← Chapters

အထက်ကနေ E-ဗုံးမိုး ရွာချခြင်း

Vol. 37 Ch. 546

အထက်ကနေ E-ဗုံးမိုး ရွာချခြင်း

Vol. 37 Ch. 546

ဥက္ကဌချီက ဤအချက်ကို ပြောလိုက်သောအခါ အားလုံးက သူဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်သွားကြသည်။

ယင်းက လှည့်စားမှုတစ်ခု ဖြစ်ပြီး တစ်ချိန်တည်းမှာပင်ကျောင်းသားများ၏ ဗဟုသုတကို ကြွယ်ဝစေပြီး ဥပဒေမဲ့ကျူးကျော်ရန် ကြိုးပမ်းလာမည့် အင်အားစုများကိုလည်း လှည့်စားနိုင်မည် ဖြစ်သည်။

ရှေးယခင်ကနှင့် မတူဘဲ ယခုခေတ် လူငယ်မျိုးဆက်သစ် ကျင့်ကြံသူ အများစုသည် အထူးသဖြင့် ရည်မှန်းချက်ကြီးသော အိပ်မက်များ မရှိကြပေ။

ကျောင်းသားများစွာသည် အကြောင်းအမျိုးမျိုးကြောင့် စိတ်ရှုပ်ထွေးမှုများဖြစ်ပေါ်လာသောအခါ ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ကြသည်။

ဤသို့ဖြစ်စဥ်များကို လျှော့ချရန်နှင့် ပိုမိုကောင်းမွန်သောစိတ်ဓာတ်များ၊ စံတန်ဖိုးများကို နားလည်ရန်အတွက် ကျောင်းသားများကို လမ်းပြရန် မကြာသေးမီ နှစ်ပိုင်းအတွင်း ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့သည် ဝိညာဥ်ဓားဖလှယ်ခြင်းနှင့် စစ်ရေးပူးပေါင်းလေ့ကျင့်ခြင်း ကဲ့သို့သော တက်ကြွစွာ လှုပ်ရှားရသည့်ကိစ္စများကို စီစဉ်ပေးခဲ့သည်။

သို့မှသာ ကျောင်းသားများက အမြဲတစေ တက်ကြွနေပြီး ကျင့်ကြံခြင်းဘက်တွင်လည်း စိတ်ပါလာမည် ဖြစ်သည်။

နွေရာသီ ခရီးထွက်ခြင်းသည် နှစ်စဥ်ကျောင်းမှ စီစဉ်သော သင်ရိုးညွှန်းတန်းတစ်ခု ဖြစ်သည်။

ကျောင်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့သည် အခြေခံသင်ရိုးညွှန်းတမ်းဆိုင်ရာ လှုပ်ရှားမှုများကို အဆင့်မြှင့်တင်ရန် စီစဥ်ခဲ့ပြီး ငွေကြေးများစွာ ထောက်ပံ့ပေးခဲ့သည်။

ထို့ကြောင့် သင်းရိုးညွှန်းတန်း ပြင်ပလှုပ်ရှားမှုများ အတွက် ယခင်က ဝိညာဉ်သားရဲပန်းခြံနှင့် ရှောင်မိသားစုတို့ကိုသာ မကြာခဏ သွားရောက် လည်ပတ်ခဲ့သော်လည်း ယခုအခါတွင် ရွေးချယ်စရာ ပိုမိုများပြားလာပြီဖြစ်သည်။

ဆိုရလျှင် ကျောင်းသားများအတွက် မြို့ပြင်သို့ လည်ပတ်ကြည့်ရှုနိုင်မည့် ခရီးစဥ်များကိုပါ စီစဉ်ပေးနိုင်မည် ဖြစ်သည်။

သမိုင်းဝင်နေရာများနှင့် ရှုခင်းလှသောနေရာများသည် အလွန်ရွေးချယ်စရာ ကောင်း၏။

စုန့်ဟိုင်မြို့တွင် နွေရာသီခရီးစဉ်ကို များသောအားဖြင့် ဩဂုတ်လတွင် ကျင်းပလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် စုန့်ဟိုင်မြို့၏ ရာသီဥတုက အနည်းငယ်ထူးဆန်းပြီး တစ်နှစ်တာ၏ အပူဆုံးအချိန်က အောက်တိုဘာလ ဖြစ်သောကြောင့်ပင်။

"သူတို့ရဲ့ဘေးကင်းမှုကို အာမခံနိုင်သရွေ့ သားရဲဘုရင်အကြွင်းအကျန်နယ်မြေထဲကို လာရောက် လည်ပတ်ဖို့ ကျောင်းသားတွေကို ငါတာဝန်ယူတယ်"

အတွင်းရေးမှူး စွန်းတာခန်းက ပြောလိုက်သည်။

စင်စစ် သားရဲဘုရင် အကြွင်းအကျန်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရသည်မှာ တကယ့် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။

ဤနယ်မြေထဲသို့ တစ်သက်လုံး ဝင်ရောက်ခွင့်မရှိသော လူတချို့လည်း ရှိကောင်းရှိနေနိုင်သည် မဟုတ်လော။

ထိုနယ်မြေထဲသို့ ဝင်ရောက်နိုင်လျှင် သင်၏အနာဂတ်ကိုအထောက်အကူ ဖြစ်စေမည်မှာ သေချာသလောက်ပင်။

တစ်ခါတရံတွင် သင်၏ အမြင်ကျယ်ပြောမှုက အနာဂတ်တွင်သင်အောင်မြင်နိုင်မည့် အမြင့်ဆုံးအဆင့်ကို ဆုံးဖြတ်ပေးတတ်သည်။

၎င်းက ကျင့်ကြံခြင်း နယ်ပယ် တစ်ခုတည်းကို မဆိုလိုပေ။

အခြားနယ်ပယ်တွင်လည်း အောင်မြင်မှုရနိုင်သည်။

တကယ်တမ်းတွင် ဥက္ကဌချီက လုံခြုံရေးပြဿနာကို တာဝန်ယူထားပြီးပြီ ဖြစ်သည်။

"စိတ်မပူပါနဲ့.. ​ကျောင်းသားတွေကို အမှောင်အင်အားစုတွေရဲ့ရန်ကနေ ကာကွယ်ဖို့ လူအင်အားကို စေလွှတ်ပေးထားမှာပါ.. အဲဒီအစီအစဉ်ကတော့ ကျောင်းသားတွေအတွက် ဒီခရီးစဥ်ကိုစီစဥ်ပေးမဲ့ အတွင်းရေးမှူး စွန်းတာခန်းအပြင် အမှောင်သူတော်စင်နဲ့ ဆေးသူတော်စင်တို့ပါ ဒီခရီးစဥ်ကို လိုက်သွားမှာဖြစ်တယ်.. လက်နက်သူတော်စင်နဲ့ ငါကတော့ အဝေးကနေ အကူအညီပေးဖို့အတွက် မှော်ရတနာတွေကို သုံးမယ်.. လိုအပ်ရင် ကောင်းကင်အီလက်ထရစ်ဗုံးကိုပါ အသုံးပြုမယ်.. ဒါအပြင် ဒီအစီအစဥ်မှာ နိုင်ငံခေါင်းဆောင် 001ကိုလည်း တာဝန်ပေးအပ်ရလိမ့်မယ်''

ဥက္ကဌချီက ပြောကြားလိုက်သည်။

ဤအစီအစဉ်က ဝမ်မင်ကိုပင် တုန်လှုပ်သွားစေသည်။

ဤလုံခြုံရေးစာရင်းက အလွန်ပင် ပြင်းထန်လွန်းလှသည်။

စိတ်ဝိညာဥ်သူတော်စင် အတွင်းရေးမှူးစွန်းအပြင် အမှောင်သူတော်စင် ဝန်ကြီးယင်းနှင့် ဆေးသူတော်စင်ဥက္ကဌလော့တို့ပါလိုက်ပါသွားမည် ဖြစ်သည်။

ဥက္ကဌချီနှင့် လက်နက်သူတော်စင် ဝန်ကြီးခယ့်ကမူ မှော်ရတနာခဲယမ်းများ စက်ရုံကို တာဝန်ယူပြီး အဝေးထိန်းအကူအညီပေးမည် ဖြစ်သည်။

ထို့ပြင် စမ်းသပ်ဆဲ ဖြစ်သည့် နိုင်ငံခေါင်းဆောင်အတု 001 ကလည်း ရှိနေဦးမည်ဖြစ်၏။

ဆိုရလျှင် ကျောင်းသားများ၏ လုံခြုံရေးကို ပကတိအင်မော်တယ် ငါးယောက်နှင့် ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့်ရှိသည့် နိုင်ငံခေါင်းဆောင်အတု 001က တာဝန်ယူလိမ့်မည်ဖြစ်သည်။

ဤကိစ္စသာ ပြန့်သွားလျှင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်ကြားရှိ စစ်ကြီးက နောက်တစ်ကြိမ် ထပ်ဖြစ်နေပြီဟု လူတချို့က တွေးထင်ကြလိမ့်မည်။

သူတို့အားလုံး တစ်စုတစ်စည်းတည်း မစ်ရှင် ဆောင်ရွက်သည့်အချိန်သည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်က နတ်ဆိုးနတ်ဘုရားများကို တွန်းလှန်သည့်အချိန် ဖြစ်သည်။

ယခုတော့ သူတို့သာမက ကောင်းကင်အီလက်ထရစ်ဗုံးကပါ ပါဝင်လာပြီ ဖြစ်သည်။

ထို့ကြောင့် သားရဲဘုရင် အကြွင်းအကျန်နယ်မြေထဲသို့ ကျူးကျော်သူက ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် အခြေခံအားဖြင့် ကျရှုံးနေပြီဟု ဝမ်မင် ခံစားလိုက်ရသည်။

ကောင်းကင်အီလက်ထရစ်ဗုံး...

အစည်းအဝေးကို တက်ရောက်လာသော ဗိုလ်ချုပ်များက ဤအမည်ကို ကြားသောအခါတွင် သိသိသာသာ မှင်တက်ကာ ကူကယ်ရာမဲ့စွာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

"ကောင်းကင်အီလက်ထရစ်ဗုံးလား.. ဒီလောက်အထိ လိုအပ်လို့လား"

အတွင်းရေးမှူး တာခန်းက သူ၏ ချွေးများကို သုပ်ရင်းပြောလိုက်သည်။

ရှင်းလင်းစွာပြောရလျှင် ဤအရာသည် ခေတ်သစ်ကျင့်ကြံခြင်းခေတ်၏ နျူကလီးယားဗုံးဖြစ်သည်။

၎င်းက ပကတိအင်မော်တယ် တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှသောစွမ်းအား ရှိသည်။

ပကတိအင်မော်တယ် အနေဖြင့် ဤအရာနှင့် ထိပ်တိုက်တွေ့လျှင် အသက်မသေနိုင်သော်လည်း အသက်တစ်ဝက်ခန့်ကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

အဓိကအချက်မှာ ဤအရာသည် အလွန်ပင် အစွမ်းထက်လှသည်။

"ဒါကိုသုံးမယ်ဆိုရင် အန္တရာယ် အရမ်းများမယ်ထင်တယ်"

ဗိုလ်ချုပ်ရီက တွေးတွေးဆဆပြောလိုက်သည်။

"စိတ်မပူပါနဲ့.. အဲလောက်ထိ လွန်လွန်ကဲကဲမဖြစ်ပါဘူး''

ဥက္ကဌချီက သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။

"ကောင်းကင်အီလက်ထရစ်ဗုံးက မင်းတို့ထင်သလို ပေါက်ကွဲမှုတွေ ဖန်တီးမှာမဟုတ်ဘူး"

အတွင်းရေးမှူးတာခန်း "မင်းဘာကိုဆိုလိုတာလဲ"

''ငါတို့က ဒီကောင်းကင်အီလက်ထရစ်ဗုံးကို ဒီဇိုင်းဆွဲတဲ့အခါမှာ ခဲယမ်းမီးခြောက်တွေနဲ့ အသုံးပြုနိုင်ဖို့ အသေးစိတ်စဥ်းစားခဲ့ကြတယ်.. ကောင်းကင်အီလက်ထရစ်ဗုံးမှာ အသုံးပြုတဲ့ ခဲယမ်းမီးခြောက်တွေရဲ့ စွမ်းအားက တကယ်ကို အားကောင်းတယ်.. ဒါကြောင့် နိုင်ငံခေါင်းဆောင်ရဲ့ လက်မှတ်နဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် အသုံးပြုလို့မရဘူး.. ဒါပေမဲ့ ကောင်းကင် အီလက်ထရစ်ဗုံးအတုကတော့ အချိန်မရွေး သုံးလို့ရတယ်"

"လခွမ်း.. ကောင်းကင် အီလက်ထရစ်ဗုံးအတုလား"

ဗိုလ်ချုပ်အားလုံး၏ နှုတ်ခမ်းများက တလှုပ်လှုပ် ဖြစ်သွားသည်။

လက်နက်သူတော်စင်ပင် အံ့ဩသွားရသည်။

"ဒီလိုမျိုး တီထွင်မှုရှိတာလား.. ငါဘာလို့ အဲဒါကို မသိရတာလဲ"

ထိုအချိန်က ကောင်းကင်အီလက်ထရစ်ဗုံးကို ထုတ်လုပ်ခဲ့သောစက်ရုံမှ သူ၏ ခဲယမ်းစက်ရုံဖြစ်သည်။

ထို့ကြောင့် အသေးစိတ်ပုံကြမ်းကိုပင် သူမြင်ဖူးခဲ့သည်။

"မင်းမမြင်ဖူးတာ မဆန်းပါဘူး.. ဒီအကြောင်းကို ဘယ်သူမှလည်း မသိကြသေးဘူးလေ''

ဥက္ကဌချီက ပြုံး၍ ပြောလိုက်သည်။

"ဒီကောင်းကင်ဗုံးအတုရဲ့ စွမ်းရည်က ပုံရိပ်ရောင် မှော်စွမ်းရည်နဲ့ ဆင်တူတယ်"

လူတိုင်း ''.........."

ဝမ်မင် ".........."

ဆိုလိုသည်မှာ ဤကောင်းကင်ဗုံးအတု ပရိုဂရမ်သည် ဥက္ကဌချီကိုယ်တိုင် ထည့်သွင်းထားသည့်အရာ ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်မှ လွဲ၍ မည်သူမှ မသိခဲ့ပေ။

ချွေးများရွှဲစိုနေသည့် ဗိုလ်ချုပ်ယင်းက သူ့လက်တစ်ဖက်ကိုမြှောက်လိုက်သည်။

"ဒီကောင်းကင်ဗုံးအတုကို ဒီဇိုင်းထုတ်ရတဲ့ အကြောင်းအရင်းကို ငါသိပါရစေ''

"ချိန်းခြောက်ဖို့ပဲ"

ဥက္ကဌချီက တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်သည်။

လူတိုင်း ''.........."

''အခုခေတ်က ငြိမ်းချမ်းရေးခေတ်လေ.. ကောင်းကင်ဗုံးကို ငါတို့ ဘယ်လိုလုပ် လွယ်လွယ်ကူကူ သုံးလို့ရမှာလဲ.. ပြောရရင် ဟွာရှို့နိုင်ငံကို ငါတို့တွေ စတင်တည်ထောင်ကတည်းက ငါတို့ကြိုးပမ်းခဲ့တဲ့အရာက နျူကလီးယား ကင်းစင်ရေးပဲ.. ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ဒီကောင်းကင်ဗုံးအတု ဒီဇိုင်းက အရမ်းလိုအပ်တယ်.. ဒါက ဘယ်သူ့ကိုမှ မထိခိုက်စေပေမဲ့ အနည်းဆုံးတော့ ပေါက်ကွဲသံကို ဖန်တီးနိုင်မှာပါလေ"

ဥက္ကဌချီက ဆက်ပြောလိုက်သည်။

"ဥပမာပြောရရင် အတိတ်တုန်းက ရှောင်မျိုးနွယ်စုရဲ့ ဒေါသဘုရား မီးကြာပန်းကို လူတွေ ဘာကြောင့် အရမ်းကြောက်ခဲ့ကြတာလဲ ဆိုတာ မင်းတို့သိလား.. သူတို့က အလွန်ကို ကြီးမားပြီးအသံကျယ်လောင်လွန်းတဲ့ တိမ်တိုက်ကြီးကို ဖန်တီးထားတာကြောင့်ပဲ.. အဲဒါက လူတွေကို အမြီးကုပ်အောင် လုပ်ဖို့ လုံလောက်တယ်လေ''

လူတိုင်း ''.........."

All Chapters