← Chapters

မျိုးဆက်သစ် ကြားဝင်ခံသူ

Vol. 38 Ch. 565

မျိုးဆက်သစ် ကြားဝင်ခံသူ

Vol. 38 Ch. 565

ဥက္ကဌ အက်ဒ်မတ် သေသွားခဲ့ပြီလော။

ယခုလေးတင် ကျဆင်းခဲ့သော ဝိညာဥ်ရေး ဖိအားက အဘယ်အရာနည်း။

သွေးများဖြင့် ဖုံးလွှမ်းနေသော လက်ထောက်အမျိုးသမီးသည် ရွှေရောင်ကမ်းခြေတွင် ကူကယ်ရာမဲ့စွာဖြင့်အထီးကျန်တုန်လှုပ်နေသည်။

ဖြစ်ပျက်ခဲ့သည်များကို သူမ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။

ဥက္ကဌ အက်ဒ်မတ်၏ ရင်ဘတ်အတွင်းသို့ ဤအမည်မသိ အရာဝတ္ထု ထိုးဖောက် ဝင်ရောက်လာစဉ်တွင် ကောင်းကင်ပြိုလဲသွားသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုတစ်ခုအား သူမ ခံစားလိုက်ရသည်။

ယင်းက ခဏမျှသာ ကြာခဲ့သော်လည်း လက်ထောက်အမျိုးသမီးက သေခြင်းတရား၏ အရိပ်အမြွက်ကို ခံစားခဲ့ရသည်။

"ဒါဘယ်သူ့လက်ချက်လဲ"

တစ်စုံတစ်ယောက်က ဥက္ကဌ အက်ဒ်မတ်ကို ပေါ့ပေါ့ပါးပါးပင် လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည်။

ဥက္ကဌ အက်ဒ်မတ်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သော အမည်မသိ အရာဝတ္ထုက အဘယ်အရာနည်း။

သူမက တုန်တုန်ယင်ဖြင့် ဥက္ကဌ အက်ဒ်မတ်၏ ရင်ဘတ်မှ သွေးထွက်သံယို အပေါက်ကြီးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။

ဒဏ္ဍာရီလာ သားရဲ၏သွေးကို ထိုးသွင်းခံထားရသော ဥက္ကဌ အက်ဒ်မတ်၏ ခန္ဓာကိုယ်သည် သူ့ကိုယ်သူ ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

ပုံမှန်အခြေအနေတွင် ခေါင်းဖြတ်ခံရလျှင်ပင် နေရာမှာတင်သေသွားမည်မဟုတ်ပေ။

သို့သော် ယခုအခါတွင် ရင်ဘတ်ဒဏ်ရာမှ သွေးများကအဆက်မပြတ် ထွက်နေခဲ့သည်။

ဤသည်မှာ ဒဏ်ရာကို သူ့ကိုယ်သူကုသ၍ မပျောက်နိုင်မှန်း ထင်ရှားနေသည်။

ဤအရာဝတ္ထုသည် ဥက္ကဌ အက်ဒ်မတ်ပေါ်တွင် ကြီးမားစွာပျက်စီးဆုံးရှုံးစေသည့် အကျိုးသက်ရောက်မှုကို သယ်ဆောင်လာပုံရသည်။

ထိုခဏတွင် လက်ထောက်အမျိုးသမီးက တစ်စုံတစ်ရာကို စဉ်းစားမိခဲ့သည်။

ယင်းမှာ ခုခံဖို့အခွင့်အရေးပင် အနည်းငယ်မျှ မပေးခဲ့သည့် သေချာစေ့စပ်စွာ စီစဉ်ထားသော လုပ်ကြံမှုဟူ၍ ဖြစ်သည်။

"ဒီကိစ္စကို ဝိညာဉ် အင်ပါယာဆီ တတ်နိုင်သမျှ မြန်မြန်သတင်းပို့ရမယ်"

လက်ထောက်အမျိုးသမီးက သူမ၏ တုန်ရီနေသောလက်ဖြင့် ညဦးစီးမှူးအဖွဲ့၏ အရေးပေါ်လိုင်းကို ခေါ်ဆိုလိုက်သည်။

အကယ်၍ ညဦးစီးမှူးအဖွဲ့သာ ဖုန်းကို လျင်မြန်စွာ ကိုင်ခဲ့လျှင်ဤရွှေရောင်ကမ်းခြေမှ ဥက္ကဌ အက်ဒ်မတ်၏ အကြွင်းအကျန်ဝိညာဉ် အပိုင်းအစများကို စုစည်းနိုင်မည့် အခွင့်အရေး ရှိနေပါသေးသည်။

သို့သော် ဤတစ်ခေါက်တွင် အလွန်ထူးဆန်းနေသည်။

မမျှော်လင့်ဘဲ ညသရဲဝိညာဥ်အင်ပါယာ၏ အရေးပေါ်ဖုန်းလိုင်းကို မည်သူမျှ ဖြေကြားခြင်းမရှိခဲ့ပေ။

"ဒီလိုမျိုးတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး"

တစ်ချိန်တည်းမှာပင် ဟွာရှို့နိုင်ငံနယ်စပ်ရှိ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုသည် ကမောက်ကမ ဖြစ်ခဲ့ရသည်။

"ဝိညာဥ်အင်ပါယာ တိုက်ခိုက်ခံလိုက်ရတယ်.. အားလုံး သတိနဲ့နေကြ.. ဒါက အမြင့်ဆုံးအခြေအနေ ဖြစ်နေပြီ"

လက်အောက်ငယ်သားတချို့က ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ခါးထိရှည်သော အနက်ရောင်ဆံပင်နှင့် အမျိုးသား၊ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ဖြူဖွေးနေသော မျက်နှာပိုင်ရှင်သည် အသက်ကို ခဲခဲယဥ်းယဥ်း ရှုရှိုက်နေရသကဲ့သို့ နာကျင်စွာဖြင့်ဒူးကွေးကျသွားသည်။

ကောက်ကျစ်သော မျက်နှာထားရှိသည့် ဤလူသည် ဥက္ကဌ အက်ဒ်မတ် ယခင်ကပြောခဲ့ဖူးသည့် ညသရဲဝိညာဥ်အင်ပါယာမှ လွဲ၍ အခြားသူမဟုတ်ပေ။

ယခုလေးတင် အမည်မသိ အရာဝတ္ထုတစ်ခုသည် ဓာတ်ခွဲခန်း၏ ပကတိအင်မော်တယ် အတားအဆီး ၈၁ ခုကိုဖြိုခွင်းခဲ့ပြီး ဓာတ်ခွဲခန်းအပြင်ဘက်ရှိ ထိုးဖောက်၍မရနိုင်သော အုတ်တံတိုင်းများကိုပါ ဖျက်ဆီးကာ ညသရဲဝိညာဉ်အင်ပါယာ၏ လက်တစ်ဖက်ကို ဖယ်ရှားပစ်လိုက်သည်။

"ဒါဘယ်သူ့လက်ချက်လဲ.. ဒီအရှင်ကိုတောင် လုပ်ကြံရဲတဲ့အထိ အတင့်ရဲနေကြပြီလား"

ညသရဲဝိညာဥ်အင်ပါယာက ဒေါသချောင်းချောင်း ထွက်သွားသည်။

သူ၏ ညာဘက်ပုခုံးကနေစပြီး လက်တစ်ခုလုံးက ပြတ်ထွက်သွားခဲ့သည်။

ထို့အပြင် ဒဏ်ရာက သူ့အလိုလို ပျောက်မသွားခဲ့ပေ။

အမည်မသိ အရာဝတ္ထုသည် သူ့ကို ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေါ်စေသည်မှာ ထင်ရှားနေသည်။

သူ့ကို ဤအတိုင်းအတာထိ ဒဏ်ရာရအောင် လုပ်နိုင်၍ ဤလူက ကြောက်စရာကောင်းသည့် ခွန်အားများ ရှိနေမည်မှာ သေချာသည်။

ထိုတိုက်ခိုက်မှုက မှော်ရတနာ တိုက်ခိုက်မှု သို့မဟုတ် မှော်ပညာတိုက်ခိုက်မှု ဖြစ်နေလျှင်ပင် ထိုလူသည် ဤကဲ့သို့ပြင်းထန်သည့်ဒဏ်ရာကို ပေးစွမ်းနိုင်စေရန်အတွက် ပကတိအင်မော်တယ်အဆင့်ထက် သာလွန်နေရပေမည်။

ညသရဲဝိညာဥ်အင်ပါယာက မျက်မှောင်ကြုတ်၍ ဖြစ်နိုင်ချေတစ်ခုကို တွေးမိလိုက်သည်။

ပကတိအင်မော်တယ်အဆင့်ထက် ပိုမြင့်၍ ဤပုဂ္ဂိုလ်က အင်မော်တယ် အရှင်မြတ်အဆင့် ဖြစ်ရပေမည်။

ထို့ပြင် ဤလူသည် ဒဏ္ဍာရီလာအင်မော်တယ်ကျန်းရွမ် ဖြစ်နိုင်ဖွယ်ရာ ရှိသည်။

ယခုအချိန်တွင် အပြည်ပြည်ဆိုင်ရာ ကတိအင်မော်တယ်ညီလာခံကို လိုက်နာသည့် နိုင်ငံအားလုံးနှင့် နိုင်ငံအသီးသီးမှအကြီးအကဲများသည် ပကတိအင်မော်တယ် တည်ရှိမှု ဖြစ်နိုင်ချေကို တားဆီးရန်အတွက် နှစ်စဉ်နှစ်တိုင်း အပြန်အလှန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် အင်မော်တယ်အရှင်မြတ်အဆင့်မှာ မရှိသလောက်ဟုပင် ဆို၍ရသည်။

ဤသည်ကပင် အင်မော်တယ်ကျန်းရွမ် ဖြစ်နိုင်သည့် အခွင့်အလမ်း ပို၍မြင့်မားလာသည့် အကြောင်းတရား ဖြစ်သည်။

သို့ဆိုလျှင် နာမည်ကျော် အင်မော်တယ်ကျန်းရွမ်က အဘယ်ကြောင့် သူ့ကိုမှ ပစ်မှတ်ထားရပါသနည်း။

ဤကိစ္စ၏ အမှန်တရားကို သိရန်အတွက် စုံစမ်းစစ်ဆေးရန် လိုအပ်နေသည်။

"အရှင်ဝိညာဥ်အင်ပါယာ.. ဖုန်းလာနေတယ်"

ထိုအချိန်တွင် တပည့်တစ်ဦးက သူ့ကို ရုတ်တရက် ပြောလိုက်သည်။

"ဖြေဖို့အချိန်မရှိဘူး"

ညသရဲဝိညာဥ်အင်ပါယာက အံကြိတ်လိုက်ပြီး မြေပြင်ပေါ်တွင်ကျနေသော သူ၏လက်ကို အေးခဲသွားစေရန် အေးစက်သောလေအား ပါးစပ်ကနေ မှုတ်ထုတ်လိုက်သည်။

"ငါ့ဒဏ်ရာက မသက်သာဘူး.. ငါစုဆောင်းထားသမျှ ဆေးပစ္စည်းတွေ အခုချက်ချင်း ယူလာခဲ့ပါ"

"အရှင်.. ဒီဖုန်းက ဥက္ကဌ အက်ဒ်မတ်ရဲ့ လက်ထောက်ဖြစ်တဲ့ ဂျူဒီရဲ့ အရေးပေါ်ဖုန်းခေါ်ဆိုမှုပဲ''

တပည့်က ပြောလိုက်သည်။

''မင်းငါပြောတာ မကြားဘူးလား.. ငါ့မှာအချိန်မရှိဘူးလို့ ပြောနေတယ်လေ.. မင်းဆီကနေ သောက်ရေးမပါတဲ့ စကားတွေ ထပ်ကြားရရင် မင်းခေါင်းကို ငါအမှုန့်ကြိတ်ပစ်မယ်"

ညသရဲဝိညာဥ်အင်ပါယာက သူ၏လက်မှ ဒဏ်ရာကြောင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

"အက်ဒ်မတ်ဆိုတဲ့ကောင်က ပိုပိုပြီးတော့ တရားလွန်လာတယ်.. သောက်ချိုးပြင်လို့ ငါ့ကိုယ်စား ပြောလိုက်စမ်း"

တပည့် ".........."

----------------------

အမှတ်၆၀ အထက်တန်းကျောင်း အားကစားကွင်း...

"၆၅မီတာက တော်တော်လေး ကောင်းနေပြီပဲလေ"

ကော်ဟောက်က ချီးကျူးလိုက်သည်။

"ဝမ်လင်းက ဒီလောက်ထိ အံ့ဩဖို့ကောင်းမယ်လို့ ငါတစ်ခါမှ မထင်ထားခဲ့ဘူး.. မင်းက အရမ်းပိန်နေပေမဲ့ တကယ်ကို တစ်ခုခုပဲ"

"မင်းတို့ကသာ အထင်သေးနေတာ.. ငါကတော့ ဝမ်လင်းအားနည်းတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး"

ချန်းချောင်က ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင် ဝမ်လင်းက သူ့ရဲ့ခွန်အားတွေကို ဖုံးကွယ်ထားတယ်လို့ ငါအရင်က ထင်ခဲ့ဖူးတယ်.. ဘာလို့လဲဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည်က အမြဲတမ်းတစ်သမတ်တည်း ဖြစ်နေလို့ပဲ.. သူ့ရဲ့ စာမေးပွဲအဆင့်တွေကလည်း အမြဲတမ်း ပျမ်းမျှအဆင့်မှာပဲ.. ဆရာမဖန်တောင်မှ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောနိုင်ခဲ့ဘူး"

ချန်းချောင်က ထိုစကားကို ပြောသောအခါတွင် သူ့ပုခုံးကို တွန့်လိုက်သည်။

စင်စစ် ဝမ်လင်း၏ စွမ်းဆောင်ရည်က အလွန်တည်ငြိမ်နေသောကြောင့် ချန်းချောင်က ထိုအထင်အမြင်ကို ရရှိသွားခြင်းဖြစ်သည်။

မည်မျှပင် အင်အားကိုဖုံးကွယ်ပါစေ စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်တွင် စစ်မှန်သော သဘာဝက ပေါ်ထွက်လာမည်သာ ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်းမှ ဆရာဆရာမများသည် စာမေးပွဲမေးခွန်းများ မေးရာတွင် သမာရိုးကျ မေးခွန်းများကို မေးလေ့မရှိပေ။

ထို့ကြောင့် မေးခွန်းကို ခန့်မှန်းမရ၍ စာမေးပွဲရလဒ်များကို စိတ်တိုင်းကျရအောင် လုပ်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

ဤကဲ့သို့ ခေါင်းကိုက်စေသည့်အရာကို မည်သူက ဤမျှလောက် လွတ်လွတ်လပ်လပ် လုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် ဝမ်လင်းက လျှို့ဝှက်ဘော့စ်တစ်ဦး ဖြစ်နိုင်သည်ဟူသော ချန်းချောင်၏ ကနဦးစိတ်ကူးသည် ထိုကဲ့သို့ပင် ပြယ်လွင့်သွားခဲ့ရသည်။

ဆေးဘောလုံးကို တတိယပစ်ရမည့်လူမှာ ဖန့်ရှင်း ဖြစ်သည်။

ဝမ်လင်းက ဘောလုံးကိုပေးလိုက်သောအခါတွင် ဖန့်ရှင်းက အနည်းငယ် စေးကပ်သလို ခံစားလိုက်ရသည်။

ဆေးဘောလုံး၏ အရောင်က အနည်းငယ် ကွဲပြားသွားသည်ဟု သူထင်ခဲ့သည်။

သို့ရာတွင် ပြိုင်ပွဲအတွက် သူတို့အသုံးပြုနေသည့် ဆေးဘောလုံးမှာ အနီရောင် ဖြစ်သည်။

ထို့အပြင် သဲလမ်းကြောင်းမှ သဲအချို့လည်း ကပ်နေသောကြောင့် ခြားနားချက်ကို ဂရုတစိုက်မကြည့်ဘဲ ပိုင်းခြားရန်မှာ အလွန်ခက်ခဲသည်။

"အမ်.. ခဏနေပါဦး.. ဒါက သွေးမဟုတ်ဘူးလား"

ဖန့်ရှင်းက ချွေးများ စိုစွတ်လာသည်။

ဝမ်လင်း၏ ဆေးဘောလုံးက ယခုလေးတင် ကမ္ဘာတစ်ပတ်ကိုပတ်ခဲ့မှန်း သူကောင်းစွာသိသည်။

"တစ်ခုခုကို မတော်တဆများ တိုက်ခဲ့မိတာလား"

ဖန့်ရှင်းက ဘောလုံးပေါ်မှ သွေးရနံ့ကို အနံ့ခံနိုင်ခဲ့သော်လည်း လူသွေး၏အနံ့ဟု မထင်ခဲ့ပေ။

သူက ပြိုင်ပွဲပြီးလျှင် ဆေးဘောလုံးရှေ့၌ ပြန်လည်မွေးဖွားခြင်းမဏ္ဍန်ကို ရွတ်ဆိုမည်ဟု ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ တိရိစ္ဆာန်လေး တစ်ကောင်ကို မတော်တဆထိခိုက်မိသွားလျှင် မကောင်းပေ။

ဖန့်ရှင်းက ဘောလုံးကိုပစ်လွှတ်ရန် ပြင်လိုက်သောအချိန်တွင် အငယ်ဆုံးဒိုင်လူကြီးက ရုတ်တရက် ပြောလိုက်သည်။

"ခေါင်းဆောင်.. ဒီဆေးဘောလုံးရဲ့ အရောင်က နည်းနည်းလေး ကွဲပြားနေတဲ့ပုံ ပေါ်နေသလားလို့.. အရင်ကထက်တောင် ပိုပြီး တောက်ပနေသလိုပဲ"

"မင်းမှားနေတာ ဖြစ်နိုင်တယ်.. ကလေးတွေ ရွတ်ဆိုနေကျ လမ်းပေါ်မှာ ပိုက်ဆံကောက်ရတယ် ဆိုတဲ့ကဗျာကို ကြားဖူးတယ် မဟုတ်လား.. "

အငယ်ဆုံး ဒိုင်လူကြီးက လန့်ဖြန့်သွားသည်။

"ကြားဖူးတယ်လေ"

ဒိုင်လူကြီး "ဒီကလေးရွတ် လင်္ကာရဲ့ဆိုလိုရင်းက အိတ်ထဲမှာပိုက်ဆံမဆောင်တဲ့ အလေ့အထကို ချီးမွမ်းတာပဲ.. တကယ်တော့ အဲဒါကမှားယွင်းနေတယ်.. မင်းသာ ကလေးတွေရွတ်တဲ့လင်္ကာကို နားယောင်မိရင် မင်းရှာသမျှ ငွေတွေကို ရဲဦးလေးတွေဆီ အချိန်တိုင်းလွှဲပေးရလိမ့်မယ်.. မင်းက ဆေးဘောလုံးကို အရောင်တောက်တယ်လို့ ပြောတယ်.. မင်းဝတ်ထားတဲ့လည်စည်းအနီက ပိုတောက်ပတယ်လို့ မထင်ဘူးလား"

အငယ်ဆုံးဒိုင်လူကြီး ".........."

All Chapters