← Chapters

အယ်ဒီတာရုံးကလျစ်လျူရှုထားသည်

Vol. 37 Ch. 550

အယ်ဒီတာရုံးကလျစ်လျူရှုထားသည်

Vol. 37 Ch. 550

လဲ့မုန့်မုန့်က မျက်လုံးများကို ပွတ်သပ်ပြီး ကိုယ့်ကိုယ်ကိုယ် နားရင်းတစ်ချက် အုပ်ကာ အမြင်မမှားကြောင်း အတည်ပြုလိုက်သည်။

ဟုတ်ပါသည်။ သူ အမြင်မှားခြင်း မဟုတ်ပေ။

ယခုအခါတွင် တီဗီအစီအစဉ် အားလုံးသည် ဖေဖေဝမ်ကို မဲဆွယ်စည်းရုံးရာတွင် ကူညီပေးသည့် သတင်းများကို အပြိုင်အဆိုင် ထုတ်လွှင့်နေကြသည်။

အားကစားသမားများ၊ ပြည်တွင်းမှ ဆယ်လီများနှင့် လုပ်ငန်းနယ်ပယ် အသီးသီးက အထင်ကရ ပုဂ္ဂိုလ်များ၊ သူတို့အားလုံးက တီဗီပေါ်ကနေ ဖေဖေဝမ် အတွက် မဲပေးရန် လှုံ့ဆော်မှုများကို စတင် လုပ်ဆောင်လာကြသည်။

လဲ့မုန့်မုန့်က ခေတ်စားနေသော အကြောင်းအရာများ စာရင်းကို ကြည့်ရှုခဲ့သည်။

သေချာသည်မှာ ဤကိစ္စသည် ထိပ်တန်းရှာဖွေမှုတစ်ခု အဖြစ် ထိပ်ဆုံးသို့ တက်သွားခဲ့ပြီ ဖြစ်သည်။

၎င်းသည် အကြောင်းအရာတစ်ခုတည်းတွင် မဟုတ်ပါ။

တိုတောင်းသော အခိုက်အတန့်မှာပင် "XNXX" ကဲ့သို့သော ဝက်ဆိုက်များတွင်ပါ လွှမ်းမိုးသွားခဲ့သည်။

လဲ့မုန့်မုန့်က အယ်ဒီတာဂရုကို ကြည့်လိုက်ရာ အားလုံးလိုလို ငြိမ်သက်နေကြောင်း သူသတိပြုမိခဲ့သည်။

ဤဂရုက သူကိုယ်တိုင် တည်ထောင်ထားသည့် အယ်ဒီတာ သီးသန့် ချက်ဂရု ဖြစ်သည်။

သူက အခြားဝဘ်ဆိုက်များတွင် အလုပ်လုပ်သော မိတ်ဆွေများ၊ ၎င်းတို့၏ ခေါင်းဆောင်များနှင့် ကျင့်ကြံခြင်း နက်ဝေါ့ခ်ရှိ လုပ်ဖော်ကိုင်ဖက်များကို ချက်ဂရုတွင် စုစည်းထားခဲ့သည်။

ဆိုရလျှင် လဲ့မုန့်မုန့်က အယ်ဒီတာ အသိုင်းအဝိုင်းတွင် ဆက်ဆံရေးကောင်းမွန်သူ အ​ဖြစ် ကျော်ကြားသူ ဖြစ်သည်။

"ဘာလို့ ဘယ်သူကမှ မတုံ့ပြန်တာလဲ.. ဒါကကိစ္စကြီးပဲလေ"

လဲ့မုန့်မုန့်က အံ့အားသင့်နေသောအီမိုဂျီကို ဂရုထဲ ပို့လိုက်သည်။

ID "အဖွဲ့ငယ်ခေါင်းဆောင်" (ဝါ) ကျင့်ကြံခြင်းနက်ဝေါ့ခ်၏ အယ်ဒီတာချုပ်က ထိုအပြုအမူမျိုး ကြုံတွေ့လေ့ရှိသည့် အမူအရာဖြင့် သူ့ဖန်သားပြင်ကို စိုက်ကြည့်နေခဲ့သည်။

"စုန့်လေး.. မင်းက အရမ်းငယ်သေးတယ်.. မင်းက ဝမ်စစ်ထူရဲ့ ပထမဆုံး အယ်ဒီတာ မဟုတ်တော့ သူနဲ့ပတ်သက်ပြီး ငါတို့လောက် သိမထားပုံပဲ.. ဆရာဝမ်စစ်ထူက သာမန်လူတစ်ယောက် မဟုတ်ဘူး"

"ဘာကိုဆိုလိုတာလဲ စီနီယာ..."

အယ်ဒီတာချုပ်က တစ်ခုခုကို သိထားမှန်း သိသာနေသည်။

"ဒီနေ့ ပြင်ပကမ္ဘာမှာ အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေရှိကြတယ်.. မဲပေးပွဲမှာ ဝက်သားစွပ်ပြုတ်နဲ့ ဝက်ခြေထောက်စွပ်ပြုတ်က ဆရာဝမ်စစ်ထူကို ကျော်တက်သွားပေမဲ့ ငါတို့ အယ်ဒီတာရုံးက ဘာကြောင့် တုံ့ပြန်မှု မပြုခဲ့တာလဲ မင်းသိလား"

လဲ့မုန့်မုန့် အံ့သြသွားသည်။

"ကောင်​​လေး.. မင်းတကယ်ပဲ ဂရုမပြုမိတာလား.. အယ်ဒီတာရုံးရဲ့အကောင့်က အွန်လိုင်းမှာ မရှိဘူးလို့ မင်းထင်နေလား”

"............."

အယ်ဒီတာချုပ် "ဒီမဲပေးပွဲက ဘာမှမဟုတ်ဘူး.. ဆရာဝမ်စစ်ထူ နဲ့ မဲချင်းယှဉ်ပြိုင်လိုတဲ့ စာရေးဆရာတွေက အခြေခံအားဖြင့် အာရုံစိုက်ခံရရုံပဲ ဆိုတာ မင်း မှတ်သားထားဖို့ လိုတယ်"

အယ်ဒီတာချုပ်က ထိုစကားကို ပြောလိုက်သောအခါ လဲ့မုန့်မုန့်က အနည်းငယ် ပိုနားလည်သွားခဲ့သည်။

တီဗီနှင့် ခေတ်စားနေသော အကြောင်းအရာများ စာရင်းတွင် လက်ရှိပူးပေါင်းပါဝင်ခဲ့သည့် လူ့အဖွဲ့အစည်း၏ အင်အားက ဖေဖေဝမ် တက်နိုင်သည့် အင်အားထက် ကျော်လွန်နေသည်။

သူ့ နောက်ကွယ်တွင် မည်သို့သော အင်အားစု ရှိနေပါသနည်း။

လဲ့မုန့်မုန့်က ပေါက်ကရတွေးနေပြီ ဖြစ်သည်။

ပြဿနာမှာ ဖေဖေဝမ် ကိုယ်တိုင် မဲဆွယ်သည်ကို သူ မမြင်ဖူးပေ။

ဖေဖေဝမ်က ၎င်း၏ သြဇာတိက္ကမ ကြီးမားသော ပရိသတ်တစ်ဦးဦးထံ မက်ဆေ့ခ်ျပို့လိုက်ခြင်း ဖြစ်ပုံရသည်။

လက်ရှိအခြေအနေကို ကြည့်လိုက်လျှင် ထိုလူက သာမာန်ပုဂ္ဂိုလ် မဟုတ်မှန်း ထင်ရှားနေ၏။

ထိုပုဂ္ဂိုလ်က မည်သည့် ကောင်းကင်အဆင့်ဂိုဏ်းများထက် မဆို ပိုမိုအားကောင်းသည့် နောက်ခံနှင့် အခြေခံအုတ်မြစ် ရှိသည့် အင်အားစုတစ်ခုမှ ဖြစ်နိုင်ဖွယ် ရှိသည်။

လဲ့မုန့်မုန့်က နားလည် သဘောပေါက်သွားပြီး ကျေးဇူးတင်ကြောင်း ချက်ချင်း ဖော်ပြခဲ့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ"

"ငါ့အနေနဲ့ ရိပ်စားမိရင်တောင် ပြောလို့မရတဲ့ အကြောင်းတရားတွေ ရှိတယ်...ဒါက အသေးအဖွဲကိစ္စလေးပါ.. အနာဂတ်မှာ မင်းအနေနဲ့ အခုလို ယောက်ယက်ခတ်မနေဘဲ တည်ငြိမ်နေဖို့ပဲလိုတယ်"

"ဒါ့အပြင် သတင်းထောက်တွေက ဆရာဝမ်စစ်ထူကိုအင်တာဗျူးဖို့ မင်းကို ရှာဖွေခဲ့ရင် ဝဘ်ဆိုက်ရဲ့ အထွေထွေမူဝါဒအရ အားလုံးကို ငြင်းပယ်ရမှာဖြစ်တယ်.. ဆရာဝမ်စစ်ထူက ဒီလိုမျိုးတွေ စိတ်မဝင်စားဘူး.. မနက်​ဖြန်​ အစည်းအ​ဝေးမှပဲ ထပ်ပြောတော့မယ်"

အယ်ဒီတာချုပ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းတာဝန်က သူ့ဆီကနေ အပိုင်းတွေ များများရအောင် ပံ့ပိုးပေးဖို့ပဲ ဆိုတာ သတိရပါ.."

"ဒါက မင်းရဲ့ အဓိကတာဝန်ပဲ.. အခြေခံအားဖြင့် အဆင့်ဇယား ပြိုင်ဆိုင်မှုကို စိတ်ပူဖို့ မလိုအပ်ဘူး.. ဘာပဲဖြစ်ဖြစ် ဆရာဝမ်စစ်ထူ ဝတ္ထုတွေ ရေးနေသေးသ၍တော့ သူက အမြဲတမ်း ပထမနေရာမှာ ရှိနေမှာပဲ"

လဲ့မုန့်မုန့် "နားလည်ပါပြီ စီနီယာ"

အယ်ဒီတာချုပ်က သူ့စကားကို ခေတ္တရပ်လိုက်ပြီး ရုတ်တရက်

"အဲဒီအချိန်က ဆရာဝမ်စစ်ထူကို ယှဉ်ပြိုင်ခဲ့တဲ့ ဆရာကျူးကဲ အကြောင်းကို မင်းသိချင်သိလိမ့်မယ်.. ဆရာကျူးကဲက ဝမ်စစ်ထူ မတိုင်ခင်က ငါတို့ ၀က်ဘ်ဆိုက်ရဲ့ နတ်ဘုရားတစ်ပါးပဲ"

လဲ့မုန့်မုန့်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ ကြားဖူးပါတယ်"

ထိုခဏတွင် အယ်ဒီတာချုပ်က သောက်ခွက်ဖြတ်ရိုက်သည့် အီမိုဂျီတစ်ခု ပေးပို့ခဲ့သည်။

"ဆရာဝမ်စစ်ထူက ဆရာကျူးကဲကို ဝဘ်ဆိုက်က ထွက်သွားစေတဲ့အထိ ဒေါသထွက်အောင် ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ မင်းမေ့နေပြီလား"

လဲ့မုန့်မုန့်".........."

…............

ဇူလိုင်လ 18 ရက်နေ့သည် စာသင်နှစ်၏ ဆယ့်သုံးပတ်မြောက်အင်္ဂါနေ့ဖြစ်သည်။

မနေ့ညက ဖေဖေဝမ်၊ ဝက်ဂုတ်သားစွပ်ပြုတ်နှင့် ဝက်ခြေထောက်စွပ်ပြုတ်တို့ ကြားက "ထိပ်သီးစစ်ပွဲ"တွင်

သန်းခေါင်ယံ၌ မဲအရေအတွက်ကို အများအပြားကို ရရှိပြီး ဖေ​ဖေဝမ်က အောင်ပွဲခံနိုင်ခဲ့သည်။

မဲပေးပွဲအပြီးတွင် စာရေးဆရာနှစ်ဦး အတွက် လစဉ်မဲအရေအတွက်မှာ သုံးသန်းဝန်းကျင် ရှိပြီး ဖေဖေဝမ်က လစဉ်မဲခြောက်သန်းဖြင့် ရှေ့ဆုံးမှ ရပ်တည်နေခဲ့သည်။

သို့သော် တကယ့် အမှန်တရားမှာ မနေ့ညက ဖေဖေဝမ်၏ မဲအရေအတွက်သည် ဆယ်သန်းကျော်သွားခဲ့သည်။

ဝဘ်ဆိုက်သည် ကျန်မဲလေးသန်းကို ဖေဖေဝမ်၏ ခွင့်ပြုချက်ဖြင့် လျှို့ဝှက်ထားခဲ့ခြင်းသာ ဖြစ်သည်။

အဆုံးသတ်တွင် သူတို့အားလုံးသည် ဝဘ်ဆိုက် တစ်ခုတည်းမှ စာရေးဆရာများ ဖြစ်ကြပြီး အချင်းချင်း မျက်နှာသာ ပေးရပေမည်။

ဤအဖြစ်အပျက်၏ သက်ရောက်မှုသည် အသေးအဖွဲမဟုတ်ပေ။

ဝမ်လင်း ထိုနေ့မနက် ကျောင်းသွားရာလမ်းတွင် ထိုကိစ္စနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်မှ လူများ ဆွေးနွေးနေသည်ကို ကြားလိုက်ရသည်။

မနေ့ညက နာမည်ကြီး အနုပညာရှင်များစွာက သူတို့၏ ထောက်ခံမှုကို ဖော်ပြခဲ့ကြသည်။

မနေ့က ခေတ်စားခဲ့သော အကြောင်းအရာမှာ ကျော်ကြားသူများ၏ ပံ့ပိုးကူညီမှုများအကြောင်း ဖြစ်ပြီး ယနေ့ခေါင်းစဉ်မှာ [ဝမ်စစ်ထူက ဘယ်သူလဲ] ဖြစ်၏။

ဝမ်လင်းက ထိုနေ့နံနက် စာသင်ခန်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် မနေ့ညက တစ်နိုင်ငံလုံးကို လှုပ်ခတ်သွားသော "ထိပ်သီးစစ်ပွဲ"အား ပြန်ပြောင်း ပြောပြနေသည့် ကော်ဟောက်၏ ရူးကြောင်ကြောင် အသံကို ကြားလိုက်ရသည်။

အတန်းထဲတွင် ကျောင်းသားများတွင် အများစုမှာ ဖေဖေဝမ်၏ ပရိသတ်များ ဖြစ်ကြသည်။

ကော်ဟောက်က သူ့ပေါင်ကို အားရပါးရ ရိုက်လိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

"ဝမ်စစ်ထူရဲ့ ရိုက်ချက်က အရမ်း ပြင်းထန်လွန်းတယ်.. မနေ့ညက လှိုင်းလုံးကြီးက ကြောက်စရာပဲ.. တစ်နိုင်ငံလုံးက သူ့ပရိသတ်တွေ ဖြစ်နေတယ်.. အခု သူ ချို့တဲ့နေတဲ့ တစ်ခုတည်းသော အရာက နိုင်ငံခေါင်းဆောင်ရဲ့ အထောက်အပံ့ပဲ"

ဝမ်လင်း"..........."

တစ်စုံတစ်ယောက်က ရုတ်တရက် အလွန်သိချင်စိတ်ဖြင့်ပြောလိုက်သည်။

"ဒါပေမယ့် ဒီ ဝမ်စစ်ထူက ဘယ်သူလဲ.. ဝဘ်ဆိုက်အယ်ဒီတာတွေက လွဲပြီး ဘယ်သူမှ သူ့ကို လူကိုယ်တိုင် မမြင်ဖူးဘူးလို့ ကြားသိရတယ်"

"ဒါ့အပြင် ဝမ်စစ်ထူက ကင်မရာမှာ တစ်ခါမှ မပေါ်ခဲ့ဖူးသလို ဘယ်လိုပွဲမျိုးတွေမှာမှ ပါဝင်ခြင်းမရှိခဲ့ဘူး.. သူ့မှာ Weibo အကောင့် ရှိတယ် ဆိုပေမယ့် သူက ပို့စ်တင်တာ ရှားတယ်.. ဝဘ်ဆိုက်ကပဲ အဲဒီ အကောင့်ကို စီမံခန့်ခွဲပေးနေတာလေ"

"ကော်ဟောက် မင်း တစ်ခုခု သိထားတာရှိလား"

မြေပဲလေးက မေးလိုက်သည်။

အတန်းရှိ လူတိုင်းက ကော်ဟောက်ကို တစ်ပြိုင်နက်တည်းကြည့်လိုက်ကြသည်။

"မင်းမှာ အမျိုးသားဆက်သွယ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေး အဖွဲ့မှာ အလုပ်လုပ်တဲ့ ဦးလေးတစ်ယောက် ရှိတယ်လို့ မင်းပြောခဲ့တာကို ငါမှတ်မိတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ သိထားတာများရှိလား"

"မနေ့ညက ငါ့ဦးလေးက ဝမ်စစ်ထူရဲ့ အထောက်အထားကို အမှန်တကယ် စုံစမ်းခဲ့တယ်.."

ထိုစကားကို ပြောပြီးနောက်တွင် ကော်ဟောက်၏ မျက်နှာထက်တွင် အနည်းငယ် စိတ်ဓာတ်ကျသွားသော အမူအရာ ဖြစ်ပေါ်လာသည်။

"ဒါပေမယ့် သူဘာမှ ရှာမတွေ့ခင်မှာ သူ့ခေါင်းဆောင်က သူ့ကို ဖမ်းဆီးပြီး အပြစ်ပေးလိုက်တယ်.. သူက တစ်ပတ်လောက် တာဝန် ဆိုင်းငံ့ခံရပြီး အိမ်မှာနေရင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေရတယ်"

".............."

ထိုစကားကြောင့် လူတိုင်းက တုန်လှုပ်သွားပြီး လူ့အဖွဲ့အစည်းတွင် လည်ပတ်နေတဲ့ အင်အားစုများ၏ စွမ်းအားကို ခံစားလိုက်ရသည်။

ကော်ဟောက် မသိတဲ့အရာ ဤကမ္ဘာကြီးတွင် ရှိပါသေးသလော။

ထိုအချိန်တွင် ချန်းချောင်က ထဖောက်လိုက်သည်။

"တကယ်တော့ ဒီဝမ်စစ်ထူက ဝမ်လင်းရဲ့ အဖေ ဖြစ်နိုင်မလားလို့ ငါအမြဲတွေးမိခဲ့တယ်.. ဟားဟား...မျိုးရိုးနာမည်တောင် အတူတူပဲလေ"

ဝမ်လင်း"............."

All Chapters