သင့်အတွက်သေးငယ်သော ပန်းတိုင်တစ်ခုချမှတ်ပါ
Vol. 37 Ch. 541
၎င်းက အလွန်အားကောင်းသော လက်သီးချက်ဖြစ်ပြီး သူ၏ခြေသည်းများသည် စွမ်းအားပြည့်ဝနေသလို ခံစားရသည်။
အလေ့အကျင့်နှင့် တကယ့်တိုက်ပွဲသည် လုံးဝ ကွဲပြားခြားနားသော ခေါင်းစဥ်နှစ်ခု ဖြစ်သည်။
လေ့ကျင့်နေသောအချိန်တွင် သူဤကဲ့သို့မခံစားရဖူးပေ။
ပထမလက်သီးချက်ကို ထုတ်ဖော်ပြီးနောက်တွင် ထွင်ထျန်းဟာက တစ်ကိုယ်လုံး မီးလောင်ကျွမ်းသွားပြီဟု ခံစားခဲ့ရသည်။
သူ့ခြေသည်းများက အလွန်တရာ သေးငယ်သော်လည်း သူ့တိုက်ခိုက်မှုသည် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူထက် မနိမ့်လှပေ။
ကျိုးကြောင်းဆီလျော်စွာ သုံးသပ်ရလျှင် ဒုတိယတန်းစားဝိညာဉ်သားရဲသည် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် မည်သည့်အခါမှ စွမ်းအားကို မထုတ်နိုင်သော်လည်း ထွင်ထျန်းဟာကမူ ခန္ဓာကိုယ်ထဲတွင် ဓားတာအိုကို ထည့်သွင်းထားသည်။
သူက ထိုဓားတာအို၏စွမ်းအားကို ၄၀%ခန့်သာ စုပ်ယူနိုင်သော်လည်း သူ၏ခွန်အားများက တိုးလာသည်မှာ ထင်ရှားသည်။
ထွင်ထျန်းဟာ တိုက်ခိုက်သောအခါတွင် ဓားတာအို၏စွမ်းအားသည် သူအသုံးပြုသည့် အခြေခံခွေးနည်းစနစ်များ၏ စွမ်းရည်ကို တိုးမြင့်လာစေမည် ဖြစ်သည်။
ထို့ကြောင့် ဤတိုက်ခိုက်မှုတွင် အခြေခံခွေးနည်းစနစ်၏ အလွန်မြင့်မားသော အမြန်နှုန်း ပါဝင်ရုံမက ဓားတာအိုစွမ်းအားကလည်း ရောနှောနေသည်။
ဆိုရလျှင် ဓားတာအိုသည် ထွင်ထျန်းဟာ၏ ခွေးနည်းစနစ်မှော်စွမ်းအားကို အဆပေါင်းများစွာ မြင့်တက်လာစေခဲ့သည်။
"ဝိုး.."
ထွင်ထျန်းဟာ၏တိုက်ခိုက်မှုက ဤမျှအစွမ်းထက်မည်ဟု တစ်ခါမှမမျှော်လင့်ထားသဖြင့် ကလေးမလေးက အနည်းငယ်အံ့ဩသွားသည်။
ဤပြင်းထန်သော ထိုးနှက်ချက်ကြောင့် လေထုက ကလေးမလေး၏ ပါးပြင်ကို ဖြတ်တိုက်သွားပြီး သူမ၏ အသားလုံးပုံသဏ္ဍာန် ဆံပင်လုံးလေးများကို လှုပ်ခတ်သွားစေခဲ့သည်။
သို့သော် ထွင်ထျန်းဟာ၏ အမြန်နှုန်းသည် ကလေးမလေးနှင့်ယှဉ်လျှင် များစွာ လိုအပ်နေပါသေးသည်။
ကလေးမလေးက ထီးကိုဆုပ်ကိုင်ထားရင်း သူမ၏ ခန္ဓာကိုယ်သေးသေးလေးကို ကခုန်နေသကဲ့သို့ ပန်းခြံတဝိုက်တွင် လှုပ်ရမ်းနေသည်။
"အရမ်းနှေးတာပဲ"
ကလေးမလေးက တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။
ထွင်ထျန်းဟာက တစ်စက္ကန့်အတွင်း လက်သီးချက် ၈၁ ချက် ထိုးလိုက်သော်လည်း ကလေးမလေးကို တစ်ချက်မှမထိခဲ့ပေ။
ဤတိုက်ခိုက်မှုအတွင်း ထွင်ထျန်းဟာ၏ မျက်လုံးများသည် ကလေးမလေး၏ လှုပ်ရှားမှုများကို ခြေရာခံခဲ့သည်။
ကလေးမလေးက သူမ၏မြန်နှုန်းကို အပြည့်အဝ အသုံးမပြုခဲ့သော်လည်း ထွင်ထျန်းဟာသည် ခပ်ရေးရေး အရိပ်တစ်ခုအဖြစ်သာ သူမကို မြင်ခဲ့ရသည်။
ဤအမြန်နှုန်းသည် တကယ်ကို မြန်ဆန်လွန်းနေ၏။
သူ၏အမြင်အာရုံက ထိုမြန်နှုန်းကို မီနိုင်မည် မဟုတ်ကြောင်းထွင်ထျန်းဟာ သိရှိခဲ့သည်။
ဤတိုက်ခိုက်မှု ပြီးနောက်တွင် ထွင်ထျန်းဟာက ခေတ္တရပ်တန့်လိုက်ပြီး ကလေးမလေးကို ထွေထွေကြီး စိုက်ကြည့်နေခဲ့သည်။
ကလေးမလေးက ထီးကိုကိုင်ထားကာ ပြုံးလျက် ရှင်းပြလိုက်သည်။
"ငါခုနက ထုတ်ဖော်ခဲ့တဲ့ အမြန်နှုန်းက ဒုတိယတန်းစား ဝိညာဉ်သားရဲ ထုတ်ဖော်နိုင်တဲ့ အမြင့်ဆုံးမြန်နှုန်းနဲ့ ကိုက်ညီပါတယ်"
"ဒါက တကယ်မတရားဘူးကွာ"
ထွင်ထျန်းဟာက စိတ်ထဲကနေ ကူကယ်ရာမဲ့စွာ ငြီးတွားလိုက်သည်။
သူ့အနေဖြင့် ဒုတိယတန်းစား ဝိညာဉ်သားရဲက ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ကိုမသိခဲ့ပေ။
သူက ကိုယ်ပိုင်တိုက်ခိုက်မှု စတိုင်တစ်ခုကို ရှာဖွေရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။
လက်ရှိအခြေအနေအရ သူ၏အမြန်နှုန်းက လိုအပ်နေသေးသည်မှာ ထင်ရှားသည်။
ဝိညာဉ်သားရဲတိုင်းတွင် မျိုးရိုးနှင့် အဆင့်အတန်းပေါ်မူတည်၍ ၎င်းတို့၏ သီးခြားဝိသေသများ ရှိကြသလို သီးခြားအားသာချက်များလည်း ရှိကြသည်။
သို့သော် ထွင်ထျန်းဟာ၏ လက်ရှိအခြေအနေမှာ ဝိညာဥ် နှင့်ခန္ဓာကိုယ်အကြား ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသောကြောင့် အနည်းငယ် ပိုမို ထူးခြားနေသည်။
ဖားပြုပ်ဘဝတွင် သူ၏ အားသာချက်မှာ ခုခံနိုင်စွမ်းနှင့် ချုပ်နှောင်နိုင်စွမ်း ဖြစ်သည်။
သို့သော် ယခုအခါတွင် သူ၏ဝိညာဉ်သည် ရောကျော်ခွေးတစ်ကောင်နှင့် ပေါင်းစပ်သွားခဲ့သည်။
အဓိကအချက်မှာ ရောကျော်ခွေးသည် ဝိညာဉ်ခွေး မဟုတ်ပေ။
အကယ်၍ဆရာလေးလင်းသာ နတ်ဆိုးဘုရင် နှလုံးသားကျမ်းကို မွမ်းမံမထားခဲ့လျှင် သူ့အနေဖြင့် လုံးဝ ကျင့်ကြံနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် ထွင်ထျန်းဟာက သူ့တွင် ရှိနေနိုင်သည့် အခြားအားသာချက်များကို စိတ်ကူး၍ပင်မရပေ။
တကယ်တမ်းတွင် သူသည် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို တစ်ခုနှင့်တစ်ခု ပိုမိုနီးကပ်စွာ သဟဇာတဖြစ်စေရန် စောင့်ဆိုင်းနေရခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ယခင်အိပ်စက်ခြင်း ရောဂါက လုံးဝ ပျောက်ကင်း မသွားသေးသောကြောင့် ဖြစ်သည်။
ငွေရောင်လေး၏ သူတော်စင်သွေးတွင် စိမ်ခြင်းသည် အိပ်စက်ခြင်းရောဂါ၏ လက္ခဏာများကို သက်သာစေရုံသာဖြစ်သည်။
ဤရောဂါအခြေအနေ ဆက်လက် ရှိနေသ၍ သူ၏ စိတ်ဝိညာဥ် နှင့် ခန္ဓာကိုယ်က အပြည့်အဝ သဟဇာတ မဖြစ်သေးကြောင်း ညွှန်ပြနေသည်။
ဤခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် အပြည့်အဝ သဟဇာတ ဖြစ်ရန်အတွက် နောက်ထက် တစ်လ သို့မဟုတ် နှစ်လ အချိန်ယူရဦးမည် ဖြစ်သည်။
ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် အပြည့်အဝသဟဇာတ ဖြစ်ပြီးမှသာလျှင် ထွင်ထျန်းဟာသည် သူ၏ သီးခြားအားသာချက်များကို အမှန်တကယ် လေ့လာနိုင်မည်ဖြစ်သည်။
ထွင်ထျန်းဟာက စဉ်းစားခန်းဝင်နေမိသည်။
သူက ကလေးမလေးကို တစ်ချက်မှမထိခဲ့သော်လည်း ဤတိုက်ပွဲသည် ထွင်ထျန်းဟာကို အကြီးအကျယ် လှုံ့ဆော်မှုပေးခဲ့သည်။
သူက ဤခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်အောင် လေ့လာနေဆဲ ဖြစ်သည်။
ဝိညာဥ်စွမ်းအင်ဖြင့်ပင် ပုံမှန်အသုံးပြုနိုင်သော လျှာနည်းစနစ်များနှင့် နေရာလွတ်ဝါးမျိုခြင်း မှော်စွမ်းရည်များမှလွဲ၍ ကျန်နည်းစနစ် အားလုံးကို လုံးလုံးလျားလျား စွန့်ပယ်ထားခဲ့ပြီ ဖြစ်သည်။
ယင်းမှာ ခေတ်မီလူ့အဖွဲ့အစည်းတွင် ဆရာလေးလင်းနှင့် အတူနေထိုင်ရန် ရွေးချယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထွင်ထျန်းဟာက သူ၏ဘဝသစ်နှင့် ပတ်သက်၍ လိုက်လျောညီထွေ ဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။
သူ့အနေဖြင့် ဆရာလေးလင်းကို မျက်နှာပျက်စေမည့် ခွေးတစ်ကောင် ဖြစ်မလာစေရန် အတွက် သေးငယ်သော ပန်းတိုင်တစ်ခုကို ချမှတ်ခဲ့သည်။
ကျင့်ကြံပြီးနောက်တွင် ထွင်ထျန်းဟာသည် အိမ်နောက်ဖေးသို့သွားကာ သူဝတ်ထားသည့် အဝါရောင် လေ့ကျင့်ခန်းဝတ်စုံကိုချွတ်၍ ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
ဤသည်က ထွင်ထျန်းဟာအတွက် မေမေဝမ် ပြင်ဆင်ပေးထားသည့်အရာ ဖြစ်သည်။
ကျင့်ကြံပြီးတိုင်းတွင် လေ့ကျင့်ခန်းဝတ်စုံကို ချက်ချင်းလျှော်ဖွတ်ရပေမည်။
ဖားပြုပ်မျိုးနွယ်စုက အမြဲလိုလို ပျင်းနေတတ်ပြီး အသေးအမွှားကိစ္စများကို စိတ်မပူတတ်ပေ။
၎င်းတို့တွင် နှစ်အတော်ကြာ မအိပ်ခဲ့သည့် အချိန်များရှိသလို ရေမချိုးခဲ့သည့် အချိန်များလည်း ရှိသည်။
သို့သော် ခွေးတစ်ကောင် ဖြစ်လာပြီးနောက်တွင် ထွင်ထျန်းဟာသည် သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်လာသည်။
ဤအချက်တွင် ဆရာလေးလင်းက သူ့ကို ပြင်းပြင်းထန်ထန် လွှမ်းမိုးသွားကြောင်း ထွင်ထျန်းဟာ ခံစားရသည်။
ဆရာလေးလင်း၏ အိပ်ခန်းသည် နေ့စဥ်နေ့တိုင်း အညစ်အကြေး ကင်းစင်နေပြီး မေမေဝမ်အနေဖြင့် သန့်ရှင်းရေးလုပ်ရန်ပင် ခဲယဉ်းသည်။
အထူးသဖြင့် မကြာသေးမီကစပြီး ထွင်ထျန်းဟာ၏ အမွေးများ စတင်ကျွတ်လာခြင်းကြောင့် ဆရာလေးလင်းက သန့်ရှင်းရေးကို ယခင်ကထက် ပို၍ လုံ့လစိုက်ခဲ့ရသည်။
ဆရာလေးလင်း၏ အိပ်ခန်းထဲကို ဝင်လိုက်သည်နှင့် မွှေးရနံ့ကို ချက်ချင်းရရှိမည်ဖြစ်၏။
ထွင်ထျန်းဟာ အလည်ရောက်ခဲ့ဖူးသော ဝေ့ကျစ်၏နေရာက ဆရာလေးလင်းနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
တွန်းထိုးခြင်းလိပ်ပြာကြီးအတွက် တည်ဆောက်ထားသည့် အခန်းအပြင် ဝေ့ကျစ်၏ ကိုယ်ပိုင်အိပ်ခန်းထဲတွင် ဝိညာဉ်သားရဲမဂ္ဂဇင်းများနှင့် သရေစာများမှသည် နေ့စဥ်လိုအပ်သည့် တိုလီမိုလီများအထိ စားပွဲပေါ်တွင် ရှုပ်ပွနေတတ်သည်။
ဆိုရလျှင် ဤသည်က ပုဂ္ဂိုလ်ရေး အလေ့အထနှင့် သက်ဆိုင်နေသည်။
ဝေ့ကျစ်က မနက်ကနေ ညအထိ တိရိစ္ဆာန်များကို ပြုစုစောင့်ရှောက်နေရသောကြောင့် သပ်သပ်ရပ်ရပ်နေရန် အချိန်မရှိခဲ့ပေ။
ဆိုရလျှင် ဝေ့ကျစ်က ဝိညာဉ်သားရဲများ၏ သခင်နှင့် မတူဘဲ ဝိညာဥ်သားရဲများက ဝေ့ကျစ်၏သခင်လို ဖြစ်နေသည်။
ဤအရာက သူ၏စိတ်ရင်းဖြင့် ခံစားမိသောအရာ ဖြစ်သည်။
ထွင်ထျန်းဟာ ဆရာလေးလင်းကို သဘောအကျဆုံး အရာမှာ ဆရာလေးလင်း၏ စာအုပ်များနှင့် စာမေးပွဲစာရွက်များဖြစ်သည်။
သူ့စာအုပ်များ၏ ထောင့်လေးထောင့်သည် အမြဲလိုလို ပြားကပ်နေတတ်သည်။
အနည်းငယ် တွန့်ခေါက်နေလျှင်ပင် ကောင်းကင်တာအို အစွမ်းကိုအသုံးပြုပြီး ဖျက်ဆီးပစ်ရန် မတွန့်ဆုတ်လောက်ပေ။
လေ့ကျင့်ခန်းဝတ်စုံကို ဝါးခြင်းတောင်းထဲတွင် ထည့်ပြီးနောက် ထွင်ထျန်းဟာသည် သူ့ကိုယ်သူ ဆေးကြောရန် ဥယျာဉ်နောက်ဘက်ရှိ ဘုံပိုင်ခေါင်းကို ဖွင့်လိုက်သည်။
ရေချိုးပြီးသည်နှင့် ၎င်း၏ခန္ဓာကိုယ်ကို အပူပေးရန်အတွက် ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်ရာ စက္ကန့်အနည်းငယ်အတွင်း ရေများခြောက်သွားသည်။
နောက်ဖေးဥယျာဥ် မှန်တံခါးမှတဆင့် ထွင်ထျန်းဟာက ဖေဖေဝမ်နှင့် လဲ့မုန့်မုန့်တို့ကို စိုးရိမ်သော အမူအရာဖြင့် ဆိုဖာပေါ်တွင် မြင်တွေ့ခဲ့ရသည်။
ယနေ့က ဇူလိုင်လ၁၇ရက်နေ့ ဖြစ်သည်ကို ထွင်ထျန်းဟာရုတ်တရက် သတိရမိသည်။
လစဥ်မဲပေးသည့် တိုက်ပွဲသည် လလယ်တွင် ကျင်းပလေ့ရှိသည်။
၎င်းက ၁၅ ရက်မှ ၁၇ ရက်နေ့ထိဖြစ်၍ ယနေ့သည် နောက်ဆုံးရက်ဖြစ်သည်။
ရုပ်မြင်သံကြားအစီအစဥ်က တီဗီဌာနနှင့် ပူးပေါင်း၍ မဲရေတွက်ခြင်း အစီအစဥ်ကို တိုက်ရိုက်လွှင့်နေသည်။
လက်ရှိတွင် လစဉ်မဲပေး ရွေးချယ်သူတို့၌ ထိပ်ဆုံးနေရာကိုဦးဆောင်နေသူမှာ စာရေးဆရာ ဝက်ဂုတ်သားစွပ်ပြုတ် ဖြစ်သည်။
လစဉ်မဲများ= ၉၈၀၁၂၀
ဒုတိယနေရာတွင် စာရေးဆရာ ဝက်ခြေထောက်စွပ်ပြုတ် ရှိနေသည်။
လစဉ်မဲများ= ၉၆၅၇၇၂
ဖေဖေဝမ်၏ ကလောင်အမည်ဖြစ်သည့် ဝမ်စစ်ထူသည် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
လစဉ်မဲများ= ၄၆၂၃၃၃