေဆဲ ဖြစ်၏။
ယင်းမှာ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က သူလုပ်ဆောင်ခဲ့သော အရည်အသွေးမြင့် ပြုပြင်ထိန်းသိမ်းမှုကြောင့်ဖြစ်သည်။
ထွင်ထျန်းဟာက ကောင်တာပေါ် ခုန်တက်၍ ဖက်တီးလော နားသို့ တိုးကပ်ကာ မြေပုံကို ကြည့်လိုက်သည်။
"မိစ္ဆာတောင်ကြားရဲ့ မြေပုံလား"
"ဒီနေရာကို သိလို့လား"
ဖက်တီးလောက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
ထိုစကားကို ပြောပြီးမှ ထွင်ထျန်းဟာက လင်းကျန်ရန်၏ ခွေးမှန်း သူ အသိဝင်လာသည်။
လင်းကျန်းရန်၏ ခွေးက ထိုမျှလောက်ကို သိသည်မှာ မဆန်းပေ။
"အင်း"
ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။
တကယ်တမ်းတွင် ဗုံးပစ်စီနီယာ အင်မော်တယ် ဆီက ကြားဖူးခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာတောင်ကြားသည် ရာစုနှစ်တိုင်းတွင် တစ်ကြိမ်သာ ဖွင့်လှစ်သည့် လျှို့ဝှက်နယ်မြေဖြစ်ခဲ့သည်။
သို့သော် အမှန်တကယ်တော့ လျှို့ဝှက်မြေထက် အပျက်အစီး နယ်မြေဆို ပိုမှန်မည်။
ဤမိစ္ဆာတောင်ကြားရှိ အပျက်အစီးနယ်မြေတွင် ယနေ့ကမ္ဘာပေါ်၌ မတွေ့ရှိနိုင်တော့သည့် ရှားပါးသယံဇာတ များစွာ ရှိသည်။
ဤမိစ္ဆာတောင်ကြားသည် အနန္တတန်ခိုးရှင်မှ ဖန်တီးထားသည့် လျှို့ဝှက်နယ်မြေ တစ်ခုဟု လူအများက ထင်မြင်ကြသည်။
သို့သော် ငွေရောင်လေး ချက်ဂရု အဖွဲ့သို့ ဝင်ရောက်ပြီးနောက်တွင် လူတိုင်းသည် မိစ္ဆာတောင်ကြားနှင့် ပတ်သက်၍ ပိုမိုရှင်းလင်းသော အယူအဆ ရှိခဲ့သည်။
ဆိုရလျှင် ဤမိစ္ဆာတောင်ကြီးသည် သူတော်စင် သားရဲများနှင့် အမှန်တကယ် ဆက်စပ်မှုရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ဤအရာများကို သူတော်စင်သားရဲဘုရင် ချန်ထားခဲ့သောကြောင့် ဖြစ်သည်။
သူတော်စင် သားရဲအပေါင်းတို့ကို အုပ်စိုးသော မိစ္ဆာဘုရင် (ဝါ) သူတော်စင်သားရဲဘုရင်..
ဤသည်မှာ ငွေရောင်လေး ထံမှ အချက်အလက်ဖြစ်သောကြောင့် မှားယွင်းသော အချက်အလက် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ဤသူတော်စင် သားရဲဘုရင်တွင် ကြီးမားသော အားနည်းချက် တစ်ခုအဖြစ် အိပ်စက်ခြင်း ရောဂါ ရှိနေသည်။
၎င်းက အိပ်ပျော်သွားသည်နှင့် ကောင်းကင်ကြီး ပြိုလဲသွားသည့်တိုင် နိုးထလာမည်မဟုတ်ပေ။
ရလဒ်အနေဖြင့် မိစ္ဆာဘုရင်သည် နောက်ဆုံးတွင် စွပ်ပြုတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူတော်စင် သားရဲများကို ခေါင်းဆောင်မရှိပဲ ထားခဲ့ရခြင်းသည် ၎င်းတို့ မျိုးသုဉ်းခြင်း၏ အဓိက အကြောင်းရင်းတစ်ခုဟု ဆိုရမည်။