← Chapters

အရိုးဘုရင်ရဲ့ခြိမ်းခြောက်မှု

Vol. 38 Ch. 568

အရိုးဘုရင်ရဲ့ခြိမ်းခြောက်မှု

Vol. 38 Ch. 568

ဤတိုက်ပွဲ အော်ဟစ်သံသည် အနည်းငယ်မျှ ရယ်စရာ ဖြစ်နေ၍"အရူးချိုးဖျက်ဓားသုံးလက်" ဟု အမည်ပေးထားသည့် မီးတောက် ဆူနာမီ ခွေးကို ရွံရှာဖွယ် ဖြစ်စေသည်။

သို့သော်လည်း အမွေးစိမ်းခွေး၏ ဟောက်သံ မှိန်ဖျော့သွားသည်နှင့်ပင် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒါက ဝိညာဉ်ရေး ဖိနှိပ်မှုလား"

အရူးချိုးဖျက်ဓားသုံးလက်က ၎င်း၏ တည်ငြိမ်မှုကို ထိန်းထားရန် ရုန်းကန်နေရ၍ မီးတောက် ဆူနာမီခွေး၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာက တစ်ခုခု မှားနေပြီဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

"ဓားသုံးလက်...စိတ်အေးအေးထားဖို့လိုတယ်..ဒီပွဲကိုသာ အနိုင်ရရင် မင်းရဲ့ပိုင်ရှင်က မင်းကို အရှင်သခင်အဆင့် ဝိညာဉ်လိပ်ပြာ ဝယ်ပေးပြီး မင်းစိတ်ကြိုက် ချက်ကျွေးမယ် ဆိုတာမမေ့နဲ့"

အရှင်သခင်အဆင့် ဝိညာဉ်လိပ်ပြာ..

၎င်းက စိတ်ဝိညာဥ်လိပ်ပြာရွာတွင် အဆင့်အမြင့်ဆုံး ဝိညာဉ်လိပ်ပြာဖြစ်ပြီး ဝိညာဥ်လိပ်ပြာအားလုံး၏ မိဘလည်းဖြစ်သည်။

ထို့အပြင် အရှင်သခင်အဆင့် ဝိညာဥ်လိပ်ပြာမှာ အသိုက်တစ်ခုစီတွင် တစ်ကောင်သာ ရှိသည်။

အရှင်သခင်အဆင့် ဝိဉာဉ်လိပ်ပြာသည် အလွန်စျေးကြီးပြီးအင်မော်တယ် ရွှေချောင်း ငါးသောင်းခန့် စျေးရှိသည်။

သို့သော် အသားက အလွန်အရသာရှိ၍ မီးတောက်ဆူနာမီခွေးက တောင့်တနေခြင်း ဖြစ်သည်။

ဦးခေါင်းကို ဖယ်ရှားလိုက်သမျှ ကာလပတ်လုံး ပုံမှန် ဝိညာဉ်လိပ်ပြာထက် ပရိုတင်း အဆနှစ်ရာ ပိုမို ပါရှိသည်။

"ဓားသုံးလက်.. မင်းအနိုင်ရရမယ်.. ဒါမှ အရှင်သခင်အဆင့် ဝိညာဥ်လိပ်ပြာကို ခရင်မ်ပေါင်မုန့်တွေထဲ အစာသွပ်ပြီး စားနိုင်မယ်.. ဒီအစိမ်းရောင်ခွေးကို လုံးဝအရှုံးမပေးနဲ့"

သို့သော် မီးတောက်ဆူနာမီခွေးက ထိန်းမနိုင်သိမ်းမရ တုန်လှုပ်နေဆဲ ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဖိနှိပ်ထားသောကြောင့် အစောပိုင်းက အမွေးစိမ်းခွေး၏ အော်ဟစ်ခြင်းသည် သာမန်မဟုတ်ကြောင်း ဓားသုံးလက် စတင်သိရှိလာသည်။

သူက နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာကနေ ကြောက်ရွံ့သည့်စိတ်များ ဖြစ်ပေါ်လာသည်။

ဤအရာက ဝိညာဉ်ရေးရာ ဖိနှိပ်မှုကဲ့သို့ ရိုးရှင်းသော အရာမဟုတ်ပေ။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလဲ"

အမွေးစိမ်းခွေးက သူ၏လက်ဖဝါး အရွယ်အစားသာ ရှိသည့် ခွေးတစ်ကောင် ဖြစ်ကြောင်း ထင်ရှားသော်လည်း အစိမ်းရောင်ခွေး၏ မျက်လုံးများသည် သူ၏ စိတ်ဝိညာဉ်ကို နက်နဲစွာ စိုက်ကြည့်နေ သကဲ့သို့ အမွေးစိမ်းခွေး၏ မျက်လုံးများသည် အဆမတန် ကြီးမားလာသလို ခံစားရသည်။

ဤခွေးက ကောင်းကင်တာအို၏ လေးနက်သော စွမ်းအားဖြင့် ဖိနှိပ်ခဲ့ပုံရသည်။

"ဒီခွေးက ဘာခွေးလဲ"

"ဒါက… အရမ်းကြောက်စရာကောင်းတဲ့.. အီးးး"

ဓားသုံးလက်က တိုးတိုးလေး ညည်းတွားခဲ့သည်။

သူက မျက်ရည်များ စီးကျလာပြီး ချုံးပွဲချ ငိုကြွေးလိုက်သည်။

အကြောင်းရင်းမှာ သူက ဤပွဲကို အနိုင်ရရန် အခွင့်အလမ်းမရှိတော့မှန်း သိလာသောကြောင့် ဖြစ်သည်။

ထိုထက် အရေးကြီးဆုံးမှာ သူ စောင့်မျှော်ခဲ့ရသည့် အရှင်သခင်အဆင့် ဝိညာဉ်လိပ်ပြာကို မစားနိုင်တော့၍ ဖြစ်၏။

ဓားသုံးလက်က ဝမ်းနည်းစွာငိုကြွေးခဲ့ပြီး ခန္ဓာကိုယ်ကို လှန်ချကာ နီရဲနေသော မျက်လုံးများကို လက်ဖြင့် ပွတ်သပ်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါအရမ်း​ကြောက်​တယ်​"

"မီးတောက်ဆူနာမီခွေးက ငိုသွားတာလား"

ဤမြင်ကွင်းက လုံးဝ မထင်မှတ်သောမြင်ကွင်း ဖြစ်၍ ဖန်သားပြင်ကို ကြည့်ရှုသူတိုင်းက အံ့အားသင့်သွားခဲ့သည်။

မီးတောက်ဆူနာမီခွေး၏ လေ့ကျင့်ရေးဆရာပင် အံ့သြသွားသည်။

"ဘာတွေဖြစ်နေတာလဲ"

"မီးတောက်ဆူနာမီ ခွေးတစ်ကောင်က ဘာလို့ ငရဲကျသလို ကြောက်ကြောက်လန့်လန့်နဲ့ ငိုနေရတာလဲ"

အစီအစဉ် တင်ဆက်သူ၏ မျက်နှာတွင် အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်နေသည်။

"ကစားသမား ဓားသုံးလက်.. မင်းဆက်ပြီး တိုက်နိုင်သေးရင် ကျေးဇူးပြု၍ တိုက်ပွဲဝင်ပါ.. မင်းအနေနဲ့ ရဲရင့်ပြီး မကြောက်မရွံ့တဲ့ စိတ်ဓာတ်ကို မွေးပါ.. ပွဲက ဒီလောက်နဲ့ မပြီးသင့်ဘူး"

ဓားသုံးလက်က ၎င်း၏ ခွေးမျက်နှာကို လက်များဖြင့် ဖုံးအုပ်ထားသည်။

"ငါမလုပ်နိုင်ဘူး.. အီးးး.. ငါဒီမှာ မနေချင်ဘူး... အီးးး ဒါကမဖြစ်နိုင်တဲ့တိုက်ပွဲပဲ... ငါ့ကို သယ်သွားမယ့်လူကို မြန်မြန်ရှာပေးပါ ဒါမှမဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်.."

"ငါမလုပ်နိုင်ဘူးနော်.. တကယ်မလုပ်နိုင်ဘူး"

"ငါ့ကို အမြန်ခေါ်သွားမယ့်လူကို ရှာပေးပါ ဒါမှမဟုတ်ရင် အရမ်းနောက်ကျသွားလိမ့်မယ်"

လေ့ကျင့်ရေးဆရာက အလွန် ဒေါသထွက်သွားသည်။

"ဓားသုံးလက်.. ကျေးဇူးပြုပြီး စာချုပ်ဝိညာဉ်သားရဲရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြသစမ်းပါ"

သို့သော် ဓားသုံးလက်က အရမ်းကြောက်နေပြီး သူ့စကားကိုနားမထောင်တော့ပေ။

သူ့မျက်ရည်များက ဆည်ကျိုးသလိုပင် အတားအဆီးမရှိ ဖြစ်နေသည်။

"အီးးးး.. မေဘေးကလည်း ငါမတတ်​နိုင်​ဘူးလို့​ ပြောပြီးပြီလေ.."

ဝေ့ကျစ်နှင့်ထွင်ထျန်းဟာ "............."

ထွင်ထျန်းဟာက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

"ငါထုတ်လွှတ်လိုက်တဲ့ ဖိအားက ဒီလောက်တောင်ပဲလား.. မဖြစ်နိုင်ဘူး ထင်တယ်... ဒီမီးတောက်ဆူနာမီခွေးက ဘာလို့ ဒီလောက်တောင် ကြောက်နေတာလဲ"

ထွင်ထျန်းဟာက သူ၏အော်ရာကို ရုတ်သိမ်းပြီး ဓားသုံးလက် ဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

ထိုအခါ ဓားသုံးလက်က ကြမ်းတမ်းသော သားရဲ သူ့အနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသကဲ့သို့ ရှည်လျားသော မျက်ရည်စီးကြောင်း နှစ်ခု နှင့်အတူ ကွင်းထဲကနေ အမှန်တကယ် ပြေးထွက်သွားခဲ့သည်။

ဤသည်မှာ ဒဏ္ဍာရီလာ "မျက်ရည် နှင့် ထွက်ပြေးခြင်း"စွမ်းရည် ဖြစ်ကောင်းဖြစ်နိုင်သည်။

"..........."

ထိုခဏတွင် အစီအစဉ် ကြေငြာသူက ကူကယ်ရာမဲ့သော အမူအရာဖြင့် ကြေငြာလိုက်သည်။

"ဓားသုံးလက်က တိုက်ခိုက်နိုင်စွမ်း မရှိတော့တဲ့ အတွက် ကစားသမား ခွေး2က ဒီပွဲကို အနိုင်ရတယ်"

…............

ပွဲအပြီးတွင် ဝေ့ကျစ်သည် ကစားသမားများ၏ နားနေခန်းတွင် အစောပိုင်းက ပွဲစဥ်ကို ပြန်လည် ကြည့်ရှုခဲ့သည်။

သူ မည်ကဲ့သို့ တွေးနေပါစေ ပဟေဠိ ဖြစ်နေသည်။

"ညီနောင်ခွေး မင်းဘယ်လိုလုပ်လိုက်တာလဲ.. မီးတောက်ဆူနာမီခွေးက ဘာလို့ မင်းကို ဒီလောက် ကြောက်နေရတာလဲ"

ထွင်ထျန်းဟာ "ငါလည်းမသိဘူး...ငါလည်း စဥ်းစားရကျပ်နေတယ်"

ဝေ့ကျစ် မျက်မှောင်ကြုတ်လိုက်သည်။

"ညီနောင်ခွေး.. မီးတောက်ဆူနာမီခွေးကို အဲဒီလောက်အထိ ကြောက်အောင် လုပ်နိုင်ဖို့ဆိုရင် ပြင်ပ အကြောင်းတရားတစ်ခုခုကြောင့်များလားလို့ ငါတွေးမိတယ်.. ဥပမာ.. မင်းမှာ ဆန်းကြယ်တဲ့ မှော်ရတနာ တစ်ခုခု ရှိနေလား"

ဝိညာဥ်သားရဲများ အကြားရှိ သမားရိုးကျ အားကစားကွင်း တိုက်ပွဲတွင် မှော်ရတနာ ကန့်သတ်ချက်များ မရှိပေ။

ဝိညာဉ်သားရဲများသည် တိုက်ပွဲတစ်ခု အတွင်း ၎င်းတို့၏ ကိုယ်ပိုင် မှော်ရတနာများကို အသုံးပြုနိုင်သော်လည်း များသောအားဖြင့် ၎င်းတို့အတွက် မလိုအပ်သောကြောင့် အသုံးပြုလေ့ မရှိကြပေ။

ဝေ့ကျစ်၏ စကားကိုကြားမှ ထွင်ထျန်းဟာက တွေးမိလိုက်သည်။

"အရိုးဘုရင်ကြောင့်လား"

ဖက်တီးလောက မှော်ရတနာအဖြစ် ပြုပြင်ထားသော်လည်း အဆုံးသတ်တွင် အရိုးဘုရင်သည် ခွေးသူတော်စင်၏ အရိုး ဖြစ်သည်။

ထွင်ထျန်းဟာက အာကာပြင်ဝါးမျိုခြင်း မှော်စွမ်းရည်ဖြင့် အစိမ်းရောင် အရိုးဘုရင်ကို ထုတ်ယူခဲ့သည်။

"ဒါ​ကြောင့်​လို့ထင်​တယ်​.. ဒီမှော်ရတနာက မင်းငါ့ကို ပေးခဲ့တဲ့ အရိုးဘုရင်ကနေ ဖန်တီးထားတာပဲ"

သူတို့က အလွန်ရင်းနှီးကြပြီး အရိုးဘုရင်ကို မူလက သူ့ဆီ ပေးခဲ့သူမှာ ဝေ့ကျစ် ဖြစ်သောကြောင့် ဖုံးကွယ်ထားရန် မလိုအပ်ဟု ထွင်ထျန်းဟာ ခံစားခဲ့ရသည်။

"ညီနောင်ခွေးက အရိုးဘုရင်ကို မှော်ရတနာအဖြစ် ပြုပြင်ခဲ့တာလား"

ဝေ့ကျစ်က ကျောက်စိမ်းရောင်တုတ်ကို မြင်လျှင် အံ့သြသွားသည်။

ရိုးရိုးသားသား ပြောရလျှင် ဒုဥက္ကဌတွင် အဖိုးတန် ရတနာများစွာ ရှိသော်လည်း ဤအရာက မရိုးရှင်းဟု ခံစားမိသောကြောင့် ထိုအချိန်က လောင်းကြေးအဖြစ် ယူလာခဲ့ခြင်းဖြစ်သည်။

သူက တကယ့် ကျောက်မျက်ရတနာကိုမှ အမှန်အကန် ကောက်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဝေ့ကျစ်က ပြောလိုက်သည်။

"အရိုးရဲ့ဇစ်မြစ်က မရိုးရှင်းဘူး.. ထိပ်တန်း ဝိညာဉ်သားရဲ အချို့ရဲ့ အရိုး ဖြစ်နိုင်သည်.. မင်းမှာ ဒါရှိနေလို့ မီးတောက်ဆူနာမီခွေးက ကြောက်လန့်သွားတာ ဖြစ်မယ်"

"အင်း"

ဝေ့ကျစ်၏ သုံးသပ်မှုကို ထွင်ထျန်းဟာက သဘောတူခဲ့သည်။

မီးတောက်ဆူနာမီခွေးသည် ဤအတိုင်းအတာ အထိ ထိတ်လန့်သွားရသည်မှာ အရိုးဘုရင်နှင့် ဆက်စပ်နေပေလိမ့်မည်။

ဤသည်မှာ ခွေးများ၏ ထိပ်တန်းခေါင်းဆောင် ခွေးသူတော်စင်၏ အရိုးဖြစ်သည် မဟုတ်လော။

ဆိုရလျှင် ၎င်း၏ အော်ရာ အနည်းငယ်ကပင် ခွေးအမျိုးအစား ဝိညာဉ်သားရဲမှန်သမျှကို ခြိမ်းခြောက်နိုင်ပေသည်။

သို့သော် ၎င်းက ခွေးအမျိုးအစား ဝိညာဥ်သားရဲများပေါ်တွင်သာ သက်ရောက်မှု ရှိနိုင်ပြီး အခြားသော ဝိညာဉ်သားရဲများအပေါ်တွင် အလားတူ သက်ရောက်မှုမျိုး ရှိမရှိ မသိရသေးပေ။

ထိုအချက်ကို တိုက်ပွဲတွင် စမ်းသပ်ရန် ထွင်ထျန်းဟာက ဆုံးဖြတ်ခဲ့သည်။

"ဒီအရိုးဘုရင်မှာ ဘယ်လိုမှော်အစွမ်းရှိလဲ"

ဝေ့ကျစ်က မေးလိုက်သည်။

"ဒါက စွယ်စုံရ လက်နက် အမျိုးအစားပဲ.. ဆန္ဒဖြင့်ပြောင်းလဲခြင်း မှော်စွမ်းရည်ရှိတယ်.."

"ဒါက အရမ်းထူးခြားတဲ့ အာကာပြင်မှော်ရတနာပဲ"

ဝေ့ကျစ်က စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

သူက ခံစားချက်မဲ့စွာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။

"နောက်တစ်ပွဲကျရင် ဒီအရိုးဘုရင်ကို ထုတ်သုံးနိုင်မလား.. ငါစမ်းသပ်မှုတစ်ခု လုပ်ချင်တယ်”

ထို့နောက် ဝေ့ကျစ်နှင့်ထွင်ထျန်းဟာက ဝိညာဥ်သားရဲတိုက်ပွဲတွင် တစ်ချက် ကြည့်လိုက်သည်။

ပြိုင်ကွင်းထဲမှ ပြိုင်ပွဲဝင်ကစားသမား နှစ်ယောက်မှာ ကြမ်းတမ်းထူထဲသော အသားအရေ ရှိသည့် ရွှေရောင်ကျောကုန်းဂေါ်ရီလာနှင့် မှီခိုရာ အထက်တန်းကျောင်း၏ ကုန်းငါးမန်း (ဝါ) အလူမီနီယမ်ငါးလေးတို့ ဖြစ်သည်။

All Chapters