← Chapters

စွယ်စုံရအရိုးဘုရင်

Vol. 38 Ch. 559

စွယ်စုံရအရိုးဘုရင်

Vol. 38 Ch. 559

သူ့တစ်သက်တာလုံး အစိမ်းရောင်နှင့် ဝေးဝေးနေ၍ မရတော့ပါသလော။

ထို့နောက် သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီးအရိုးဘုရင်၏ ဒီဇိုင်းကို ဂရုတစိုက် ကြည့်ရှုလိုက်သောအခါ အလွန်လှပနေသည်ကို တွေ့ရှိခဲ့ရသည်။

စင်စစ် ထိုမှော်ရတနာက အစိမ်းသက်သက် မဟုတ်ဘဲ အဖြူနည်းနည်း စပ်သည်။

၎င်းက ကျောက်စိမ်းနှင့် တူသည်ဟု ခံစားရပြီး ပို၍ကြည့်လေ မျက်လုံးပသာဒ ဖြစ်လေ ဖြစ်သည်။

သန့်စင်ပြီးနောက်တွင် အရိုးဘုရင်သည် ကုန်ကြမ်းနှင့် နှိုင်းယှဉ်လျှင် ပိုမိုသိမ်မွေ့သည်ဟု ထင်ရသော်လည်း ပိုမိုကျစ်လစ်လာခဲ့သည်။

ထိုမှော်ရတနာ၏ ဒီဇိုင်းကို ဖော်ပြရမည်ဆိုလျှင် သိုင်းဝတ္ထုများတွင် တွေ့ရလေ့ရှိသည့် သူတောင်းစားဂိုဏ်း၏ ခွေးရိုက်တုတ်(ဝါ) ကျောက်စိမ်းတုတ်နှင့် ခပ်ဆင်ဆင်တူသည်။

"အရမ်းမိုက်တယ်"

ထွင်ထျန်းဟာ "ဒါပေမယ့်... ဒါက ကျိုးပဲ့လွယ်လား"

"ဟားဟား.. ဒါက တတိယတန်းစား သူတော်စင် လက်နက်လေ.. ဘယ်လိုလုပ် ကျိုးကြေနိုင်မှာလဲ"

'ဖက်တီးလော'က အနက်ရောင် ဓားရှည်တစ်ချောင်းကို သူတို့ဘေးရှိ စင်ပေါ်ကနေ ယူချလိုက်သည်။

"ဒါက စမ်းသပ်ဖို့အတွက် မှော်လက်နက်ပဲ"

ထို့နောက် ထွင်ထျန်းဟာ မတုံ့ပြန်ခင်မှာပင် အနက်ရောင်ဓားရှည်ဖြင့် ထွင်ထျန်းဟာ လက်ထဲမှ တုတ်ကို ခုတ်လိုက်ရာ တုတ်ပေါ်ကနေ စိမ်းလန်းသော ဝိညာဉ်အလင်းတန်းက ထွက်ပေါ်လာပြီး ပေါက်ကွဲသံနှင့် အတူ အနက်ရောင်ဓားရှည်က နှစ်ပိုင်း ကွဲသွားခဲ့သည်။

"ဒီအရိုးဘုရင်က စွယ်စုံသုံးလက်နက် ဖြစ်ပြီး အခြေအနေအမျိုးမျိုးမှာ အသုံးပြုဖို့ အတွက် သူ့ရဲ့ အပြင်ပန်းပုံစံကို စိတ်တိုင်းကျ ပြောင်းလဲလို့ရတယ်.. ဒါကို ဆန္ဒဖြင့် ပြောင်းလဲခြင်းစွမ်းရည် လို့ခေါ်တယ်"

ဖက်တီးလောက ပြောလိုက်သည်။

"အပြင်​ပန်းပုံစံကို စိတ်​တိုင်းကျ​ ပြောင်းလို့ရတယ်လား"

ထွင်ထျန်းဟာ မှင်တက်သွားခဲ့သည်။

ဤကဲ့သို့ မှော်လက်နက်၏ ဂုဏ်သတ္တိကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

ဥပမာအားဖြင့် နတ်ဆိုးမုဆိုးများ အဖွဲ့အစည်း၏ ဥက္ကဌပိုင် နှင့် သက်ဆိုင်သော ဝူကျီထီး တွင် "အာကာပြင်"စွမ်းရည် ပါရှိသည်။

ဓားအင်မော်တယ်ဖန်လွေ ထံမှရရှိသော မိစ္ဆာဓားနတ်ဘုရား၏ "ကောင်းကင်ခွဲဓား"တွင်"တိုက်ခိုက်ရေး" စွမ်းရည် ပါရှိသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၏ တောက်ပသော အောင်ပွဲခံဓား၏ မှော်စွမ်းရည်ကမူ "အမြင့်ဆုံးကာကွယ်ရေး" ဖြစ်သည်။

ဆရာလေးလင်း၏ ကျင့်ခယ်တွင်မူ "ခွန်အား" မှော်စွမ်းရည် ရှိသည်။

" 'ဆန္ဒဖြင့် ပြောင်းလဲခြင်း' ဆိုတာဘယ်လိုမျိုးလဲ"

“ရှင်းပြရတာ အနည်းငယ် အခက်အခဲ ရှိပေမယ့် အဲဒါက အာကာပြင် စွမ်းရည် တစ်မျိုးပဲ.. အဲဒါက တည်နေရာရွှေ့ပြောင်းခြင်း လုပ်နိုင်တဲ့ သာမန် အာကာပြင်စွမ်းရည်တွေနဲ့ ကွဲပြားတဲ့ အလွန်ထူးခြားတဲ့ အာကာပြင် စွမ်းရည်တစ်ခု ဖြစ်တယ်"

"မင်းလက်ထဲမှာရှိတဲ့ အရိုးဘုရင်က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်ပြီး မင်းလိုချင်တဲ့အတိုင်း ဖြစ်လာနိုင်တယ်"

ရှင်းပြရန်မှာ အနည်းငယ် ရှုပ်ထွေးသောကြောင့် 'ဖက်တီးလော'က တိုက်ရိုက် သရုပ်ပြခဲ့သည်။

အရိုးဘုရင်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ဝိညာဥ်စွမ်းအင်ထိုးသွင်းကာ "ဓား.. လာခဲ့"ဟု အော်ဟစ်လိုက်သည်။

ထိုခဏတွင် ထွင်ထျန်းဟာက အရိုးဘုရင်အပေါ်မှ အစိမ်းရောင်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး ၎င်းက ဖက်တီးလော၏ လက်ထဲမှာပင် ကျောက်စိမ်းဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"အဲဒီလို လုပ်လို့ရတယ်လား"

ထွင်ထျန်းဟာ အံ့သြသွားခဲ့သည်။

'ဖက်တီးလော'က သရုပ်ပြပြီးနောက်တွင် အရိုးဘုရင်ကို ထွင်ထျန်းဟာထံ ပြန်ပေးလိုက်သည်။

"ဒါက 'ဆန္ဒဖြင့် ပြောင်းလဲခြင်း' အဓိပ္ပါယ်ပဲ"

'ဖက်တီးလော'က ရှင်းပြလိုက်သည်။

“မှန်ကန်စွာအသုံးပြုတတ်ရင် ခွေးသူတော်စင်ရဲ့ အရိုးက အလွန် အားကောင်းတဲ့ မှော်လက်နက်ပါ.. တိုက်ခိုက်နိုင်သလို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည်လည်းရှိတယ်.. ဒါပေမယ့် မင်းတွေ့မြင်ရတဲ့ အတိုင်းပဲ.. အသွင်ပြောင်းဖို့က အချိန်ယူရတယ်.. ပုံသဏ္ဍာန် ပိုမိုရှုပ်ထွေးလေ အချိန်ပိုကြာလေလေပဲ.. ဒီအတွက် လေ့ကျင့်မှုတွေ အများကြီး လုပ်ဖို့ လိုအပ်လိမ့်မယ်"

"ဒီအရိုးဘုရင် နဲ့ မင်းရဲ့ဆက်ဆံရေးက အချိန် အတိုင်းအတာတစ်ခုကြာပြီး တိုးတက် ကောင်းမွန်လာတဲ့ အခါကျရင် လက်နက်ဝိညာဥ်ကို မွေးထုတ်နိုင်ပါလိမ့်မယ်"

ထွင်ထျန်းဟာ "ဘယ်လို လက်နက်ဝိညာဉ်မျိုး ဖြစ်ဖြစ် စိမ်းမနေရင်ရပြီ"

ဖက်တီးလော "လက်နက်ဝိညာဥ်က အစိမ်း ဟုတ်မဟုတ်တော့ငါလည်း မသိဘူး.. ဒါပေမယ့် ဒီမှော်လက်နက်ရဲ့ အဓိက ကုန်ကြမ်းကြောင့် လက်နက်ဝိညာဉ်က ခွေးဖြစ်နိုင်ချေများတယ်.."

ထွင်ထျန်းဟာ "ခွေးဖြစ်ရင်လည်း ကောင်းတယ်။ အခုဆို ခွေးအသိုင်းအဝိုင်းထဲမှာ နိုင်ငံခြားခွေးမလေးတွေ အများကြီးရှိတာပဲ"

ထိုစကားကြောင့် ဖက်တီးလော ချွေးထွက်လာသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မှော်လက်နက်သည် ၎င်း၏ ပိုင်ရှင်နှင့် တစ်ဦးကို တစ်ဦး အချိန်အတော်ကြာ ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်ပြီးမှသာ လက်နက်ဝိညာဥ်ကို မွေးဖွားနိုင်မည် ဖြစ်သည်။

ပုံမှန်အားဖြင့် လက်နက်ဝိညာဉ်၏ အသွင်အပြင်နှင့် ကိုယ်ရည်ကိုယ်သွေးသည် ၎င်း၏ပိုင်ရှင် အလိုရှိသောပုံစံ နှင့် အလှမ်း ဝေးကွာနေမည် မဟုတ်ပေ။

ဟုတ်ပါတယ်၊ လက်နက်ဝိညာဥ်က သူပိုင်ရှင် လိုချင်သည့် ပုံစံနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နိုင်မည့် အခွင့်အရေး အလွန်နည်းပါသည်။

ထွင်ထျန်းဟာက ခေါင်းညိတ်လိုက်ပြီး ဖက်တီးလောကို ပြောလိုက်သည်။

"ဟုတ်တယ် ငါ့မှာ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ သူငယ်ချင်း တစ်ယောက်ရှိတယ်.. သူနဲ့ သိကျွမ်းပြီးတဲ့နောက်မှာ ခွေးအသိုင်းအဝိုင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ အများကြီးကို သိခဲ့ရတယ်"

ဖက်တီးလေ ".............."

ထွင်ထျန်းဟာက သူ၏ လက်များကို ဖြန့်လိုက်သည်။

"ငါတို့ရဲ့ ဝိညာဉ်ခွေး အသိုင်းအဝိုင်းမှာ အမှိုက်လှည်း အရာရှိတစ်ဦး မွေးထားတဲ့ မုန်လာဥနီ ခွေးလေးတစ်ကောင် ရှိတယ်"

ဖက်တီးလော"ခွေးကလေးရဲ့ မျိုးနွယ်က မုန်လာဥနီလား"

ထွင်ထျန်းဟာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...မုန်လာဥနီ မျိုးရိုး ခွေးကလေးပါ.. လတ်တလောမှာ ခွေးနှင့် ဝံပုလွေသားပေါက်လေး တွေက ခေတ်စားနေတယ် မဟုတ်လား.. မုန်လာဥနီ ခွေးလေးတွေက သူတို့နဲ့ကွဲပြားတဲ့ တခြား အမျိုးအစား တစ်ခုပါပဲ"

'ဖက်တီးလော'က ကမ္ဘာကြီးအပေါ် နားလည်မှု တိုးလာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ထွင်ထျန်းဟာက ဖက်တီးလော ထံမှ အရိုးဘုရင်ကို အထစ်အငေါ့ မရှိဘဲ ပြန်လည်ရယူခဲ့သည်။

လုပ်ငန်းစဉ် တစ်ခုလုံးက အချိန်မကြာမြင့်ခဲ့ပေ။

အစောပိုင်းက သူသည် ဖက်တီးလော၏ စတိုးဆိုင်တွင် လက်နက် နှင့် ပိုင်ရှင်အကြား ဆက်နွှယ်မှုကို ဖန်တီးရန် သူ၏ ခွေးသွေးအချို့ကို အရိုးဘုရင်ပေါ်သို့ ကြဲချပြီးပြီ ဖြစ်သည်။

အရိုးဘုရင်ကို အိမ်ပြန်ယူပြီးနောက်တွင် "အခြေခံခွေးနည်းစနစ်"ကို အပတ်တကုတ် လေ့လာသင်ယူရန် ဆုံးဖြတ်ခဲ့သည်။

မနက်ဖြန် ကြာသပတေးနေ့သည် အိမ်မွေးတိရစ္ဆာန်များ တိုက်ပွဲဝင်ရမည့်အချိန် ဖြစ်သည်။

အရိုးဘုရင်ကို အချိန်မီ ရယူနိုင်ခဲ့သောကြောင့် ထွင်ထျန်းဟာက တကယ့်တိုက်ပွဲတွင် အရိုးဘုရင် မည်မျှ ကောင်းမွန်ကြောင်း စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။

စစ်မှန်သော တိုက်ပွဲ အတွေ့အကြုံသည် အလွန်အရေးကြီးသည် မဟုတ်ပါလား။

ဟုတ်ပါသည်။ မနက်ဖြန် ကျင်းပမည့် "စိတ်ဝိညာဉ်အိမ်မွေးတိရစ္ဆာန်တိုက်ပွဲ"သည် ထွင်ထျန်းဟာ အတွက် အနည်းငယ်ပျော်စရာကောင်းသည်။

သူက ဖားပြုပ် မျိုးနွယ်စုသို့ ပြန်သွားသောအခါတွင် သူ၏စစ်မှန်သော စွမ်းအားကို ထိန်းသိမ်းထားလိုခဲ့သည်။

"သောကြာနေ့"

ထွင်ထျန်းဟာက အချိန်တစ်ခုကို ဆုံးဖြတ်ထားပြီးပြီ ဖြစ်သည်။

အိပ်မက်နိမိတ်ပြသော အချိန်သည် နီးကပ်လာခဲ့ပြီ ဖြစ်၏။

သူက နတ်ဆိုးကမ္ဘာသို့ ပြန်သွားကာ အရာအားလုံးကို တစ်ခါတည်း ပြေလည်အောင် ဖြေရှင်းပေးရပေမည်။

ထွင်ထျန်းဟာက ပင်မဗိမာန်တော်ခန်းမတွင် မျက်ရည်ကျကာ ဓမ္မဆရာများကို ဦးဆောင်နေသည့် အကြီးအကဲဝမ်၏ မြင်ကွင်းကို ယနေ့တိုင် မမေ့နိုင်သေးပေ။

ထိုမြင်ကွင်းက အခါအားလျော်စွာ အိပ်မက်ဆိုး တစ်ခု အဖြစ် ထွင်ထျန်းဟာကို ခြောက်လှန့်နေခဲ့သည်။

"အရာအားလုံးကို အဆုံးသတ်ဖို့ အချိန်တန်ပြီ"

အိမ်အပြန်လမ်းတွင် ထွင်ထျန်းဟာက ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မြင်ကွင်းက ခဏမျှ မှုန်ဝါးသွားပြီး သူ၏ မွေးရပ်မြေတွင်သာ မြင်နိုင်သည့် အပြာရောင် ကောင်းကင်ကြီးကို မြင်လိုက်ရသည်။

…...............

ထွင်ထျန်းဟာ အိမ်ပြန်ရောက်သောအခါ အဝါရောင် အသားကပ် လေ့ကျင့်ခန်း ဝတ်စုံကို ဝတ်လိုက်ပြီး ကလေးမလေး အား သူ၏ လေ့ကျင့်ဖော် အဖြစ် လုပ်ပေးရန် ရှာဖွေခဲ့သည်။

ယမန်နေ့က လေ့ကျင့်မှုတွင် ကလေးမလေး ကျေးဇူးကြောင့်ထွင်ထျန်းဟာက အံ့သြစရာကောင်းအောင် တိုးတက်လာခဲ့သည်။

သူ၏ အန္တိမရည်မှန်းချက်မှာ ကလေးမလေးက စကပ်လှန်သည်အထိ အရှိန်ပိုမြှင့်၍ သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းရန်ဖြစ်သည်။

သို့သော် အချိန်အတော်ကြာ ရှာဖွေပြီးသည်အထိ ကလေးမလေး၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။

ထွင်ထျန်းဟာက အချိန်ကို ကြည့်လိုက်ရာ ဖိုးဖိုးဝမ် ကုန်စုံဆိုင်သွားတတ်သည့် အချိန်မှန်း အတိအကျ မှတ်မိခဲ့သည်။

ထို့ကြောင့် ကလေးမလေး နှင့် ဖိုးဖိုးဝမ်က ကုန်စုံဆိုင်သို့ စျေးဝယ်ထွက်သွားဖို့ များသည်။

ဝမ်လင်းက ကျောင်းမှ ပြန်ရောက်နေပြီ ဖြစ်သည်။

သူက ဒုတိယထပ် ပြတင်းပေါက်ကို လှမ်းကြည့်ရင်း မျက်ခုံးပင့်ကာ ကုတင်ပေါ်မှ ကျင့်ခယ်ကို ကြည့်လိုက်သည်။

ကျင့်ခယ်က အနည်းငယ် တုန်လှုပ်သွားပြီး ချက်ချင်းပင် လူသားပုံစံသို့ လျင်မြန်စွာ ပြောင်းလဲကာ ဝမ်လင်းအနား ရောက်လာသည်။

ဝမ်လင်းက လေ့ကျင့်ဖော် ရှာနေသော ထွင်ထျန်းဟာကို စိုက်ကြည့်ပြီး ကျင့်ခယ်၏ ခေါင်းကို ပွတ်သပ်လိုက်သည်။

ကျင့်ခယ်က သမ်းဝေလိုက်ပြီးနောက် အလင်းတန်း တစ်ခုအဖြစ်သို့ ပြောင်းလဲကာ ထွင်ထျန်းဟာ ရှေ့သို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။

ဤအညိုရောင် ဝိညာဉ်အလင်းရောင်၏ ရုတ်တရက်ဆင်းသက်လာမှုကြောင့် ထွင်ထျန်းဟာက ကြောက်လန့်သွားခဲ့သည်။

"???"

ကျင့်ခယ်၏ မျက်နှာက လေးနက်မှုရှိနေသည်။

"ငါ မင်းရဲ့ ပြိုင်ဘက်လုပ်ပေးမယ်"

".............."

ထွင်ထျန်းဟာ "ငြင်းလို့ရမလား"

ကျင့်ခယ် "မရဘူး"

ထွင်ထျန်းဟာ"............."

All Chapters