← Chapters

မသေဆုံးခင်က စီစဉ်မှုများ။ 

Vol. 29 Ch. 541

မသေဆုံးခင်က စီစဉ်မှုများ။ 

Vol. 29 Ch. 541

ဘာလို့လဲဆိုတော့ လူတိုင်းက သခင်မဖုန်၏ အသွင်အပြင်နှင့် ပတ်သက်၍ ပြင်းထန်သော မလိုမုန်းထားမှုများ ရှိနေသောကြောင့် ဖြစ်သည်။

ထိုကြောင့် သူတို့ စုံစမ်းကြတဲ့အခါ သူမ၏ပုံစံနှင့် အပြုအမူများကိုသာ အဓိကမေးပြီး ဒီမြင်ကွင်းကို ဖြစ်ပေါ်စေခဲ့တာပင်။ 

"ရှဲ့သခင်ကြီး ဘယ်လိုထင်လဲ .. ဒီပြဇာတ်ကို" 

ခေါင်းဆောင်က မျှော်လင့်စောင့်ဆိုင်းနေဟန်ဖြင့်။ 

တစ်ဖက်မှာ ရှဲ့နျိုရှန်း၏ စကားများကို ချရေးဖို့ပြင်ဆင်ထားတဲ့ သူများလည်းရှိသည်။ သူပြောခဲ့တာတွေက လောင်းကြေးကို အကဲဖြတ်ရာမှာ

အခြေခံဖြစ်လာမှာဖြစ်သည်။ 

"အဓိပ္ပါယ်မရှိဘူး" 

ရှဲ့နျိုရှန်း စကားတစ်ခွန်း‌ထုတ်ပြောလိုက်သည်။ 

"ဘယ်လို" 

ခေါင်းဆောင်က အံ့အားသင့်သွားသည်။ 

"အဓိပ္ပါယ်မရှိဘူး .. ဒါ ဘာဖျော်ဖြေမှုလဲ သခင်မဖုန်က ဘယ်မှာလဲဟ" 

ထိုသို့ပြောပြီးနောက် ရှဲ့နျိုရှန်း ဒေါသတကြီးဖြင့်

အင်္ကျီလက်အား ဆွဲတင်ကာ ထွက်သွားလေသည်။ ကျန်ခဲ့တဲ့ ခေါင်းဆောင်ကလည်း နေရခက်စွာဖြင့် ထိုနေရာမှာပဲရပ်နေသည်။ 

"သခင်မလေးရှဲ့ ရှဲ့သခင်ကြီးက ... ဘာကိုဆိုလိုချင်တာလဲဗျ သူက ပြဇာတ်ကို သဘောကျတာလား မကျတာလား သခင်မလေးအမေကို သူ ဘယ်လိုတွေးလဲ" 

ခေါင်းဆောင်က ရှင်းပြရခက်မယ်လို့ တွေးမိသည်။ 

"ခေါင်းဆောင် .. ရှာတွေ့ခဲ့တဲ့ သရုပ်ဆောင်က ကျွန်မလို လူကိုမွေးထုတ်ပေးနိုင်မယ်လို့ထင်လား" 

ရှဲ့ချောင်က ပြုံးနေပေမယ့် ထိုအချိန်မှာ သူမ ထို

ခေါင်းဆောင်အား သဘောမကျမိပေ။ သူမအမေ သခင်မဖုန်က အနည်းငယ်ရိုင်းစိုင်းပေမယ့် ကမ္ဘာပေါ်မှာ အလှပဆုံး အမျိုးသမီးတစ်ယောက်ဖြစ်သည်။ 

ထိုသို့ပြောလိုက်တော့ ခေါင်းဆောင်က နားလည်သွားသည်။ ဒီတော့ .. ထို ကျားနှင့်တူတဲ့ သခင်မဖုန်က ရုပ်မဆိုးဘူးပေါ့။ 

"ကောင်းပြီ မနက်ဖြန်ကျရင် ဖျော်ဖြေဖို့အတွက် ကျွန်တော် တခြားတစ်ယောက်ကို သွားရှာလိုက်ပါမယ် .. ဒါပေမယ့် သခင်မလေး ကျွန်တော့်ကို ညွှန်ကြားပေးနိုင်မလားလို့ သိချင်မိတယ် တခြားမှား‌နေတာတွေရော ရှိလား" 

ခေါင်းဆောင်သတ္တိက ချီးကျူးစရာပင်။ 

ပြဇာတ်က သေချာပေါက် အပြင်ကမ္ဘာမှာလည်း ပျံ့နှံ့မှာဖြစ်တာကြောင့် ထိုအချိန်မှာ ရှဲ့ချောင် စကားနည်းနည်း ထပ်ပြောရတာ ကိစ္စမရှိပေ။ 

"ကျွန်မအမေကိုမမြင်ဖူးပေမယ့် ကျွန်မ‌အဖေက သူမကို လေးစားတယ်ဆိုတာတော့သိတယ် ပြီးတော့ ကျွန်မအမေက အပြင်ကမ္ဘာမှာ ရဲရင့်ပေမယ့် ကျွန်မအဖေရှေ့မှာတော့ သူမမှာ နူးညံ့‌တဲ့ဘက်ခြမ်းရှိတယ်။ ဒါ့အပြင် .. ကျွန်မအဖိုးကလည်း ကျွန်မ‌အဖေကို အများကြီး တန်ဖိုးထားတယ် ကျွန်မအဖေကို သူ့သားအရင်းလိုမျိုး ဆက်ဆံတယ် .." 

ဒီလိုမျိုး ဆက်ဆံရေးနှင့်ဆို ရှဲ့နျိုရှန်း ဘယ်လိုလုပ်မှားနိုင်မှာလဲ။ သို့ပေမယ့် ခေါင်းဆောင်က အလွန်အားစိုက်ထုတ်ထားရသည်။ ဒီပြဇာတ်ထဲတွင် တကယ့်ဖြစ်ရပ်မှန်များ ရှိသင့်သည်။ သူတို့က သူမအမေရဲ့ ဇာတ်ကောင်ပုံစံအပေါ်မှာ အနည်းငယ် အားစိုက်ထားကြသည်။ 

ခေါင်းဆောင်က အလွန်အမျှော်အမြင်ရှိပြီး အရာအားလုံး ချမှတ်ထားသည်။ 

နောက်တစ်ရက် သူ ထပ်ရောက်လာသည်။ ဒီတစ်ခါ သူက လှပသော အမျိုးသမီးအား တကယ်ရှာတွေ့သွားသည်။ ပြဇာတ်အတွက် လှပသူအား ‌ရွေးချယ်တာ အနည်းငယ်မသင့်တော်ဘူးလို့ အစက ခေါင်းဆောင်တွေးခဲ့ပေမယ့် သူ မိန်းမငယ်လေးရှဲ့ သွင်ပြင်ကို တွေးမိတဲ့အခါ ရုပ်ဆိုးဆိုးကို မခေါ်နိုင်တော့ပေ။ 

ထပ်ပြောရလျှင် ဒီပြဇာတ်အကြောင်းအရာက အနည်းငယ်ပြောင်းသွားသည်။ သခင်မဖုန်၏ ပုံရိပ်က ချက်ချင်း ကျားနတ်ဆိုးတစ်ကောင်အဖြစ်ကနေ လိမ္မာပါးနပ်ပြီး နူးညံ့သောအမျိုးသမီးအဖြစ် ပြောင်းသွားသည်။ 

အစကတော့ စားသောက်ဆိုင်က အလကား၀န်ဆောင်မှုကြောင့်မဟုတ်လျှင် ရှဲ့နျိုရှန်း တကယ်မကြည့်ချင်ပေ။ သို့ပေမယ့် ပိုက်ဆံကြောင့် အဆုံးထိ အံတုထားလိုက်သည်။ ဒီတစ်ခါ သူ‌တွေ့လိုက်တဲ့အခါမှာတော့ ရှဲ့နျိုရှန်း အနည်းငယ် အတွေးထဲနစ်မျောသွားသည်။ 

သူ့ဇနီးဆုံးသွားတာက ၁၇နှစ်လောက်ရှိပြီဖြစ်သည်။ 

ရှဲ့နျိုရှန်း တိတ်ဆိတ်နေပြီး စကားလည်းမပြောပေ။ 

သူ့မျက်နှာထားက ပျော်တာလည်းမဟုတ်သလို ဒေါသထွက်နေတာလည်းဟုတ်မနေ။ ပြီးနောက် သူဘာတွေးနေလဲဆိုတာ တစ်ယောက်မှ နားမလည်နိုင်ပေ။ 

ဒီတစ်ခါ စကားလုံး ၄လုံးအပြင် ရှဲ့နျိုရှန်း စကားလုံးတစ်လုံးပင် မပြောတော့။ ရှဲ့ချောင်ကတော့ ပြုံးနေပြီး ဘာမှမပြောပေ။ 

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ သူမအဖေနှင့် အစ်ကိုဆီ စာတစ်စောင်ပို့ခဲ့သည်။ ထိုအချိန်က ရှဲ့နျိုရှန်း သခင်မလုအား လက်ထပ်ချင်နေတာပင်။ အရင်ကဆို သူမအစ်ကို သူမအဖေရဲ့ လက်ထပ်ပွဲအသစ်ကို ဘာလို့ဂရုမစိုက်တာလဲဆိုတာ သူမ အနည်းငယ် သိချင်မိခဲ့သည်။ ထို့ကြောင့် စာစောင်ထဲတွင် မေးခွန်းအနည်းငယ် မေးခဲ့သည်။ 

သူမအစ်ကိုပြောတာက သူမအမေမဆုံးခင်မှာ သူမက စီစဉ်မှုတွေပြုလုပ်ခဲ့သည်။ 

ထိုအချိန်က သူမအဖေက ငယ်ရွယ်သေးသည်။ သူ့ဘ၀တစ်လျှောက်လုံး သူမအတွက် ပူဆွေးနေရ

မှာက မတရားပါချေ။ သူ့အကန့်အသတ်ကို သိနေသရွေ့ သူမ လက်လွှတ်ပေးလိုက်မှာဖြစ်သည်။ 

သူမအဖေကလည်း နှလုံးထားကြီးမားသူဖြစ်သည်။ သူ့ဇနီးက သဘောတူထားတာကြောင့် သူက ပြန်ပြီးလက်ထပ်ရမလား၊ နောက်‌ဇနီးတစ်ယောက်ယူရမလားဆိုတာ ဖိအားခံစားရခြင်းမရှိပေ။

သူက ဘွင်းဘွင်းရှင်းရှင်သမားပင်။ 

ထိုအချိန် သူမအဖေက သူမအမေကို လွမ်းဆွတ်နေတာဖြစ်မယ်လို့ လက်ခံလိုက်တော့သည်။ 

••••

All Chapters