ကံကောင်းပါစေ ရှလေး
Vol. 38 Ch. 569
တစ်နာရီကြာပြီးနောက်တွင် လူတိုင်း မျှော်လင့်ထားသည့် စိတ်ဝိညာဉ် အိမ်မွေး တိရစ္ဆာန်များ၏ နောက်ဆုံးတိုက်ပွဲက စတင်တော့မည် ဖြစ်သည်။
ဝေ့ကျစ် နှင့် ထွင်ထျန်းဟာတို့က ချန်ပီယံဆု အတွက် ယှဥ်ပြိုင်မည့် နောက်ဆုံးအဖွဲ့ဝင်များကို ခန့်မှန်းခဲ့ကြသည်။
ချန်ပီယံလုရန် ထွက်ပေါ်လာမည့် ကျန်ဝိညာဉ် သားရဲနှစ်ကောင်သည် ကျန်းပိုင်၊ ရွှေရောင်ကျောကုန်းဂေါ်ရီလာ၊ အလူမီနီယမ်ငါးလေး (ဝါ)ကုန်းငါးမန်း သို့မဟုတ် နတ်မျက်စိ အထက်တန်းကျောင်းမှ တိုက်ပွဲဝင် ခြင်္သေ့ ဖြစ်မည်ဟု အစပိုင်းတွင် ထင်ခဲ့သည်။
အံ့သြစရာကောင်းသည်မှာ နတ်မျက်စိအထက်တန်းကျောင်း၏ တိုက်ပွဲဝင်ခြင်္သေ့သည် မှီခိုရာအထက်တန်းကျောင်းမှ ရက်စက်ကြမ်းကြုတ်သည့် ကုန်းငါးမန်းကို ရှုံးနိမ့်သွားခြင်းပင်။
ပိုအရေးကြီးသည်မှာ ဤသည်က ကြေကွဲဖွယ်ရာ ရှုံးနိမ့်မှုဖြစ်သည်။
ထွင်ထျန်းဟာ နှင့် ဝေ့ကျစ်တို့ ကွင်းထဲမှ ထွက်လာသောအခါ အနီးနားရှိ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးမှူးများ ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
"အဲဒီကုန်းငါးမန်းက ကြောက်စရာကောင်းတယ်.. အရင်တုန်းကတော့ နှစ်ဖက်စလုံး ဘက်ညီလိမ့်မယ်လို့ ထင်ခဲ့မိတယ်.. တိုက်ပွဲဝင်ခြင်္သေ့ကြီးက ခဏလေးနဲ့ ကျဆုံးသွားမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး"
"ရှောင်မျိုးနွယ်စုကနေ ရွေးချယ်ထားတဲ့ တိုက်ပွဲဝင်ခြင်္သေ့က ကုန်းငမန်း တစ်ကောင်ရဲ့ တစ်ဖက်သတ် ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်"
"ဒါပေမယ့် ကုန်းငမန်းက ပွဲမစခင် တစ်ခုခု စားလိုက်ပုံရတယ်.. အဲဒါက စိတ်ကြွဆေး ဖြစ်နိုင်မလား"
"စိတ်ကြွဆေးလို့တော့ မထင်ဘူး။"
အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာက ခေါင်းခါယမ်းလိုက်သည်။
"သူ စားခဲ့တာက အာလူးကြော်တစ်ထုပ်ပါ.."
ထွင်ထျန်းဟာ အံ့သြသွားသည်။
"အာလူးကြော်လား"
အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အားလုံး တုန်လှုပ်ခြောက်ခြားပြီး ဆွံ့အသွားသည်။
စိတ်ကြွဆေးဖြစ်လျှင် တင်းတင်းကျပ်ကျပ် တားမြစ်ထားမည်မှာ သေချာသည်။
သို့သော် ဝိညာဥ်သားရဲသည် သရေစာကို အလွန်အမင်း စွဲလမ်းနေမှန်း မည်သူသိနိုင်ပါမည်နည်း။
ကစားသမား၏ နားနေခန်းကို ပြန်ရောက်လျှင် ဝေ့ကျစ်က သူ၏ ခွဲခြမ်းစိတ်ဖြာမှုကို စတင်ခဲ့သည်။
"ဒီကုန်းငါးမန်းမှာ ထူးခြားတဲ့ အသွင်အပြင်ရှိပုံရတယ်.. အဲဒါက ပြင်းထန်သော တုံ့ပြန်လှုံ့ဆော်မှုမျိုး ဖြစ်နိုင်တယ်.. ဒီလိုမျိုး စိတ်ဝိညာဉ်ရှိတဲ့ သတ္တဝါတွေက တကယ်ကို ရှားပါးတယ်"
"အဲဒါက ဘယ်လိုအသွင်အပြင်မျိုးလဲ"
ထွင်ထျန်းဟာက မေးလိုက်သည်။
"အချို့သော အစားအစာတွေကို တုံ့ပြန်ရာမှာ တက်ကြွမှုရှိတဲ့အသွင်အပြင်မျိုးလို့ ယူဆနိုင်တယ်"
"များသောအားဖြင့်တော့ ဒီလှုံ့ဆော်မှု အခြေအနေမှာ ဝိညာဉ်သားရဲရဲ့ ခွန်အားက သိသိသာသာ တိုးလာပြီး လက်ရှိရောက်ရှိနေတဲ့ အတန်းအစားထက် လွန်ကဲတဲ့ စွမ်းအားကို ပြသနိုင်တာပဲ"
"ဒါအပြင် ခန္ဓာကိုယ်အပေါ်မှာလည်း အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှု မရှိဘူး"
"ဆန့်ကျင်ဘက်အနေနဲ့ ခန္ဓာကိုယ် အတွင်းက သွေးကြောတွေရဲ့ ခံနိုင်ရည်အားကို မြှင့်တင်ပေးတယ်... ယေဘုယျအားဖြင့်တော့ အဲဒါက အလွန် ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်တစ်ခု ဖြစ်တယ်"
ဝေ့ကျစ်က ဆက်ပြောခဲ့သည်။
"ဒါပေမယ့် ဒီလို ရုပ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာ ရှိတဲ့ ဝိညာဉ်သားရဲတွေက များသောအားဖြင့် ယဉ်ပါးဖို့ ခက်ခဲတယ်"
"သူတို့က အစားကြီးတဲ့ အတွက် သာမန်လူတွေက သူတို့ကို မွေးဖို့ တတ်နိုင်မှာ မဟုတ်ဘူး"
ထွင်ထျန်းဟာ ချွေးများထွက်လာသည်။
"............."
ဘယ်လောက်ပဲစားစား ငွေရောင်လေးထက် ပို၍ စားနိုင်ပါမည်လော။
သူက ဝေ့ကျစ်၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ရင်း ကုန်းငါးမန်းနှင့် ပြိုင်ဆိုင်ရန် ပိုမိုမျှော်လင့်နေသည်။
ထွင်ထျန်းဟာ၏ အင်အားသည် ယခုအခါတွင် ဒုတိယတန်းစား ဖြစ်သည်။
အကယ်၍ ဤကုန်းငါးမန်းသည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို အသုံးပြု၍ ဒုတိယတန်းစား ခွန်အားကို ချိုးဖျက်နိုင်ခဲ့လျှင် မျှော်လင့်ထိုက်သည့် တိုက်ပွဲတစ်ခု ဖြစ်ကြောင်း ထွင်ထျန်းဟာ ရုတ်တရက် ခံစားလိုက်ရသည်။
ငါးမိနစ်ခန့်အကြာတွင် ဝေ့ကျစ် နှင့် ထွင်ထျန်းဟာက ကွင်းထဲသို့ ပြန်ဝင်လာသည်။
ယခုတစ်ကြိမ်တွင် ထွင်ထျန်းဟာသည် ရန်သူနှစ်ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ရွှေရောင်ဂေါ်ရီလာ ကျန်းပိုင် အပြင် အာလူးကြော်များကို အရူးအမူး ကြိုက်နှစ်သက်သည့် ကုန်းငါးမန်း ကြီးလည်း ရှိသေးသည် မဟုတ်ပါလော။
ဝေ့ကျစ်က သူနှင့် ဆန့်ကျင်ဘက် ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာကို နှုတ်ဆက်လိုက်သည်။
"ကံကောင်းပါစေ.. ရှလေး"
ထွင်ထျန်းဟာ"............."
ဟုတ်ပါသည်၊ ထိုသူမှာ ရှလေးဖြစ်သည်။
ကန်းလေးသာ ပေါ်လာခဲ့လျှင် သူတို့သည် အဖွဲ့ဖွဲ့ကာ ဆုတံဆိပ်ကို သိမ်းပိုက်နိုင်မည် ဖြစ်သည်။
[ကန်းလေး နှင့် ရှလေး တို့သည် မူရင်း 'ပိုကီမွန်' စီးရီးမှ အဓိကဇာတ်ကောင်များ၏ တရုတ်နာမည်များ ဖြစ်သည်]
ရှဖေး "..........."
ရိုးရိုးသားသား ဝန်ခံရလျှင် အခုအချိန်အထိ ရှဖေးသည် ငြင်းဆန်ချင်နေခဲ့သည်။
စတုတ္ထတန်းစား ဂေါ်ရီလာ တစ်ကောင်နှင့် အနိုင်ရရန် လုံးဝအခွင့်အရေးမရှိပေ။
ဤသည်က ဆရာဖိုးဖိုး ရှေ့တွင် ငါးတစ်ကောင်ကို ရေကူး သင်ပေးနေသကဲ့သို့ပင်။
ဝေ့ကျစ်က သူ့ကို နှုတ်ဆက်လိုက်သည့်အခါ ရှဖေး၏ နှလုံးသားက တုန်ယင်သွားပြီး မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ အများအပြားသည် ဤမြင်ကွင်းကို ဖန်သားပြင်ပေါ်ကနေ ကြည့်ရှုနေကြသည်။
"စဉ်းစားကြည့်လိုက်.. အမွေးစိမ်းခွေးရဲ့ အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူက ဘယ်သူလဲ"
"သူက ဘာလို့ အထင်ကြီးစရာ မရှိရတာလဲ"
"ဒီလူက ဆရာရှဖေးကို အချင်းချင်း သိနေသလိုမျိုး ရှလေးလို့ ခေါ်လိုက်တယ်.. ကြည့်စမ်း.. ဆရာရှဖေးရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားပြီ… သူဒေါသထွက်နေတာ ဖြစ်နိုင်တယ်…”
မြေကြီးကို တုန်ခါစေသော အီလက်ထရွန်းနစ် အချက်ပေးသံနှင့် အတူ လူတိုင်း စောင့်မျှော်နေသော ပွဲကြီးက စတင်ပြီ ဖြစ်သည်။
ထွင်ထျန်းဟာက ကုန်းငါးမန်းကို စတင် လေ့လာခဲ့သည်။
ဤငါးမန်းက ငါးမန်းမ ဖြစ်သောကြောင့် အလွန်အရွယ်အစား မကြီးဟု ယူဆနိုင်သော်လည်း သုံးမီတာထိ ရှည်နေပါသေးသည်။
ကုန်းပေါ်ရှိ ၎င်း၏ အရေပြားကို ကာကွယ်ရန် အတွက် ငါးမန်းသည် အနက်ရောင် အကြေးခွံများကို ဦးခေါင်းမှ ခြေဖျားအထိ ဖုံးအုပ်ထားသည်။
ရေထဲမှာဆိုလျှင် ဤအကြေးခွံများက ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။
ထိုမှတပါး ကုန်းငါးမန်းတွင် ခြေနှစ်ချောင်းလည်း ရှိသည်။
၎င်းက (The Mermaid) ဇာတ်ကားတွင် ရဲအရာရှိ ရေးဆွဲထားသော ရေသူမနှင့် အနည်းငယ် ဆင်တူသည်ဟု ထွင်ထျန်းဟာ ထင်ခဲ့သည်။
ထိုအချိန်တွင် ကုန်းငါးမန်းသည် အာလူးကြော်ဗူးကို မစားတော့ဘဲ တစ်ဖက်သို့ ပစ်ချလိုက်သည်။
ထို့နောက် ၎င်း၏ ခြေထောက်များက တုန်ခါသွားပြီး အာကာသမှ ဥက္ကာပျံ တစ်ခုကဲ့သို့ ခွေး2 နှင့် ရွှေရောင်ဂေါ်ရီလာတို့ ကြားမှ မြေပြင်ပေါ်သို့ တိုက်ရိုက်ကျသွားသည်။
"သင်တို့ နှစ်ယောက်စလုံး လက်မြှောက်ပြီး အရှုံးပေးလိုက်တော့"
ထို့နောက်တွင် ကုန်းငါးမန်းက သူ၏ အိမ်မွေးတိရစ္ဆာန်လေ့ကျင့်ရေးဆရာကို ကြည့်ကာ ပြောလိုက်သည်။
"မင်းဘာလို့ ကြောင်ကြည့်နေတာလဲ.. မြန်မြန်လေး စျေးဝယ်ထွက်ဖို့ ငါ့သခင်ကို အမိန့်ပေးထားလိုက်.. ဒီတိုက်ပွဲက မကြာမီ ပြီးဆုံးတော့မယ်"
လူတိုင်းက အံ့ဩသွားကြသည်။
"................"
အဆုံးသတ်တွင် ၎င်းသည် ပြင်းထန်သော လှုံ့ဆော်မှုဆိုင်ရာ တုံ့ပြန်မှု လက္ခဏာရှိသည့် ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်သည်။
၎င်း၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူက ရိုးရှင်းစွာပင် ဘာမှမပြောနိုင်ခဲ့ပေ။
ဝေ့ကျစ်သည် တဟားဟား ရယ်လိုက်သည်။
သူက ကုန်းငါးမန်း၏ ဒေါသကို လုံးဝ သတိမထားမိပုံရသည်။
"သိပ်ချစ်စရာကောင်းတယ် ငါးမန်းလေး"
ကုန်းငါးမန်းဟု ခေါ်သော်လည်း ငါးမန်း ဖြစ်၍ ရေတိုက်ပွဲတွင် ပို၍ အားသာချက် ရှိမည်မှာ သေချာသည်။
ရေထဲမှာမကျွမ်းကျင်ဘဲ ငါးတစ်ကောင်ဟု ခေါ်ဆိုနိုင်ပါဦးမည်လော။
ကုန်းငါးမန်းက သူ၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ စကားကို လုံးဝ နားထောင်လိုပုံမရပေ။
ဝေ့ကျစ်က ကုန်းငါးမန်းဆီကနေ ပြင်းထန်သော ဒေါသကို ချက်ချင်း ခံစားမိသည်။
ရေထဲတွင် မဟုတ်သော်လည်း လုံလုံလောက်လောက် အားကောင်းခဲ့သည်။
ကုန်းငါးမန်းသည် ၎င်း၏ ခြေထောက်တိုများကို ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်ရာ မြေအောက်မှ ရုန်းရင်းသည့် စွမ်းအင်များ ချက်ချင်းပင် ထကြွလာသည်။
ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူ ရှဖေးက ချက်ချင်းပြောလိုက်သည်။
"ကျန်းပိုင်.. မြန်မြန်ရှောင်လိုက်"
ကံမကောင်းစွာဖြင့် ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် မြေကြီးအောက်မှ တက်လာသည့် လုံးဝမထင်မှတ်ထားသော စွမ်းအင်ကို ရွှေရောင်ကျောကုန်း ဂေါ်ရီလာက အချိန်မီ မရှောင်တိမ်းနိုင်ပေ။
ထိုစွမ်းအင်က သူ၏ စအိုအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ဂေါ်ရီလာကို တင်ပါးကိုလက်ဖြင့်ဖိကာ အော်ဟစ်ငိုယိုစေခဲ့သည်။
ကုန်းငါးမန်းက စကားမပြောနိုင်သော စတုတ္ထတန်းစား ဝိညာဥ်သားရဲဖြစ်သည့် ဂေါ်ရီလာကို လုံးဝ ဂရုမစိုက်ဘဲ ထွင်ထျန်းဟာကိုသာ အဆုံးသတ်ရန် ကြံရွယ်ထားသည်။
သို့ရာတွင် ခွေး2က ထင်ထားသည်ထက် ပိုမြန်မည်ဟု လုံးဝ မမျှော်လင့်ထားပေ။
စွမ်းအင်များ တက်လာသည်နှင့် ထွင်ထျန်းဟာက သူ့ခွေးခြေသည်းများနှင့် မြေကြီးကို ဆောင့်နင်းပြီး စွမ်းအင်များကို ချက်ချင်းပင် လုံးလုံးလျားလျား ချေဖျက်ပစ်လိုက်သည်။
ကုန်းငါးမန်း တအံ့တသြ ဖြစ်နေချိန်မှာပင် ဝေ့ကျစ်က ညွှန်ကြားလိုက်သည်။
"ညီနောင်ခွေး.. မင်းရဲ့ မှော်ရတနာနဲ့ ချတော့"
"အင်း"
ဝေ့ကျစ်က အရိုးဘုရင်ကို စမ်းသပ်ချင်သည်ဟု ပြောထားတာကြောင့် ထွင်ထျန်းဟာက အရိုးဘုရင်ကို ထုတ်ယူလိုက်သည်။
ဤမြစိမ်းရောင်တုတ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ လူတိုင်းထံမှ အာမေဋိတ် အသံများ ထွက်ပေါ်လာသည်။
ဤအရိုးတုတ်၏ မူလအစကို မည်သူမျှ မသိသော်လည်း ပိုင်းခြားသိမြင်သော အမြင်ရှိသူတိုင်းသည် မရိုးရှင်းကြောင်းပြောနိုင်သည်။
ထွင်ထျန်းဟာ အရိုးဘုရင်ကို ထုတ်ယူလိုက်သည့် အခိုက်တွင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာနှင့် ကုန်းငါးမန်းတို့သည် မသိစိတ်ကနေ ခြေလှမ်းများစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ကုန်းငါးမန်းက မြစိမ်းရောင်တုတ်ကို စိုက်ကြည့်ရင်း အကြောင်းပြချက် တစ်ခုခုကြောင့် တုန်လှုပ်သွားခဲ့သည်။
"ငါဘာလို့နောက်ဆုတ်သွားမိတာလဲ"
"ကြောက်ရွံ့တယ်လို့ ခံစားသွားရလို့လား"