← Chapters

လဲ့မုန့်မုန့် ကြောင်အမ်းအမ်းဖြစ်ခြင်း

Vol. 37 Ch. 549

လဲ့မုန့်မုန့် ကြောင်အမ်းအမ်းဖြစ်ခြင်း

Vol. 37 Ch. 549

စီမံခန့်ခွဲသူအနေဖြင့် ဗုံးပစ်စီနီယာအင်မော်တယ်သည် ကျင့်ကြံခြင်း ဖိုရမ်တွင် ပေါ်လာခဲသည်။

သူက ဖိုရမ်အဖွဲ့ဝင်များ၏ အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရန်သာ လာလေ့ရှိသည်။

ယနေ့အထိ မည်သူကိုမျှ ထောက်ခံရန် ပို့စ်တစ်စုံတစ်ရာ မတင်ခဲ့ပေ။

ဝမ်လင်းက ဗုံးပစ်စီနီယာအင်မော်တယ်၏ အဆက်အသွယ်ကို လျော့မတွက်သင့်ဟု ​အမြဲခံစားခဲ့ရသည်။

ဤနာမည်ကျော် "မဟာသေမင်းတမန်စီနီယာ"ကိုယ်တိုင် ပို့စ်တင်လိုက်သည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်း အသိုင်းအဝိုင်း တစ်ခုလုံးနီးပါး ပျံ့နှံ့သွားခဲ့သည်။

ဆယ်မိနစ်အတွင်းမှာပင် ဤ "ထိပ်သီးစစ်ပွဲ" ပို့စ်၌ ပြန်ကြားချက် တစ်ထောင်နီးပါး ရှိနေပြီဖြစ်သည်။

"လခွမ်း.. စီနီယာအင်မော်တယ် အမှန်တကယ် ပေါ်လာတယ်ဟ"

"စီနီယာ အင်မော်တယ်လည်း ဒီဝတ္ထုကို ကြိုက်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး.. သူက ဝမ်စစ်ထူရဲ့ မဲဆွယ်စည်းရုံးရေးမှာ တကယ်ပဲ ကူညီပေးနေတယ်.. သူက တကယ့် ဖန် တစ်ယောက်လိုပဲ"

"အီးဟီးဟီး.. ဂုရုဝမ်စစ်ထူကို အရမ်းကြိုက်ပါတယ်..

ဒါပေမယ့် ဝိညာဥ်ဓားဂိုဏ်းကလည်း ပရိုမိုရှင်း လုပ်နေတယ်.. ဝက်ဂုတ်သားစွပ်ပြုတ်ကို မဲနှစ်ဆယ်ပေးရင် ဝမ်လူ ဆာရှိမီ ဗန်းတစ်ဗန်း လက်ဆောင်ပေးမယ်တဲ့"

"စီနီယာ အင်မော်တယ် မင်းက တကယ့်သစ္စာရှိ ရဲဘော်ပဲ..

ငါတို့ လေးစားပါတယ်.. ဒါပေမယ့် ဝမ်စစ်ထူက ဒီတစ်ကြိမ်မှာ ရှုံးနိမ့်ဖို့များနေပြီ... ကွာဟချက်က အရမ်းကို ကြီးမားနေပြီလေ"

…............

ဤမှတ်ချက်များကို ဖတ်ရင်း ဗုံးပစ်စီနီယာ အင်မော်တယ်၏ နှလုံးသားက မှန်တစ်ချပ်ကဲ့သို့ ကြည်လင်နေခဲ့သည်။

သူက အရှိန်အဟုန်ကို ဖန်တီးကာ ဖေဖေဝမ် အတွက် ထောက်ခံအားပေးသူများထဲတွင် အများဆုံး လုပ်နိုင်ခဲ့သည်။

အဆုံးသတ်တွင် ကျင့်ကြံခြင်း ဖိုရမ်နှင့် ကျင့်ကြံခြင်းနက်ဝေါ့ခ်ရှိ အသုံးပြုသူများမှာ မတူညီကြပေ။

ပို့စ်တစ်ခုတည်းဖြင့် မဲအရေအတွက်ကို ပြောင်းလဲဖို့က မဖြစ်နိုင်သလောက်ပင်။

မဲဆွယ်မှု၏ ရလဒ်အနေဖြင့် ဖေဖေဝမ်သည် လက်ရှိတွင် မဲတစ်သန်းနီးပါးဖြင့် နောက်ကျ ကျန်နေခဲ့သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဇာတ်ရှိန်အမြင့်ဆုံးအချိန်သည် မဲပေးပွဲနောက်ဆုံးနေ့ သို့မဟုတ် မဲဆွယ်စည်းရုံးမှု၏ နောက်ဆုံးနာရီတွင် ဖြစ်သည်။

ဝက်ဂုတ်သားစွပ်ပြုတ်ကို ကျောထောက် နောက်ခံပေးထားသော ဝိညာဉ်ဓားဂိုဏ်း ဖြစ်စေ သို့မဟုတ် ဝက်ခြေထောက်စွပ်ပြုတ်ကို ကျောထောက်နောက်ခံပေးထားသော ဝိညာဥ်အင်ပါယာဂိုဏ်းပဲ ဖြစ်စေ၊ ဤကောင်းကင်အဆင့် ဂိုဏ်းနှစ်ခုစလုံးသည် ၎င်းတို့၏ စစ်မှန်သော စွမ်းအားကို ထုတ်ဖော်ပြသခြင်း မရှိသေးပေ။

ဗုံးပစ်စီနီယာ အင်မော်တယ်က အဆင့်ဇယားကို ကြည့်လိုက်ရင်း ကူကယ်ရာမဲ့စွာ မျက်မှောင်ကြုတ်နေခဲ့သည်။

….............

ဆိုရလျှင် ထိုဂိုဏ်းများသည် ကောင်းကင်အဆင့်ဂိုဏ်းများဖြစ်သည်။

အခြားတစ်ဖက်မှ ဗုံးပစ်စီနီယာအင်မော်တယ်ကမူ အွန်လိုင်းဖိုရမ်တစ်ခု၏ ဦးစီးသူသာ ဖြစ်သည်။

သူက ဤနှစ်များ တစ်လျှောက်တွင် ဝင်ငွေ အတော်လေး ရရှိခဲ့သော်လည်း ကောင်းကင်အဆင့်ဂိုဏ်းတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်မူ ကျိန်းသေပေါက် ရှုံးနိမ့်ပေလိမ့်မည်။

ယခုခေတ်တွင် ကုမ္ပဏီတွေ အများအပြား ရှိနေပြီ ဖြစ်သည်။

သူက အွန်လိုင်းစီးပွားရေးလုပ်ငန်း အဖြစ် စစ်မှန်သော စီးပွားရေးကို မချဲ့ထွင်မီ ဂိုဏ်းတစ်ခုကို တည်ထောင်ချင်ခဲ့သည်။

ယင်းက လွယ်ကူမည်တော့ မဟုတ်ပေ။

အတော်လေး ကြိုးစားအားထုတ်ဖို့ လိုအပ်သည်။

ဆောက်လုပ်ရေး၊ စီမံကိန်း၊ အတွေးအခေါ်၊ ဂိုဏ်းစနစ်၊ စီးပွားရေးပုံစံ၊ ဂိုဏ်းစည်းမျဉ်း.....

ထိုအရာအားလုံးအတွက် သူစဉ်းစားရမည်။

သူက အထက်ပါ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လျှင်ပင် နောက်ဆုံး အကဲဖြတ်မှု၌ မြေကမ္ဘာအဆင့် ဂိုဏ်းတစ်ခု အဖြစ်သာ အရည်အချင်း ပြည့်မီမည် ဖြစ်သည်။

မြေကမ္ဘာအဆင့် ဂိုဏ်းတစ်ခုသည် ဗုံးပစ်စီနီယာအင်မော်တယ်၏ ပန်းတိုင် မဟုတ်ပေ။

သူက လျှောက်နိုင်သမျှ ခပ်ဝေးဝေး လျှောက်လှမ်းရပေမည်။

ဟုတ်ပါသည်။ ဤသည်က နောက်ပိုင်းတွင် ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်သည် မဟုတ်ပါလော။

ယခု အရေးကြီးဆုံးမှာ စီနီယာဝမ် အတွက် မဲဆွယ်ရန်ဖြစ်သည်။

ကောင်းကင်အဆင့်ဂိုဏ်းများသည် အလွန်ခိုင်မာသောအခြေခံအုတ်မြစ် ရှိသော်လည်း ကျင့်ကြံခြင်းဖိုရမ်၏ အွန်လိုင်း လွှမ်းမိုးမှုမှာလည်း မနည်းလှပေ။

ထို့အပြင် သူ့တွင် မစည်းရုံးရသေးသော ပုဂ္ဂိုလ်တစ်ဦး ရှိနေပါသေးသည်။

ဗုံးပစ်စီနီယာအင်မော်တယ်က ဖန်းကွမ်းထံ သီးသန့်မက်ဆေ့ချ်ပို့လိုက်သည်။

"ညီနောင်လဲ့.. စီနီယာဝမ်ရဲ့ဝတ္ထုကို မဲပေးဖို့လှုံ့ဆော်ရမှာလား.. ကောင်းပြီ.. ငါအခုပဲ ကြေငြာပေးမယ်"

ဖန်းကွမ်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ဖန်သားပြင်ဓာတ်ပုံတွင် ဖေဖေဝမ်၏ ဝတ္ထုဓာတ်ပုံကို ပူးတွဲဖော်ပြခဲ့သည်။

ထို့အပြင် ဝတ္ထု၏ လင့်ခ်ကိုပါ တင်ထားခဲ့သည်။

သူ့တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ပရိသတ်အရေအတွက်သည် ယခုအခါတွင် လူဆယ်သန်းကျော်၌ တည်ငြိမ်နေပြီ ဖြစ်သည်။

သူက တိုက်ရိုက်ထုတ်လွှင့်မှု ဖျော်ဖြေရေး အသိုင်းအဝိုင်း၏ အစ်ကိုကြီး ဖြစ်လာလုနီးပါးပင်။

ဗုံးပစ်စီနီယာအင်မော်တယ်

"မင်းရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ပါတယ် အစ်ကိုကွမ်း"

သို့သော်လည်း ဗုံးပစ်စီနီယာ အင်မော်တယ်သည် ယခုအခါတွင် ကြော်ငြာရှင်များ ကြုံတွေ့နေရသည့် ပြဿနာမျိုးနှင့် ရင်ဆိုင်နေရသည်။

အခြေခံ ပရိသတ်ချင်း မတူသည့်အတွက် ဖေဖေဝမ်ကို ကူညီပေးနိုင်သူ အရေအတွက်မှာ အကန့်အသတ်ရှိသည်။

တကယ်တမ်းတွင် ဤပရိသတ် ဆယ်သန်းလုံးသည် ဝတ္ထုသရဲများ မဟုတ်ပေ။

ထို့အပြင် အားလုံးက ချမ်းသာသူများလည်း မဟုတ်ကြချေ။

ဖန်းကွမ်း၏ ပရိသတ်အများစုက အလွန်ငယ်ရွယ်ကြသည်။

သိထားရမည်မှာ ဖန်းကွမ်း၏ ပရိသတ်များ စာရင်းတွင် ထိပ်ဆုံး နေရာကို ယူထားသူမှာ ဖေဖေဝမ် မှတ်ပုံတင်ထားသော ID ဖြစ်သည့် သုံးရက်နှင့် နှစ်ည မွမ်းမံခြင်း (ဝါ) ညီနောင်အိပ်စက် ဖြစ်သည်။

ဖန်းကွမ်းက သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် ညီနောင်လဲ့ ရလဒ်တွေက သိပ်ကောင်းမယ်လို့ မထင်ဘူး"

"တခြားစာရေးဆရာတွေကို ကောင်းကင်အဆင့် ဂိုဏ်းနှစ်ခုက ထောက်ပံ့နေတယ်လို့ ငါကြားမိတယ်.. ကောင်းကင်အဆင့် ဂိုဏ်းတွေနဲ့ ယှဥ်ပြိုင်ဖို့ သမားရိုးကျ နည်းလမ်းကိုပဲ အားကိုးနေရင် ငါတို့က သူတို့နဲ့ မယှဥ်နိုင်မှာကို ငါစိုးရိမ်မိတယ်"

ထိုအချိန်တွင် ချက်ဂရုထဲကို ဓမ္မရာဂျာက စာတစ်စောင် ပေးပို့ခဲ့သည်။

"စီနီယာဝမ်ရဲ့ မဲတွေက အရမ်းကို မြန်မြန်ဆန်ဆန် တိုးတက်လာတယ်.. အခု ၁.၂ သန်းရှိနေပြီ.. ဒါပေမယ့် ဟို စာရေးဆရာနှစ်ယောက်ကလည်း မဲနှစ်သန်းနီးပါး ရထားခဲ့ပြီ"

ဗုံးပစ်စီနီယာ အင်မော်တယ်က မျက်မှောင်ကြုတ်လိုက်သည်။

"မဲရှစ်သိန်း ကွာနေသေးတယ်"

"ငါတို့ တခြားနည်းလမ်းကို ဘာလို့မစဉ်းစားတာလဲ.. မဲလိမ်တယ်လို့ စွပ်စွဲလိုက်ရင်ကောင်းမလား"

"လုံးဝမဖြစ်ဘူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က ခေါင်းခါလိုက်သည်။

"ကောင်းကင်အဆင့်ဂိုဏ်းတွေရဲ့ ပံ့ပိုးမှုကို ရထားတဲ့ ဒီစာရေးဆရာနှစ်ယောက်ကို မဲမသမာ လုပ်တယ်လို့ စွပ်စွဲလိုက်ရင် ငါတို့က ရယ်စရာဖြစ်သွားမှာကို ငါစိုးရိမ်မိတယ်.. ဒါက စီနီယာဝမ်ကို ကူညီရာမရောက်ဘဲ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်"

ဗုံးပစ်စီနီယာအင်မော်တယ် ထိုသို့ပြောပြီးနောက်တွင် ချက်ဂရုက ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

အဖွဲ့ထဲတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ကိုးဆလူသားက ထိုအချိန်တွင် လက်သီးဆုပ်၍ ဂါရဝပြုသည့် အီမိုဂျီကို ပေးပို့လိုက်သည်။

"ညီနောင်တို့.. ငါစီနီယာဝမ်ကို မဲငါးသိန်းပေးမယ်"

ဤမက်ဆေ့ချ်က ချက်ဂရုကို ချက်ချင်း ပေါက်ကွဲသွားစေသည်။

အင်မော်တယ်ထုန်ရာ "???"

ဗုံးပစ်စီနီယာအင်မော်တယ် "???"

ချိုက်လျန် "???"

လျှပ်စီးဓမ္မရာဂျာ "အေးဟ.. ကိုးဆလူသားက ဘော့စ် တစ်ယောက် ချက်ချင်း ဖြစ်သွားသလိုပဲ"

"............"

ဝမ်လင်းက ကိုးဆလူသား၏ ကိုယ်ရေးကိုယ်တာ အစစ်အမှန်ကို သိသောကြောင့် တိတ်ဆိတ်နေခဲ့သည်။

ဤသည်မှာ နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် "ဗိုလ်ချုပ်ရီ"၏ လျှို့ဝှက် အကောင့် ဖြစ်သည်။

ဗိုလ်ချုပ်ရီ၏ မက်ဆေ့ချ်ကိုမြင်သည်နှင့် ဝမ်လင်းက သိလိုက်သည်။

ဖေဖေဝမ်က သူ၏ နံပါတ်တစ် ပရိသတ်ကို ဆက်သွယ်ပြီးလောက်ပေပြီ။

အဆုံးသတ်တွင် ဗိုလ်ချုပ်ရီသည် နိုင်ငံ စတင်တည်ထောင်သူ ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည်။

အကယ်၍ သူသာ သူ့စကားအတိုင်း မဲပေးမည်ဆိုလျှင် မဲတစ်မဲကို အင်မော်တယ် ရွှေချောင်းငါးချောင်း ကုန်ကျလျှင် မဲပေါင်း ငါးသိန်းဆိုပါက အင်မော်တယ် ရွှေချောင်း2.5သန်း ကုန်ကျမည် ဖြစ်သည်။

ဤပမာဏက အရမ်းကြောက်စရာ ကောင်းလွန်းသည်။

…..............

ထိုအချိန်တွင် လဲ့မုန့်မုန့်က တီဗီရှေ့၌ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည်။

ဖေဖေဝမ်ကမူ ဒရမ်မာရုပ်ရှင်ကို ကြည့်ရှုနေသောကြောင့် လဲ့မုန့်မုန့်က အဆင့်ဇယားကို စစ်ဆေးရန် သူ့ဖုန်းကိုသာ အသုံးပြုနိုင်တော့သည်။

ဖေဖေဝမ်၏ မဲများ ဆက်လက် တိုးလာသည်ကို တွေ့မြင်ရသည့်အတွက် သူ ကျေနပ်မိသော်လည်း ဝေးကွာနေသေးသည်မှာတော့ ထင်ရှားသည်။

"ငါ ရေချိုးခန်းသွားဦးမယ်"

ဖေဖေဝမ်က လဲ့မုန့်မုန့်၏ ပခုံးပေါ် လက်တင်လိုက်သည်။

မဲရေတွက်နေသည့် ချန်နယ်သို့ပြောင်းရန် လဲ့မုန့်မုန့်က တီဗီရီမုဒ်ကို နှိပ်လိုက်သောအခါ ဖေဖေဝမ်က ရေချိုးခန်းသို့ ရောက်သွားခဲ့ပြီဖြစ်သည်။

ချန်နယ်အချို့ကို လှန်ကြည့်ပြီးနောက်တွင် တီဗီအစီအစဉ်အချို့၌ တစ်ခုခု လွဲချော်နေသလို ခံစားမိလိုက်သည်။

[ကျင့်ကြံခြင်း အားကစားလိုင်း]

ကမ္ဘာ့စားပွဲတင် တင်းနစ် ချန်ပီယံပြိုင်ပွဲတွင် သူတို့နိုင်ငံမှ မာမျိုးရိုး အမည်ရှိ အမျိုးသား ကစားသမားတစ်ဦးသည် ရွှေတံဆိပ်ဆု ရရှိပြီးနောက် အမှာစကားကို တက်ကြွစွာ ပြောကြားခဲ့သည်။

"​ကျေးဇူးတင်​ပါတယ်​.. ကိုယ့်နိုင်ငံကို ကျေးဇူးဆပ်ခွင့်ရတဲ့အတွက်ပါ.. မိဘတွေကိုလည်း ကျေးဇူးတင်ပါတယ်.. ကျွန်တော့်နည်းပြကိုလည်း ကျေးဇူးတင်ပါတယ်.. ကျနော်နဲ့အတူ တစ်လျှောက်လုံးရှိခဲ့တဲ့ လေ့ကျင့်ရေး လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကျေးဇူးတင်စကား ပြောလိုပါတယ်.. ကျနော့်ကို ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့တဲ့ အင်မော်တယ်ဘုရင်ရဲ့တိုက်ရိုင်ထုတ်လွှင့်မှုဘဝ စာရေးဆရာ ဝမ်စစ်ထူကိုလည်း ကျေးဇူးတင်ပါတယ်.. ဆက်မလျှောက်နိုင်တော့ဘူးလို့ ခံစားရတိုင်း ဆရာ ဝမ်စစ်ထူရဲ့ စာအုပ်က ကျွန်တော့်ကို အားပေးခဲ့တယ်.. အားလုံးပဲ ဆရာဝမ်စစ်ထူကို မဲပေးကြပါ.. ကျေးဇူးတင်ပါတယ်"

လဲ့မုန့်မုန့် "???"

လဲ့မုန့်မုန့်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအရာမျိုးရှိနေသည်။

သူက ချန်နယ်ကို ပြောင်းလဲလိုက်သည်။

[ကျင့်ကြံခြင်းအစားအစာချန်နယ်]

စားဖိုမှူးတစ်ဦးကို လမ်းပေါ်ရှိ သတင်းထောက်တစ်ဦးက တွေ့ဆုံမေးမြန်းနေခဲ့သည်။

"မစ္စတာ ချွမ့်ကျန်း.. မင်းဖန်တီးထားတဲ့ အချက်အပြုတ် အရသာအမျိုးမျိုး အတွက် လှုံ့ဆော်မှုကို မင်းဘယ်ကနေရှာတာလဲ"

ချွမ့်ကျန်းဟုခေါ်သော စားဖိုမှူးက ကင်မရာကို ခပ်ယဲ့ယဲ့ ပြုံးပြပြီး လက်နှစ်ချောင်းထောင်၍ V သင်္ကေတကို ပြုလုပ်လိုက်သည်။

"အင်မော်တယ်ဘုရင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဘဝကပါ.. ဆရာဝမ်စစ်ထူ ရေးတာလေ.. အရမ်းဖတ်ကောင်းတယ်.."

လဲ့မုန့်မုန့် "???"

နောက်ထပ်ချန်နယ်…

[ကျင့်ကြံခြင်း သတင်းထုတ်လွှင့်မှု]

အမျိုးသမီး သတင်းထောက်တစ်ဦးက နိုင်ငံတကာ သတင်းများကို ဖတ်ပြနေသည်။

"ယနေ့ရရှိထားတဲ့ သတင်းအရ မလိုလားအပ်သော ပြဿနာများကို နယ်စပ်၌ ဖန်တီးနေတဲ့ မီရှို့နိုင်ငံကို အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီးရှီးက အဆုံးထိ ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့ပါတယ်"

ထိုစကားကိုပြောပြီးသည်နှင့် သူမ ရုတ်တရက် ရပ်သွားသည်။

အကြောင်းမှာ သူမအနားသို့ စာရွက်တစ်ရွက် ရုတ်တရက် လှမ်းပေးလိုက်သောကြောင့် ဖြစ်သည်။

သတင်းကြေငြာနေသည့် အချိန်ဖြစ်သောကြောင့် သူမ အနည်းငယ် မကျေမနပ် ဖြစ်သွားခဲ့သည်။

"အားလုံးပဲ.. အရေးပေါ်သတင်း ကြေငြာစရာရှိပါတယ်"

အမျိုးသမီး သတင်းထောက်က ခေါင်းငုံ့၍ စာရွက်ပါ အကြောင်းအရာများကို ကနဦးကြည့်လိုက်သည်။

သူမက စာရွက်ကို ကြည့်ရင်း မှင်တက်နေ၏။

ထို့နောက် သူမ အသိဝင်လာပြီး သတင်းကို ကြေငြာလိုက်သည်။

"စာရေးဆရာ ဝမ်စစ်ထူ ရေးသားတဲ့ အင်မော်တယ် ဘုရင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုဘဝ စာအုပ်ကို မဲထည့်ပေးပါ.. ကျေးဇူးတင်ပါတယ်"

လဲ့မုန့်မုန့်က လုံးဝ အံသြသွားခဲ့သည်။

"ဘာလဲဟ.. လခွမ်း"

ဝမ်လူသည် တရုတ်ဝတ္ထုဖြစ်သည့် "တစ်ချိန်က ဝိညာဉ်ဓားတောင်"၏ ဇာတ်ဆောင် ဖြစ်သည်။

All Chapters