← Chapters

အားပေးလှုံ့ဆော်မှုကအရေးကြီးတယ်

Vol. 37 Ch. 554

အားပေးလှုံ့ဆော်မှုကအရေးကြီးတယ်

Vol. 37 Ch. 554

ထိုအခိုက်အတန့်တွင် ရှစ်ရွှိုက်က ရုတ်တရက် နောင်တရစပြုလာသည်။

သူက ကြီးကြီးကျယ်ကျယ် ပြောဆိုခဲ့သော်လည်း သူ့နောက်မှလူများက တစ်ယောက်ပြီးတစ်ယောက် သူ့ထက် ကောင်းနေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ထို့ပြင် ၎င်းတို့သည် သု့ထက် ၁၀ စက္ကန့်မျှ ပိုမြန်နေသည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"

သူ၏ ယုံကြည်မှုက ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်။

တစ်ဖက်တွင်လည်း ဖန့်ရှင်းက မိုးကြိုးပစ်သလို လှုပ်ရှားသွားပြီး ဝမ်လင်းထံသို့ လင်ဆင့်ကမ်းတုတ်ကို လှမ်းပေးလိုက်သည်။

ရှစ်ရွှိုက်က ဖန့်ရှင်းကိုကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဖန့်ရှင်း၏ ပြေးနှုန်းမှာ အလွန်မြန်ဆန်နေသည်။

''ငါ့အလှည့်ပြီးပြီ"

ဖန့်ရှင်းက ရှစ်ရွှိုက်ကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။

ရှစ်ရွှိုက် "..........''

တစ်ဖက်တွင်လည်း ဒိုင်လူကြီးက စံချိန်ကိုကြေညာခဲ့သည်။

"ဖန့်ရှင်း.. ၂၅ စက္ကန့်''

ထိုမြန်နှုန်းကို ကြားလျှင် ရှစ်ရွှိုက်တစ်ယောက် ချောင်းဆိုးလုမတတ် ဖြစ်သွားရသည်။

ယင်းက သူ့ထက်ပင် ၂ဆ ပိုမြန်ဆန်နေသည် မဟုတ်လော။

အနက်ရောင်ဓားဖြင့်ပင် အတန်းဖော် ဖန့်ရှင်းသည် တစ်စက္ကန့်လျှင် မီတာ ၄၀ အထိ ပြေးနိုင်နေသေးသည်။

"မင်းက လူသားမှဟုတ် ရဲ့လား"

ချန်းချောင်က ဖန့်ရှင်း၏စွမ်းရည်ကို စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်သည်။

ထို့နောက် သူက သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။

ရိုးသားစွာဝန်ခံရလျှင် ဖန့်ရှင်းသည် သွားလေရာနေရာတိုင်းတွင် နေမင်းကြီးကဲ့သို့ ဖြစ်နေသောကြောင့် အစပိုင်းတွင် သူကဖန့်ရှင်းအား မနှစ်သက်ခဲ့ပေ။

ဖန့်ရှင်းက ဝမ်လင်းနှင့် လုံးဝဆန်ကျင်ဘက် ဖြစ်သည်။

အထူးသဖြင့် သူက အမြင်အာရုံကို ဖမ်းစားနိုင်သည်။

ချန်းချောင်အနေဖြင့် အစပိုင်းတွင် ဖန့်ရှင်းအပေါ် အနည်းငယ်မနာလို ဖြစ်ခဲ့သည်မှာအမှန်ပင်။

သို့သော် ဖန့်ရှင်း၏ စိတ်နေစိတ်ထားကို နားလည်ပြီးနောက်တွင် ဖန့်ရှင်းအပေါ် အထင်ကြီးလာသည်။

တစ်ခါတစ်ရံတွင် သင်သည် လူတစ်ယောက်ကို မယှဉ်ပြိုင်နိုင်သည့်အခါတွင် အမှန်တရားကို လက်ခံပြီး ကြိုးစားလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ဖို့သာ လိုအပ်သည်။

ထိုလူ၏ဘေးတွင် ငြူစူဆောင့်အောက်သည့် စိတ်ဖြင့် ကပျက်ကယက်လုပ်နေရုံမျှဖြင့် အသုံးမဝင်ပေ။

ယခုအချိန်တွင် ဖန့်ရှင်းအပေါ် ဖြူစင်သည့် လေးစားမှုမှလွဲ၍ ဘာမှမရှိပေ။

ထိုလူက မိန်းကလေးလို ချောမွေ့သော အသားအရည်ရှိပြီး ယောက်ျားလေး မော်ဒယ်လို စတိုင်မျိုး ရှိသည်။

ထို့ပြင် ကျောင်းစာနှင့် အားကစားနှစ်ခုလုံးတွင် ထူးချွန်၍ အမှန်တကယ် ရှားပါးသူဟု ဆိုရမည်။

ဤသည်က ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်၏ အကောင်းမွန်ဆုံးပေါင်းစပ်မှု ဖြစ်သည်။

"ကျောင်းသားဖန့်ရှင်းက မကြာသေးမီကမှ ကျောင်းပြောင်းလာခဲ့ပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတာပဲ"

စတိတ်စင်ပေါ်မှ ကျောင်းအုပ်ကြီးချမ်းက ဖန့်ရှင်းကို ချီးကျူးလိုက်သည်။

"အင်း.. သူက အရမ်းတော်တယ်"

ကျိုးရီက ကျေနပ်သောအမူအယာဖြင့် ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်သည်။

ဖန့်ရှင်း၏ ထူးခြားသော စွမ်းဆောင်ရည်နှင့်ပတ်သက်၍ ကျောင်းအုပ်ကြီးချမ်းလို သူက စိတ်လှုပ်ရှားခြင်းမရှိပေ။

သူ၏ အာရုံစိုက်မှုအလုံးစုံမှာ ကွင်းပြင်တွင် ပြေးလွှားနေသောဝမ်လင်းထံတွင် ရှိနေသည်။

ဤသည်က သူ့ဆရာပြေးသည်ကို သူပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

သူ့ဆရာပြေးသည့်ပုံစံက အလွန်ဆွဲဆောင်မှု ရှိသောကြောင့် ကျိုးရီက ထိန်းမနိုင်သိမ်းမရ စိတ်လှုပ်ရှားသွားသည်။

"ဆရာက အရမ်းချောတာပဲ"

အဆုံးသတ်တွင် ပဉ္စမမြောက် ပြေးသမားဝမ်လင်း၏ စံချိန်သည် ၃၂ စက္ကန့်ဖြစ်သည်။

ဟုတ်ပါသည်၊ သူက ရလဒ်ကို အလွန်မမြင့်စေသလို အလွန်မနိမ့်စေရန် အထူးစီမံထားခဲ့သည်။

ဤရလဒ်က စောစောက သူ့အား ပျစ်ပျစ်နှစ်နှစ် ပြောဆိုခဲ့သည့် ရှစ်ရွှိုက်ကို အရှက်ခွဲရန် လုံလောက်နေပြီ ဖြစ်သည်။

သူ့စံချိန်ကို ကြေညာပြီးနောက် ဝမ်လင်းသည် သူ့မျက်နှာမှချွေးများကို သူ့အင်္ကျီအား ဆွဲတင်၍ သုတ်လိုက်သည်။

ထိုခဏတွင် ကျိုးရီက စိတ်လှုပ်ရှားသွားပြီး အသက်ရှူနှုန်း ပိုပြင်းထန်လာသည်။

ဆရာ၏ ဗိုက်သားက သံမဏိကဲ့သို့ပင်။

အမှန်တရားမှာ ဝမ်လင်းသည် ခန္ဓာကိုယ်ထဲရှိ ကမ္ဘာဦးချီကို နှိမ်နင်းရာတွင် ရုပ်ပိုင်းဆိုင်ရာအားကို ယူခဲ့ရသည်။

အကြောင်းအရင်းမှာ ကမ္ဘာဦးချီကို တာအိုအဆောင်လက်ဖွဲ့၏ အကူအညီဖြင့် လွယ်ကူစွာ မထိန်းချုပ်နိုင်၍ ဖြစ်သည်။

အထူးသဖြင့် အားကစားကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သည့်အချိန်တွင် ကမ္ဘာဦးချီသည် မြင့်တက်လာတတ်သည်။

ထိုအချိန်မျိုးတွင် ဝမ်လင်းသည် ကမ္ဘာဦးချီကို ဖိနှိပ်ရန် သူ့ခန္ဓာကိုယ်တစ်လျှောက် တူညီသောဝိညာဉ် စွမ်းအင်ပမာဏကိုလည်ပတ်ရန် လိုအပ်သည်။

အစောပိုင်းက ဖန့်ရှင်းထံမှ လက်ဆင့်ကမ်းတုတ်ကို လက်ခံရရှိသောအခါတွင် ကမ္ဘာဦးချီကို မထိန်းချုပ်နိုင်မည်အား သူကြောက်ရွံ့နေခဲ့သည်။

ထိုသို့မဟုတ်လျှင် မီတာတစ်ထောင်လောက်ကို စက္ကန့် ၃၀ ပင်လိုအပ်မည် မဟုတ်ပေ။

သူက မျက်စိတစ်မှိတ်အတွင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ဝမ်လင်းက သက်ပြင်းတစ်ချက်ချရင်း မြက်ခင်းပြင်ပေါ်တိတ်တဆိတ် လျှောက်လာကာ သူတို့၏အင်္ကျီများ စုပုံထားသည့်ထဲမှ သူ့ကိုယ်ပိုင် အင်္ကျီကို ကောက်ယူကာ ဝတ်ဆင်လိုက်သည်။

ထိုခဏတွင် လူတိုင်းက သူ့အား ထူးခြားသော မျက်ဝန်းများဖြင့် ကြည့်နေသည်ကို ရုတ်တရက် သတိထားမိလိုက်သည်။

"ဘာလို့ငါ့ကိုစိုက်ကြည့်နေရတာလဲ"

ထိုအချိန်တွင် ချန်းချောင်နှင့် ဖန့်ရှင်းတို့ နှစ်ဦးစလုံး ရောက်လာကြသည်။

ချန်းချောင်က သူ့ကို ချီးမွမ်းလိုက်သည်။

"မဆိုးဘူးဝမ်လင်း.. မင်းက လုံးဝ ကြက်ခြေထောက်ကောင် မဟုတ်ဘူး"

ဝမ်လင်း "???"

ဖန့်ရှင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"သူဆိုလိုချင်တာက မင်းဗိုက်သားက တော်တော်ကောင်းတယ်လို့ ဆိုလိုချင်တာ"

ချန်းချောင်၏နှုတ်မှ ကြက်ခြေထောက်ကောင် ဟူသော အမည်ပြောင်ကို ကြားလျှင် ဝမ်လင်းက ရှက်စိတ်ဖြင့် မျက်နှာကို အုပ်ထားသည့် ဘေးဘက်ရှိ ရှစ်ရွှိုက်ကို မသိစိတ်ကနေ လှမ်းကြည့်မိလိုက်သည်။

ရှစ်ရွှိုက်က မျက်နှာကိုလက်ဖြင့် အုပ်ထားသော်လည်း လက်ချောင်းကြားမှ တစ်ဆင့် ဝမ်လင်းကို လျှို့ဝှက်စွာအကဲခတ်နေခဲ့သည်။

သူက ယခုအချိန်တွင် အလွန်ပင် နောင်တရနေ၏။

အကြောင်းတစ်ခုခုကြောင့် သူ့ဝသီအတိုင်း မရည်ရွယ်ဘဲ သူ၏အတန်းဖော်ကို လှောင်ပြောင်မိခဲ့သည်။

သူက တောင်းပန်သင့်လား မသင့်လား စိတ်ထဲတွင် လွန်ဆွဲနေသည်။

အဆုံးသတ်တွင် အမှတ် ၆၀ အထက်တန်းကျောင်း၏

မီတာတစ်သောင်း လက်ဆင့်ကမ်းပြိုင်ပွဲသည် ၅မိနစ်နှင့် ၄၃စက္ကန့် ကြာမြင့်ခဲ့သည်။

စံချိန်အားဖြင့် စုစုပေါင်း ၃၄၃စက္ကန့် ဖြစ်ကာ လူတစ်ဦးလျှင် ပျမ်းမျှစံချိန် ၃၄.၃ စက္ကန့် ဖြစ်သည်။

ထိုရလဒ်က ဒိုင်လူကြီး ၃ဦးအတွက်ပင် ကောင်းကင်ဘုံကို အံတုသည့် ရလဒ်တစ်ခု ဖြစ်သည်။

၎င်းတို့သည် အစောပိုင်းက အဓိကမြှင့်တင်ခြင်းအထက်တန်းကျောင်းနှင် မှီခိုရာအထက်တန်းကျောင်းတို့ကို ရောက်ခဲ့ပြီးပြီ ဖြစ်သည်။

ထိုနှစ်ကျောင်းစလုံးသည် အဓိကမြို့ပြ အထက်တန်းကျောင်းများ ဖြစ်သည်။

သို့သော် ထိုကျောင်းများ၏ အကောင်းဆုံးစံချိန်မှာ ၆ မိနစ်နှင့်၁၀ စက္ကန့်ဖြစ်ပြီး စက္ကန့် ၃၇၀ သာ ရှိသည်။

''အမှတ် ၆၀ အထက်တန်းကျောင်းက သာမန်အထက်တန်းကျောင်း ဆိုတာ တကယ်ပဲလား"

ရလဒ်ကြောင့် ဒိုင်လူကြီး ၃ဦး အံ့ဩသွားကြသည်။

အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းနှင့် မှီခိုရာအထက်တန်းကျောင်းတို့သည် အဓိကမြို့ပြ အထက်တန်းကျောင်းများ ဖြစ်သည်။

ထိုအထက်တန်းကျောင်းများသည် အမှတ် ၆၀ အထက်တန်းကျောင်းထက် အဆပေါင်းများစွာ ပိုမိုပြည့်စုံသည်။

ထို့ကြောင့် ၎င်းတို့၏ ကျောင်းသားများက အရည်အချင်းပြည့်မီနေမည်မှာ ထင်ရှားသည်။

သို့သော်လည်း ဤတစ်ခေါက်တွင် အမှတ် ၆၀ အထက်တန်းကျောင်း၏ Grade 1 ကျောင်းသားများသည်ဒိုင်လူကြီးများကို အမှန်တကယ် အံ့ဩအောင် လုပ်နိုင်ခဲ့သည်။

"ဂုဏ်ယူပါတယ် ဆရာယဲ့.. ဒီတစ်ခေါက်တော့ မင်းရဲ့ရလဒ်တွေက တကယ်ကို ထူးထူးခြားခြားပဲ"

လူကြီး၃ဦးက ယခုအချိန်တွင် ပြိုင်ပွဲကျင်းပရေးတာဝန်ခံ ဖြစ်သည့် အားကစားနည်းပြ ဆရာယဲ့အား ချီးကျူးစကားပြောကြားခဲ့သည်။

''ငါတို့ကံကောင်းသွားခဲ့တာပါ"

ဆရာယဲ့က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ငါတို့ရဲ့ရလဒ်က တကယ်ပဲကောင်းလို့လား"

ဒိုင်လူကြီး၃ဦးက တညီတညွတ်တည်း နှုတ်ခမ်းရွဲ့မလိုပင် ဖြစ်သွားသည်။

၃၄၃ စက္ကန့်

ဤရလဒ်ကို စွမ်းဆောင်ခဲ့သူမှာ Grade 1အဆင့် ကျောင်းသားအုပ်စု တစ်စုသာ ဖြစ်သည်။

၎င်းတို့သာ Grade 3သို့ ရောက်လျှင် မည်မျှအစွမ်းထက်မည်အား တွေးကြည့်၍ပင် မရပေ။

အဓိကမြှင့်တင်ခြင်း အထက်တန်းကျောင်းနှင့် မှီခိုရာအထက်တန်းကျောင်းတွင် သူတို့က စာမေးပွဲစစ်ပြီးပြီ ဖြစ်သည်။

ထိုကျောင်းနှစ်ကျောင်း၏ ရလဒ်က အမှတ် ၆၀ အထက်တန်းကျောင်းလောက် မကောင်းခဲ့ပေ။

မနက်ဖြန်တွင် သူတို့က ဆက်လက် စစ်ဆေးရန်အတွက် ဆောက်လုပ်ရေးပစ္စည်း အထက်တန်းကျောင်း၊ နတ်မျက်စိအထက်ကျောင်း နှင့် အမှတ်၅၉ အထက်တန်းကျောင်းသို့ သွားရောက်ရဦးမည် ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် အမှတ် ၆၀ အထက်တန်းကျောင်းသည် ဤတစ်ကြိမ်တွင် အနိုင်ရရန် အခွင့်အလမ်း အလွန်ပင် မြင့်မားနေသည်။

ဤသည်မှာ အတွေ့အကြုံရှိသော ဒိုင်လူကြီးတစ်ဦး၏ သုံးသပ်ချက် ဖြစ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်း၏ အနီးဆုံး ပြိုင်ဘက်ဖြစ်နိုင်သည်မှာ အမှတ် ၅၉ အထက်တန်းကျောင်းသာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျောင်းအုပ်ကြီး နှစ်ဦးစလုံးက ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသောကြောင့်ပင်။

ထိုကျောင်းနှစ်ကျောင်း စလုံးသည် လက်ရှိတွင် အဓိကမြို့ပြအထက်တန်းကျောင်းများ ဖြစ်လာရန်အတွက် စောင့်ဆိုင်းစာရင်းတွင် ပါဝင်နေခဲ့သည်။

သို့သော် ဤအသုတ်ကျောင်းသားများ၏ အရည်အသွေး

တစ်ခုတည်းအပေါ် အခြေခံလျှင် အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများသည် အမှတ် ၆၀ အထက်တန်းကျောင်းကို ကျော်ဖြတ်နိုင်မည့် အခွင့်အလမ်းမှာ အလွန်ပင် အလှမ်းဝေးလှသည်။

ယခင်နှစ်များက ကျင်းပခဲ့သော ခရိုင်အားကစားအမှတ်များအပေါ် အခြေခံလျှင် ဤတစ်ကြိမ်၌ အမှတ် ၆၀ အထက်တန်းကျောင်း၏ အောင်မြင်နိုင်ခြေသည် အလွန်မြင့်မားသည်။

ကျောင်းအုပ်ကြီးချန်း နှင့် ဒါရိုက်တာရှီးတို့က ဒိုင်၃ဦးကို ပင်မဂိတ်ပေါက်ဆီသို့ လိုက်ပို့ပေးခဲ့သည်။

ထိုအချိန်တွင် အသက်ကြီးကြီး ဒိုင်လူကြီးတစ်ဦးက ရုတ်တရက် ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးချန်း အကယ်၍ အချိန်ရလို့ရှိရင် မီတာတစ်သောင်း လက်ဆင့်ကမ်း ပြိုင်ပွဲအတွက် မိန့်ခွန်းတစ်ခုကို ကြိုတင် ပြင်ဆင်ထားလို့ရမလား"

"ပြိုင်ပွဲမပြီးသေးလို့လား"

ကျောင်းအုပ်ကြီးချမ်းက မေးလိုက်သည်။

"ငါက ဆယ်စုနှစ်ပေါင်းများစွာ ဒိုင်လူကြီးလုပ်ခဲ့တာပါ..

အမှတ် ၆၀ အထက်တန်းကျောင်းက Grade 1 ကလေးတွေရဲ့ရလဒ်က ဆယ်စုနှစ်များစွာ သက်တမ်းရှိတဲ့စံချိန်ကို ချိုးဖျက်သွားပါပြီ"

ဒိုင်လူကြီးက ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးချမ်းအနေနဲ့ ကျောင်းသားတွေကို ဘယ်လိုမျိုး လေ့ကျင့်ပေးခဲ့တယ် ဆိုတာကို မိန့်ခွန်းမှာ ရှင်းပြနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"

"အိုး.. ငါက ဘာမှမလုပ်ပေးရပါဘူး.. ဒီကလေးတွေကိုက အရည်အချင်းရှိလို့ပါ"

ကျောင်းအုပ်ကြီးချမ်းက ပြုံး၍ ပြောလိုက်သည်။

"တကယ်တော့ ကျောင်းသားတွေကို အားပေးဖို့ပဲ လိုအပ်ပါတယ်.. အားပေးခြင်းဖြင့်သာ သူတို့ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မှာပါ.. ဟွာရှို့ရဲ့ မသန်စွမ်းသူများ ဖောင်ဒေးရှင်းဥက္ကဌ ချင်မူကို စီနီယာတို့သိတယ် မဟုတ်လား"

ဒိုင်လူကြီးက ခေါင်းညိမ့်လိုက်သည်။

"အင်း ငါသိတယ်လေ.. မသန်စွမ်းသူများ ဖောင်ဒေးရှင်းဥက္ကဌချင်မူက ကျော်ကြားတဲ့သူပဲ"

"ဒီတာဝန် မထမ်းဆောင်ခင်ကဆိုရင် ပြိုင်ပွဲတွေမှာ အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးခဲ့ဖူးတဲ့ ပထမတန်းစား အားကစားသမားလည်း ဖြစ်ခဲ့ဖူးတယ်.. သူက အာဏာရှင် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ လူသိများတယ်.. တကယ်တော့ ကျွန်တော်တို့ရဲ့ ကျင့်ကြံမှုအသိုင်းအဝိုင်းမှာ ဒီလိုခန္ဓာကိုယ်မျိုး အမှန်တကယ် မရှိခဲ့ဘူး.. သူက သူ့ကိုယ်သူ အာဏာရှင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုပြီးတော့ အမြင့်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့တယ်.. အဓိကအကြောင်းရင်းက သူငယ်ငယ်က ဆရာကြီးတစ်ယောက်ရဲ့ သွန်သင်ဆုံးမမှုကို ခံယူခဲ့ရလို့ပဲ''

ဒိုင်လူကြီး "ဆရာကြီးလား"

"ဟုတ်တယ်"

ကျောင်းအုပ်ကြီးချမ်းက ခေါင်းညိမ့်လိုက်သည်။

"သူတော်စင်ခန္ဓာကိုယ်စုန့် လို့ခေါ်တဲ့ တစ်စုံတစ်ယောက်က ဥက္ကဌချင်မူကို သာမန်ထက် ထူးခြားတဲ့အရိုးအစစ် ရှိပြီး ရာစုနှစ်တိုင်းမှာ တစ်ကြိမ်သာ ပေါ်ပေါက်တဲ့ အာဏာရှင်ခန္ဓာကို ပိုင်ဆိုင်တဲ့ပါရမီရှင်လို့ လှည့်စားခဲ့တယ်လေ"

ထိုစကားကို ကြားသောအခါ ဒိုင်လူကြီး၃ဦးက ထိတ်လန့်သွားကြသည်။

"နောက်တော့ရော.."

ကျောင်းအုပ်ကြီးချန်း ''အဲဒီစကားကို သူယုံသွားခဲ့တယ်"

ဒိုင်လူကြီးများ ".........."

All Chapters