← Chapters

ဝမ်စစ်ထူ၏တန်ပြန်တိုက်ခိုက်မှု

Vol. 37 Ch. 548

ဝမ်စစ်ထူ၏တန်ပြန်တိုက်ခိုက်မှု

Vol. 37 Ch. 548

တစ်ဖက်တွင်လည်း မှင်တက်နေသော ဝမ်မင်က နားကြပ်ကို ဖြုတ်လိုက်သည်။

သူ နားကြား မမှားကြောင်း သူ့ကိုယ်သူ ထပ်ခါတလဲလဲ အတည်ပြုခဲ့သည်။

ဝမ်စစ်ထူ..

[အဲဒါ သူ့ဦးလေးရဲ့ ကလောင်အမည် မဟုတ်လား]

[နိုင်ငံခေါင်းဆောင်က သူ့ဦးလေးရဲ့ အမာခံ ပရိသတ်တစ်ယောက်လား]

အမှန်တရားက တကယ်ကို ကြောက်စရာကောင်းလွန်း၍ ဝမ်မင်က စိတ်ကမောက်ကမ ဖြစ်သွားပြီး အသက်ကို ခပ် ပြင်းပြင်း ရှုလိုက်ရသည်။

................

လစဉ်မဲပေးမဲမှု အတွက် မဲဆွယ်စည်းရုံးမှု မပြီးဆုံးမီ ငါးနာရီသာ လိုတော့သည်။

လဲ့မုန့်မုန့်က သူ့ဖုန်းပေါ်ရှိ အဆင့်သတ်မှတ်ချက် ဇယားကို ကြည့်သည်။

ပထမနေရာမှ ဝက်ဂုတ်သားစွပ်ပြုတ်က မဲအရေအတွက် 1.6 သန်းအထိ ရှိခဲ့ပြီး ဒုတိယနေရာတွင် ဝက်ခြေထောက်စွပ်ပြုတ်က မဲ 1.58 သန်းဖြင့် ရှိနေခဲ့သည်။

သူတို့က တစ်ယောက်နဲ့ တစ်ယောက် မဲမတိမ်းမယိမ်း ဖြစ်နေ၏။

ဖေဖေဝမ်၏ လစဉ်မဲ အရေအတွက်ကမူ ရှစ်သိန်းသာ ရှိခဲ့သည်။

မဲပေါင်း လေးသိန်းနီးပါး တိုးလာသော်လည်း သူနှင့် ပထမ၊ဒုတိယနေရာကြား ကွာဟမှုက ပိုပို၍ ကျယ်လာသည်။

သို့သော် ဖေဖေဝမ်ကို ကြည့်ရသည်မှာ စိုးရိမ်ပုံမပေါ်ပေ။

သူက တီဗီဒရမ်မာ တစ်ခုကို ကြည့်ရင်း ဆေးပြင်းလိပ်ကို အေးအေးဆေးဆေး သောက်နေခဲ့သည်။

တီဗီက တိုက်ရိုက်မဲရေတွက်မှုကိုပင် ကြည့်ဖို့ စိတ်မ၀င်စားခဲ့ပေ။

လစဉ်မဲပေးပွဲနှင့် ပတ်သက်၍ သူက ကောင်းစွာ နားလည်သည်။

ကနဦးအဆင့်တွင် ၎င်းတို့၏ အခန်းအပ်ဒိတ် အရေအတွက်နှင့် အရည်အသွေးတို့ပေါ် မူတည်၍ စာဖတ်သူတို့က မဲပေးကြသည်။

သို့သော် နှောင်းပိုင်းအဆင့်တွေမူ အခြေခံအားဖြင့် စာဖတ်သက် ရင့်သူများအကြားရှိ မဲတိုက်ပွဲ ဖြစ်သည်။

"ငါအယ်ဒီတာချုပ်ရုံးကို မေးကြည့်တော့ ဝက်ဂုတ်သား စွပ်ပြုတ်နဲ့ ဝက်ခြေထောက် စွပ်ပြုတ်က မဲလိမ်တာမဟုတ်ဘူးလို့ အတည်ပြုပေးခဲ့တယ်"

"ထိပ်တန်း စာရေးဆရာတွေတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ကို ကျောထောက်နောက်ခံပေးထားတဲ့ ကောင်းကင်အဆင့်ဂိုဏ်းတစ်ခု ရှိကြတယ်"

လဲ့မုန့်မုန့်က ထိုစကားကို ပြောသည့်အခါတွင် တကယ်ကို စိတ်ပျက်အားငယ်နေခဲ့သည်။

ကောင်းကင်အဆင့် ဂိုဏ်းတစ်ခု၏ နှစ်စဉ်အမြတ်ငွေမှာ သန်းတစ်ရာကျော် ရှိသည်။

ထို့ကြောင့် ၎င်းတို့နှစ်သက်သည့် စာရေးဆရာထံ ပံ့ပိုးပေးနိုင်ခြင်းသည် အံ့သြစရာမဟုတ်ပေ။

အစောပိုင်းက ဤစာရေးဆရာနှစ်ဦး၏ မဲအရေအတွက်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု လဲ့မုန့်မုန့် ​ထင်ခဲ့သော်လည်း ယင်းမှာ အခြေအနေကို နားမလည်သောကြောင့် သာ ဖြစ်သည်။

စာရေးဆရာနှစ်ဦးစလုံးသည် ခြောက်နာရီအတွင်း လစဉ်မဲတစ်သန်း နီးပါးရရှိထားပြီ ဖြစ်သည်။

လစဉ်မဲတစ်ခုစီသည် အင်မော်တယ် ရွှေငါးခု ကုန်ကျသောကြောင့် လစဉ်မဲအရေအတွက် အများအပြား ပံ့ပိုးရန်မှာ သာမန်လူများ တတ်နိုင်သည့်အရာ မဟုတ်ပေ။

"အိုး ကောင်းကင်အဆင့် ဂိုဏ်းတွေလား.. ဟားဟား အဲဒါက နည်းနည်း ကြောက်စရာပဲ"

လဲ့မုန့်မုန့်၏ စကားကို ကြားသောအခါ ဖေဖေဝမ်က ရယ်မောခဲ့သည်။

လဲ့မုန့်မုန့် သွေးအန်လုမတတ် ဖြစ်နေသည်။

{ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ.. အကိုဝမ်က တော်တော်မိုက်တာပဲ}

လက်ရှိတွင် အစိုးရမှ အသိအမှတ်ပြုထားသော ကောင်းကင်အဆင့် ဂိုဏ်းခွဲမှာ ငါးဆယ်ထက်မပိုပေ။

သင်၏ ပံ့ပိုးသူအဖြစ် ကောင်းကင်အဆင့် ဂိုဏ်းတစ်ခုကို ချုပ်နိုင်လျှင် သင်၏ နောက်ကွယ်၌ ငွေကြေး အင်အားစုတစ်ခုလုံးနဲ့ ရှိနေသည်နှင့် ညီမျှသည်။

"အစ်ကိုကြီး.. မင်းနဲ့ သိကျွမ်းတဲ့ နာမည်ကြီး ကောင်းကင်အဆင့်ဂိုဏ်းတစ်ခုခု မရှိဘူးလား ဒါမှမဟုတ် မင်းရဲ့ ဖန်ဂရုထဲမှာရော ဂိုဏ်းတွေမရှိဘူးလား"

"ကောင်းကင်အဆင့် မဟုတ်ရင်တောင် မြေကမ္ဘာအဆင့်လည်း အလုပ်ဖြစ်တယ်"

လဲ့မုန့်မုန့်က ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။

လက်ရှိ ပရိသတ်အခြေခံကို ကြည့်လျှင် ဖေဖေဝမ်သည် အခြားစာရေးဆရာနှစ်ဦးထက် ပရိသတ်များစွာ ပိုမို ရှိနေသည်။

ထိုပရိသတ်ထဲတွင် အရေးပါသော ပုဂ္ဂိုလ်များ မရှိသည်မှာ မဖြစ်နိုင်ပေ။

"အင်း သေချာပေါက်ရှိတာပေါ့.. ဟိုးအရင်တုန်းက ဝိညာဉ်ဓားဂိုဏ်းက ဆိုပြီး လူတစ်ယောက် ငါ့ကိုလာမိတ်ဆက်တယ်"

ဖေဖေဝမ်က ပြောလိုက်သည်။

"ဝိညာဉ်ဓားဂိုဏ်းလား"

လဲ့မုန့်မုန့် အံ့သြသွားသည်။

"ဒါ… ဒါက ကောင်းကင်အဆင့် ဂိုဏ်းတစ်ခုပဲ အစ်ကိုကြီး..

အခု ဝက်ဂုတ်သားစွပ်ပြုတ်ကို ပံ့ပိုးပေးနေတဲ့ ကောင်းကင်အဆင့်ဂိုဏ်းက ဝိညာဉ်ဓားဂိုဏ်းပဲ"

"အင်း ငါသိတယ်"

ဖေဖေဝမ်က ပြောလိုက်သည်။

"ဒါပေမယ့် သူတို့က ငါ့ဝတ္ထုထဲမှာ သူတို့ရဲ့ ဂိုဏ်းကို ကြော်ငြာစေချင်တဲ့အတွက် ငါငြင်းခဲ့တယ်"

လဲ့မုန့်မုန့် "ဘာလို့ ငြင်းလိုက်တာလဲ"

ဖေဖေဝမ်က ထုံးစံအတိုင်း အနက်ရောင် မျက်မှန်ကို ပင့်တင်လိုက်သည်။

"ပရိသတ်အစစ်တွေက တောင်းဆိုမှုတွေ အများကြီးရှိမှာမဟုတ်ဘူးလေ"

လဲ့မုန့်မုန့် "..............."

မျက်နှာတွင် တင်းမာသော အမူအရာ ဖြစ်ပေါ်နေသည့် လဲ့မုန့်မုန့်ကို ကြည့်ရင်း ဖေဖေဝမ်က မရယ်ဘဲ မနေနိုင်တော့ပေ။

"မင်းက ငါ့ထက်​ ပိုစိတ်​ပူ​နေတယ်လို့ ငါဘာလို့ ခံစား​နေရတာလဲ"

"ဒီတစ်ကြိမ် လစဉ်မဲပေးပွဲ အတွက် ကွာဟချက်က အရမ်းကျယ်နေတယ်... ငါတို့ရှုံးခဲ့ရင် မင်းရဲ့ ပရိသတ်တချို့က တခြားတစ်ယောက်ဆီ ရောက်သွားလောက်တယ်"

လဲ့မုန့်မုန့်က သက်ပြင်းချလိုက်သည်။

တကယ်တမ်းတွင် ဤသည်မှာ ရှေးရိုးဆန်သော ခန့်မှန်းချက်တစ်ခုသာ ဖြစ်သည်။

စင်စစ် ဖေဖေဝမ်က ဝဘ်ဆိုက်၏ ဂုရုတစ်ဦး ဖြစ်ပြီး အဆင့်ဇယားကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့သည်။

ဤတိုက်ပွဲတွင် ကျော်တက်ခံရလျှင် ပေါက်ကွဲစေမည့် သတင်းတစ်ပုဒ် ဖြစ်လာမှာ သေချာသည်။

ထို့အပြင် အခြားစာရေးဆရာနှစ်ဦး၏ နောက်ကွယ်၌ ကောင်းကင်အဆင့်ဂိုဏ်းများက ၎င်းတို့၏ နာယကများ အဖြစ် ရှိနေသည်။

အကယ်၍ သူတို့သာ ဤအချိန်တွင် အရှိန်အဟုန်ဖြင့် အနိုင်ရသွားခဲ့လျှင် နောင်အခါတွင် ဖေဖေဝမ် အတွက် အလွန်ခက်ခဲသောအချိန် ရောက်လာနိုင်သည်ဟု လဲ့မုန့်မုန့် ခံစားမိသည်။

ဖေဖေဝမ်သည် သူ၏ဝတ္ထုတွင် ကောင်းကင်အဆင့်ဂိုဏ်း တစ်ခုကို ကြော်ငြာပေးရန် ငြင်းဆိုခဲ့သည်။

ထိုဂိုဏ်း၏ ပဲ့ကိုင်သူက သဘောထားသေးသိမ်သည့် ပုဂ္ဂိုလ်ဖြစ်နေလျှင် ဖေဖေဝမ် နှိမ်နင်းခံရနိုင်ပေသည်။

လဲ့မုန့်မုန့်က အဘယ့်ကြောင့် ဖေဖေဝမ် စိတ်အေးလက်အေး ငြိမ်နေပုံရသည်ကို နားမလည်ပေ။

ဖေဖေဝမ် "ဟားဟား.. စိတ်မပူပါနဲ့.. စောင့်ကြည့်လိုက်ပါ"

ကောင်းကင်အဆင့်ဂိုဏ်းတစ်ခုသည် အမှန်တကယ်ပင် လေးနက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် ပြဿနာမှာ ဤစာရေးဆရာနှစ်ဦး နောက်ကွယ်ရှိ “ကောင်းကင်အဆင့်ဂိုဏ်းများ” သည် ဖေဖေဝမ်နှင့် ပဋိပက္ခရှိနေခြင်းပင်။

{အကိုဝမ်ကို ထိပ်တိုက်ရင်ဆိုင်ချင်နေတာများလား}

….............

ဤထူးခြားသော မဲဆွယ်ကာလအတွင်း မဲအရေအတွက်သည် မထင်မှတ်ဘဲ အာရုံစိုက်မှုများစွာကို ခံခဲ့ရသည်။

အိမ်စာများပြီးသောအခါတွင် ဝမ်လင်းက အဆင့်ဇယားကို စကင်န်ဖတ်လိုက်ရာ ဖေဖေဝမ်က တတိယနေရာတွင် နောက်ကျကျန်နေခဲ့သည်ကို တွေ့ရှိခဲ့သည်။

သူက ဆွေးနွေးမှုဖိုရမ်များနှင့် သတင်းအက်ပ် အချို့ကို ချက်ချင်းဖွင့်လိုက်သည်။

သေချာသည်။ ဤလစဉ်မဲပေးပွဲက သတင်းတစ်ခု ဖြစ်လာနေခဲ့ပြီ..

[သတင်းခေါင်းကြီးပိုင်း]

"နတ်ဘုရားတစ်ဆူ ပြုတ်ကျသွားပြီလား"

"ဂုရုကြီးဝမ်စစ်ထူက လစဉ်မဲပေးပွဲမှာ ပထမဆုံးအကြိမ်အဖြစ် မဲအရေအတွက် ကွာဟမှုများစွာနဲ့ နောက်ကျကျန်နေခဲ့ပြီ"

အလားတူ သတင်းအများအပြား ရှိခဲ့ပြီး တခဏအတွင်း ဂုရုဝမ်စစ်ထူနှင့် ပတ်သက်သည့် သတင်းသည် အဓိက သတင်းချန်နယ်များနှင့် ရှာဖွေမှုများကို လွှမ်းမိုးထားခဲ့သည်။

လဲ့မုန့်မုန့် နှင့် ဖေဖေဝမ် တို့က အောက်ထပ်တွင် စကားပြောနေကြစဉ် ဝမ်လင်းက ပထမနေရာ အတွက် အကျိတ်အနယ် ယှဉ်ပြိုင်နေသော စာရေးဆရာ နှစ်ဦးကို ထောက်ခံသည့် “ကောင်းကင်အဆင့်ဂိုဏ်းများ” အကြောင်းကိုလည်း ကြားသိခဲ့ရသည်။

သူ့အဖေနှင့် ပတ်သက်သည့် သတင်းကို ဖြန့်ဝေခြင်းဖြင့် နောက်ကွယ်ကနေ မီးထဲကို လောင်စာထည့်သူမှာ ကောင်းကင်အဆင့် ဂိုဏ်းများ ဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့သည်။

တကယ်တမ်းတွင် မကြာသေးမီ နှစ်များအတွင်းက စပြီး လူကြိုက်များသော စာရေးဆရာများနှင့် ပူးပေါင်းလုပ်ဆောင်သည့် ဂိုဏ်းပေါင်း များစွာရှိခဲ့သည်။

စာရေးဆရာများသည် ၎င်းတို့၏ ဝတ္ထုစာအုပ်များတွင် ဂိုဏ်းများကို ကြော်ငြာပေးလျှင် ဂိုဏ်းများက ၎င်းတို့အား လစဉ်မဲများနှင့်လက်ဆောင်များကို ထောက်ပံ့ကြမည် ဖြစ်သည်။

ဤသည်က စျေးကွက်ထဲရှိ လက်ရှိ ကြော်ငြာနည်းလမ်း ဖြစ်သည်။

အွန်လိုင်းကျင့်ကြံခြင်း ဝတ္တုများစွာတွင် နာမည်ကြီးစာရေးဆရာများသည် ခေတ်သစ်ကျင့်ကြံမှု ဘောင်ပေါ်တွင် ၎င်းတို့ဝတ္ထုများကို ဇာတ်အိမ်တည်ထားသောကြောင့် နာမည်ကြီးဂိုဏ်းများသည် ယင်းကို ကြော်ငြာအခွင့်အလမ်းတစ်ခုအဖြစ် အသုံးချခဲ့ကြသည်။

အချို့သော ဂိုဏ်းများသည် သူတို့၏ ဂိုဏ်းများကို နောက်ခံ ဇာတ်အိမ်ထား၍ အထူးပြုရေးသားပေးရန် စာရေးဆရာများကို ဌားရမ်းကြသည်။

သို့သော် အများစုမှာ မြေကမ္ဘာအဆင့် ဂိုဏ်းများ ဖြစ်ကြသည်။

ကောင်းကင်အဆင့် ဂိုဏ်းများက မည်သည့်အချိန်က စတင်ခဲ့ပါသနည်း။

ဤကိစ္စနှင့် ပတ်သက်ပြီး အတန်းထဲတွင် ဆွေးနွေးမှု အများအပြား ရှိခဲ့သည်။

အတန်းထဲရှိ လူအတော်များများက ဖေဖေဝမ်ကို နှစ်သက်ကြသော်လည်း အဆုံးသတ်တွင် သူတို့မှာ ကျောင်းသားများသာ ဖြစ်သည်။

လစဉ်မဲပေးရန်အတွက် အင်မော်တယ် ရွှေချောင်း ငါးခုကို ကုန်ကျခံရန် ပိုက်ဆံ မည်သို့ ရနိုင်ပါအံ့နည်း။

ကျောင်းသားတစ်ဦး အနေဖြင့် စာရေးဆရာကို ပံ့ပိုးရန် တရားဝင် စာရင်းသွင်း ဝယ်ဖတ်ခြင်းကပင် အလွန်ကောင်းမွန်နေပြီဟု ဝမ်လင်း တွေးမိခဲ့သည်။

ကျောင်းသားမို့ ပိုက်ဆံမရှိ၍ ခိုးကူးဗားရှင်းကို ဖတ်ရသည်ဟု ဘယ်တော့မှ ဆင်ခြေမပေးသင့်ပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က ဖေဖေဝမ်၏ စာအုပ်များကို အမြဲတစေ အသေးစိတ် ဖတ်ရှုခဲ့သည်။

ထို့ကြောင့် သတင်းကို ကြည့်ပြီးသည်နှင့် ချက်ချင်းပဲ ဂရုထဲတွင် ထောက်ခံကြောင်း ဖော်ပြခဲ့သည်။

"ညီနောင်တို့.. စီနီယာဝမ်ရဲ့ အင်မော်တယ်ဘုရင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုဘဝ စာအုပ်က လစဉ်မဲပေးဇယားမှာ တတိယအဆင့်ကို ရောက်နေခဲ့ပြီ.. စီနီယာဝမ် အတွက် မဲဆွယ်စည်းရုံးရေးမှာ ကူညီဖို့ ညီနောင်တို့က ရှိရှိသမျှ ခွန်အားတွေနဲ့ လိုက်လံ စည်းရုံးပေးနိုင်မလား"

ဓမ္မရာဂျာက OK မက်ဆေ့ချ်ကို ချက်ခြင်းပို့လိုက်သည်။

သူက ပထမဆုံး တုံ့ပြန်သူ ဖြစ်သည်။

"ပြဿနာမရှိပါဘူး.. ငါ စီနီယာဝမ်ကို မဲပေးမယ်"

ချိုက်လျန်က လက်သီးဆုပ်၍ ဂါရဝပြုသည့် အီမိုဂျီကို ပေးပို့ခဲ့သည်။

"ဒီဝတ္ထုကို ငါ တကယ် မဖတ်ဖူးပေမယ့် စီနီယာဝမ်ကို ထောက်ခံမှာပါ.. မဲတစ်ရာ ထည့်ပါ့မယ်"

အင်မော်တယ်ထုန်ရာ"ဒါပေမယ့် စီနီယာအင်မော်တယ် ငါတို့ရဲ့ ခွန်အားတစ်ခုတည်းနဲ့တော့ မလုံလောက်ဘူးလို့ ထင်တယ်.. ဒီကွာဟချက်က နည်းနည်းကြီးလွန်းတယ်”

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

"အရင်ဆုံး မဲပေးကြပါ.. စီနီယာဝမ်ကို အားပေးဖို့ ငါ့ရဲ့ ကျင့်ကြံခြင်း ဖိုရမ်မှာ ကြေငြာပြီးပါပြီ.. ဘာပဲဖြစ်ဖြစ် ငါတို့က စီနီယာဝမ်ကို ထိပ်ဆုံးရောက်အောင် လုပ်ရမှာပဲ"

ထို့နောက် သူက ကျင့်ကြံခြင်း ဖိုရမ်တွင် သူတင်ထားသည့် လင့်ခ်ကို တိုက်ရိုက် ပေးပို့ခဲ့သည်။

ဝမ်လင်းက လင့်ခ်ကို နှိပ်လိုက်သောအခါတွင် ပင်မစာမျက်နှာတွင် စကားလုံးကြီးနှစ်လုံးကို တွေ့လိုက်ရသည်။

"ထိပ်သီးစစ်ပွဲ"

All Chapters