← Chapters

အကြွင်းအကျန် နယ်မြေ အစစ်နဲ့အတု

Vol. 37 Ch. 545

အကြွင်းအကျန် နယ်မြေ အစစ်နဲ့အတု

Vol. 37 Ch. 545

စစ်စစ် ဤအစည်းအဝေးတွင် ရှိနေသူအားလုံးက ဥက္ကဌချီပြောလာမည့် စကားကို ခပ်ရေးရေး မှန်းဆမိကြသည်။

အစည်းအဝေး၏ ပြောစကားများကို နားထောင်နေသည့် ဝမ်မင်၏ မျက်နှာတွင် အံ့ဩခြင်းကင်းသော အမူအရာများ ရှိနေသည်။

ဆိုရလျှင် နေရာလွတ် အတက်အကျများကို စောင့်ကြည့်ရန်အသုံးပြုသည့် ကောင်းကင်မျက်လုံး 1သည် သူ၏သီအိုရီကိုအခြေခံ၍ သိပ္ပံသုတေသီ ရာချီက တီထွင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤအကြောင်းကို အစည်းအဝေးရှိ လူများထက်ပင် သူက စောစီးစွာ သိရှိထားပြီ ဖြစ်သည်။

ဤမတိုင်ခင် သူနှင့် ဥက္ကဌချီတို့သည် မိစ္ဆာတောင်ကြား နှင့်ပတ်သက်သည့် အခြေအနေအားလုံးကို ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။

မိစ္ဆာတောင်တန်း ပေါ်ပေါက်လာပုံသည် ကမ္ဘာခြားဂိတ်တံခါးနှင့် အနည်းငယ် ဆင်တူသည်။

ခြားနားချက်မှာ ကမ္ဘာခြားဂိတ်တံခါးက အော်ရာအတက်များကို စောင့်ကြည့်ခြင်းဖြင့် ကြိုတင် သိနိုင်သော်လည်း ဆင်းသက်သည့်နေရာ အတိအကျကိုမူ မဖော်ပြနိုင်ပေ။

သို့သော် ကောင်းကင်မျက်လုံး 1ကဲ့သို့သော အဆန်းပြားဆုံးမှော်ရတနာပစ္စည်းကို အသုံးပြုခြင်းဖြင့် သူတို့သည် မိစ္ဆာတောင်ကြား ပွင့်မည့်နေရာကို အတိအကျ ဖော်ပြနိုင်မည်ဖြစ်သည်။

"ငါတို့နဲ့ မိစ္ဆာတောင်ကြားက အစိမ်းသက်သက်တော့ မဟုတ်ဘူး.. မိစ္ဆာတောင်ကြားက သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်မြေ လို့လည်း လူသိများကြတယ်.. အဲဒီနေရာမှာ သူတော်စင်သားရဲဘုရင် ဖြစ်တဲ့ မိစ္ဆာဘုရင်က ဂူဗိမာန်တစ်ခုကို သူ့ဘာသာ တည်ဆောက်ခဲ့တယ်.. ပြောရရင် ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ အဖိုးတန်သယံဇာတ အမျိုးအစားအားလုံးက မိစ္ဆာတောင်ကြားထဲမှာ ပြည့်နှက်နေတယ်.. သားရဲဘုရင် အကြွင်းအကျန်နယ်မြေ နောက်ဆုံးဖွင့်တဲ့ အချိန်က လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်လောက်ကပဲ.. အကြွင်းအကျန်နယ်မြေ ပွင့်တော့မယ်ဆိုတဲ့ အချက်အလက်ကို ကာကွယ်ဖို့ အတော်လေး သတိထားခဲ့ပေမဲ့ အခုချိန်မှာတော့ ဒီသတင်းက တောမီးလို ပျံ့နှံ့နေခဲ့ပြီ"

ထိုစကားကိုကြားလျှင် ဥက္ကဌချီက မျက်မှောင်ကြုတ်သွားသည်။

"သူလျှိုရှိနေလို့လား"

''သူလျှိုတွေက အမြဲရှိနေတာပါပဲ"

ထောက်လှန်းရေးဝန်ကြီး ဖြစ်သည့် အမှောင်သူတော်စင်ဝန်ကြီးယင်းက အေးစက်စွာ ပြောလိုက်သည်။

"တကယ်တော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက် ကစပြီး ငါတို့ရဲ့ တန်ပြန်ထောက်လှန်းရေး စစ်ဆင်ရေးတွေမှာ စုံစမ်းမှုတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တယ်.. အဲဒီအခါမှာ နိုင်ငံခြားသားသူလျှိုတွေကို ဖမ်းမိခဲ့တယ်.. ဒါပေမဲ့ တစ်ဖက်နိုင်ငံတွေက ငါတို့နိုင်ငံကို စိမ့်ဝင်နိုင်အောင် ကြိုးစားနေကြတုန်းပဲ.. ဒါက ကာကွယ်ဖို့ တကယ်ခက်ခဲတယ်"

ထိုစကားကို ပြောပြီးနောက် ဝန်ကြီးယင်းက သက်ပြင်းချလိုက်သည်။

"မင်းတို့တွေ မသိသေးဘူးထင်တယ်.. ဒီနှစ်မှာ ငါတို့ အထူးခြားဆုံးသူလျှိုကို ဖမ်းမိခဲ့တယ်.. အဲဒီသူလျှိုက ငါတို့နိုင်ငံကို ခိုးဝင်ဖို့အတွက် တားမြစ်ထားတဲ့ မှော်စွမ်းရည်ကို အသုံးချပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သေးသေးလေးဖြစ်အောင် ကျုံ့လိုက်တယ်.. သူက ဆေးတောင့်တစ်ခုထဲမှာ ဝင်ပုန်းနေခဲ့တယ်.. အဲဒီနောက် ကျောင်းသားတစ်ယောက်ရဲ့စအိုထဲမှာ အဲဒီ ဆေးတောင့်ကိုဝှက်ခိုင်းထားပြီး နိုင်ငံထဲကို ဝင်လာခဲ့တယ်"

"နောက်တော့ ဘာဆက်ဖြစ်သေးလဲ"

"ကံကောင်းတာက အဲဒီကျောင်းသား လူဝင်မှုကြီးကြပ်ရေးကိုရောက်တဲ့အခါ ငါတို့စုံစမ်းရေးဌာနခွဲက ခေါင်းဆောင်ဖြစ်တဲ့ စီးမာကွမ်းက ဒီကျောင်းသားတစ်ခုခု မှားယွင်းနေတာကိုသတိထားမိခဲ့တယ်.. သူက ကျောင်းသားရဲ့ တစ်ကိုယ်လုံးကို ချက်ချင်း စစ်ဆေးခဲ့တယ်.. နောက်ဆုံးတော့ ဆေးတောင့်ကို ဖင်ထဲမှာ ရှာတွေ့ပြီး သူလျှိုကို အောင်မြင်စွာ ဖမ်းမိခဲ့တယ်.. ဒီလိုမှမဟုတ်ရင် အကျိုးဆက်တွေက စိတ်ကူးလို့တောင် ရမှာမဟုတ်ဘူး"

အမှောင်သူတော်စင်က ပြောလိုက်သည်။

"အင်း.. ငါဒီအကြောင်း ကြားဖူးသလားလို့ "

ဗိုလ်ချုပ်ရီက ခေါင်းညိမ့်လိုက်သည်။

"မင်းပဲ အဲဒီဌာနမှူး စီးမာကွမ်းကို ဂုဏ်ပြုဘွဲ့တံဆိပ်တစ်ခု.ပေးခဲ့တာ မဟုတ်လား"

ထိုစကားကိုကြားလျှင် အမှောင်သူတော်စင်က လေးနက်စွာပြန်ဖြေလိုက်သည်။

"ဟုတ်တယ်.. ငါစီးမာကွမ်းကို အထူးဘွဲ့တစ်ခုပေးပြီးဂုဏ်ပြုပေးခဲ့တယ်"

"အဲဒီဘွဲ့က ဘာဘွဲ့လဲ"

"စအိုချိုးဖျက်သူဘွဲ့"

လူတိုင်း ".........."

ထိုအချိန်တွင် ဥက္ကဌချီက လည်ချောင်း ရှင်းလိုက်ရင်း သူ၏စကားကို ပြန်ဆက်လိုက်သည်။

"မင်းတို့မြင်တဲ့အတိုင်းပဲ.. သူတော်စင်သားရဲ ဘုရင်ရဲ့ အကြွင်းအကျန် ပစ္စည်းတွေကြောင့် ငါတို့ တိုင်းပြည်မှာ အမျိုးမျိုးသော အမှောင်အင်အားစုတွေ ထကြွနေကြတယ်.. နိုင်ငံခြားတပ်တွေကလည်း အမြတ်ထုတ်ဖို့ အခွင့်အရေး ရှာနေကြတယ်.. နတ်ဆိုးဘုရင်ရဲ့ အကြွင်းအကျန် ပစ္စည်းတွေက ငါတို့နိုင်ငံရဲ့ အဖိုးတန်သမိုင်းဝင် အရင်းအမြစ် ဖြစ်တယ်.. အဲဒီမှာရှိနေတဲ့ မျိုးသုန်းသွားတဲ့ သယံဇာတတွေ အားလုံးက ငါတို့နိုင်ငံရဲ့ အဖိုးတန်ကြွယ်ဝမှုပဲ"

ဥက္ကဌချီ၏ ပြောစကားအရ သူ၏ရည်ရွယ်ချက်က ရှင်းလင်းနေပြီ ဖြစ်သည်။

သူ၏ စကားကိုအားလုံးက ခေါင်းတဆတ်ဆတ် ညိမ့်၍ ထောက်ခံခဲ့ကြသည်။

"ပြောရရင် နတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန်နယ်မြေက ဟွာရှို့နိုင်ငံရဲ့ ထူးခြားတဲ့သမိုင်းဝင် အရင်းအမြစ်တစ်ခုပဲ.. ဥပဒေမဲ့မှောင်အင်အားစုတွေနဲ့ နိုင်ငံခြားတပ်ဖွဲ့တွေက ဒီအကြွင်းအကျန်နယ်​မြေထဲကို ဝင်ရောက်ပိုင်ခွင့်မရှိဘူးလို့ နိုင်ငံခေါင်းဆောင်က ရှင်းရှင်းလင်းလင်း ညွှန်ကြားချက်ပေးပြီးပြီ.. အခုငါတို့လုပ်ရမှာက ဒီအကြွင်းအကျန်နယ်​မြေကို ကာကွယ်ဖို့နဲ့ မျိုးသုန်း ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သယံဇာတတွေကို ထိန်းသိမ်းဖို့ပဲ"

ထိုစကားကိုပြောပြီးနောက် ဥက္ကဌချီက အခြားလူများကို ကြည့်လိုက်သည်။

"သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်​မြေကို ကာကွယ်ဖို့နဲ့ပတ်သက်ပြီး အခြား ပြောစရာရှိသေးလား.. ဒီအဆိုကို ကန့်ကွက်လိုရင် စားပွဲပေါ်က အနီရောင်ခလုပ်ကို နှိပ်လို့ ရတယ်"

အားလုံးက ခေါင်းခါလိုက်ကြပြီး သူ၏အဆိုကို တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။

ထို့ကြောင့် ဥက္ကဌချီက နောက်ထပ် အကြောင်းအရာတစ်ခုကို ဆက်ပြောရန် ပြင်လိုက်သည်။

ယင်းအချိိန်တွင် ဗိုလ်ချုပ်ကျန်းက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။

"ပေါက်ကွဲခြင်းသူတော်စင်နဲ့ အရေပြားသူတော်စင်တို့က ဒီကိစ္စနဲ့ ပတ်သက်မှု ရှိနေတာလား"

"အမှန်ပဲ.. အခုအချိန်မှာ သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်​မြေကို အမှောင်အင်အားစုတွေနဲ့ နိုင်ငံခြားတပ်တွေ ဘယ်လောက်တောင် မျက်စောင်းထိုးနေလဲဆိုတာ ဘယ်သူမှသိနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် ဒီအကြွင်းအကျန်နယ်​မြေတွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်ဖို့အတွက် ပေါက်ကွဲခြင်း သူတော်စင်နဲ့ အရေးပြားသူတော်စင်တို့ကို နိုင်ငံခေါင်းဆောင်က တိုက်ရိုက်အမိန့်ပေးပြီး လျှို့ဝှက်မစ်ရှင်တစ်ခု လုပ်ဆောင်စေခဲ့တယ်.. အဲဒီမစ်ရှင်က သူတော်စင်သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်​မြေကို အတုပြုလုပ်ဖို့ပဲ"

"အကြွင်းအကျန်နယ်​မြေကို အတုပြုလုပ်ဖို့လား"

လူတိုင်းက ထိတ်လန့်သွားကြသည်။

ဤကဲ့သို့ မစ်ရှင်မျိုးရှိနေပါသလော။

"ဒါပေမဲ့ သားရဲဘုရင်ရဲ့ အကြွင်းအကျန်နယ်​မြေထဲကို ဝင်ဖို့ကြိုးစားနေတဲ့ လူတွေက သာမန်လူတွေ မဟုတ်ဘူးနော်.. သူတို့ကို လှည့်စားလို့ရပါ့မလား"

ဆေးသူတော်စင်က သံသယရှိခဲ့သည်။

"သူတော်စင်သားရဲဘုရင်ရဲ့ အကြွင်းအကျန် နယ်​မြေအတုကို ဖန်တီးတာက အခုမှမဟုတ်ဘူး.. တကယ်တော့ နိုင်ငံခေါင်းဆောင်က ဒီကိစ္စကို စီစဉ်ခဲ့တာ ကြာခဲ့ပြီ.. အခြေခံကျတဲ့အသေးစိတ်ပုံကြမ်းကို သူကိုယ်တိုင် ရေးဆွဲပေးခဲ့တယ်.. အဲဒီနယ်မြေရဲ့ အမည်ခံဥပဒေသတွေကို ပြုလုပ်ဖို့ ပေါက်ကွဲခြင်းသူတော်စင်နဲ့ အရေပြားသူတော်စင်က တာဝန်ယူခဲ့တယ်"

ထိုစကားကို ဥက္ကဌချီက ပြုံး၍ ပြောလိုက်သည်။

"ဒီအစီအစဥ်သာ ချောချောမွေ့မွေ့ အဆင်ပြေသွားမယ်ဆိုရင် သားရဲဘုရင် အကြွင်းအကျန်နယ်​မြေ ဝင်ပေါက်ပွင့်တာနဲ့ ဝင်ပေါက်အတုကို တစ်ခါတည်း ဖွင့်လိုက်မယ်.. အဲဒီအချိန်ကျရင် သားရဲဘုရင် အကြွင်းအကျန်နယ်​မြေထဲကို ဝင်ရောက်ချင်တဲ့ ဥပဒေမဲ့အင်အားစုတွေကို မျှားခေါ်နိုင်လိမ့်မယ်"

"ဒါက အန္တရာယ်ရှိနေတယ်လို့ ခံစားမိနေတုန်းပဲ"

ဆေးသူတော်စင် ဥက္ကဌလော့က ခေါင်းခါရမ်းလိုက်သည်။

ဥက္ကဌချီ ပြုံးလိုက်သည်။

"ငါတို့နိုင်ငံရဲ့ အတုဖန်တီးနိုင်စွမ်းကို ငါတို့ ယုံကြည်သင့်တယ်.. အခက်ခဲဆုံး အခြေအနေကို ငါတို့အတူ ဖြတ်ကျော်ခဲ့တာပဲမဟုတ်လား"

ဥက္ကဌလော့ ".........''

"ဒါ့အပြင် ဒီအစီအစဥ်ရဲ့ အကြွင်းအကျန် နယ်​မြေအတုကို မရိပ်မိစေဖို့ အတွက် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်ရဲ့အကူအညီကိုလည်း လိုအပ်တယ်"

ဥက္ကဌချီက ပြောကြားလိုက်သည်။

အတွင်းရေးမှူးတာခန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ဥက္ကဌချီကိုကြည့်လိုက်သည်။

''ငါတို့ဘယ်လိုကူညီရမလဲ​ ပြောပါဦး"

''သားရဲဘုရင်ရဲ့ အကြွင်းအကျန် နယ်​မြေဝင်ပေါက်က စုန့်ဟိုင်မြို့အတွင်းက တစ်နေရာရာမှာ ပေါ်ပေါက်လာမယ်လို့ ကောင်းကင်မျက်လုံး 1 က တွက်ချက်ထားတယ်.. တည်နေရာကို အတိအကျ မသိရသေးပေမဲ့ ရောင်းရင်းစွန်းအနေနဲ့ အကြိုပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်မယ်လို့ ငါထင်တယ်.. ရောင်းရင်းစွန်းက စုန့်ဟိုင်မြို့မှာရှိတဲ့ အထက်တန်းကျောင်းအချို့ကို ဆက်သွယ်ပြီး ကျောင်းသားတွေ အတွက် သားရဲဘုရင် အကြွင်းအကျန်နယ်​မြေကို လေ့လာရေးခရီးအဖြစ် စီစဥ်ပေးမယ်လို့ မျှော်လင့်ပါတယ်.. ဒါကလည်း သူတို့ရဲ့ ကျင့်ကြံခြင်းနယ်ပယ်အဆင့် အနာဂတ်မှာ မြင့်မားလာဖို့အတွက် လုပ်ဆောင်ချက် တစ်ခုလို့ ယူဆနိုင်ပါတယ်"

အတွင်းရေးမှူးစွန်းတာခန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ သူတို့တွေ ဥပဒေမဲ့အင်အားစုတွေနဲ့ ထိပ်တိုက်တွေ့ရင် ဘယ်လိုလုပ်မလဲ.. ကျောင်းသားတွေရဲ့ လုံခြုံရေးကို ဘယ်လိုအာမခံပေးမှာလဲ"

ဥက္ကဌချီက မျက်ခုံးပင့်လိုက်သည်။

"ကျောင်းသားတွေက သားရဲဘုရင် အကြွင်းအကျန်နယ်​မြေ အတုထဲကို ဝင်ရမယ်လို့ ဘယ်သူပြောလဲ.. ဒီအစီအစဥ်ကို အကောင်အထည် မဖော်ခင်မှာ အကြွင်းအကျန် နယ်​မြေအတုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေါက်ကြားအောင် အရင်စီစဥ်ရမယ်"

လူတိုင်း ".........."

ဤစကားအရ ဥက္ကချီတွင် အကောင်းမွန်ဆုံး အစီအစဉ်တစ်ခု ရှိနေမည်မှာ သေချာနေသည်။

ထို့နောက်တွင် ဥက္ကဌချီက ရယ်မော၍ ဆက်ပြောလိုက်သည်။

"ကျောင်းသားတွေက နွေရာသီခရီးစဥ် အတွက် သားရဲဘုရင်အကြွင်းအကျန် နယ်​မြေထဲဝင်ဖို့ ပြင်ဆင်နေတာတွေ့ရင် ဥပဒေမဲ့ အဖွဲ့တွေက ဘယ်လိုထင်မလဲဆိုတာ တွေးကြည့်လေ"

All Chapters