ဘာဖြစ်သွားလဲ လုံးဝစဥ်းစားလို့မရဘူး
Vol. 38 Ch. 564
"အဆင့် ၁၃ မှော်ပညာလား"
လက်ထောက်အမျိုးသမီး၏ မျက်နှာတွင် တုန်လှုပ်ခြောက်ခြားသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
ယခုအချိန်ထိ သူမ ကြားသိရသမျှ အမြင့်ဆုံးမှော်ပညာမှာ အဆင့် ၁၀ သာ ရှိသည်။
အဆင့် ၁၀ မှော်ပညာသည် ဝိညာဥ်စွမ်းအား နျူကလိယဗုံးအလုံး ၁၀၀ ကို လုံးဝ ရှုံးနိမ့်နိုင်မည်မဟုတ်ပေ။
"အဆင့် ၁၃ မှော်ပညာ.. အဆင့် ၃ဆင့် ပိုမြင့်တဲ့ မှော်ပညာပါလား.. ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မှော်ပညာဖြစ်လိုက်မလဲ"
လက်ထောက်အမျိုးသမီး၏ ပါးပြင်ပေါ်သို့ အေးစက်နေသောချွေးများ စီးကျလာသည်။
"ဟွာရှို့နိုင်ငံက တခြားနိုင်ငံတွေ ကျုးကျော်ဝင်ရောက်တာကို တားဆီးဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့တာ ဘာကြောင့်လို့ထင်လဲ"
ဖျော်ရည်ခွက်ကို ကိုင်ထားရင်း ဥက္ကဌ အက်ဒ်မတ်က ရယ်လိုက်သည်။
"ဟုတ်တယ်.. နတ်ဆိုးဘုရင်ရဲ့အကြွင်းအကျန် အရင်းမြစ်တွေကို ကာကွယ်ဖို့က အရမ်း အရေးကြီးပါတယ်.. ဒါပေမဲ့ ပိုပြီးအရေးကြီးတာက နတ်ဆိုးဘုရင်အကြွင်းအကျန် နယ်မြေထဲမှာ ဝှက်ထားတဲ့ အဆင့် ၁၃ မှော်ပညာပဲ.. သူတို့လည်း အဲဒါကိုလိုချင်နေတယ်လေ.. ငါဒီအကြောင်းအရာကို ဟွာရှို့စစ်တပ်ထဲမှာ စေလွှတ်ထားတဲ့ ငါတို့ရဲ့ သူလျှိုတွေဆီက ရရှိခဲ့တာပဲ"
ထိုစကားကိုကြားလျှင် လက်ထောက်အမျိုးသမီးက အံ့အားသင့်သွားသည်။
ဟွာရှို့နိုင်ငံ၏ ကာကွယ်ရေးက ဤနှစ်ပိုင်းအတွင်းကြောက်မက်ဖွယ် ကောင်းလာသော်လည်း သူတို့အနေဖြင့် သူလျှိုများ စေလွှတ်ကာ စစ်တပ်ထံမှ သတင်းအချက်အလက်များ ရယူနိုင်ခဲ့သည်။
သို့သော် အချက်တစ်ချက်က စဥ်းစားစရာ ဖြစ်နေသည်။
ဟွာရှို့နိုင်ငံက အဆင့် ၁၃ မှော်ပညာအကြောင်းကို မည်ကဲ့သို့သိနေခဲ့သနည်း။
ဟွာရှို့ကလည်း ညဦးစီးမှူး အဖွဲ့ထဲသို့ သူလျှိုများ စေလွှတ်ခဲ့လေသလော။
လက်ထောက်အမျိုးသမီးက မေးစေ့ကို ပွတ်သပ်ရင်း တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
"စာအုပ်တစ်အုပ်မှာ အဆင့် ၁၀ မှော်ပညာအကြောင်း သုံးသပ်တာကို တစ်ကြိမ် တွေ့ဖူးတယ်.. မှော်ပညာရှင်တစ်ဦးရဲ့ အယူအဆပေါ် အခြေခံပြီး ပြောရရင် အဆင့်၁၁ မှော်ပညာရဲ့အဖျက်စွမ်းအားက ဂြိုဟ်တစ်ခုလုံးကို ဘေးဥပဒ် ဖြစ်စေနိုင်တယ်.. အဆင့်၁၂ မှော်ပညာကတော့ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်.. အဆင့်၁၃ မှော်ပညာကတော့ ဂြိုဟ်ကြီးတစ်ခုလုံးကို စကြာဝဋ္ဌာထဲကနေ လုံးဝ ပျောက်ကွယ်သွားအောင် ပြုလုပ်နိုင်တယ်"
"ဒီအဆင့် ၁၃ မှော်ပညာက ငါတို့အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာ မင်းအခုသိသွားပြီ မဟုတ်လား.. ဒီမှော်ပညာကို ရရှိသရွေ့ ငါတို့တွေ ကမ္ဘာကို အုပ်စိုးနိုင်လိမ့်မယ်.. ဒါကို ငါတို့ အချိန်အတော်ကြာကတည်းက ကြံစည်နေခဲ့တာ.. ဥက္ကဌပိုင်ရဲ့ စုံစမ်းမှုကလည်း မကြာမီ ပြီးဆုံးတော့မှာပဲ"
လက်ထောက်အမျိုးသမီးက တုန်လှုပ်ခြောက်ခြားသွားသည်။
သူမက ဒူးနှစ်ဖက်ကို ထောက်လိုက်ပြီး နှိမ့်ချသော အမူအရာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
"ဥက္ကဌ အက်ဒ်မတ်က ကျွန်မလို ဉာဏ်နည်းတဲ့ လက်အောက်ငယ်သားဆီ ဒီလို အရေးကြီးတဲ့ လျှို့ဝှက်ချက်ကို မျှဝေပေးခဲ့တယ်.. လက်အောက်ငယ်သား အနေနဲ့ ကျမဆီမှာ ဥက္ကဌ အက်ဒ်မတ်ရဲ့ ကျေးဇူးကို ပြန်ပေးဆပ်စရာ ဘာမှ မရှိဘူး"
"ဒီလောက်က ဘာမှမဟုတ်ပါဘူး"
ဥက္ကဌ အက်ဒ်မတ်က လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏အမူအရာက အရာအားလုံး သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေသလိုပင်။
"ငါဘယ်သူလဲဆိုတာ မင်းသိတယ်မဟုတ်လား.. ငါက ညဦးစီးမှူးအဖွဲ့ရဲ့ ဗိုလ်ချုပ် ၆ယောက်ထဲက တစ်ယောက် ဖြစ်တဲ့အပြင် သူတို့ရဲ့ခေါင်းဆောင်လည်း ဖြစ်တယ်.. ပိုင်ကျဲက ငါနဲ့အဆင့်တူ ဆိုပေမဲ့ သူ့မှာ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး.. ဒီမဟာစီမံချက်ကြီးကို ချောချောမွေမွေ့ အကောင်အထည် ဖော်ပြီးတဲ့အခါကျရင် ငါ့အတွက် အလုပ်လုပ်ဖို့ သူ့ကို ငါစည်းရုံးရမယ်"
ထိုစကားကိုကြားလျှင် လက်ထောက်အမျိုးသမီးက ဥက္ကဌ အက်ဒ်မတ် အပေါ်တွင် လေးစားမှု ပို၍တိုးလာခဲ့သည်။
ညဦးစီးမှုအဖွဲ့ကို စတင်တည်ထောင်စဉ်ကတည်းက အစောဆုံး ဝင်ရောက်လာသည့် ခေါင်းဆောင်များသည် ယခုအခါတွင် ညသရဲဝိညာဥ်အင်ပါယာ လက်အောက်ရှိ ဗိုလ်ချုပ်များ ဖြစ်လာသည်။
ညဦးစီးမှူးအဖွဲ့တွင် လက်ထောက်ခေါင်းဆောင်ရာထူး မရှိသော်လည်းဥက္ကဌ အက်ဒ်မတ်၏ အဆင့်အတန်းသည် လက်ထောက်ခေါင်းဆောင်နှင့် တူညီသော အဆင့်တွင် ရှိနေပြီဖြစ်သည်။
ညဦးစီးမှူးအဖွဲ့တွင် ခေါင်းဆောင်ဖြစ်သည့် ညသရဲဝိညာဥ်အင်ပါယာမှလွဲ၍ အခြားဗိုလ်ချုပ်ငါးဦး အပါအဝင် လူတိုင်းသည် ဥက္ကဌ အက်ဒ်မတ်ကို လေးစားမှုပြသရမည် ဖြစ်သည်။
စင်စစ် ဗိုလ်ချုပ် ၆ဦးအနက် ဥက္ကဌပိုင်၏ ရာထူးမှာ အမှန်တကယ် အနိမ့်ဆုံး ဖြစ်သည်။
"အပေါ်ယံမှာတော့ ငါတို့ဗိုလ်ချုပ် ၆ယောက်က ညီအစ်ကိုလိုပါပဲ.. ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပြိုင်ဆိုင်ကြတာတွေ ရှိတာတော့ အမှန်ပဲ.. ငါတို့က ဒီအစီအစဉ် အတွက် လူအင်အား ၇၀%ကိုအသုံးပြုထားတယ်.. ဒါကြောင့် ဟွာရှို့နိုင်ငံရဲ့ အချက်အလက်တွေကို အသေးစိတ် ရရှိခဲ့တာပဲ..ငါတို့ဆီမှာ အားသာချက်တွေ ရှိနေတယ်.. အဲဒါကို ကောင်းကောင်းအသုံးချရမယ်"
ဥက္ကဌ အက်ဒ်မတ်က ပြောလိုက်သည်။
ထို့နောက် သူက ဖျော်ရည်ကို စားပွဲပေါ်သို့ ပြန်ချလိုက်ပြီး လက်ထောက် အမျိုးသမီး၏ လည်ပင်းကို ပွေ့ဖက်လိုက်သည်။
"အားလုံးထွက်သွားလို့ရပြီ"
သူက အစေခံများကို ကြည့်၍ အော်ဟစ်လိုက်ရာ အားလုံးကအနားမှ ခပ်သုပ်သုပ် ထွက်သွားကြသည်။
အထူးသဖြင့် ရွှေရောင်ကမ်းခြေကြီးတွင် ဥက္ကဌ အက်ဒ်မတ်နှင့် လက်ထောက်အမျိုးသမီးတို့သာ ကျန်ရှိတော့သည်။
"ဥက္ကဌ အက်ဒ်မတ်.. ကျွန်မတို့ ဒီလိုမလုပ်သင့်ဘူး ထင်တယ်"
လက်ထောက် အမျိုးသမီးက ရှက်နေခဲ့သည်။
ထိုခဏတွင် ဥက္ကဌ အက်ဒ်မတ်က မတ်တပ်ထရပ်လိုက်ရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက အသွင်ပြောင်းသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ပြန့်ကားနေသော အတောင်ပံများ ပေါက်လာပြီး သူ၏ အနောက်ဘက်တွင် ရှည်လျားထူထပ်သောအမြီးကြီးက ဆန့်ထွက်လာသည်။
ဥက္ကဌ အက်ဒ်မတ်က လူသားများနှင့် နတ်ဆိုးသားရဲများပေါင်းစည်းမည့် ဟွာရှို့နိုင်ငံ၏ စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဒဏ္ဍာရီလာသားရဲ၏ သွေးကို ထိုးသွင်းခဲ့ရသည်။
သူက စမ်းသပ်မှုအောင်မြင်သူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။
"ဥက္ကဌ အက်ဒ်မတ်က တကယ်ကို ချောမောလွန်းတာပဲ"
လက်ထောက်အမျိုးသမီးက လေးလေးနက်နက်ပင် စွဲလန်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင် ဥက္ကဌ အက်ဒ်မတ်၏ လိင်စိတ်ဆာလောင်သော အော်ရာက ပိုမိုပြင်းထန်လာ၍ လက်ထောက်အမျိုးသမီးက ကူကယ်ရာမဲ့စွာဖြင့် ဒူးများ ပျော့ခွေသွားတော့သည်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် အလွန်ပင် နီးကပ်နေကြ၍ လိင်စိတ်များ ထကြွလာကြသည်။
ဥက္ကဌ အက်ဒ်မတ်က သူမ၏ သွယ်လျသောခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။
"မင်းက ငါ့အနားမှာ အချိန်အကြာကြီး အမှုထမ်းခဲ့တဲ့အတွက် ငါနဲ့နေဖို့ ထိုက်တန်တယ်"
ဥက္ကဌ အက်ဒ်မတ်က သူမ၏ မျက်နှာကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။
"မင်းက အရမ်းချစ်စရာကောင်းတာပဲ.. ငါမင်းရဲ့ ခန္ဓာကိုယ်ကိုထိတွေ့လို့ရမလား"
"ဒီလက်အောက်ငယ်သားက ရှင့်အပိုင်ပဲလေ.. ရှင်ကြိုက်သလိုလုပ်လို့ရပါတယ်''
လက်ထောက်အမျိုးသမီးက ရှက်ရွံ့နေသဖြင့် ဥက္ကဌ အက်ဒ်မတ်နှင့် မျက်လုံးချင်း မဆိုင်မိအောင် ကြိုးစားရင်း ခေါင်းကိုစောင်းငဲ့လိုက်သည်။
သူမက သမုဒ္ဒရာရေလှိုင်းများကို ငေးကြည့်နေခဲ့သည်။
ဥက္ကဌ အက်ဒ်မတ် သူမကို ငုံ့နမ်းတော့မည့်အချိန်တွင် လက်ထောက်အမျိုးသမီးက အဝေးက မိုးကုတ်စက်ဝိုင်းတွင် အလင်း အစက်အပျောက်လေးကို ရုတ်တရက် တွေ့လိုက်ရသည်။
သူမက အမြင်မမှားကြောင်း သေချာစေရန် မျက်လုံးများကိုပွတ်သပ်လိုက်သေးသည်။
အလင်းအစက်က အမှန်တကယ်ပင် ပို၍ပို၍ ကြီးထွားလာခဲ့သည်။
သူမက အလင်းစက်ကို ညွှန်ပြရင်း အော်ပြောလိုက်သည်။
"ဥက္ကဌ အက်ဒ်မတ်.. ဟိုမှာကြည့်စမ်းပါဦး.. မိုးကုတ်စက်ဝိုင်းမှာ ဥက္ကာပျံတစ်ခု ရှိနေပုံရတယ်"
"ဥက္ကာပျံလား"
ရွှေရောင်ကမ်းခြေသည် တစ်နှစ်ပတ်လုံး တောက်ပနေစေရန် နေအတုကို တပ်ဆင်ထားသောကြောင့် နေမဝင်ကမ်းခြေဟု လူသိများသည်။
ဤနေရာက ကြယ်များကို ကြည့်သည့်နေရာ မဟုတ်၍ ထိုအလင်းစက်က မည်ကဲ့သို့ ဥက္ကာပျံ ဖြစ်နိုင်ပါမည်နည်း။
"???"
ဥက္ကဌ အက်ဒ်မတ်က မျက်မှောင်ကြုတ်သွားသည်။
သူက အနှောင့်ယှက်ခံလိုက်ရ၍ အနည်းငယ် စိတ်မကြည်မသာ ဖြစ်သွားသော်လည်း အမျိုးသမီး ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည်။
ဟုတ်ပါသည်။ မိုးကုတ်စက်ဝိုင်းအထက်တွင် တောက်ပနေသော အလင်းစက်တစ်ခုညရှိနေသည်။
သို့သော် ယင်းက ဥက္ကာပျံတော့ ဖြစ်ပုံမရပေ။
ဥက္ကဌ အက်ဒ်မတ်က သူ၏ ကောင်းကင်မျက်လုံးကို ဖွင့်လှစ်၍ ဥက္ကာပျံလမ်းကြောင်းကို ကြည့်ရန် အတတ်နိုင်ဆုံးကြိုးစားခဲ့သော်လည်း ဥက္ကာပျံက အလွန် မြန်ဆန်လွန်းလှသည်။
သူ၏ ကောင်းကင်မျက်လုံးနှင့်ပင် ဤအမြန်နှုန်းကို ဖမ်းမမိခဲ့၍ သူအံ့ဩသွားခဲ့သည်။
ဒဏ္ဍာရီလာ သားရဲ၏သွေးကြောင့် သူ၏မျက်လုံးက ငှက်တစ်ကောင်ကဲ့သို့ စူးရှသည်။
သူက ဝိညာဉ်စွမ်းအင်အားလုံးကို စုဆောင်း၍ ကြည့်လိုက်သော်လည်း အကြမ်းဖျင်းပုံကိုသာ မြင်လိုက်ရသည်။
သို့သော်လည်း နောက်ထပ် အခိုက်အတန့်မှာပင် ထိုဥက္ကာပျံက သူ့ထံ အမှန်တကယ် ပျံသန်းလာနေမှန်း သူသိလိုက်သည်။
"ဘန်း"
ဥက္ကာပျံက သူ့ရင်ဘတ်ကို ထွင်းဖောက်သွားရာ သွေးထွက်သံယို အပေါက်ကြီးတစ်ခုက ရုတ်တရက်ဖြစ်ပေါ်လာပြီး လက်ထောက်အမျိုးသမီး၏ ဖြူဖွေးနေသောမျက်နှာပေါ်သို့ သွေးများက ဗြန်းခနဲ စင်သွားခဲ့သည်။
လက်ထောက်အမျိုးသမီးက ကြောက်လန့်တကြား အော်ဟစ်နေစဉ်မှာပင် ဥက္ကဌ အက်ဒ်မတ်က သူ့ရင်ဘတ်ကို မယုံကြည်နိုင်သော အမူအယာဖြင့် ငုံ့ကြည့်လိုက်သည်။
"ဆေး.. ဆေးဘောလုံးလား"
ထိုစကားက သူ၏သေအံ့ဆဲဆဲစကား ဖြစ်သည်။