← Chapters

တံခါးနားက အဘိုးကြီးအတွက် ဆန္ဒတစ်ခု ငါယူလာတယ်

Vol. 37 Ch. 547

တံခါးနားက အဘိုးကြီးအတွက် ဆန္ဒတစ်ခု ငါယူလာတယ်

Vol. 37 Ch. 547

ဥက္ကဌချီက ဤအစည်းအဝေး မတိုင်ခင်ကတည်းက အစီအစဉ်တွေအားလုံးကို စဉ်းစားထားပြီးသား ဖြစ်သည်။

နည်းဗျူဟာအရ ဤအရာသည် ကျိုးရီ၏ပုံစံနှင့် အလွန်ကိုက်ညီသည်ဟု ဝမ်မင် ခံစားရသည်။

ယင်းမှာ "လူအထင်ကြီးအောင်လုပ်ခြင်း" ဖြစ်သည်။

ဥက္ကဌချီက သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ များကို ကာကွယ်ရန်အတွက် အကြွင်းအကျန်နယ်မြေ အတုကို အစောကတည်းက ဖန်တီးရန် စီစဉ်ထားခဲ့သည်။

၎င်းက ယခုအကြိမ်တွင် လုံခြုံရေးကို မည်မျှဦးစားပေးထားမှန်း ရှင်းရှင်းလင်းလင်း သက်သေပြခဲ့သည်။

ဗိုလ်ချုပ်ဆယ်ဦး၏ အန္တိမ ရည်ရွယ်ချက်မှာ သားရဲဘုရင်၏ အကြွင်းအကျန်နယ်မြေ များကို ကာကွယ်ရန်သာမက အကြွင်းအကျန် နယ်မြေထဲ ဝင်ရောက်ရန် ကြိုးပမ်းလိုသော ဥပဒေမဲ့ အဖွဲ့အစည်းများကို ပြင်းထန်စွာ သတိပေးရန်အတွက် ဖြစ်ကြောင်း ထင်ရှားသည်။

"ဒါဆို လုပ်ထုံးလုပ်နည်းအရ နွေရာသီစခန်းသွင်း လေ့လာမှု နဲ့ အကာအကွယ် အစီအစဉ်နဲ့ ပတ်သက်ပြီး ကန့်ကွက်တာမျိုး ရှိရင် ကျေးဇူးပြုပြီး ရှေ့က ကန့်ကွက်ခလုတ်ကို နှိပ်ပေးကြပါ"

ဥက္ကဌချီက ပြောကြားခဲ့သည်။

ဟွာရှို့မဟာမိတ် အဖွဲ့အစည်း၏ လုပ်ဆောင်ပုံမှာ အစည်းအဝေး တစ်ခုစီ အပြီးတွင် နိုင်ငံခေါင်းဆောင်ထံ နောက်ဆုံး အတည်ပြုချက် မတင်သွင်းမီ တင်ပြထားသည့် အဆိုပြုချက်များကို ဗိုလ်ချုပ်ဆယ်ဦးမှ မဲခွဲဆုံးဖြတ်ရန် ဖြစ်သည်။

အစည်းအဝေးတွင် တက်ရောက်သူ ထက်ဝက်ကျော်က သဘောတူလျှင် စီမံချက်ကို အတည်ပြုနိုင်မည် ဖြစ်သည်။

ဉာဏ်ပညာ သူတော်စင်ဟု ကျော်ကြားသည့် ဥက္ကဌချီသည် ကိစ္စကြီးများကို ဆောင်ရွက်ရာတွင် အတွေ့အကြုံရှိသူ ဖြစ်ပြီး လုံးဝ အထင်သေး၍ မရသောသူဖြစ်သည်။

ထိုအပိုင်းတွင်"အသန်မာဆုံး ဦးနှောက်"ဟု ခေါ်သည့် ဝမ်မင်တောင်မှ သူ့ကိုမမီသေးပေ။

လူတစ်ဦးသည် အခြေအနေ တစ်ခုလုံးကို ထိန်းချုပ်ရန် ဉာဏ်ရည် တစ်ခုတည်းကိုသာ အားကိုး၍မရချေ။

လက်တွေ့ အကောင်အထည်ဖော်ရန် မရေမတွက်နိုင်သော အတွေ့အကြုံများ လိုအပ်ပေသည်။

ဟွာရှို့နိုင်ငံကို စတင်တည်ထောင်စဉ်က ရာဇ၀တ်မှုကျူးလွန်သော အမှောင်အင်အားစုများသည် ရုန့်ရင်းသော နည်းလမ်းများဖြင့် သောင်းကြမ်းခဲ့ကြသောကြောင့် အဆက်မပြတ် ကမောက်ကမ ဖြစ်ခဲ့ရသည်။

ထိုအချိန်က ဝမ်မင် မမွေးသေးပေ။

ဤလူများကို သေသေချာချာ ပြုပြင်ပေးခဲ့သူမှာ ဥက္ကဌချီ ဖြစ်သည်။

ဉာဏ်ပညာ သူတော်စင်၏ အစွမ်းသည် အလှပြရန်သက်သက် မဟုတ်ပေ။

ဤသည်ကပင် ဝမ်မင်တစ်ယောက် ဥက္ကဌချီ ထံမှ သင်ယူရာတွင် အပြည့်အဝ ပျော်ရွှင်ခဲ့ရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

ကန့်ကွက်သည့် ခလုတ်ကို မည်သူမျှမနှိပ်ဘဲ အဆိုကို ယခင်ကဲ့သို့ပင် ထပ်မံ အတည်ပြုခဲ့သည်။

"ကောင်းပြီ ဒါဆို နိုင်ငံခေါင်းဆောင်ရဲ့ ထောက်ခံမှုကိုပဲ စောင့်ရတော့မယ်"

"အခုငါက နိုင်ငံခေါင်းဆောင် နံပါတ် 001 ကို တရားဝင် စတင်အသုံးပြုဖို့ နိုင်ငံခေါင်းဆောင် နဲ့ အဝေးကနေ ချိတ်ဆက်ပေးမယ်"

"မင်းတို့ အခုကြည့်နေတဲ့ နံပါတ် 001 က အသင့်အနေအထားမှာ ရှိနေပြီ"

ဉာဏ်ပညာသူတော်စင် ဥက္ကဌချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူ့မျက်လုံးများက ဘေးဘက်ရှိ နံပါတ် 001 ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"တံခါးနားက အဘိုးကြီးအတွက် ဆန္ဒတစ်ခု ငါယူလာတယ်"

သူ့အသံက သူ့ချစ်သူကို စကားပြောနေသလိုမျိုး အလွန်နူးညံ့သည်။

"ဘာလဲဟ"

ဗိုလ်ချုပ် ဆယ်ယောက်လုံး ရင်တွေတုန်သွားခဲ့သည်။

"............"

သူတို့အားလုံးက အေးအတူပူအမျှ ဖြတ်သန်းခဲ့ပြီး အတွင်းအပြင် အချင်းချင်း သိရှိခဲ့ကြသော ထင်ရှားကျော်ကြားသည့် တည်ထောင်သူများ ဖြစ်ကြသည်။

သို့သော် သူတို့က ဥက္ကဌချီ၏ ချစ်စရာကောင်းသည့် အမူအရာကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။

"တကယ်တော့ ဒါက အသက်သွင်းကုဒ်ပါ"

ဥက္ကဌချီက ရှက်ကိုးရှက်ကန်း ပြန်ဖြေလိုက်သည်။

"အဟွတ် ဟွတ်.. ဒီအသက်သွင်းကုဒ်ကို သတ်မှတ်ပေးသူက နိုင်ငံခေါင်းဆောင် ကိုယ်တိုင်ပါ.. အကျိုးသက်ရောက်မှု ရှိစေဖို့အတွက် ဘယ်သူမှမထင်မှတ်ထားတဲ့ အထူးကုဒ်ကို ထည့်သွင်းထားတာပါ"

ဗိုလ်ချုပ်ဆယ်ပါး ".........…"

အသက်သွင်းခြင်းကုဒ်ကို လက်ခံရရှိသည်နှင့် နိုင်ငံခေါင်းဆောင် နံပါတ် 001 သည် သူ၏ ခေါင်းကို ဖြည်းညင်းစွာ စတင် လှုပ်ရှားခဲ့သည်။

သူ့မျက်လုံးများကလည်း အာရုံစူးစိုက်မှုများ ရှိလာသည်။

ဗိုလ်ချုပ်ဆယ်ယောက်က သူ့အသက်ရှုသံကိုပင် ကြားနေရသည်။

ရိုးရိုးသားသားပြောရလျှင်… နိုင်ငံခေါင်းဆောင် နံပါတ် 001သည် နိုင်ငံခေါင်းဆောင်နှင် တကယ်ကို တူလွန်းသည်။

ခြားနားချက်ကို လုံးဝ မမြင်နိုင်ပေ။

ဥက္ကဌချီ "နံပါတ် 001ရဲ့ မျက်နှာအမူအရာကို လေ့လာကြည့်မယ်ဆိုရင် ရာနှုန်းပြည့် ထပ်တူကျတာကို တွေ့ရလိမ့်မယ်.. 001ရဲ့ မျက်နှာအမူအရာ၊ လှုပ်ရှားမှု၊ အသွင်အပြင်နှင့် အသံအပါအဝင် အားလုံးက နိုင်ငံခေါင်းဆောင်နဲ့ လုံးဝထပ်တူ ဖြစ်တယ်"

"အသံကအစ နိုင်ငံခေါင်းဆောင် နဲ့တူတယ်လား.. ဒါက ကိုယ်ပွားနဲ့တောင် တူနေပြီ"

ဆေးသူတော်စင် လော့ချိုးဟွိုက်က စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။

"တကယ်တော့ နံပါတ် 001 က ကိုယ်ပွားထက်တောင် ပိုကြောက်စရာကောင်းတယ်"

ဥက္ကဌချီက ပြောကြားခဲ့သည်။

"ငါတို့အားလုံးသိတဲ့အတိုင်းပဲ.. မှော်ပညာနဲ့ ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုက အပြင်းအထန် တိုက်ခိုက်ပြီးတာနဲ့ ပျောက်သွားမှာဖြစ်တယ်.. ဒါပေမယ့် နံပါတ် 001 ကတော့ ပျောက်သွားမှာ မဟုတ်ဘူး.. ဒါ့အပြင် နံပါတ် 001က သူ့ရဲ့ကိုယ်ပိုင် ကိုယ်ပွားကိုလည်း ထုတ်နိုင်တယ်.. ဒါက ငါတို့ရဲ့ ကျင့်ကြံခြင်း ခံယူချက်နဲ့လည်း ကိုက်ညီပါတယ်"

"မြတ်စွာဘုရား.. တစ်ယောက် ကနေ နှစ်ယောက်.. နှစ်ယောက်ကနေ သုံးယောက်၊ အဆင့်ဆင့် ကိုယ်ပွားတွေ ထုတ်ရင် ကိုယ်ပွားအနန္တ ဖြစ်သွားမှာပဲ"

စိတ်လှုပ်ရှားလွန်း၍ ဗိုလ်ချုပ်ဆယ်ယောက်က ချက်ချင်းပင် အသက်ခပ်ပြင်းပြင်း ရှူလိုက်ကြသည်။

ဤလူသားပုံစံတူ မှော်ရတနာ အမျိုးအစားသာ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှု အမှန်တကယ် ဖြစ်လာခဲ့ရင်ငါတို့နိုင်ငံက အားကောင်းလာလိမ့်မယ်"

"ဒီလူသားပုံစံတူ မှော်ရတနာကို ဆယ်ခုလောက် ထုတ်လုပ်ခဲ့မယ်ဆိုရင် ဒါက စစ်တပ်ကြီး တစ်ခု ဖြစ်လာလိမ့်မယ်"

ဗိုလ်ချုပ်ကျန်းက ချီးကျူးစကား ဆိုလိုက်သည်။

"လောလောဆယ်မှာ အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအတွက် မဆုံးဖြတ်ရသေးပါဘူး.. နံပါတ် 001က စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်"

ရုတ်တရက် နိုင်ငံခေါင်းဆောင် 001က ပါးစပ်ကို ဖွင့်၍ ပြောလိုက်တယ်။

အစည်းအဝေး ခန်းမကို တိတ်ဆိတ်ငြိမ်သက်မှုက ချက်ချင်းပဲ လွှမ်းမိုးသွားခဲ့သည်။

ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူပြောခဲ့သည့် စကားက တိုတိုလေးပဲ ဖြစ်နေတယ် ဆိုလျှင်ပင် လေးနက်မှု အများကြီးရှိသည် မဟုတ်လော။

"ချစ်ခင်ရပါသော ရဲဘော်တို့ နံပါတ် 001က အခုအချိန်မှာ အသင့်အနေအထား ရှိနေပြီ.. ငါက ဒီအစည်းအဝေးကို အဝေးကနေ တက်ရောက်ခဲ့တယ်"

"အစည်းအဝေးပြီးဆုံးတာနဲ့ ဥက္ကဌချီရဲ့ ညီလာခံအစီရင်ခံစာကို တရားဝင် ထောက်ခံမယ်.. ဒါ​ပေမယ့်​ ​နောက်​ထပ်​ အချက်​နှစ်​ချက်​ ထပ်​ထည့်​ဖို့ လိုအပ်​တယ်​"

နိုင်ငံခေါင်းဆောင် "လက်ရှိအချိန်မှာ လူတိုင်း သတိထားရမဲ့ 'ညဦးစီးမှူးအဖွဲ့"လို့ ခေါ်တဲ့ နိုင်ငံခြား အမှောင်အင်အားစု ရှိတယ်.. ဒီအဖွဲ့အစည်းကို စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ ဥက္ကဌချီကိုတော့ မှာထားပြီးပြီ"

ဗိုလ်ချုပ်ရီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက ဘယ်လိုအင်အားစုမျိုးလဲ"

"သူတို့က နိုင်ငံခြားက အမှောင်အင်အားစုတွေ ဆိုတော့ လတ်တလောမှာ သူတို့ကို ဖမ်းဖို့က တော်တော်ခက်တယ်.. ဒါ့အပြင် ငါတို့က ဘာအထောက်အထားမှ မရှိဘဲ နိုင်ငံတကာ ဖမ်းဝရမ်းကို လျှောက်ထားလို့ မရဘူး"

"ဒါပေမယ့် ငါတို့ အတည်ပြုထားတဲ့ အချက်အလက် တစ်ခုကတော့ ဒီအဖွဲ့အစည်းရဲ့ လက်ခွဲခေါင်းဆောင် တစ်ယောက်က ငါတို့နိုင်ငံမှာ ရှိနေတယ် ဆိုတာပဲ.. ဒီလူအကြောင်းကို မင်းတို့ ကြားဖူးမှာပါ.. သူကတော့ မကြာသေးခင်ကမှ ဖော်ထုတ်ခံခဲ့ရတဲ့ နတ်ဆိုးမုဆိုးများအဖွဲ့အစည်းရဲ့ ခေါင်းဆောင် ပိုင်ကျဲပဲ”

လူတိုင်း အံ့ဩသွားကြသည်။

"သူက ညဦးစီးမှူးအဖွဲ့ကလူလား"

နိုင်ငံခေါင်းဆောင် "ဒီလူက လောလောဆယ်တော့ ထွက်ပြေးနေတယ်.. သူနဲ့ ပတ်သက်ပြီး သက်သေခံအဖြစ် ဆောင်ရွက်လိုတဲ့ သစ်ပင်မှင်စာတစ်ဦးကိုတော့ ငါတို့ ဖမ်းဆီးနိုင်ခဲ့တယ်"

"ဒီသစ်ပင်မှင်စာရဲ့ ထုတ်ဖော်ပြောဆိုမှုအရ ဒီလူက သူတော်စင် သားရဲတွေ ဆိတ်သုဉ်းသွားစေတဲ့ သတ်ဖြတ်မှုမှာ ဦးဆောင်သူ ဖြစ်နိုင်ချေ ရှိတယ်"

"ယခုအချိန်အထိ ရထားတဲ့ အချက်အလက်တွေ အားလုံးအရတော့ ပိုင်ကျဲက သားရဲဘုရင်ရဲ့အကြွင်းအကျန်နယ်မြေ နဲ့ ဆက်နွှယ်နေမှာ အသေအချာပဲ"

"အမှောင်သူတော်စင်ရဲ့ ထောက်လှမ်းရေးဌာနက သားရဲဘုရင်ရဲ့အကြွင်းအကျန်နယ်မြေ မဖွင့်မီမှာ ဒီလူဆီကနေ တရားမျှတမှုကို ယူနိုင်ဖို့ ကြိုးပမ်းပါ"

"စိတ်ချပါ"

အမှောင်သူတော်စင်ဝန်ကြီးယင်းက လေးနက်စွာ ပြောလိုက်သည်။

"အင်း"

နိုင်ငံခေါင်းဆောင် အဝေးမှ ထိန်းချုပ်ထားသော နံပါတ် 001 က ခေါင်းညိတ်လိုက်သည်။

"ဒါက ပထမဆုံး ထည့်ချင်တဲ့ အချက်ပါ.. အခု ဒုတိယအချက်ကို ထပ်ထည့်ချင်တယ်.. ဒါကလည်း အရေးကြီးတယ်.. ပြီးတော့ ကြောက်စရာလည်းကောင်းတယ်"

လူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

အကြောင်းတစ်ခုခုကြောင့် လေထုက ရုတ်တရက် ပိုပြင်းထန်လာသလို ခံစားခဲ့ရ၏။

နိုင်ငံခေါင်းဆောင် နံပါတ် 001က သူ၏ မေးစေ့ကို လက်ချောင်းများပေါ်တွင် တင်ထားသည်။

"ချစ်လှစွာသော ရဲဘော်တို့ မင်းတို့တွေ ဝမ်စစ်ထူကို သိလား"

ဗိုလ်ချုပ် ဆယ်ယောက် "...???.."

".............."

တစ်ချိန်လုံး ခိုးနားထောင်နေသည့် ဝမ်မင်လည်း မှင်တက်သွားသည်။

နိုင်ငံခေါင်းဆောင်

"သူက ငါအကြိုက်ဆုံး စာရေးဆရာပါ.. လွန်ခဲ့တဲ့ မိနစ်နှစ်ဆယ်က သူ ငါ့ကို စာပို့ခဲ့တယ်"

ဗိုလ်ချုပ်ရီ "ဒီလူက နတ်ဆိုး မုဆိုးများအဖွဲ့ ဥက္ကဌနဲ့ ပတ်သက်ပြီး သတင်းပေးခဲ့လို့လား"

"မဟုတ်ဘူး"

နိုင်ငံခေါင်းဆောင်က ခေါင်းခါယမ်းလိုက်သည်။

"သူ့ရဲ့ဝတ္ထုအတွက် လစဉ်မဲအရေအတွက်က မဲပေါင်း ခြောက်သိန်းပြည့်သွားပြီလို့ သူက ပြောတယ်.. အဲဒါက တကယ်ကြောက်စရာကောင်းတဲ့ မဲအရေအတွက်ပဲ"

ဗိုလ်ချုပ်ရီက ချက်ချင်းပင် ပြင်းပြင်းထန်ထန် အသက်ရှူလိုက်သည်။

"နိုင်ငံခေါင်းဆောင် မင်းဆိုလိုချင်တဲ့ အဓိပ္ပါယ်က"

နိုင်ငံခေါင်းဆောင် "ရဲဘော်တို့ အားလုံး.. ဝဘ်ဆိုက်ရဲ့ တာဝန်ခံကို ဆက်သွယ်ပြီး မဲပေးကြပါ"

ဗိုလ်ချုပ်ဆယ်ပါး ".........…"

နိုင်ငံခေါင်းဆောင်က အလွန်ပင် တည်ငြိမ်မှုရှိနေသည်။

"အရင်ဆုံး ပန်းတိုင် အသေးလေးတစ်ခု သတ်မှတ်လိုက်ရအောင်.. ဥပမာ.. ဒီည သန်းခေါင်ယံ မတိုင်ခင် မဲသန်းတစ်ရာအထိရောက်အောင် အားထည့်ကြစို့"

All Chapters