← Chapters

ကျေးဇူးပြုပြီး ငါနဲ့အတူ ကောင်းကင်ကို ဖွင့်လှစ်ရအောင်

Vol. 37 Ch. 542

ကျေးဇူးပြုပြီး ငါနဲ့အတူ ကောင်းကင်ကို ဖွင့်လှစ်ရအောင်

Vol. 37 Ch. 542

"တတိယပဲလား"

ရိုးသားစွာဝန်ခံရလျှင် လဲ့မုန့်မုန့်သည် ဤရလဒ်အတွက် အံ့အားသင့်သွားရသည်။

ဖေဖေဝမ်က သူ၏ စယအုပ်သစ်ကို ပွဲထုတ်ခဲ့သည်မှာ နှစ်လခန့်ရှိပြီ ဖြစ်သည်။

သို့သော် ဝဘ်ဆိုက်တွင် စာဖတ်သူ အဆင့်သတ်မှတ်ချက်မှာ ၈၇%ခန့်ရှိပြီး ယင်းမှာ အလွန်မြင့်မားသော အရေအတွက်ဖြစ်သည်။

ထို့ပြင် ဝတ္ထုနှင့်ပတ်သက်၍ ဖေဖေဝမ်၏ အဓိကလက္ခဏာတစ်ခုမှာ စာဖတ်သူများအပေါ် အလွန် သစ္စာစောင့်သိခြင်း ဖြစ်သည်။

ဤသစ္စာစောင့်သိမှုအပေါ် အခြေခံ၍ ဖေဖေဝမ်၏ အခန်းများကို စာရင်းသွင်းသူ အရေအတွက်သည် သုံးသိန်းအထိရှိသည်။

ဤသည်မှာ အံ့ဩစရာ ပမာဏတစ်ခုဖြစ်၏။

အရေးအကြီးဆုံး အချက်မှာ ဤသုံးသိန်းသည် ကျင့်ကြံခြင်းဝက်ဘ်ဆိုက်တွင် စာရင်းသွင်းသူ အရေအတွက်မျှသာ ဖြစ်သည်။

အခြားသော ပလက်ဖောင်းများတွင်လည်း ဖေဖေဝမ်၏ အခန်းများကို စာရင်းသွင်းသူမှာ အလွန်များပြားသည်။

ဟုတ်ပါသည်။ ဖေဖေဝမ်က ဤစာရင်း အချက်အလက်များကို မမြင်နိုင်သော်လည်း လဲ့မုန့်မုန့်က လစဥ်မြင်နိုင်ခဲ့သည်။

ထို့ကြောင့် ဖေဖေဝမ် ဤအခန်းများအတွက် စာရင်းသွင်းမှုသည် မကြာခင်တွင် တစ်သန်းကျော်သွားမည် ဖြစ်သည်။

ဖေဖေဝမ်၏ နောက်ဆုံးစာအုပ်ဖြစ်သည့် 'နို့ထိန်းမိခင်ဆီသွားကြစို့' ဝတ္ထု၏ အောင်မြင်မှုက ဤတုန်လှုပ်ခြောက်ခြားဖွယ်ရာ အရေအတွက်၏ အဓိက အစိတ်အပိုင်း ဖြစ်သည်။

သို့တိုင် ယခုလ၏ မဲတိုက်ပွဲတွင် ဖေဖေဝမ်၏ မဲအရေအတွက်သည် မကြုံစဖူးနှင့် စိတ်လှုပ်ရှားဖွယ် ရလဒ်များ ဖြစ်ပေါ်နေသည်။

ပထမနှင့်ဒုတိယနေရာရှိ စာရေးဆရာများသည် မဲအရေအတွက် တစ်သန်းကျော်ကာနီးနေပြီ ဖြစ်သည်။

"အစ်ကိုဝမ်.. ငါတို့ဘာလုပ်သင့်လဲ"

လဲ့မုန့်မုန့်က အနည်းစိုးရိမ်သွားသည်။

"မင်းအနေနဲ့ ပေါက်ကွဲစေမဲ့ ပို့စ်တစ်ခုကိုတင်ပြီး မဲတောင်းလိုက်ရင်ရော.. ဘယ်လိုလဲ"

"ပေါက်ကွဲစေမဲ့ ပို့စ်ကို တင်ရမှာလား"

ဖေဖေဝမ်က မျက်ခုံးပင့်လိုက်သည်။

"ငါအဲဒီလိုမလုပ်ချင်ဘူး.. ငါအဲလိုလုပ်တဲ့ အချိန်တိုင်းမှာ ငါ့ဘဝရဲ့ နှစ်အနည်းငယ်ကို ဆုံးရှုံးသွားသလို ခံစားရတယ်.. ငါ့ကိုပေါက်ကွဲတဲ့ပို့စ်တင်စေချင်တာလား.. အဲဒီထက် အမျိုးသမီး အဝတ်အစားကို ဝတ်လိုက်တာမှ ပိုကောင်းသေးတယ်"

ဖေဖေဝမ်ထံမှ ထိုစကားကိုကြားလျှင် လဲ့မုန့်မုန့် အံ့ဩသွားသည်။

ဖေဖေဝမ်က ဤကဲ့သို့ မထော်မနှမ်း လုပ်ဆောင်ချက်ကို အမှန်တကယ် လုပ်ဆောင်တော့မည့်ပုံနှင့် ပြောနေသည်။

ယင်းက တော်တော်လေး အရှက်မဲ့သည့် အပြုအမူဖြစ်သည်။

"မလုပ်ပါနဲ့အစ်ကိုဝမ်.. အမျိုးသမီး အဝတ်အစား ဝတ်လိုက်ရင် မင်းက မျက်စိဆံပင်မွှေးစူးစရာပဲ"

လဲ့မုန့်မုန့်က ဆူလိုက်သည်။

"ဒါ့အပြင် မင်းမျက်နှာကို မဖော်ပြဘူးဆိုရင်တောင်မှ အသားကပ်​ခြေအိပ်ကို ဝတ်တဲ့အခါကျရင် မင်းခြေသလုံးမွှေးတွေကိုရိတ်ရလိမ့်မယ်.. အဲဒါက အရမ်းကို ဒုက္ခရောက်စေတယ်.. ယောက်ျားတွေအတွက် ခြေသလုံးမွှေးရိတ်ရတာက သိပ်အဆင်မပြေဘူးလေ"

အယ်ဒီတာဘုတ်အဖွဲ့က ၎င်းတို့၏ စာရေးဆရာများ အတွက် ရေပူစမ်းအလှပြင်ဆိုင် ခရီးစဥ်ကို ယခင်က စီစဥ်ပေးခဲ့ဖူးသည်။

ထိုခရီးစဉ်တွင် လဲ့မုန့်မုန့်က ရေစိမ်ရင်း ဖေဖေဝမ်၏ ထူထဲသော ခြေသလုံးမွှေးများကို မြင်ခဲ့ရသည်။

ထို့ကြောင့် ခြေသလုံးမွှေးအားလုံးကို ရိတ်လိုက်ရလျှင် ဖေဖေဝမ်အနေဖြင့် ဆုံးရှုံးမှုကြီးသွားလိမ့်မည်ဟု သူထင်ခဲ့သည်။

"ဘာပဲဖြစ်ဖြစ် အစ်ကိုဝမ်ရေ.. မင်းနဲ့ပတ်သက်ပြီး တစ်ခုခု ထူးထူးခြားခြား ဖြစ်နေပြီလို့ ထင်တယ်"

လဲ့မုန့်မုန့်က ဆိုဖာပေါ်တွင်ထိုင်ကာ ခေါင်းအုံးတစ်လုံးကိုပွေ့ဖက်ထားရင်း ဖေဖေဝမ်ကို ပြောလိုက်သည်။

ဖေဖေဝမ်က စီးကရက်ကိုမီးညှိရင်း ပြန်ဖြေလိုက်သည်။

"ဘာထူးခြားလို့လဲ.. လူတွေက သူတို့ကြိုက်တဲ့ စာရေးဆရာကို မဲပေးတာပုံမှန်ပဲလေ.. ဒါ့အပြင် စာရေးဆရာ ဝက်ဂုတ်သားစွပ်ပြုတ်နဲ့ ဝက်ခြေထောက်စွပ်ပြုတ်တို့က ငါတို့ ဝက်ဘ်ဆိုက်က စာရေးဆရာဟောင်းတွေပဲ မဟုတ်လား.. ချမ်းသာတဲ့စာဖတ်သူတွေက မဲတွေကို အများအပြား ဝယ်နိုင်တယ်ဆိုတာ မင်းမသိတာလည်း မဟုတ်ဘူး"

လဲ့မုန့်မုန့် သက်ပြင်းချလိုက်သည်။

ဤအရာကို သူတကယ် မေ့နေခဲ့သည်။

ဖေဖေဝမ်က စာရင်းအားလုံးတွင် နံပါတ်တစ် နေရာ၌ တည်ငြိမ်စွာ ရပ်တည်နေသဖြင့် ဤလ၏ လစဥ်မဲပေးမှု အဆင့်တွင် ထိပ်ဆုံးတွင် ရှိသင့်သည်ဟု သူအမြဲယူဆခဲ့သည်။

အဆုံးသတ်တွင် လဲ့မုန့်မုန်သည် တီဗွီ၌ မဲရေတွက်မှုကိုမြင်သောအခါတွင် အံ့ဩသွားခဲ့ရသည်။

မဲရေတွက်ခြင်း အစီအစဥ်ပြီးဆုံးရန်မှယ ခြောက်နာရီသာ ကျန်ရှိတော့၏။

ရိုးသားစွာဝန်ခံရလျှင် လဲ့မုန့်မုန့်သည် မဲကွာဟချက်ကို လိုက်မှီရန် မဖြစ်နိုင်တော့ဟု ထင်မြင်မိသည်။

ဤတစ်ကြိမ်အနိုင်မရခဲ့လျှင် နောက်အကြိမ်များ၌ ဤအရေအတွက်ကို ကျော်တက်ဖို့မှာ ပို၍ ခက်ခဲသွားမည် ဖြစ်သည်။

လဲ့မုန့်မုန့်က မဲအများဆုံး ရနေသည့် စာရေးဆရာနှစ်ဦး၏ စာအုပ်များကို ပြန်လည်သုံးသပ်သည့် အပိုင်းများအား ကြည့်ရှုခဲ့သည်။

သေချာသည်မှာ သူတို့နှစ်ဦး၏ မဲအရေအတွက်က ကွာခြားချက် သိပ်မရှိသဖြင့် သက်ဆိုင်ရာ စာရေးဆရာများက သူတို့ကို မဲပေးရန် လှုံ့ဆော်မှုကို စတင်နေခဲ့ကြသည်။

ဤလစဉ်မဲပေးပွဲသည် အမှန်တကယ်ပင် ပရိသတ်များကို လှုံ့ဆော်နိုင်သည့် နည်းလမ်း ဖြစ်သည်။

ထို့ပြင် ကျင့်ကြံခြင်းဝက်ဘ်ဆိုက်သည် သင်ပံ့ပိုးပေးမည့်စာရေးဆရာအတွက် သင့် ID ဘေးတွင် တက်ဂ်တွဲမည့် (Fantag) လုပ်ဆောင်ချက်ကိုပင် မိတ်ဆက်ပေးခဲ့သည်။

သူတို့အားပေးသည့် စာရေးဆရာက လစဥ်မဲပေးပွဲတွင် ထိပ်ဆုံးက ရပ်တည်ခဲ့လျှင် ပရိသတ်များအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မည်မှာ အသေချာပင် ဖြစ်သည်။

လစဥ်မဲပေးပွဲသည် ဇာတ်ရှန်အမြင့်ဆုံးသို့ ရောက်ရှိလာသည်နှင့်အမျှ စာရေးဆရာများ၏ ပရိသတ်များ အကြားတွင် စကားလုံးစစ်ပွဲများ မလွဲမသွေ ထွက်ပေါ်လာမည်မှာ အသေအချာပင် ဖြစ်သည်။

လဲ့မုန့်မုန့်က ဤနယ်ပယ်တွင် ဝင်ခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း အသိပညာနှင့် အတွေ့အကြုံများစွာ ရရှိခဲ့သည်။

လဲ့မုန့်မုန့်ထက် စောပြီး ဤနယ်ပယ်ထဲ ဝင်ရောက်ခဲ့သည့် ဖေဖေဝမ်ကမူ လောကဓံ လှိုင်းလုံးကြီးများကို ကြုံတွေ့ခဲ့ဖူးသည့် ဝါရင့်စီနီယာတစ်ယောက်၏ အမူအရာဖြင့် တည်ငြိမ်နေသည်။

သူက အခြေအနေကိုသိရန် လဲ့မုန့်မုန့် ကဲ့သို့ စာအုပ်လှန်၍ ပြန်လည်သုံးသပ်သည့် အပိုင်းများကိုပင် ကြည့်စရာမလိုခဲ့ပေ။

"နှစ်ဖက် ပရိသတ်များက တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်နေကြပြီမဟုတ်လား"

"အင်း.."

"ကြည့်ရတာ တော်တော်လေးကို ဆိုးရွားပုံပဲ.. ဝက်ဂုတ်သားစွပ်ပြုတ် ရဲ့ပရိသတ်တွေက ဝက်ခြေထောက်စွပ်ပြုတ်ရဲ့ ပရိသတ်တွေထဲကို ဝင်ရောက်ခဲ့ပြီး ပွဲရှာခဲ့တယ်လေ.. အခု ပရိသတ်တွေကြားမှာ ပဋိပက္ခတွေ အတော်လေးကို အထွဋ်အထိပ်ရောက်နေပြီ"

"ဟားဟား.. စာရေးဆရာနှစ်ယောက်လုံး ဘာမှ ဝင်မပြောသေးဘူးမဟုတ်လား"

လဲ့မုန့်မုန့် ခေါင်းခါရမ်းလိုက်သည်။

"စာရေးဆရာက ဘာမှဝင်မပြောတဲ့ အတွက် ပရိသတ်က ပိုများပြားလာသလိုပဲ.. ငါတို့ ဝက်ဘ်ဆိုက်မှာတင် မဟုတ်ဘဲ တခြားဖိုရမ်တွေမှာလည်း ဒီရန်ပွဲအကြောင်းကို ဆွေးနွေးနေကြတယ်"

"အင်း.. ဒီလိုပဲဖြစ်ရမယ်လေ"

ဖေဖေဝမ်ကခေါင်းငြိမ့်လိုက်သည်။

သူ့အတွေ့အကြုံအရ ပရိတ်သက်များ ရန်ဖြစ်သောအခါအပျော်ရွှင်ရဆုံးမှာ စာရေးဆရာများ ဖြစ်သည်။

ဆိုရလျှင် ၎င်းက မဲထည့်ရာတွင် တက်ကြွစေရန်အတွက် လှည့်ကွက်တစ်ခုမျှသာ ဖြစ်၏။

ထိုအကွက်က တော်တော်လေး ထက်မြက်သည်ဟု ဖေဖေဝမ်ထင်ခဲ့သည်။

၎င်းက စာရေးဆရာများကို မဲပေးရန် စာဖတ်သူများကိုလှုံ့ဆော်နိုင်သည့်အပြင် ပရိသတ်များကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် စာရင်းသွင်းမှု တိုးလာသည်နှင့်အမျှ ပရိသတ် အသစ်များလည်း တိုးလာပြီး စာရေးဆရာများသည် ဆုလာဘ်ကြီးများကို ဆွတ်ခူးနိုင်လိမ့်မည် ဖြစ်သည်။

တီဗီ ဖန်သားပြင်ပေါ်မှ မဲရေတွက်မှု အစီအစဥ်ကို ငါးမိနစ်မျှကြည့်ရှုပြီးနောက်တွင် ဖေဖေဝမ်က ပြောလိုက်သည်။

"ဝက်ဂုတ်သားစွပ်ပြုတ်က သူ့ရဲ့သီးသန့်အခန်းမှာ ကြေညာချက်တစ်ခုခု ထုတ်ထားလားဆိုတာ တစ်ချက်ကြည့်လိုက်ဦး"

လဲ့မုန့်မုန့်က သူ့ဖုန်းကိုကြည့်ကာ အံ့အားသင့်သွားသည်။

"အိုး.. သူတကယ်လုပ်ခဲ့တာပဲ.. အစ်ကိုဝမ်.. မင်းဖုန်းကိုမကြည့်ဘဲ ဘယ်လိုသိတာလဲ"

ဖေဖေဝမ်က တီဗီကို ညွှန်ပြလိုက်သည်။

"အခုပဲတီဗီမှာ မဲရေတွက်မှုတွေ မြင့်တက်လာတယ်လေ.. ဝက်ဂုတ်သားစွပ်ပြုတ်ရဲ့ မဲက အခုဆိုရင် ၁.၁သန်းရှိနေပြီ.. ဒါကသူကိုယ်တိုင် စာဖတ်သူတွေကို ပြင်းပြင်းထန်ထန်ကြီး လှုံ့ဆော်လိုက်လို့ ဖြစ်မယ်"

".........."

လဲ့မုန့်မုန့် တဖန် အံ့ဩသွားပြန်သည်။

"လခွမ်း.. သူက ဒီမဲပေးတဲ့ကာလမှာ အခန်းနှစ်ခန်းကိုဆက်တိုက် တင်ခဲ့တယ်.. နောက်ပြီး ဒုတိယအခန်းရဲ့ ခေါင်းစဥ်က အတော်လေး ပြင်းထန်တယ်.. အဲဒီခေါင်းစဉ်ကို 'ကျေးဇူးပြုပြီး ကောင်းကင်ကို ငါနဲ့အတူဖွင့်လှစ်ပါ' လို့ ပေးထားတယ်"

"ကောင်းပြီလေ.. ငါသူတို့ကို အမီလိုက်တော့မယ်.. ၁၂နာရီကျရင် မဲနှစ်သန်းခွဲကို ငါရနိုင်မယ်လို့ မှန်းထားတယ်"

ဖေဖေဝမ်က ပေါ့ပါးစွာ ပြောလိုက်သည်။

"ဒါပေမဲ့ အခုငါတို့မှာ မဲတွေက နည်းနည်းလေးပဲ ရှိသေးတယ်လေ..ဒီလိုမျိုး ရုတ်တရက်ကြီး ကောက်တိုးလာရင် မဲလိမ်နေတယ်လို့ အထင်ခံရမှာ မဟုတ်ဘူးလား"

လဲ့မုန့်မုန့်က အနည်းငယ် စိုးရိမ်သွားသည်။

ထိုအချိန်တွင် ဖေဖေဝမ်က စီးကရက်ကနေ ဆေးပြင်းလိပ်ပြောင်းသောက်လိုက်သည်ကို သူရုတ်တရက် သတိပြုမိလိုက်သည်။

ဖေဖေဝမ်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ကို မဲလိမ်တယ်လို့ စွပ်စွဲမလို့လား.. စာရေးဆရာ ဝက်ဂုတ်သားစွပ်ပြုတ်က ပျမ်းမျှစာရင်းသွင်းမှု တစ်သိန်းငါးသောင်းပဲရှိတာတောင် လစဥ်မဲက တစ်သန်းကျော် ရနိုင်တယ်.. ငါ့မှာကစာရင်းသွင်းသူ သုံးသိန်းတောင် ရှိတယ်လေ.. လစဥ်မဲ သုံးသန်းရရင်တောင် ဘယ်သူမှငါ့ကို သံသယဝင်မှာမဟုတ်ဘူး"

လဲ့မုန့်မုန့် ".........."

"ငါလည်းအခန်းသစ် တင်တော့မယ်.. မင်းငါ့ကိုယ်စား တစ်ချက် တင်ပေးပါဦး.. ငါရေးပေးပါ့မယ်"

လဲ့မုန့်မုန့်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီလေ.. ခေါင်းစဥ်ဘယ်လိုပေးမှာလဲ"

ဖေဖေဝမ် "ငတိလေးတွေကို ရှင်းဖို့အတွက် တင်းပုတ်ကို ဘာလို့လိုအပ်မှာလဲ"

လဲ့မုန့်မုန့် ".........."

All Chapters