← Chapters

ညီနောင်ခွေးနဲ့ ငါက စစ်မှန်တဲ့အချစ်တွေရှိကြတယ်

Vol. 38 Ch. 566

ညီနောင်ခွေးနဲ့ ငါက စစ်မှန်တဲ့အချစ်တွေရှိကြတယ်

Vol. 38 Ch. 566

အခြားတစ်ဖက်တွင်လည်း ဝေ့ကျစ်နှင့်ထွင်ထျန်းဟာတို့ကသားရဲ အကဲဖြတ်ခြင်းစင်တာသို့ ရောက်ရှိလာသည်။

စိတ်ဝိညာဥ် အိမ်မွေးတိရိစ္ဆာန်တိုက်ပွဲက စတင်တော့မည် ဖြစ်သည်။

အမှတ်၆၀ အထက်တန်းကျောင်း၏ ခွင့်ပြုစာတစ်စောင်ကို ဝေ့ကျစ်က လက်ထဲတွင်ကိုင်ထားပြီး ထွင်ထျန်းဟာနှင့်အတူ ရှေ့စားပွဲသို့ သွားလိုက်သည်။

စာရေးမက စာတွင် ပါရှိသည့် ဝေ့ကျစ်၏ အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ရေး လက်မှတ်မိတ္တူကို တွေ့သောအခါ ကြက်ဥထည့်လို့ရသည် အထိ ပါးစပ်က ပွင့်ဟသွားခဲ့သည်။

"SSR.. ဒါက ဂုရုအဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူပဲ"

စာရေးမက တုန်တုန်ယင်ယင်ဖြင့် စာရွက်တွင် တံဆိပ်ရိုက်နှိပ်ပေးလိုက်သည်။

ယခင်က S အဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ ဆရာတစ်ယောက် ရောက်ရှိလာခြင်းကြောင့် သူမ ထိတ်လန့်ခဲ့ရဖူးသည်။

သို့သော်လည်း ယခုအခါတွင် SSRအဆင့်ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဤသင်တန်းဆရာနှစ်ဦးစလုံးကို ကျောင်းများမှ ငှားရမ်းထားသည်မှာ ထင်ရှားသည်။

ယနေ့ခေတ်တွင် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာများသည် ငွေကြေးများ ပြတ်လတ်နေပါသလော။

စာရေးမက အနည်းငယ် အံ့ဩသွားခဲ့သည်။

"မင်္ဂလာပါ.. မစ္စတာ ဝေ့ကျစ်နဲ့ မစ္စတာခွေး2ရေ.. ဒါက သင်တို့ရဲ့ ခွင့်ပြုချက်စာရွက်ပါ.. သင်တို့ရဲ့ ပွဲစဥ်ကို နောက် ၁၅ မိနစ်အတွင်းမှာ အားကစားကွင်း 3 မှာ ကျင်းပမယ်"

စာရေးမက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ဝေ့ကျစ်က ခွင့်ပြုချက်စာရွက်ကိုယူပြီး ထွက်သွားခါနီးတွင် စာရေးမက ရုတ်တရက်ပြောလိုက်သည်။

"ခဏလေးနေပါဦး"

ဝေ့ကျစ်က အံ့ဩသောအမူအရာဖြင့် လှည့်ကြည့်လိုက်သည်။

"တစ်ခုခုရှိသေးလို့လား"

စာရေးမက ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"မစ္စတာဝေ့ကျစ်.. ကျွန်မ အရမ်းသိချင်တာ တစ်ခုရှိတယ်.. ဆရာ့လို အဆင့်ရှိတဲ့ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာတစ်ယောက် အတွက် ဝိညာဉ်သားရဲတစ်ကောင်ကို စစ်တိုက်ပေးဖို့ငှားလို့ရှိရင် ဆရာ့ရဲ့ အဖိုးအခက ဘယ်လောက်ကျလဲ"

"အိုး.. ငါက ဒီကိစ္စအတွက် အခကြေးငွေမယူပါဘူး"

ဝေ့ကျစ်က ခေါင်းခါရမ်းလိုက်ပြီး သူ့ခြေရင်းမှ ထွင်ထျန်းဟာကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ညီနောင်ခွေး နဲ့ ငါ့ကြားမှာ ရှိတဲ့အရာက စစ်မှန်တဲ့ချစ်ခြင်းတရားပဲ"

စာရေးမ ".........."

ထွင်ထျန်းဟာ "..........''

စိတ်ဝိညာဉ် အိမ်မွေးတိရိစ္ဆာန်များ၏ တိုက်ပွဲကို တကယ့်အားကစားကွင်း တိုက်ပွဲတစ်ခုအဖြစ် ပုံဖော်ခဲ့သည်။

အုပ်စုအဆင့်တွင် ကျောင်းအသီးသီးမှ ဝိညာဉ်သားရဲများကို ခြေမှုန်းပေးရမည် ဖြစ်ပြီး ဖိုင်နယ်တွင်ပါဝင်ရန် ၃ယောက်ကျန်ရှိမည် ဖြစ်သည်။

အဆုံးသတ်တွင် ချန်ပီယံပြိုင်ပွဲကို အဆိုပါ ဝိညာဉ်သားရဲ ၃ကောင်ကြားတွင် ကျင်းပမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အားကစားကွင်းမှ တိုက်ပွဲများကို တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်၏။

နောက်ဆုံး ဗိုလ်လုပွဲတွင် ကြည့်ရှုသူ အများအပြား ရှိလိမ့်မယ်ဟု ထွင်ထျန်းဟာ မှန်းဆမိခဲ့သည်။

ပြိုင်ပွဲ မစတင်မီမှာပင် သူ၏ ပြိုင်ဘက် ဖြစ်လာနိုင်သည့် အခြားသော ဝိညာဉ်သားရဲနှစ်ကောင်က မည်သူမည်ဝါဖြစ်သည်ကို ထွင်ထျန်းဟာ ခံစားမိခဲ့သည်။

အလူမီနီယမ်ငါးလေး(ဝါ) မှီခိုရာအထက်တန်းကျောင်း၏ ကုန်းငါးမန်း..

ကျင်းပိုင်.. အမှတ်၅၉အထက်တန်းကျောင်း၏ ရွှေရောင်ကျောကုန်းဂေါ်ရီလာ..

ထို့ပြင် ရှောင်မျိုးနွယ်စု၏ အထောက်အပံ့ကို ရရှိထားသော နတ်မျက်စိ အထက်တန်းကျောင်းမှ ရွေးချယ်ခဲ့သည့် တိုက်ပွဲဝင်ခြင်္သေ့သည်လည်း အကြီးမားဆုံး ရန်သူ ဖြစ်သည်။

အားကစားကွင်း 3 သို့ ရောက်ရှိလာသောအခါ အမှတ်၅၉ အထက်တန်းကျောင်းမှ ဖိတ်ကြားထားသော S အဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာသည် ရွှေရောင်ဂေါ်ရီလာနှင့်အတူ ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။

သူတို့၏ပြိုင်ဘက်မှာ အဓိကမြှင့်တင်ရေးအထက်တန်းကျောင်းမှ မျောက်အရွယ်အစားခန့်ရှိသော ကင်းမြီးကောက် ဖြစ်သည်။

အဓိကမြှင့်တင့်ခြင်း အထက်တန်းကျောင်းမှ စေလွှတ်ခဲ့သော အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာမှာလည်း S အဆင့်ပင်ဖြစ်သည်။

ရွှေရောင်ဂေါ်ရီလာက စတုတ္ထတန်းစား ဝိညာဉ်သားရဲသာ ဖြစ်သော်လည်း ဧရာမကင်းမြီးကောက်ကမူ တတိယတန်းစား ဝိညာဉ်သားရဲ ဖြစ်သည်။

သို့သော် ဝိညာဉ်သားရဲများကြားတွင် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများ ပါဝင်နေသရွေ့ ဝိညာဥ်သားရဲ၏ အဆင့်အတန်းပေါ် မူတည်၍ ရလဒ်ကို ဆုံးဖြတ်နိုင်မည်မဟုတ်ပေ။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူသည် ဝိညာဉ်သားရဲတိုက်ပွဲတွင် အမှန်တကယ် အရေးပါသည်။

ထူးချွန်သော အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ၏ အခန်းကဏ္ဍသည် ဝိညာဉ်သားရဲ တစ်ဦးအား အနိုင်ရရှိစေရန်အတွက် အကူအညီပေးနိုင်၏။

၎င်းတို့က တိုက်ပွဲအတွင်း ပြိုင်ဘက်၏ အားနည်းချက်ကိုရှာဖွေကာ ရည်ရွယ်ချက်ရှိရှိ လျင်မြန်စွာ တုံ့ပြန်နိုင်ရန်အတွက် တိုက်ပွဲဗျူဟာကို ရေးဆွဲပေးရသည်။

ထို့ကြောင့် SSRအဆင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူ ဝေ့ကျစ်သည် ထက်မြက်သော ထိုးထွင်းဉာဏ်ရှိမည်မှာ ထင်ရှားသည်။

ထွင်ထျန်းဟာ တွေးနေစဉ်မှာပင် အားကစားကွင်း 3၌ အခမ်းအနားကို စတင်ခဲ့သည်။

အစီအစဉ်တင်ဆက်သူက အားကစားသမားများကို စတင်မိတ်ဆက်ပေးခဲ့သည်။

"ဟိုမှာမြင်နေရတာကတော့ အမှတ်၅၉ အထက်တန်းကျောင်းက ကစားသမား ကျင်းပိုင်နဲ့ အဓိက မြှင့်တင်ခြင်း အထက်တန်းကျောင်းက ဂါနီယန်တို့ပဲ.. အဓိက မြှင့်တင်ခြင်း အထက်တန်းကျောင်းမှ ကစားသမား ဂါနီယန်က တတိယတန်းစား ဝိညာဉ်သားရဲတွေ ဖြစ်တဲ့ စပစ်ဒန်း၊ ဘရန်ဒါနဲ့ ရှက်ခလာ တို့လို အားကောင်းတဲ့ ကစားသမား ၃ယောက်ကို အနိုင်ယူပြီး ဒီအဆင့်ထိ တက်လှမ်းလာနိုင်တာ ဖြစ်တယ်.. ကဲ.. ဂါနီယန်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို အခုပဲစောင့်ကြည့်လိုက်ရအောင်"

ထွင်ထျန်းဟာ ".........."

ဝေ့ကျစ်က အားကစားကွင်းထဲရှိ ကြီးမားသော အသံလွှင့်စခရင်မှ ပုံရိပ်ကို ကြည့်လိုက်သည်။

"ညီနောင်ခွေး.. ဘယ်သူ အနိုင်ရမယ်လို့ ထင်လဲ"

"ရွှေရောင်ဂေါ်ရီလာမှာ အနိုင်ရဖို့ အခွင့်အရေး ပိုရှိတယ်လို့ငါထင်တယ်"

ထွင်ထျန်းဟာက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

ဝေ့ကျစ်က ရယ်လိုက်သည်။

"မင်းစိတ်တွေလေးနေသလား ညီနောင်ခွေး.. မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် အတွဲညီရင်ရပါပြီ"

ထွင်ထျန်းဟာ ".........."

ထွင်ထျန်းဟာက ဤပြိုင်ပွဲကို ဝင်ပြိုင်မည့် ဝိညာဉ်သားရဲများ အားလုံးကို စူးစမ်းလေ့လာခဲ့သည်။

ရွှေရောင်ဂေါ်ရီလာက ကင်းမြီးကောက်လောက် အဆင့်အတန်း မမြင့်မားသော်လည်း ဤဝိညာဉ်သားရဲ နှစ်ကောင်က အတော်လေး ဘက်ညီသည်ဟု ဆိုရမည်။

ထို့ပြင် ဤအားကစားကွင်း တိုက်ပွဲများတွင် ဝိညာဉ်သားရဲကို အသေသတ်ဖြတ်ခြင်း မပြုရန် ကဏ္ဍများစွာဖြင့် ကန့်သတ်ထားသည်။

ထို့ကြောင့် ကင်းမြီးကောက်ဘုရင်၏ ဂုဏ်အယူရဆုံး ဖြစ်သော အာရုံကြောအဆိပ်သည် ပြိုင်ပွဲတွင် အသုံးပြုရန် ကန့်သတ်ခံထားရသည်။

ပြိုင်ပွဲတွင် ကင်းမြီးကောက်ဘုရင်ကို ထုံထိုင်းစေမည့် အဆိပ်လောက်ကိုသာ အသုံးပြုခွင့်ပေးခဲ့သည်။

သို့သော် ဤအဆိပ်သည် ဤမျှ ခန္ဓာကိုယ်ကြီးမား​သော ရွှေရောင်ဂေါ်ရီလာပေါ်တွင် အလုပ်မဖြစ်လောက်ပေ။

ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ ထူထဲသော အသားအရည်ထဲသို့ ကင်းမြီးကောက်ဘုရင်၏ အဆိပ်စူက ထိုးဖောက်နိုင်မည်လား ဆိုသည်မှာ အခြားပြဿနာတစ်ခုဖြစ်သည်။

တိုက်ပွဲက စတင်ခဲ့လေပြီ။

ရွှေရောင်ကျောကုန်း ဂေါ်ရီလာက သူ့ရင်ဘတ်ကို သူ့ဘာသာသူ ကျယ်လောင်စွာ ရိုက်နှက်လိုက်သည်။

ယင်းက တစ်ဖက်သားကို စိတ်ပိုင်းဆိုင်ရာ ထိုးကျသွားအောင်စွမ်းဆောင်နိုင်သည့် လှုံ့ဆော်ခြင်း အသံလှိုင်း မှော်စွမ်းအင်တစ်မျိုးလည်း ဖြစ်၏။

ကင်းမြီးကောက်က ရွှေရောင်ကျောကုန်းဂေါ်ရီလာ၏ ပတ်ပတ်လည်ကို လှည့်ပတ်ကာ အဆိပ်စူး ထိုးသွင်းနိုင်မည့် အခြေအနေကို ရှာဖွေနေခဲ့သည်။

နှစ်ဖက်လုံးရှိ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေး ဆရာများသည် သတိဝီရိယ အပြည့်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။

ကင်းမြီးကောက်၏ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူသည် ကောင်းမွန်သော အခွင့်အရေးရရှိရန် အဆက်မပြတ် ရှာဖွေနေခဲ့သည်။

သို့သော် ရွှေရောင်ကျောကုန်းဂေါ်ရီလာ၏ အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ပေးသူက အတော်လေး သတိကြီးသူ ဖြစ်၏။

သူက ကင်းမြီးကောက် အနည်းငယ် လှုပ်ရှားလိုက်သည်နှင့်ဂေါ်ရီလာကို ချက်ချင်းသတိပေးမည် ဖြစ်သည်။

တိုက်ပွဲစတင်သည်မှာ ၃မိနစ်ပင် ရှိနေပြီဖြစ်၏။

သို့သော် နှစ်ဖက်လုံးက ယခုအချိန်ထိ မတိုက်ခိုက်ရသေးပေ။

"ဆက်ကြည့်စရာ မလိုတော့ဘူး.. ရွှေရောင်ကျောကုန်းဂေါ်ရီလာက ဒီတိုက်ပွဲမှာ အနိုင်ရသွားပြီ"

ဝေ့ကျစ်က အချိန်ကိုကြည့်ပြီး ချက်ချင်းပင် ခေါင်းခါရမ်းလိုက်သည်။

ရွှေရောင်ကျောကုန်း ဂေါ်ရီလာလို ဝရုန်းသုန်းကားသောင်းကျန်းခြင်းမုဒ်ကို ဝင်နိုင်တဲ့ ဝိညာဥ်သားရဲ အမျိုးအစားကို အချိန်အကြာကြီး တိုက်ပွဲဝင်ဖို့က မဖြစ်နိုင်ဘူး.. တိုက်ပွဲကြာရှည်တာက ဒီဝရုန်းသုန်းကား သောင်းကျန်းခြင်းမုဒ်ကို ဝင်လာစေတယ်.. ရွှေရောင်ကျောကုန်း ဂေါ်ရီလာရဲ့တိုက်ပွဲအစ အော်ဟစ်မှုက သူ့ရဲ့ဒေါသကို တိုးမြှင့်ဖို့အတွက်ပဲ.. သူသာ ဝရုန်းသုန်းကားသောင်းကျန်းခြင်းမုဒ်ကို ဝင်ရောက်သွားတာနဲ့ ကင်းမြီးကောက်က ဘယ်လိုမှ တိုက်နိုင်တော့မှာမဟုတ်ဘူး

ဤဝရုန်းသုန်းကား သောင်းကျန်းခြင်းမုဒ်သို့ ဝင်ရောက်နိုင်သည့် သားရဲများသည် အခြေခံအားဖြင့် အဆိပ်ပြီးသည်ကို အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာများက သိထားကြသည်။

အကယ်၍သာ အာရုံကြောအဆိပ်ကို ပိတ်ပင် မထားခဲ့လျှင် ကင်းမြီးကောက် အတွက် ပိုမိုကောင်းမွန်သော အခွင့်အလမ်းကို ရရှိမည် ဖြစ်သည်။

အနီးအနားရှိ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာများကအခြေအနေကို ခွဲခြမ်းစိတ်ဖြာပြသွားသော ဝေ့ကျစ်ကို တစ်ချက် ကြည့်လိုက်သည်။

သူတို့က အံ့အားသင့်သွားပြီး ဝေ့ကျစ်၏ သုံးသပ်မှုကို သဘောတူကြသည်။

အချို့ဆရာများကမူ သံသယဝင်နေဆဲ ဖြစ်သည်။

"တိုက်ပွဲက တစ်မိနစ်အတွင်း ပြီးသွားလိမ့်မယ်"

ဝေ့ကျစ်က စခရင်ကိုကြည့်ရန်ပင် စိတ်မဝင်စားတော့ပေ။

ထို့ကြောင့် သူက ထိုင်ချလိုက်ပြီး ထွင်ထျန်းဟာ၏ အမွှေးများကို ပွတ်ပေးလိုက်သည်။

ထွင်ထျန်းဟာက အတော်လေး သက်တောင့်သက်သာ ရှိသလိုခံစားလိုက်ရသည်။

ဆရာလေးလင်းမှလွဲ၍ မည်သူမှ သူ့ကို သက်သောင့်သက်သာရှိအောင် မလုပ်နိုင်ခဲ့ပေ။

သို့သာ် ဝေ့ကျစ်ကတော့ မတူပေ။

တိုက်ပွဲမစမီ ဝိညာဉ်သားရဲကို ပွတ်သပ်ပေးခြင်းသည် ၎င်းတို့၏စိတ်ကို ပြေလျော့စေနိုင်သည်။

ဝေ့ကျစ်က ထွင်ထျန်းဟာကို တစ်မိနစ်လောက် ပွတ်သပ်ပြီးနောက် မတ်တပ် ထရပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် အစီရင်ခံကြေညာသူက တိုက်ပွဲ၏ရလဒ်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်သောကြောင့်ပင်။

ကင်းမြီးကောက်ဘုရင်က ရွှေရောင်ကျောကုန်းဂေါ်ရီလာ၏ တောင်တန်းငယ် အရွယ်အစားခန့် ရှိသော သံလက်သီးများကြောင့် ပြိုင်ပွဲမှ ထွက်သွားခဲ့ရသည်။

အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာ ၂ယောက်က လက်ဆွဲနှုတ်ဆက်ပြီး ကွင်းထဲမှ ထွက်လာခဲ့သည်။

ပွဲအပြီးတွင် စည်းမျဥ်းအရ ရွှေရောင်ကျောကုန်း ဂေါ်ရီလာနှင့် ကင်းမြီးကောက်တို့၏ ဒဏ်ရာများကို စစ်ဆေးခဲ့သည်။

ဝေ့ကျစ် ခန့်မှန်းထားသည့်အတိုင်းပင် တိုက်ပွဲက တစ်မိနစ်အတွင်း ပြီးသွားခဲ့သည်။

ထို့ကြောင့် အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူအားလုံးက ဝေ့ကျစ်ကို တအံ့တဩ ကြည့်လိုက်ကြသည်။

"သူကဘယ်သူလဲ"

"ကွင်းထဲကနေ ထွက်လာတဲ့ S အဆင့် အိမ်မွေးတိရိစ္ဆာန်လေ့ကျင့်ရေး ဆရာနှစ်ယောက်က ဆရာရှဖေးနဲ့ ဆရာယွဲ့ယန်လေ"

သူတို့က အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးအဖွဲ့အစည်းတွင် လူသိများသော ဆရာများ ဖြစ်ကြသည်။

၎င်းတို့က ကွင်းထဲမှ ထွက်လာစဥ် ပြုံးရွှင်နေကြ၏။

ဂျူနီယာ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ရေးဆရာ အများအပြားက သူတို့ကို ဝိုင်းရံကာ အမှတ်တရလက်မှတ်များ တောင်းဆိုနေကြသည်။

ထိုခဏတွင် နှစ်ယောက်သားက ဝေ့ကျစ်ကို မြင်လိုက်ရာ ချက်ချင်း ထိတ်လန့်သွားကြသည်။

"ရှစ်.."

ဝေ့ကျစ်က ပြုံးပြီး ထိုနှစ်ယောက်ကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။

ထိုအချင်းအရာကို ထွင်ထျန်းဟာ မြင်ခဲ့ရသည်။

".........."

သူထင်ထားသည့် အတိုင်းပင် ဤ ဝေ့ကျစ်ဆိုသည့်ကောင်က တကယ့်ဆရာကြီး ဖြစ်နေခဲ့သည်။

All Chapters