← Chapters

ကျန်းပိုင် လျစ်လျူရှုခဲ့သည်

Vol. 38 Ch. 570

ကျန်းပိုင် လျစ်လျူရှုခဲ့သည်

Vol. 38 Ch. 570

ဤဆုတ်ခွာမှုသည် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုအတွက် အလိုအလျောက် တုံ့ပြန်မှုတစ်ခုသာ ဖြစ်သည်။

ယင်းက လုံးဝ မထင်မှတ်သည့် တုံ့ပြန်မှုတစ်ခုပင်။

မျှော်လင့်ထားသလိုပဲ၊ ဤစမ်းသပ်မှုကို ပြုလုပ်ပြီးနောက် ထွင်ထျန်းဟာသည် အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့သည်။

အရိုးဘုရင်၏ ခြိမ်းခြောက်မှု စွမ်းအားသည် ခွေးအမျိုးအစား ဝိညာဉ်သားရဲများကိုသာ သက်ရောက်မှု ရှိခြင်း မဟုတ်ဘဲ ဝိညာဉ်သားရဲ အားလုံးကို အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်နိုင်စွမ်း ရှိနေသည်။

အကျိုးသက်ရောက်မှုသည် ခွေးအမျိုးအစား ဝိညာဉ်သားရဲများပေါ်တွင် ပို၍ ထင်ရှားသည်။

စမ်းသပ်ပြီးသောအခါ ဝေ့ကျစ် နှင့် ထွင်ထျန်းဟာတို့ နှစ်ဦးစလုံးသည် အလွန်ယုံကြည်မှု ရှိသွားသလို ခံစားခဲ့ရသည်။

ဝေ့ကျစ်"ညီနောင်ခွေး.. သွားချတော့.. ဒါက ရှားရှားပါးပါး အခွင့်အရေးပဲ"

ဝေ့ကျစ်က ထွင်ထျန်းဟာနှင့် မှော်ရတနာကို အကျွမ်းတဝင်ရှိစေရန် ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"မင်းရဲ့ မှော်ရတနာနဲ့ မင်းရဲ့ ဆက်ဆံရေးကို တိုးမြှင့်ချင်တယ်ဆိုရင်တော့ တကယ့်တိုက်ပွဲက ပိုထိရောက်တဲ့ နည်းလမ်းတစ်ခုပဲ.. အလေ့အကျင့်က အသိပညာ အစစ်အမှန်ကို ပေါက်ဖွားစေတယ်လို့ ဆိုရိုးစကားရှိတယ်.. ဒါက ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့ အယူအဆပဲ"

ထွင်ထျန်းဟာက ကုန်းငါးမန်းကို အကဲခတ်လိုက်သည်။

ကုန်းငါးမန်း၏ အော်ရာက မှတ်တမ်းတင်ထားသော တတိယတန်းစား အဆင့်အတန်းနှင့် လုံးဝ မတူဘဲ ဒုတိယတန်းစား သို့မဟုတ် ဒုတိယတန်းစားနှင့်ပင် နီးကပ်နေသည်။

ဤသည်က ထွင်ထျန်းဟာ အနေဖြင့် ကလေးမလေး သို့မဟုတ် ကျင့်ခယ်တို့ နှင့် ရင်ဆိုင်သည်နှင့် လုံးဝကွဲပြားခြားနားသော ခံစားမှုတစ်ခု ဖြစ်သည်။

ထွင်ထျန်းဟာက စိတ်လှုပ်ရှားမှုကို အမှန်တကယ် ခံစားခဲ့ရသည်။

"ဝုတ်"

ခွေး2က အော်ဟစ်လိုက်ပြီး အမြင့်သို့ ခုန်တက်ကာ အရိုးဘုရင်ကို ကိုင်ဆွဲ၍ မြေပြင်သို့ ဆင်းသက်လာခဲ့သည်။

ကုန်းငါးမန်းက ထွင်ထျန်းဟာ၏ လျင်မြန်သောတုံ့ပြန်မှုနှင့် မြစိမ်းရောင် အရိုးတုတ်ကြောင့် အံ့ဩသွားမိသည်။

သူက စိတ်လှုပ်ရှားနေသော်လည်း ထူးခြားစွာပင် သံမဏိအမြီးဖြင့် ချက်ချင်း ပြန်လည်ခုခံလိုက်သည်။

သို့သော်လည်း အရိုးဘုရင်သည် တတိယတန်းစား သူတော်စင်လက်နက် ဖြစ်သည်။

ထွင်ထျန်းဟာက သူ၏ လက်ရှိအဆင့်တွင် တတိယတန်းစား သူတော်စင် လက်နက်၏ စွမ်းအားကို အပြည့်အဝ မထုတ်ပြနိုင်သေးသော်လည်း ခြောက်ဆယ် ရာခိုင်နှုန်းအထိ ထူးထူးခြားခြား အားကောင်းနေပြီ ဖြစ်သည်။

ကုန်းငါးမန်း၏ အမြီးက အရိုးဘုရင်နှင့် ထိမိသည့်အခိုက်တွင်

ကုန်းငါးမန်းသည် ကြီးမားသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရသည်။

ဤကမ္ဘာပေါ်တွင် မြစိမ်းရောင်တုတ်၏ မူလဇစ်မြစ်က အဘယ်အရာနည်း။

စာရွက်ပေါ်ရှိ တတိယတန်းစား ခွေးတစ်ကောင်တွင် ဤမျှကြောက်စရာကောင်းသော မှော်ရတနာတစ်ခု မည်ကဲ့သို့ ရှိနေရပါသနည်း။

ခွေး2က မှော်ရတနာကို တည်ငြိမ်သောလက်ဖြင့် ထိန်းချုပ်နိုင်ခဲ့သည်။

သာမန်အခြေအနေတွင် ဒုတိယတန်းစား ဝိညာဉ်သားရဲသည် တတိယတန်းစား သူတော်စင် လက်နက်ကို ဘယ်သောအခါမှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ဝိညာဉ်စွမ်းအင်ကို တတိယတန်းစား သူတော်စင် လက်နက်ထဲသို့ ထည့်သွင်းလိုက်သည်နှင့် သူတော်စင်လက်နက်သည် ဒုတိယတန်းစား ဝိညာဉ်သားရဲ၏ ခန္ဓာကိုယ်ပင် ခံနိုင်ရည်မရှိသည့် တုံ့ပြန်မှုအား မလွှဲမရှောင်သာ ထုတ်ပေးလိမ့်မည် ဖြစ်သည်။

သို့သော် အဓိကအချက်မှာ ထွင်ထျန်းဟာ၏ ကိုယ်တွင်း၌ ကောင်းကင်တာအို​၏ စွမ်းအားရှိခြင်းပင် ဖြစ်သည်။

ဤစွမ်းအားသည် မိစ္ဆာဓားနတ်ဘုရား၏ "ဆယ်မီတာဓားစက်ကွင်း" ဓားတာအို၏ စွမ်းအားမှ ဖြစ်သည်။

ထွင်ထျန်းဟာက ဓားတာအိုကို လုံးလုံးလျားလျား မကျွမ်းကျင်သေးသော်လည်း ဓားတာအို စွမ်းအားက တတိယတန်းစား သူတော်စင် လက်နက်မှ တုံ့ပြန်မှု၏ အင်အားကို ဖိနှိပ်ပေးသည့်အပြင် ပေါ့ပါးစွာ ကိုင်တွယ်၍ ရစေရန်လည်း ကူညီပေးခဲ့သည်။

ဤအချက်ကြောင့်လည်း ထိုအချိန်က အရိုးဘုရင်သည် ဘောက်ဆင် လက်အိတ်တစ်စုံ အဖြစ်သို့ ပြောင်းလဲသွားသောအခါ ဓားတာအို၏ စွမ်းအားနှင့် သဟဇာတဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထွင်ထျန်းဟာက ဤတိုက်ပွဲတွင် ဓားတာအို၏ စွမ်းအားကို အသုံးပြုရန် ရည်ရွယ်ချက်မရှိပေ။

မဟုတ်လျှင် အနည်းငယ် တရား မမျှတရာ ကျပေလိမ့်မည်။

အခု သူလုပ်ချင်သည်မှာ အရိုးဘုရင်၏ စွမ်းဆောင်ရည်ကို ပုံမှန် အနေအထားတွင် စမ်းကြည့်ပြီး အခြေခံ ခွေးနည်းစနစ်၏ စွမ်းအား မည်မျှရှိသလဲ ဆိုသည်ကို စမ်းသပ်ရန် ဖြစ်သည်။

ကုန်းငါးမန်းက ဒေါသထွက်လာသည်။

သူက ထွင်ထျန်းဟာ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနေရင်း ၎င်းနောက်မှ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာကို လှမ်းကြည့်လိုက်သည်။

"ဘာတွေ ငေးနေတာလဲ.. အခြေအနေကို မြန်မြန် ပိုင်းခြားလေ"

အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ပေးသူက အံ့အားသင့်သွားခဲ့သည်။

"............"

ကုန်းငါးမန်းက သူ့စကားကို ယခင်က နားမထောင်ခဲ့ပေ။

ယခုတော့ စာအုပ်တစ်အုပ်ကို လှန်ရသည်ထက်ပင် အပြောင်းအလဲက မြန်ဆန်နေသည်။

တိုက်ပွဲကို အဓိကမြို့ပြ အထက်တန်း ကျောင်းတိုင်းတွင် တိုက်ရိုက် ထုတ်လွှင့်နေသောကြောင့် လူအများအပြားက တိုက်ပွဲကို ကြည့်ရှုနေကြသည်။

ဤအချိန်က အမှတ် ၆၀ အထက်တန်းကျောင်းတွင် နိုင်ငံရေးသိပ္ပံသင်ခန်းစာ အချိန် ဖြစ်သော်လည်း ဝိညာဥ်သားရဲ တိုက်ပွဲစတင်ကတည်းက ဆရာများ အားလုံးသည် တိုက်ပွဲ တိုက်ရိုက် ထုတ်လွှင့်မှုကို ကျောင်သားများအား ပြသရန် သင်ကြားခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။

ကုန်းငါးမန်းက ၎င်း၏ အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာထံ အကူအညီတောင်းလာသည်ကို တွေ့လိုက်ရလျှင် မြေပဲလေးက ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

"ထွင်ထျန်းဟာက အရမ်းတော်မယ်လို့ မမျှော်လင့်ထားဘူး.. သူက မှီခိုရာ အထက်တန်းကျောင်းရဲ့ ကုန်းငါးမန်းကို ဒီအတိုင်းအတာ အထိ ဖိအားပေးနိုင်ခဲ့တယ်.. ဒါပေမဲ့ ထွင်ထျန်းဟာရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က အနည်းငယ် မြန်ဆန်နေသလိုပဲ.. ကျင့်ကြံတာ သိပ်မကြာသေးပေမဲ့ အတော်လေး အားကောင်းနေပြီ"

Grade1 အခန်းသုံးမှ ကျောင်းသား အများစုသည် ထွင်ထျန်းဟာ၏ ခွန်အားကို သံသယမရှိခဲ့ကြပေ။

ထွင်ထျန်းဟာ၏ ကျင့်ကြံမှု အရှိန်အဟုန်ကြောင့် သူတို့ အံ့အားသင့်သွားခဲ့ကြသည်။

ထွင်ထျန်းဟာက တရားဝင်ခွေး မဖြစ်လာမီတွင် နတ်ဆိုးဘုရင်ဖြစ်ခဲ့သည်။

နတ်ဆိုးမျိုးနွယ်စု၏ နတ်ဆိုးဘုရင် တစ်ဦး အနေဖြင့် သူက မျိုးနွယ်စု တစ်ခုကို ဦးဆောင်ခဲ့သည့် ကျွမ်းကျင် စစ်ပြန်တစ်ဦး ဖြစ်ခဲ့သည်။

ကော်ဟောက်က ရယ်မောလိုက်သည်။

"ကြည့်ရတာ ငါ့မိသားစုရဲ့ ခွေးစာက တော်တော်ကောင်းတယ် ဖြစ်မယ်"

"ဒါ့အပြင် ထွင်ထျန်းဟာက ငါ့ဦးလေးနဲ့ ဆက်ဆံရေးကောင်းတွေ ရှိတယ်...ငါ့ဦးလေးက SSRအဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးဆရာ တစ်ဦး ဆိုတော့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး ထွင်ထျန်းဟာကို သီးသန့်ညွှန်ပြမှု ပေးနေတာ ဖြစ်မယ်"

ထိုစကားကိုကြားလျှင် အတန်းထဲရှိ လူတော်တော်များများက ခေါင်းညိတ်လိုက်ကြတယ်။

ဤသည်က တကယ်ကို ကျိုးကြောင်းဆီလျော်သည့် ရှင်းပြချက် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက တိတ်တဆိတ် စိတ်သက်သာရာ ရသွားသည်။

မဟုတ်လျှင် ထွင်ထျန်းဟာကို သူ အိမ်ယူသွားပြီးနောက်တွင် အချိန်တိုအတွင်း ဤမျှလောက် သန်မာလာသည်ကို သူ ရှင်းပြနိုင်မည် မဟုတ်ပေ။

"ဒါပေမယ့် ထွင်ထျန်းဟာ ကိုင်ထားတဲ့ မှော်ရတနာက ဘာလဲ"

စွန်းရုံက မေးလိုက်သည်။

"ငါ့ဦးလေးဟာ ထွင်ထျန်းဟာကို လက်ဆောင်အဖြစ် အရိုးတစ်ခု ပေးခဲ့တယ်.. ဒါပေမယ့် အဲဒီအရာက မှော်ရတနာ တစ်ခု ဖြစ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့မိဘူး"

စွန်းရုံ "လက်နက် အဆင့်အတန်းကို သိလား"

ကော်ဟောက် ခေါင်းခါရမ်းလိုက်သည်။

"မသိဘူး.. နောက်မှမေးပေးမယ်"

ချန်းချောင်က ပြုံးလိုက်သည်။

"ဒီမြစိမ်းရောင်တုတ်ရဲ့ သက်ရောက်မှု အလင်းက ဒီကမ္ဘာကြီးနဲ့ တော်တော်ကွာတယ်.. အဲဒါဂိမ်းထဲက နဂါးဆေဘာဓားရဲ့ အလင်း အကျိုးသက်ရောက်မှုနဲ့ တူတယ်.. သူတော်စင်လက်နက်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်"

ဝမ်လင်း"..........."

ကော်ဟောက်က သူ့လက်ကို ဖြန့်လိုက်သည်။

"မဖြစ်နိုင်ဘူး.. ငါ့ဦးလေးမှာ အဲဒီလောက် ပိုက်ဆံမရှိဘူး.. သူက စာချုပ်ဝိညာဥ် သားရဲတွေကို ထောက်ပံ့နေရတယ်"

"အလွန်ဆုံး.. သူတတ်နိုင်တာက ဝိညာဉ်လက်နက် အတွက် အကြံဉာဏ်ပေးတာလောက်ပဲ.."

"နောက်တာပါ"

ချန်းချောင်က ပြောလိုက်သည်။

"မင်းရဲ့ဦးလေးက SSR အဆင့် အိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေး ဆရာတစ်ယောက် ဖြစ်ပေမဲ့ သူ့ကို ဘာကြောင့် လူနည်းစုပဲ သိရတာလဲ"

ကော်ဟောက်"သူက များသောအားဖြင့် သိုသိုသိပ်သိပ် နေထိုင်တဲ့သူတစ်ယောက်ပဲ.. အဓိက အကြောင်းအရင်းကတော့ သူက ပါဝင်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဒုတိယနေရာကို အမြဲရနေတာကြောင့်ပဲ"

{အာကြီးလို စည်သူလွင်ဘဝ}

"ပြိုင်ပွဲရဲ့ ဒုတိယဆုရှင်ကို ဘယ်သူက မှတ်မိမှာလဲ"

"ဒါ့အပြင် သူ့မှာ အဝါရောင်ကြွက်လည်း မရှိတော့တဲ့အတွက် ဘယ်သူကမှ သူမှန်း မသိတော့ဘူး"

"အဝါရောင်ကြွက်"ဟူသော စကားကိုကြားလျှင် နိုင်ငံရေးသိပ္ပံဆရာ အပါအဝင် လူတိုင်းက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကြသည်။

"အိုး.. သူလား"

ဝမ်လင်း ထိတ်လန့်သွားသည်။

"..........…"

အဝါရောင်ကြွက်နှင့် တွဲမြင်လျှင် ဝေ့ကျစ်ကို လူတိုင်းမှတ်မိကြမည် ဖြစ်သည်။

…...............

အခြားတစ်ဖက်တွင်လည်း တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

ထွင်ထျန်းဟာ နှင့် ကုန်းငါးမန်းတို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ရွှေရောင်ကျောကုန်း ဂေါ်ရီလာကို လုံးဝ လျစ်လျူရှုထားကြသည်။

ဤအခင်းအကျင်းတွင် ရွှေရောင်ကျောကုန်း ဂေါ်ရီလာ၏ လေ့ကျင့်ရေးဆရာ ရှဖေးသည် အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်နေသည်။

ရှဖေးက ဆက်လက် မကြည့်နိုင်တော့ပေ။

"ကျန်းပိုင် သွားတိုက်လေ"

ကျန်းပိုင်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ရှဖေးကို ကြည့်လိုက်သည်။

သူက စကားမပြောနိုင်သောကြောင့် လက်ဟန်ပြဘာသာစကားကိုသာ သုံးနိုင်ခဲ့သည်။

ထို့နောက် ထွင်ထျန်းဟာ နှင့် ကုန်းငါးမန်းတို့ကို ညွှန်ပြလိုက်ပြီး သူ၏ ဖောင်းကားနေသည့် တင်ပါးများကို အနည်းငယ်ကြွကာ ပွတ်သပ်လိုက်သည်။

ရှဖေး "???"

အစီအစဥ်တင်ဆက်သူက ချက်ချင်း သဘောပေါက်သွားသည်။

"ကစားသမားကျန်းပိုင် ဆိုလိုချင်တဲ့ အဓိပ္ပါယ်က အင်မော်တယ်တွေကြားက ရန်ပွဲမှာ သူဘယ်လိုဝင်ပါလို့ ရမှာလဲတဲ့"

ရှဖေး၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားသည်။

"မင်း တိုက်ရမယ်.. ရှုံးရင်တောင် တိုက်ပွဲဝင်ရမယ်"

ကျန်းပိုင်က ရှဖေးကို ကြည့်လိုက်ပြီး သူ၏ ရင်ဘတ်ကို ပြန်ထုလိုက်သည်။

အစီအစဥ် တင်ဆက်သူ "ကစားသမားကျန်းပိုင်က မင်းဆက်ပြီး တွန်းအားပေးနေမယ် ဆိုရင် မင်းရဲ့ ရင်ဘတ်ကို သူ့ရဲ့လက်သီးတွေနဲ့ ထုရိုက်မယ်လို့ သတိပေးနေတယ်"

လူတိုင်း"..........."

All Chapters