ရှေးဟောင်းစာအုပ်ကြီးရဲ့ အတင်းအဖျင်းပြောချိန်
Vol. 38 Ch. 557
ထိုနေ့နံနက် စာသင်ခန်းသို့ ဝမ်လင်း ရောက်လာသောအခါတွင် ရှေးဟောင်းစာအုပ်ကြီးက သူ့ရည်းစားနှင့် လမ်းခွဲလိုက်ပြီဟူသော အတင်းအဖျင်းကို ကြားလိုက်ရသည်။
ရှေးဟောင်းစာအုပ်ကြီး၏ ရည်းစား ဘယ်သူလဲ ဆိုသည်ကို လူတိုင်းသိသည်။
အမှတ် ၅၉ အထက်တန်းကျောင်း၌ ဝိညာဥ်ဓား ဖလှယ်ပွဲ ဆင်နွှဲရန် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး သွားသောအခါတွင် သူနှင့် အမှတ်၅၉ အထက်တန်းကျောင်း၏ ဒါရိုက်တာရှီး တို့သည် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များ ဖြစ်ပေါ်လာခဲ့ကြသည်။
ရှေးဟောင်းစာအုပ်ကြီးနှင့် ဒါရိုက်တာရှီးတို့ ယမန်နေ့က လမ်းခွဲလိုက်သော သတင်းသည် အလွန် လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။
ကော်ဟောက်က ထိုသတင်းအချက်အလက်များကို ဦးစွာ ရရှိခဲ့သည်။
သို့သော် ယခုတစ်ကြိမ် သူ၏အဆက်အသွယ်မှာ သူ၏ ဦးလေး မဟုတ်ပေ။
အမှတ်၅၉ အထက်တန်းကျောင်းမှ ဆိုးသွမ်း စီနီယာ ဟဲပီဖုန်း ဆီက ဖြစ်သည်။
အမှတ် 60 အထက်တန်းကျောင်း၏ အတင်းအဖျင်းအပြောအဆို ပညာရှင်အနေဖြင့် ကော်ဟောက်၏ အရင်းအမြစ်များသည် သူ၏ဦးလေးများသာ မဟုတ်ပေ။
သူက ကျောင်းပြင်ပတွင်လည်း လူမှုဆက်ဆံရေး ကောင်းမွန်သူ တစ်ဦး ဖြစ်သည်။
အခြေခံအားဖြင့် ကော်ဟောက်က သူတွေ့ဖူးသူတိုင်းနှင့် ရင်းနှီးအောင် လုပ်တတ်သည်။
ထို့နောက်တွင် သူက ၎င်းတို့အား "ထောက်လှမ်းရေးသူလျှိုများ" အဖြစ် ပုံသွင်းကာ သူ၏ အတင်းအဖျင်း အုပ်စုထဲသို့ ဆွဲသွင်းတော့မည် ဖြစ်သည်။
စပ်စုခြင်းသည် လူ့သဘာဝဖြစ်သည်။
သို့သော် ကော်ဟောက်၏ အစွမ်းသတ္တိသည် အတင်းအဖျင်းရှာခြင်းကို နှစ်သက်ရုံသာမက လူများကို အတင်းအဖျင်းထဲသို့ ဆွဲသွင်းနိုင်စွမ်းလည်း ရှိသည်။
အတန်းထဲက လူတော်တော်များများသည် ရှေးဟောင်းစာအုပ်ကြီး၏ တကယ့် အထောက်အထားကို မသိကြပေ။
ဒါရိုက်တာရှီးက သူ၏ ပထမဆုံးအချစ်ဦးဟုပဲ ထင်ကြပြီး ဆရာဝမ် တစ်ယောက် အတော်လေး ခံစားနေရမည်ဟု တွေးမိခဲ့ကြသည်။
စာသင်နှစ် အစမှာပင် ရှေးဟောင်းစာအုပ်ကြီးသည် မြေဖြူခဲတစ်ပိုင်းဖြင့် ရွှေအမြူတေအဆင့် လူသတ်သမားကို ပစ်သတ်ခဲ့သည်ကို ကိုယ်တိုင် တွေ့မြင်ပြီးနောက်တွင် ရှေးဟောင်းစာအုပ်ကြီးက သာမန်လူတစ်ယောက် မဟုတ်ဟု စွန်းရုံ ထင်မြင်ခဲ့သည်။
သို့သော် လေလွင့်ကိုယ်လူချော ဟူသော ဆရာဝမ်၏ အမှတ်သင်္ကေတကိုမူ ဝမ်လင်း တစ်ဦးသာ သိရှိခဲ့သည်။
ရှေးဟောင်းစာအုပ်ကြီးသည် သူ့ခေတ်သူ့အခါက ဆိုလျှင် ဆယ်ကျော်သက် မိန်းကလေးများ၏ အိုင်ဒေါလ် ဖြစ်သည်။
သူက မိန်းကလေးပေါင်း မည်မျှ၏ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့မှန်း မည်သူသိနိုင်ပါမည်နည်း။
ဝမ်လင်း ကိုယ်တိုင်က ငယ်သေး၍ အချစ်နှင့်ပတ်သက်၍ သိပ်နားမလည်ဟု ခံစားရသည်။
စင်စစ် ချစ်ခြင်းမေတ္တာကို ချုပ်ငြိမ်းစေခြင်းသည် ရှေးဟောင်းစာအုပ်ကြီး အတွက် မှန်ကောင်းမှန်ပေလိမ့်မည်။
အဆုံးသတ်တွင် ဒါရိုက်တာရှီးသည် "လေလွင့်ကိုယ်လူချော" အတွက် နုနယ်သေးသည့် အမျိုးသမီးတစ်ယောက်သာ ဖြစ်သည် မဟုတ်လော။
ရှေးဟောင်းစာအုပ်ကြီးက ယနေ့တွင် စိတ်ဓာတ်ကျနေလိမ့်မည်ဟု တစ်တန်းလုံးက တွေးခဲ့ကြသည်။
သရေစာ အစပ်ချောင်း အိတ်ကို ကိုင်ထားပြီး ဘာမှမဖြစ်ခဲ့သလိုပုံစံဖြင့် ခါတိုင်းလိုပင် ပြုံးရွှင်ကာ စတိတ်ပေါ်တွင် ရပ်နေမည်ဟု မည်သူထင်မိပါမည်နည်း။
"ကဲ တပည့်တို့ အတန်းစဖို့ ပြင်ကြစို့.. လူတိုင်း.. သမိုင်းဖတ်စာအုပ်ထဲက ခေတ်သစ်သမိုင်းဆိုင်ရာ အခန်း ၅ ကို လှန်ပါ"
"ဒီနေ့တော့ ကမ္ဘာခြားဂိတ်တံခါး အကြောင်းကို ပြောကြရအောင်"
ရှေးဟောင်းစာအုပ်ကြီးက လက်ခုပ်တီး၍ ပြောသည်။
ဤအရာများကို သူ့မှတ်ဉာဏ်တွင် ရေးထွင်းထားသောကြောင့် သူနှင့်အတူ မည်သည့်စာအုပ်မျှ ယူဆောင်လာခြင်း သို့မဟုတ် ပါဝါပွိုင့်ဆလိုက်များကို ပြင်ဆင်ထားခြင်းမျိုး မရှိခဲ့ပေ။
အခြေခံအားဖြင့် သင်ထောက်ကူ ပစ္စည်းများနှင့် လုံးဝ ရင်းနှီးကျွမ်းဝင်သော ထူးချွန်ဆရာများသည် ၎င်းတို့၏ သင်ခန်းစာအချိန်များတွင် စာအုပ်များကို လုံးဝ အသုံးပြုရန် မလိုအပ်ချေ။
လူတိုင်းက ဆရာဝမ်ကို စူးစမ်းသလို ကြည့်နေကြသည်။
ရှေးဟောင်းစာအုပ်ကြီး "ကျောင်းသားတို့.. မင်းတို့ ပြောစရာရှိရင်ပြော.. ငါ့ကို စိုက်ကြည့်မနေနဲ့...ငါအရမ်းရှက်တယ်"
အားလုံးက သူ့ကို ဆက်၍ ကြည့်နေကြသည်။
ရှေးဟောင်း စာအုပ်ကြီးက ငတုံးမဟုတ်ပေ။
သူဝင်လာသည်နှင့် စာသင်ခန်း၏ ပုံမှန်မဟုတ်သော တိတ်ဆိတ်ငြိမ်သက်မှုနှင့်အတူ သူနှင့် ဒါရိုက်တာရှီး လမ်းခွဲခဲ့သည့် ကိစ္စအား ကျောင်းသားများ သိရှိသွားလောက်ပြီဟု သူ ခန့်မှန်းမိခဲ့သည်။
အဆုံးသတ်တွင် သူတို့နှစ်ယောက် ချစ်ကြိုက်နေကြသည်ကို ကျောင်းနှစ်ကျောင်းမှ ကျောင်းသားများက သိထားကြသည်။
ထို့ကြောင့် ယခု သူတို့ လမ်းခွဲသောအခါ အတင်းအဖျင်းသည် သဘာဝအတိုင်း ပျံ့နှံ့သွားခြင်း ဖြစ်သည်။
ရှေးဟောင်းစာအုပ်ကြီးက ကြိုတင် ခန့်မှန်းမိခဲ့သော်လည်း သူ မမျှော်လင့်ထားသည့် တစ်ခုတည်းသော အရာမှာ အတင်းအဖျင်းများက ဤမျှ လျင်မြန်စွာ ခရီးပေါက်မည်ကိုပင်။
ယမန်နေ့၏ နေ့လည်ကမှ လမ်းခွဲခဲ့ကြသော်လည်း ဤမနက်တွင် တစ်ကမ္ဘာလုံးက သိသွားကြသည့်ပုံစံမျိုး ဖြစ်သည်။
ဂိတ်တံခါးဝက ကြက်ဥပန်ကိတ်ရောင်းသည့် အဖိုးအိုက သူ့ကို ဤမနက်တွင် ထူးဆန်းသော အသွင်အပြင်မျိုး ရှိနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
အထူးသဖြင့် ကြက်ဥကို အပိုသုံးပေးပြီး အညိုရောင် ဆော့စ်နှင့် အညိုရောင်မိုးခိုသား တစ်ခြမ်းပါ အပိုထည့်ပေးခဲ့သည် မဟုတ်လော။
ယခုမှပင် ရှေးဟောင်းစာအုပ်ကြီးက နားလည်သွားခဲ့သည်။
ရှေးဟောင်းစာအုပ်ကြီးက အစပ်ချောင်းကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
"မင်းတို့အားလုံး သိပြီးသားလို့ ငါယုံကြည်တယ်.. ဟုတ်တယ်.. ငါတို့လမ်းခွဲခဲ့တယ်.. ဒါက ဖုံးကွယ်ထားလို့လည်း အသုံးမဝင်ပါဘူး"
"ဘာပဲဖြစ်ဖြစ် လူတိုင်းသိပြီးသားမို့ သင်ခန်းစာ မစခင်မှာ မင်းတို့ သိချင်တာတွေကို ပွင့်ပွင့်လင်းလင်းမေးပါ.. ငါပြောပြနိုင်မယ်လို့ ထင်ပါတယ်"
"ဘာလို့ လမ်းခွဲလိုက်တာလဲ"
ကော်ဟောက်က အလျင်စလို မေးလိုက်သည်။
"လမ်းခွဲရတဲ့ တစ်စိတ်တစ်ပိုင်းက အလုပ်ကြောင့်ရော၊ ငါကိုယ်တိုင်ကြောင့်ရောပါတယ်.. ဒါပေမယ့် စိတ်မပူပါနဲ့.. ဒါက ချစ်စဖွယ်ကောင်းတဲ့ လမ်းခွဲမှုတစ်ခုပါ"
"အမှတ် ၅၉ အထက်တန်းကျောင်းနဲ့ အမှတ် ၆၀ အထက်တန်းကျောင်းတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုကို ထိခိုက်မှာ မဟုတ်ပါဘူး"
ထိုစကားကိုပြောရင်း ရှေးဟောင်းစာအုပ်ကြီးက သူ့လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။
"တကယ်တော့ ရည်းစားထားတာ အပျော်သဘောလည်း ပါတာပေါ့လေ.. ဘာပဲဖြစ်ဖြစ် ဒီနောက်ပိုင်းမှာတော့ တစ်သက်လုံး ရည်းစား မထားတော့ဘူး...ဆက်ပြီး အသက်ရှင်ဖို့ ငါ့လက်နှစ်ဖက်ကိုပဲ အားကိုးရတော့မယ်"
လူတိုင်း "..............."
ရှေးဟောင်းစာအုပ်ကြီးက မျက်ခုံးပင့်လိုက်သည်။
သူ့အမူအရာက ဤအကြောင်းအရာနှင့် ပတ်သက်သော စကားဝိုင်းကို ဆက်မလုပ်ချင်တော့ကြောင်း သိသာထင်ရှားနေသည်။
"အဟမ်း.. အခု ငါတို့ရဲ့ သင်ခန်းစာကို တရားဝင်စလိုက်ရအောင်"
သင်ခန်းစာ၏ အကြောင်းအရာကို ပြန်ရောက်လာပြီး နောက်တွင် ရှေးဟောင်းစာအုပ်ကြီး၏ အမူအရာသည် ပြန်လည် လေးနက်လာသည်။
"ကမ္ဘာခြားဂိတ်တံခါး အကြောင်း သတင်းရင်းမြစ် အမျိုးမျိုးကနေ လူတိုင်းကြားဖူးကြမယ်လို့ ယုံကြည်တယ်.. ကမ္ဘာခြားဂိတ်တံခါး ဆင်းသက်တဲ့ အကြိမ်တိုင်းမှာ ငါတို့နိုင်ငံက ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နဲ့ ဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရသည်။
"အခုတော့ ငါတို့မှာ ကမ္ဘာခြားဂိတ်ရဲ့ အော်ရာ အတက်အကျတွေကို စောင့်ကြည့်နိုင်တဲ့ ခေတ်မီကိရိယာတွေ ရှိနေခဲ့ပြီ.. ဒါ့အပြင် ကြိုတင်ကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးပိုင်းမှာလည်း ငါတို့နိုင်ငံက ကမ္ဘာကို ဦးဆောင်နေပြီ ဖြစ်တယ်"
"ဒါဆို ကမ္ဘာခြား ဂိတ်တံခါးက ကျနော်တို့နိုင်ငံကိုပဲ ဆင်းသက်လာတာ မဟုတ်ဘူးပေါ့"
မြေပဲလေးက ဤအချက်ကို မမေးဘဲ မနေနိုင်ခဲ့ချေ။
"အင်း"
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။
"ကမ္ဘာခြားဂိတ်က ကျပန်း ဆင်းသက်လာလေ့ ရှိတယ်.. ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပကို ဆင်းသက်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိတယ်.. ဆင်းတဲ့ အကြိမ်အရေအတွက်က နည်းပေမယ့်လည်း သုညတော့ မဟုတ်ဘူး"
"လူတိုင်းသိထားကြသလိုပဲ ကမ္ဘာခြားဂိတ်က နတ်ဆိုးမျိုးနွယ်စုတွေ၊ နတ်ဆိုးဘုရင်တွေ အပြင် နတ်ဆိုးမျိုးနွယ်စုတွေ အကြား နယ်မြေအများအပြားကို ထိန်းချုပ်ထားတဲ့ နတ်ဆိုးနတ်ဘုရားတွေ နေထိုင်ကြတဲ့ နတ်ဆိုးကမ္ဘာနဲ့ ချိတ်ဆက်ထားတယ်"
"တကယ်တော့ နတ်ဆိုးနတ်ဘုရားတွေရဲ့ အထက်မှာ နတ်ဆိုးမျိုးနွယ်စုအားလုံးရဲ့ အုပ်ချုပ်သူ တစ်ယောက်ရှိသေးတယ်"
"နတ်ဆိုးတွေရဲ့ အုပ်ချုပ်သူလား "
လူတိုင်းက တုန်လှုပ်သွားကြသည်။
ဝမ်လင်း အပါအဝင် လူအများအပြားသည် ငယ်စဉ်ကတည်းက ကမ္ဘာခြားဂိတ်တံခါး အကြောင်း ပုံပြင်များစွာကို ကြားဖူးခဲ့ကြသည်။
သူတို့သိသလောက် နတ်ဆိုးနတ်ဘုရားများသည် နတ်ဆိုးလောကကို ပိုင်းခြား၍ အုပ်စိုးကြခြင်းဖြစ်သည်။
နတ်ဆိုးနတ်ဘုရားသည် နတ်ဆိုးမျိုးနွယ်စု အများအပြားနေထိုင်သည့် နယ်မြေတစ်ခုစီကို အုပ်ချုပ်ရသူ ဖြစ်၏။
၎င်း၏အဆင့်သည် လူသားကမ္ဘာရှိ နိုင်ငံခေါင်းဆောင်နှင့် တူညီသည်။
အုပ်ချုပ်သူတစ်ဦး အကြောင်း လူတိုင်းကြားသိရသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
"ဒီအကြောင်းကို မင်းတို့တွေ မသိတာပုံမှန်ပါပဲ.. ဘာလို့လည်းဆိုတော့ ဒါကမင်းတို့ တက္ကသိုလ်ရောက်မှ သင်ကြားရမဲ့ သမိုင်းဆိုင်ရာ ဗဟုသုတ ဖြစ်တာကြောင့်ပဲ"
"ထပ်ပြောရရင် ဒီနတ်ဆိုးလောကရဲ့ အုပ်ချုပ်သူကို နတ်ဆိုးသူတော်စင်လို့ ခေါ်ကြတယ်"
"ဒါပေမဲ့ အခုအချိန်အထိ နတ်ဆိုး သူတော်စင်က လူသားမျိုးနွယ် နှင့် နတ်ဆိုးကမ္ဘာကြားက တိုက်ပွဲတွေမှာ တစ်ကြိမ်မှ ဝင်မပါခဲ့ဘူး"
"ဒါဆို နတ်ဆိုးသူတော်စင်က တကယ်ရောရှိရဲ့လား"
တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ရှိတယ်.. နတ်ဆိုးသူတော်စင်က သေချာပေါက်ရှိတယ်.. ဒါက တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ နတ်ဆိုးနတ်ဘုရားတွေရဲ့ မှတ်ဉာဏ်ကနေ ရယူထားတဲ့ အချက်အလက် ဖြစ်တယ်"
"သူတို့ရဲ့ မှတ်ဉာဏ်ကနေ သိရသလောက်တော့ နတ်ဆိုးသူတော်စင်က အရမ်း အစွမ်းထက်တယ်"
"ဒါပေမယ့် အခုအချိန်အထိ နတ်ဆိုးသူတော်စင်က ပဋိပက္ခတွေမှာ ဘာကြောင့် မပါဝင်တာလည်း ဆိုတာတော့ မသိရသေးဘူး"
"ငါတို့နိုင်ငံမှာ နတ်ဆိုးသူတော်စင် အကြောင်း အချက်အလက် အလွန်နည်းပါးတယ်.. ဒါပေမယ့် ငါတို့ သေချာပေါက် သိနိုင်တဲ့ အချက်သုံးချက်ရှိတယ်.."
"ပထမအချက်.. နတ်ဆိုးသူတော်စင် တကယ် ရှိတယ်"
"ဒုတိယအချက်.. နတ်ဆိုးသူတော်စင် ရာထူးကို အမွေဆက်ခံတဲ့စနစ် အပေါ် အခြေခံပြီး ပေးအပ်တယ်.. လက်ရှိ နတ်ဆိုးသူတော်စင်က ဒုတိယမျိုးဆက် ဆက်ခံသူဖြစ်တယ်"
"တတိယအချက်က နတ်ဆိုးနတ်ဘုရားတွေရဲ့ မှတ်ဉာဏ်တွေကနေ အခုလက်ရှိ နတ်ဆိုးသူတော်စင်က ရေသူထီး ဆိုတာကို သိခဲ့ရတယ်"
"အဲဒါကြောင့် နတ်ဆိုးသူတော်စင်ကို ဒုတိယမျိုးဆက် ရေသူထီး လို့လည်း ခေါ်တယ်"