အပ်ဒိတ်ကြန့်ကြာခြင်းအတွက် ဖြေရှင်းသောနည်းလမ်း
Vol. 38 Ch. 561
ဝမ်လင်းက တိုက်ပွဲကိုကြည့်ရင်း ထိုမြင်ကွင်းကြောက့်အံ့ဩသွားခဲ့သည်။
ဓားတာအို၏စွမ်းအားသည် မှော်လက်နက်မှတစ်ဆင့် ထွင်ထျန်းဟာ၏ ဝိညာဉ်နည်းစနစ်နှင့် မထင်မှတ်ဘဲ ပေါင်းစည်းသွားပြီး တိုက်ပွဲတွင် အချင်းချင်း အားဖြည့်ပေးနေကြသည်။
ဤသည်က အရိုးဘုရင်၏ ဆန္ဒအတိုင်း ပြောင်းလဲခြင်းမှော်စွမ်းအား ဖြစ်နေပါသလော။
ဝမ်လင်းက ထိုထက် ယုတ္တိကျသော အကြောင်းပြချက်ကို တွေးမရတော့ပေ။
သူ၏ယူဆချက်သာ မှန်ကန်ခဲ့လျှင် ဤအရိုးဘုရင်နှင့် ထွင်ထျန်းဟာတို့သည် အချင်းချင်း ကောင်းစွာလိုက်ဖက်လှ၍ ဤမှော်ရတနာသည် ထွင်ထျန်းဟာအတွက် ပြုလုပ်ထားသကဲ့သို့ပင်။
ယခုအခါတွင် ထွင်ထျန်းဟာ၏ နဂါးလက်သီးချက်များသည် အားမာန်အပြည့် ဖြစ်နေသည်။
အရိုးဘုရင်ကနေ ဖန်တီးထားသော အစိမ်းရောင် လက်အိတ်က အစောပိုင်းက ဓားတာအို စွမ်းအင်နှင့် ဖန်တီးထားသော ဆူးချွန်များနှင့် ပေါင်းစပ်ကာ ထွင်ထျန်းဟာ၏ ခွန်အားကို ခဏအတွင်း နှစ်ဆ တိုးလာစေခဲ့သည်။
ကျင့်ခယ်က မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
ဆယ်မီတာဓားစက်ကွင်းမှ မမြင်နိုင်သော ဆွဲငင်အား စက်ဝန်းသည် ထွင်ထျန်းဟာ၏ ပတ်ဝန်းကျင်တွင် ဖွဲ့စည်းထားပြီဖြစ်သည်။
ဤသည်မှာ ဆယ်မီတာဓားစက်ကွင်းသာ ပိုင်ဆိုင်သော ဓားတာအိုမြေဆွဲအား ဖြစ်သည်။
၎င်းက ထွင်ထျန်းဟာနှင့် အရိုးဘုရင်၏ မှော်စွမ်းအားတို့ ပေါင်းစပ်ဖန်တီးထားသော နမူနာပုံစံ ဖြစ်သည်။
သို့သော် ထိုအချိန်က မိစ္ဆာဓားနတ်ဘုရား အသုံးပြုခဲ့သော ပြီးပြည့်စုံသည့် ဆယ်မီတာဓားစက်ကွင်းနှင့် နှိုင်းယှဉ်လျှင်မူ အတော်လေး လိုအပ်နေပါသေးသည်။
မိစ္ဆာဓားနတ်ဘုရား အသုံးပြုသည့် ဆယ်မီတာဓားစက်ကွင်းသည် ဆယ်မီတာတဝိုက်တွင် တိုက်ရိုက် လှည့်ပတ်နေသော ဂြိုဟ်တုငယ်တစ်ခု ကဲ့သို့ ပတ်ပတ်လည်မှ အရာအားလုံးကို စုပ်ယူနိုင်သည့် ကြီးမားသော ဆွဲငင်အားကို ထုတ်ဖော်နိုင်သည်။
ဆိုရလျှင် ဓားတာအို၏ စွမ်းအားနှင့် ပိုမို ရင်းနှီးလာလေလေ ဆွဲငင်အားက ပိုကောင်းလာလေလေ ဖြစ်သည်။
ထိုအချိန်က မိစ္ဆာဓားနတ်ဘုရား၏ ဆယ်မီတာဓားစက်ကွင်းသည် သူတော်စင်အလင်းရောင်ကိုပင် ထုတ်ပေးနိုင်နေပြီ ဖြစ်ပြီး စက်ကွင်းထဲသို့ ဆွဲသွင်းခံရသူ မည်သူမဆို အလွန်အားနည်းသွားပေလိမ့်မည်။
ထွင်ထျန်းဟာအနေဖြင့် ထိုအဆင့်သို့ရောက်လျှင် ဓားတာအို၏ စွမ်းအားကို အနည်းဆုံး ၉၅%ခန့် ကျွမ်းကျင်နေရန် လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ ထွင်ထျန်းဟာသည် ယခုအခါ၌ ဆွဲငင်အားများကို အသုံးပြုလာနိုင်ပြီ ဖြစ်သည်။
"မဆိုးပါဘူး''
ကျင့်ခယ်က ထွင်ထျန်းဟာကို စိတ်လိုလက်ရ ချီးမွမ်းလိုက်သည်။
ကျင့်ခယ်၏ ဓားဆန္ဒနှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် ထွင်ထျန်းဟာသည် သူ၏ လက်ဝှေ့အိတ်ကို အရူးအမူး ဝှေ့ယမ်းလိုက်သည်။
"အသုံးမဝင်ဘူး"
ကျင့်ခယ်က သူ့လက်ကို မြှောက်လိုက်ပြီး ဓားဆန္ဒ၏စွမ်းအားကို တိုးမြှင့်ရန် ကြံရွယ်စဉ်မှာပင် ဆယ်မီတာ ဓားစက်ကွင်းကို အသုံးပြုထားသော အဝါရောင်အသားကပ် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထွင်ထျန်းဟာကို မြင်လိုက်ရသည်။
တစ်ကိုယ်လုံး အစိမ်းရောင် တောက်နေသော ခွေးတစ်ကောင်သည် စိမ်းစိုနေသော လက်ဝှေ့အိတ်တစ်စုံကို လေထဲ၌ အရူးအမူး ဝှေ့ယမ်းနေခဲ့သည်။
ထိုခဏတွင် ထွင်ထျန်းဟာ၏ ခေါင်းလောင်းလေးသည် အစိမ်းရောင်မြေခွေးအမြီး ကဲ့သို့ပြင်းထန်စွာ ယိမ်းယိုင်နေခဲ့သည်။
ကျင့်ခယ် ".........."
"ဝမ်လင်းက ငါ့ကိုပြောတယ်.. မတော်တရော်တွေ မကြည့်နဲ့တဲ့"
ထိုစကားကိုရေရွတ်ပြီးနောက် ကျင့်ခယ်က သူ့မျက်လုံးများကို ချက်ချင်း မှိတ်လိုက်သည်။
"ဒါကငါ့ရဲ့အခွင့်အရေးပဲ"
ဤအခြေအနေက သူစောင်းဆိုင်းနေခဲ့သော အခွင့်အရေးဖြစ်သည်ကို ထွင်ထျန်းဟာ ကောင်းစွာသိသည်။
သူက ဓားဆန္ဒကို ပြင်းထန်စွာ ဖျက်ဆီးခဲ့ပြီး ကျင့်ခယ်ရေးဆွဲထားသော ၃မီတာ နယ်နိမိတ်ကို တိုက်ရိုက် ချိုးဖျက်နိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက လေထဲသို့ခုန်တက်ကာ ကျင့်ခယ်၏ အဖြူရောင်ဝတ်စုံပေါ်တွင် ခွေးခြေရာကို ချန်ထားရစ်ခဲ့သည်။
ဆိုရလျှင် ဤတိုက်ခိုက်မှုအားလုံးကို သူက ချောမွေ့စွာလုပ်ဆောင်နိုင်ခဲ့သည်။
ထွင်ထျန်းဟာ "ငါအနိုင်ရပြီ"
ဝမ်လင်းနှင့်ကျင့်ခယ် ''..........''
ထိုနေ့နေဝင်ချိန်တွင် ထွင်ထျန်းဟာ၏ မျက်နှာပေါ်၌ မကြုံစဖူး ယုံကြည်မှုများနှင့် ပြည့်နှက်နေပြီး နေဝင်ရီတရောကို ကြိုဆိုနေခဲ့သည်။
ထွင်ထျန်းဟာက သူ၏နောက်ဘက်ရှိ သီချင်းသံကို ပိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ.. သီချင်းသာဖွင့်ထားရင် ဘယ်သူမှ ငါ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး"
ဝမ်လင်းနှင့်ကျင့်ခယ် ".........."
ဖိုးဖိုးဝမ် နှင့် သုံးဘီးဆိုင်ကယ် ကလေးမလေးတို့ ကုန်စုံဆိုင်မှပြန်လာသောအခါတွင် ကျင့်ခယ်တစ်ယောက် အိပ်ခန်းထဲတွင်ထိုင်၍ မျက်လုံးများအား သေချာစွာ နှိပ်နယ်နေသည်ကို တွေ့လိုက်ရသည်။
"ကျင့်ခယ်.. ဘာဖြစ်လို့လဲ"
သုံးဘီးဆိုင်ကယ် ကလေးမလေးက စူးစမ်းလိုစိတ်ဖြင့် အနားသို့ ကပ်လာသော်လည်း ကျင့်ခယ်က သူမကို ဂရုမစိုက်ခဲ့ပေ။
ဖိုးဖိုးဝမ်က ကြမ်းပြင်ပေါ်တွင် ပက်လက်လှန်၍ အိပ်နေသော ထွင်ထျန်းဟာကို ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။
"ခယ်လေးက ဘာဖြစ်နေတာလဲ"
"သူလား.. မျက်လုံးလေ့ကျင့်ခန်း လုပ်နေတာပါ"
ဖိုးဖိုးဝမ်နှင့်သုံးဘီးဆိုင်ကယ် ".........."
ထိုညတွင် ဖေဖေဝမ် နှင့် လဲ့မုန့်မုန့် တို့သည် ညစာစားရန်အတွက် အောက်ထပ်သို့ မဆင်းခဲ့ပေ။
လဲ့မုန့်မုန့်က ဖေဖေဝမ်အား စာမူရေးရန် တွန်းအားပေးခဲ့သည်။
လစဉ်မဲပေးသည့် တိုက်ပွဲတွင် ဖေဖေဝမ်က ပြိုင်ဘက်များကို ချေမှုန်းပြီး သံသယကင်းစွာ အနိုင်ရရှိခဲ့သည်။
သို့သော် သူက အပ်ဒိတ်လုပ်ရမည့် အခန်းများစွာကို နောက်ကျကျန်ရစ်ခဲ့၏။
ဤတစ်ခေါက် လစဉ်မဲပေးပွဲတွင် သူ့ကိုအားပေးသည့် အမာခံပရိတ်သတ်များအပြင် နယ်ပယ်အသီးသီးမှ ထင်ရှားသောပုဂ္ဂိုလ် အများအပြားလည်း ပါဝင်ခဲ့သည်။
သို့သော် စာလုံးရေ ရာနှင့်ချီပြီး မရေးရသေးသည့် အတွက် သူက ချက်ချင်းပင် သေချင်သွားသလို ခံစားလိုက်ရသည်။
သူ၏ အနက်ရောင် အနားကွတ်မျက်မှန်က ကီးဘုတ်ပေါ်ပြုတ်ကျသွားသည်။
ဤမတိုင်မီ သူရိုက်ခဲ့သော စာလုံးရေ မည်မျှရှိသည်ကိုပင် သူမသိတော့ချေ။
"ဘယ်လောက်များတဲ့ စာလုံးတွေကို ထပ်ရေးရဦးမှာလဲ"
လဲ့မုန့်မုန့်က ဖေဖေဝမ် စာရိုက်ရန် ကျန်ရှိသည့် စာလုံး အရေအတွက်ကို ရေတွက်လိုက်သည်။
"မများပါဘူး.. တစ်သိန်းတစ်သောင်းပဲ ကျန်တော့တယ်လေ.. ဒါပြီးရင် အနားယူလို့ရပြီ"
ဖေဖေဝမ် ".........."
လဲ့မုန့်မုန့် "မင်းမှာ စိတ်ကြွ ဆေးပြင်းလိပ် မရှိတော့ဘူးလား.. မြန်မြန်ယူပြီး နည်းနည်းလောက် ဖွာလိုက်လေ"
ဖေဖေဝမ် "အပ်ဒိတ်တွေကို နောက်မှလုပ်လို့မရဘူးလား"
ထိုစကားကိုကြားလျှင် လဲ့မုန့်မုန့်က ဖေဖေဝမ်ကို လက်ပိုက်၍ လှမ်းကြည့်ကာ ပြုံးလိုက်သည်။
"မင်းက ဘယ်လိုလုပ်ချင်လို့လဲ"
"ဥပမာ.. ဆံနီဆေးအရက်က အတုလို့ ငါက Weiboမှာတင်လိုက်လို့ရှိရင် Nextပြည်နယ်က ငါ့ကိုဖမ်းမယ်လို့ မင်းထင်လား"
လဲ့မုန့်မုန့် "........."
ဖေဖေဝမ်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။
"တကယ်တော့ အခန်းအပ်ဒိတ်တွေကို နောက်မှ အေးဆေးတင်လို့ရအောင် ငါစိတ်ကူးထားတဲ့ အစီအစဥ်ရှိတယ်.. ငါအတုလုပ်တဲ့သူတွေ အကြောင်း ပို့စ်တစ်ခုခု တင်လိုက်မယ်.. ပြီးရင် မင်းက ငါ့ပို့စ်ကို Weiboမှာ မျှဝေပြီးတော့ ငါ့ရဲ့အယ်ဒီတာ ဖြစ်ကြောင်းနဲ့ ငါက ဝတ္ထုတွေကို အပ်ဒိတ်လုပ်နေချိန်အတွင်း နယ်စပ်မှာ အဖမ်းခံရတယ်လို့ ပြောပေးပါ.. အချုပ်ကျရင် အနည်းဆုံး တစ်ပတ်လောက်တော့ ကြာမှာပဲလေ.. ဒီလိုဆို ငါ့ရဲ့ အခန်းအပ်ဒိတ်တွေကို တစ်ပတ်လောက်အချိန်ဆွဲထားလို့ရပြီ"
လဲ့မုန့်မုန့် "ဒါဆိုတစ်ပတ်ပြည့်ပြီးရင်ရော''
ဖေဖေဝမ် "အဲဒါဆိုရင် မင်းဒီလိုပြောနိုင်တယ်.. ငါက အာမခံနဲ့လွတ်သွားခဲ့ပေမဲ့ ဆံနီဆေးအရက်က လူတွေက ငါ့ကို အလွတ်မပေးသေးဘဲ ငါ့ကိုသတ်ဖို့လူတွေ လွှတ်လိုက်တယ်.. သူတို့က ငါ့ကို ရေအဆုံးမိုးအဆုံး လိုက်ရှာကြတယ်.. ဒါကြောင့် နောက်ဆုံးမှာ ငါက ငါနေထိုင်တဲ့မြို့ကနေ ထွက်ပြေးဖို့က လွဲပြီး ငါ့မှာရွေးချယ်စရာ မရှိတော့ဘူး.. တောင်ဝင်ရိုးစွန်း ဖြစ်တဲ့ သူတော်စင်နယ်မြေကို ရောက်သည်အထိ ငါက လွင့်မျောနေခဲ့တယ်.. အဆုံးသတ်မှာ ဘဝသစ်တစ်ခု စတင်ဖို့အတွက် အင်္ဂါဂြိုဟ်ဆီကနေ အာကာသအပြင်ဘက်ဆီ ပျံသန်းဖို့ ဒုံးပျံတစ်စီးကို ငါဖန်တီးခဲ့တယ်"
"............"
လဲ့မုန့်မုန့် ခဏမျှ တိတ်ဆိတ်သွားသည်။
"Weiboမှာ ဒီလိုမျိုးတင်ရင်ရော..ဆံနီဆေးအရက်ကို အတုလို့ ပြောမိတဲ့အတွက် Nextပြည်နယ်က ငါ့ကို လူလွှတ်ပြီးဖမ်းဖို့အဆင်သင့် ဖြစ်နေပြီ.. ငါဘာလုပ်ရမလဲ"
"အဲဒီလို တကယ်ကြီး တင်ကြည့်လိုက်ရမလား"
"အင်း"
လဲ့မုန့်မုန့် ခေါင်းညိတ်လိုက်သည်။
ဖေဖေဝမ်က လျင်မြန်စွာစာရိုက်၍ Weiboပေါ်တွင် ပို့စ်တင်လိုက်သည်။
အကြမ်းဖျင်း ၃မိနစ်အကြာတွင် မမျှော်လင့်ဘဲ Like နှစ်ထောင်ကျော် အပြင် မှတ်ချက်နှင့် မျှဝေသူ ရာချီရှိနေပြီဖြစ်သည်။
ပထမမှတ်ချက်-ငရဲဧည့်သည်ကျိုးဇီ
"ဘယ်အဖွဲ့အစည်းက သတ္တိကောင်းနေတာလဲ.. မင်းတို့ဆီကို ငါ့ရဲ့ငရဲသံတမန်ကို အလည်အပတ် လွှတ်လိုက်မယ်"
ဒုတိယမှတ်ချက်-ကောင်းကင်ပေါက်ကွဲဂိုဏ်း တရားဝင် Wiebo
"ဟမ့်.. ဝမ်စစ်ထူကို ဖမ်းမလို့လား.. ဒါဆို ငါတို့ ကောင်းကင်ပေါက်ကွဲဂိုဏ်းက ပထမဆုံး ကန့်ကွက်သူပဲ.. ငါတို့ ကောင်းကင်ပေါက်ကွဲဂိုဏ်းရဲ့ တပည့်တွေက လက်ပစ်ဗုံးကိုအသုံးပြုပြီး ဝမ်စစ်ထူကို ကယ်တင်မယ် [လက်သီးအလေးပြုအီမိုဂျီ]"
တတိယမှတ်ချက်- ဒုက္ခိတသက်ကြီးရွယ်အို ကျေးရွာ တရားဝင် Weibo- ကျေးရွာခေါင်းဆောင်ချင်မူ
"စာရေးဆရာကို ဖမ်းမလို့လား.. သူအဖမ်းခံရရင် အပ်ဒိတ်ကဘယ်လိုလုပ်တော့မှာလဲ.. ဒါက ဘယ်ခွေးသား လက်ချက်လဲ"
စတုတ္ထမှတ်ချက်- ဒဏ္ဍာရီထဲကသူရဲကောင်း-ကုသသူ တရားဝင် Weibo
"ဝမ်စစ်ထူက နိုင်ငံခြားသူ ချောချောလေးတွေကို ဖွန်သွားကြောင်ဖို့ အကြောင်းပြချက် တစ်ခုအဖြစ် အသုံးချနေတာ သေချာတယ်.. ငါတို့လည်း နိုင်ငံခြားသူအတွက် တူရကီကို သွားကြရအောင်.. အဲဒီနေရာမှာ ဟိုကိစ္စက တရားဝင်ပဲ"