← Chapters

စီနီယာကျိုးရီ အွန်လိုင်းပေါ်မှာ ချစ်သူ ရှာနေတာလား

Vol. 37 Ch. 551

စီနီယာကျိုးရီ အွန်လိုင်းပေါ်မှာ ချစ်သူ ရှာနေတာလား

Vol. 37 Ch. 551

အမှတ် ၆၀ အထက်တန်းကျောင်း၏ စာမေးပွဲက မွန်းတည့်ချိန်တွင် တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက သူ၏စွမ်းဆောင်ရည်အတွက် အလွန်ပင်ကျေနပ်နေသည်။

ကြိုမမြင်နိုင်သော အခြေအနေများ မရှိသရွေ့ သူ၏အဆင့်သည် အတန်းထဲတွင် အဆင့် ၇ သို့မဟုတ် အဆင့် ၈ တွင်ကျန်ရစ်ခဲ့လိမ့်မည် ဖြစ်သည်။

ကျောင်းသား ၁၅ ယောက်သာ ရှိသော အတန်းထဲတွင် အဆင့်၇ သို့မဟုတ်အဆင့် ၈ သည် ကွာခြားမှုမရှိခဲ့ပေ။

စာမေးပွဲများ ပြီးဆုံးသောအချိန်သည် ခရိုင်အားကစားပွဲများစတင်သောအချိန်လည်းဖြစ်သည်။

ဤအားကစားပြိုင်ပွဲက ယခင်ဝိညာဥ်ဓား ဖလှယ်ခြင်းပြိုင်ပွဲလောက် ဒုက္ခသိပ်မရောက်ပေ။

ကျောင်း ၆ ကျောင်း ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကဲ့သို့ပင် ပြိုင်ပွဲအစီအစဥ် များစွာ ပါဝင်သည့်ပွဲတစ်ခုလည်း ဖြစ်သည်။

ခရိုင်အားကစားပွဲအတွက် ခုံသမာဓိလူကြီးများက ကျောင်းများသို့ သွားမည့်စနစ်အား အသုံးချမည် ဖြစ်သည်။

ဆိုရလျှင် စိတ်ဝိညာဥ် အိမ်မွေးတိရိစ္ဆာန်တိုက်ပွဲမှလွဲ၍ အခြားသောပြိုင်ပွဲများကို ကျောင်းပေါင်းတစ်ရာ အထွေထွေအုပ်ချုပ်ရေးဌာမှ ဖိတ်ကြားထားသော ကျွမ်းကျင်ဒိုင်လူကြီးများက အမှတ်ပေးမည် ဖြစ်သည်။

ရမှတ်များကိုလည်း အွန်လိုင်းတွင် ချက်ချင်း ထုတ်ပြန်မည်ဖြစ်၏။

အမှတ်စနစ်အား လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မည် ဖြစ်သောကြောင့် ရလဒ်များနှင့် အဆင့်သတ်မှတ်ချက်များကို ချက်ချင်း သိရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ယခုတစ်ကြိမ် ခရိုင်အားကစား ပြိုင်ပွဲသည် ကျောင်းသားများ အဖို့ ဟိုဒီ ပြေးလွှားနေရန် မလိုအပ်တော့ပေ။

အားလုံးက ကိုယ့်ကျောင်းတွင်သာ ပြိုင်ပွဲဝင်ကြရမည် ဖြစ်သည်။

ထွင်ထျန်းဟာနှင့် ဝေ့ကျစ် ယခင်က ရောက်ခဲ့ဖူးသည့် ဝိညာဥ်သားရဲ အကဲဖြတ်ရေးစင်တာသည် စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန် ပြိုင်ပွဲကျင်းပမည့်နေရာ ဖြစ်သည်။

ပြိုင်ပွဲအတွက် အကဲဖြတ်ရေးစင်တာက အထူးပြုလုပ်ထားသောကွင်းတွင် ဝိညာဉ်သားရဲများက တိုက်ခိုက်ရမည်ဖြစ်သည်။

ဝမ်လင်းက ထိုနေ့မွန်းလွဲပိုင်းတွင် ဖန့်ရှင်း အပါအဝင် အခြားသူများနှင့်အတူ ပြိုင်ပွဲတွင်ပါဝင်မည် ဖြစ်၏။

မီတာတစ်သောင်း ဓားလက်ဆင့်ကမ်း ပြိုင်ပွဲဝင် အဖွဲ့တစ်ဖွဲ့တွင် လူဆယ်ယောက်ရှိပြီး တစ်ဦးစီသည် မီတာတစ်ထောင် ပြေးကြရမည်ဖြစ်သည်။

နေ့လည်တစ်နာရီခွဲတွင် အမှတ် ၆၀ အထက်တန်းကျောင်း၏ အားကစားကွင်း၌ လူအများအပြား စုဝေးနေကြသည်။

မြို့တော်ရုံးမှ စေလွှတ်ထားသော ဒိုင်လူကြီးများ အားလုံး နေရာအသင့်ယူထားပြီးပြီ ဖြစ်ကြောင်း ဝမ်လင်း သတိပြုမိသည်။

ဒိုင်လူကြီးများမှာ ကျိုးရီ အပါအဝင် စုစုပေါင်း၄ဦးရှိသည်။

၎င်းတို့ထဲမှ ၃ဦးကသာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး စတုတ္ထလူက ခုံသမာဓိအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။

ပြိုင်ပွဲ၏ ခုံသမာဓိလူကြီးမှာ ကျိုးရီ ဖြစ်သည်။

ယခုအချိန်တွင် ဒိုင်လူကြီး ၃ဦးသည် ရှေးဟောင်းစာအုပ်ကြီးနှင့် စကားပြောဆိုနေကြသည်။

ရှေးဟောင်းစာအုပ်ကြီးသည် ယခုအခါတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ခဲ့သည်။

ယခုသူက သမိုင်းဆရာတစ်ဦးသာမဟုတ်ဘဲ အမှတ်၆၀ အထက်တန်းကျောင်း၏ သံခင်းတမန်ခင်းဆိုင်ရာ လှုပ်ရှားမှုများ အားလုံးတွင် အခြေခံအားဖြင့် တာဝန်ရှိသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် မည်သို့ ရင်းနှီးသွားကြသနည်း။

အကြောင်းအရင်းမှာ စကားကို ကြီးကြီးကျယ်ကျယ် ပြောတတ်သော ဆရာဝမ်ကြောင့် ဖြစ်သည်။

စကားအရာတွင် ဆရာဝမ်ထက် မည်သူကပို၍ သွက်လပ်စွာပြောနိုင်မည်နည်း။

သမိုင်းဆရာတစ်ဦး၏ ဦးနှောက်သည် ကိုးကားချက်များနှင့် ပြည့်နှက်နေမည်မှာ အမှန်ပင်။

အချိန်ဇယားအရ ကျောင်းအုပ်ကြီးချမ်းက အားကစားပွဲ အတွက် အဖွင့်မိန့်ခွန်းပြောတော့မည် ဖြစ်သော်လည်း ကျောင်းသားတချို့က နေရာမရသေးပေ။

အားကစားကွင်းထဲရှိ စောင့်ဆိုင်းနေသော ကျောင်းသားများက အချင်းချင်း တီးတိုးပြောဆိုနေကြ၍ ပတ်ဝန်းကျင်ကအနည်းငယ် ဆူညံနေခဲ့သည်။

"ကြည့်စမ်း.. ဟိုမှာ စီနီယာကျိုးရီ"

"စီနီယာကျိုးရီက ပိုပိုပြီးတောင် ချောလာတယ်နော်"

"သူက နောက်ဆုံးတစ်ကြိမ် တွေ့တုန်းကထက်တောင် ပိုရင့်ကျက်လာပုံရတယ်"

ကျိုးရီ ထွက်ပေါ်လာသည်နှင့် ယောက်ျားလေးများနှင့်မိန်းကလေးများ၏ အားပေးသံကို ဝမ်လင်း ကြားလိုက်ရသည်။

ယခင်က ကျိုးရီအပေါ် ၎င်းတို့၏ အထင်အမြင်မှာ နတ်ဆိုးဘုရင်တစ်ပါးကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် စီနီယာအရာရှိ တစ်ဦးမျှသာ ဖြစ်သော်လည်း ဤနောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ရာဇဝတ်သား အများအပြားကိုဖမ်းဆီးပြီးနောက်တွင် ကျိုးရီ၏ပုံရိပ်က အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားအများအပြား၏ စိတ်ထဲတွင် အဆပေါင်းများစွာ တိုးမြင့်လာခဲ့သည်။

"နတ်ဆိုးမုဆိုးများအဖွဲ့အစည်းကို ဖြိုခွင်းတုန်းကလည်း ဦးဆောင်သူက စီနီယာကျိုးရီပဲလို့ ငါကြားမိတယ်.. သူ့ကျေးဇူးကြောင့်ပဲ နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ ဌာနခွဲတွေက ပိတ်ထားလိုက်ရပြီ.. ဒါကဝိညာဉ်သားရဲပေါင်း များစွာကို ကယ်တင်လိုက်တာနဲ့ အတူတူပဲ.. တိုင်းပြည်အတွက် တကယ်ကို ကြီးမားတဲ့လုပ်ဆောင်မှုပဲ.. ဒါပေမဲ့ နှမျောဖို့ကောင်းတာက နတ်ဆိုးမုဆိုးများ အဖွဲ့အစည်းရဲ့ နောက်ကွယ်က ခေါင်းဆောင်က ခုထိ လွတ်မြောက်နေသေးတာပဲ"

"မင်းတို့ စီနီယာကျိုးနဲ့ ပတ်သက်ပြီး သတိထားမိတာရှိလား.. စီနီယာကျိုးက အရိပ်လုပ်ကြံသူ အဖွဲ့အပြင် သူတို့ရဲ့ခေါင်းဆောင် ကျန်းလျှိုယွဲ့ကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်.. အဲဒီနောက် မိစ္ဆာအင်ပါယာကွာဖီ.. အင်မော်တယ်စံအိမ်သခင် ချန်ရီးနဲ့ မိစ္ဆာဓားနတ်ဘုရားတို့ကိုပါ ဖမ်းဆီးခဲ့တယ်.. ငါ့အထင်တော့ သူတို့အားလုံးကို ဖမ်းနိုင်တဲ့ စီနီယာကျိုးက အံ့ဩစရာကောင်းလွန်းတယ်.. သူက ဉာဏ်ရည် အရမ်းမြင့်မားတဲ့သူဖြစ်ရမယ်"

"ဘာလို့လဲ"

"စဥ်းစားကြည့်လေ.. ရွှေအမြုတေနှောင်းပိုင်း အထွတ်အထိပ်အဆင့်လေးနဲ့ သူဘာလို့ ခုထိအသက်ရှင်နေသေးတာလဲ"

"..........''

ထိုစကားကို ပြောပြီးနောက် ထိုကျောင်းသားလေးက ရုတ်တရက် ထရပ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။

''စီနီယာကျိုး.. သိလား.. စီနီယာဘက်မှာ ကျနော် အမြဲရှိတယ်.. စီနီယာကို ကျနော် အရမ်းသဘောကျတယ်.. ကျနော့် ဦးနှောက်၊ ကျနော့် နှလုံးသား၊ ကျနော့် ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းက စီနီယာကို ခေါင်းကနေ ခြေဖျားအထိ ကြိုက်နှစ်သက်တယ်.. စီနီယာကျိုး.. အွန်လိုင်းမှာ ချစ်သူရှာနေတာလား.. ကျနော်က ဘယ်တော့မှ လမ်းခွဲသွားမယ့်အတန်းအစား မဟုတ်ဘူးနော်"

".........."

ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။

ဝမ်လင်းက သက်ပြင််းချလိုက်သည်။

ဒီကောင်က နေ့ခင်းကြောင်တောင် ဘယ်နေရာက သတ္တိရလာပါသနည်း။

ထိုခဏမှာပင် ဆရာတချို့က ထိုကျောင်းသားကို ဆွဲခေါ်သွားကြသည်။

ဝမ်လင်း၏ တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသည့် ကော်ဟောက်နှင့် ချန်းချောင်တို့ကလည်း ထိုမြင်ကွင်းကြောင့် ခဏမျှ မှင်တက်သွားကြသည်။

ချန်းချောင် "အဲဒါဘယ်သူလဲ"

ကော်ဟောက်က ခပ်တိုးတိုးပြန်ဖြေလိုက်သည်။

"သူက ကုစားရေးအတန်းမှာ လေးနှစ်တောင် နေခဲ့ရတဲ့ ဟူစုလေ.. သူ့အမေက ကာယဆရာယဲ့ဟန်ကိုတောင် အပြစ်တင်ခဲ့သေးတယ်"

ထိုစကားကိုကြားလျှင် ချန်းချောင် ထိတ်လန့်သွားသည်။

"ဒါဆိုထူးဆန်းနေပြီ.. သူ့က ဘာလို့ ကျောင်းကနေ အထုတ်မခံရသေးတာလဲ"

ကော်ဟောက်က ပုခုံးတွန့်လိုက်သည်။

"ဘာလို့လဲဆိုတော့ သူ့အဆင့်တွေက တဟုန်ထိုး တိုးတက်လာလို့ပဲ"

''သူကဘာလို့ ရုတ်တရက်ကြီး တိုးတက်လာရတာလဲ"

ထိုအချိန်တွင် ကော်ဟောက်က သူတို့ရှေ့မှ ကျိုးရီကို ညွှန်ပြလိုက်သည်။

"ဒါက စံပြလူသားတစ်ယောက်ရဲ့ စွမ်းအားပါပဲ''

"အဲသလိုလား.. အားနည်းတဲ့ ကျောင်းသား တစ်ယောက်တောင် ပြောင်းလဲသွားရတယ်ပေါ့"

ချန်းချောင်က သက်ပြင်းချလိုက်သည်။

"တကယ်တော့ စီနီယာကျိုးရီက အံ့ဩစရာကောင်းတယ်လို့ ငါမထင်ဘူး.. သူ ကကံကောင်းနေတာ ဖြစ်ရင်ဖြစ်.. ဒါမှမဟုတ်ရင် အခြားသူရဲ့ လုပ်အားတွေကို ရိတ်သိမ်းနေတာ ဖြစ်ရမယ်.. ငါတစ်ချိန်လုံး ဒီလိုပဲ ခံစားနေရတယ်.. အံ့ဖွယ်ကိစ္စတိုင်းမှာ သူတစ်ဦးတည်း ပါဝင်ပတ်သက်နေတာက သိပ်ပြီး သဘာဝမကျဘူးလေ"

ဝမ်လင်း ".........."

ငါးမိနစ်ခန့်အကြာတွင် ဆူညံနေသည့် အားကစားကွင်းက ငြိမ်သက်သွားခဲ့သည်။

ကျောင်းအုပ်ကြီးချန်းက လက်ထဲတွင် မိုက်ကရိုဖုန်းကို ကိုင်ကာ စတိတ်စင်ပေါ်တွင် ရပ်နေ၏။

"ကျောင်းသားတို့.. ငါစကားနည်းနည်းလောက်​ ပြောပါရစေ"

ဤသို့ဖြင့် နာရီဝက် ကြာသွားသည်။

ကျောင်းအုပ်ကြီးချမ်း မိန့်ခွန်းပြောနေစဥ်တွင် ကျိုးရီသည် ကျောင်းအုပ်ကြီးချန်း၏ နောက်၌ အလွန်ရိုကျိုးသောအမူအယာဖြင့် ရှိနေသည်။

ကျိုးရီ၏ အကြည့်က တစ်ချိန်လုံး တစ်နေရာတည်းတွင် ရှိနေကြောင်း ချန်းချောင်နှင့် ကော်ဟောက်တို့က သတိပြုမိခဲ့သည်။

ချန်းချောင်က ကော်ဟောက်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

"စီနီယာကျိုး ဘာကိုကြည့်နေတာလဲ"

"သူက မိန်းကလေးတွေကို ကြည့်နေတာပဲဖြစ်ရမယ်.. ငါတို့ကျောင်းမှာက ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်လေ"

ချန်းချောင် ခေါင်းခါယမ်းလိုက်သည်။

''စီနီယာကျိုးက အဲလိုလူမဟုတ်ဘူး.. သူက သူ့မိခင်ကျောင်းကြီထံက ကျောင်းသူလေးတွေကို ပစ်မှတ်ထားမှာမဟုတ်ဘူး.. သူ့အမူအယာက အဲလိုပုံစံမျိုးနဲ့လည်း မတူဘူး.. မသိရင် သူ့ဆရာက ဒီမှာရှိနေသလိုပဲ.. သူက အရမ်းကို ကျိုးနွံတဲ့ပုံမျိုး ပေါက်နေတယ်"

ဝမ်လင်း ".........."

ကော်ဟောက် "ကျောင်းအုပ်ကြီးချမ်းက စီနီယာကျိုးကိုသင်ပေးခဲ့တာ မဟုတ်ဘူး.. ပြောရရင် စီနီယာကျိုးက ကျောင်းအုပ်ကြီးချမ်းထက်တောင် အဆင့်တစ်ဆင့်မြင့်တယ်လေ.. သူက အတော်လေးနှိမ့်ချပြီး ရိုးသားတဲ့ လူတစ်ယောက်ပဲ.. အဲဒီလိုလုပ်ဖို့က တကယ်မလွယ်ဘူး"

ချန်းချောင်က သဘောပေါက်လိုက်သည်။

လေးစားသောအမူအယာ၏ တစ်စိတ်တစ်ပိုင်းက ကျောင်းအုပ်ကြီးချမ်း အတွက်ဟု သူခံစားလိုက်ရသည်။

သူက ကော်ဟောက်၏ စကားကို လက်ခံခဲ့သော်လည်း အလုံးစုံတော့ မဟုတ်ပေ။

"စီနီယာကျိုးက ဒီဘက်ကို တစ်ချိန်လုံးကြည့်နေပုံပဲ.. သူ့အမူအယာက မသိရင် ငါတို့သုံးယောက်ထဲမှာ သူ့ဆရာထိုင်နေတယ်လို့ ဘယ်သူမဆို ထင်မိကြမှာပဲ"

ဝမ်လင်း ".........."

All Chapters