မူးနေရင် အမှန်အတိုင်းပြောတယ်။
Vol. 29 Ch. 542
ရှဲ့နျိုရှန်းတွင် တိရစ္ဆာန်ကဲ့သို့ စိတ်ရှိပြီး အကြင်နာမဲ့သူဖြစ်သည်။
ယခုတော့ သူက အတိတ်အကြောင်း အမှန်ပင်သတိရနေမိတာဖြစ်သည်။ သို့ပေမယ့် ထိုအရာက တစ်နာရီ၏ လေးပုံတစ်ပုံလောက်သာကြာသည်။
အချိန်ခနတိတ်ဆိတ်ပြီးနောက် သူ ပျော်ရွှင်စွာဖြင့် အနားယူသွားလေသည်။ သူ သောက်စားသည်။ ပြီးနောက် ငြိမ်ငြိမ်မနေဘဲ ဓားရှည်ကို လေ့ကျင့်နေခဲ့သည်။
နောက်တစ်ရက်တွင် သူကပုံမှန်အတိုင်း ပြဇာတ်ကြည့်သည်။ သူ့မျက်နှာထားက ပျော်ရွှင်မှု၊ ဒေါသထွက်မှု ဘာမှ မပြသပေ။ သူက တခြားတစ်ယောက်အကြောင်းအား ကြည့်နေသလိုပင်။ တုံ့ပြန်ချက်မရှိပေ။
သူ၏ လိုက်လျောညီထွေဖြစ်အောင် စွမ်းဆောင်နိုင်မှုက မနှိုင်းယှဉ်နိုင်လောက်ပေ။
ဘာပဲဖြစ်ဖြစ် သူ သခင်မဖုန်အား ရွေးချယ်လိုက်တာက အချက်အလက်တစ်ခုပင်ဖြစ်သည်။
ပြဇာတ်နောက်ဆုံးရက်ပြီးနောက် ရှဲ့နျိုရှန်း ဖိတ်စာရလိုက်သည်။ သူ ခဏလောက် ဘာမှမလုပ်ဘဲ ပိုက်ဆံယူရန် ငွေစာရင်းများဆီ ချက်ချင်းသွားလိုက်သည်။
ရှဲ့နျိုရှန်းအတွက် ရှဲ့ရှီသတ်မှတ်ပေးထားတာက တစ်လအတွက် ငွေစ၅၀ဖြစ်သည်။ သခင်မလုရှိတုန်းက သူပေးခဲ့သော ပမာဏရဲ့ ထက်ဝက်ကျော် လျော့နည်းသွားသည်။
သို့သော်လည်း သူ ဘာမှမပြောခဲ့။ သူ ရယသလောက်သာ သုံးဖြုန်းခဲ့သည်။
ရှဲ့နျိုရှန်း စားသောက်ဆိုင်ကိုသွားတော့ လူတစ်စုရောက်လာသည်။ ဆုတောင်းမင်္ဂလာပြုရန် ရောက်လာကြသူ များပြားလှသည်။ တစ်ပုလင်းပြီး တစ်ပုလင်း .. ခဏအကြာ သူမူးဝေလာ၏။
"သခင်ကြီးရှဲ့"
သူ့ဘေးကတစ်ယောက်က ခေါ်လိုက်သည်။
"အင်း" ရှဲ့နျိုရှန်း ခေါင်းခါသည်။
"ဘယ်ဇနီးက အကောင်းဆုံးလို့ထင်လဲ"
အားလုံးက ဂရုတစိုက်နားထောင်နေကြပြီး သူတို့တစ်ခုခုလွတ်သွားမှာကို ကြောက်ရွံ့နေကြသည်။
ရှဲ့နျိုရှန်း အံ့အားသင့်သွားသည်။ သို့ပေမယ့် လုံးဝ မဆင်မခြင်ပုံစံမပေါ်ပေ။ သူ့မျက်နှာထားက ရှုပ်ထွေးနေပြီး မြို့တော်၏ ဓလေ့ထုံးစံက တကယ်ကို ပြောင်းလဲသွားသလိုပဲလို့ထင်မိသည်။
ထူးဆန်းလိုက်တာ။
"မင်းအပူမပါဘူး"
ရှဲ့နျိုရှန်း အလွန်ကြမ်းတမ်းသွားသည်။ ရှိနေသူအားလုံးကလည်း လန့်သွားသည်။ သူတို့က
ခြောက်သွေ့စွာဖြင့် ရယ်မောကာ
"သခင်မလင်းက လှပတယ်လို့ ကျွန်တော်ကြားဖူးတယ် အရင်က သူမကိုအများကြီးချစ်ခဲ့တာဆိုတော့ သူမက ရှဲ့သခင်ကြီးရဲ့ သဘောအကျဆုံး ဇနီးပဲဖြစ်ရမယ် ဟုတ်တယ်မလား"
"မဟုတ်သေးဘူး ရှဲ့သခင်ကြီး သခင်မလုမလား သခင်မလုနဲ့ သခင်ကြီးက ကွာရှင်းလိုက်ပေမယ့် သူမမိသားစုက အခုထိ ချမ်းသာတယ်လို့ ပြောလို့ရတယ်လေ သူမလည်း ရှဲ့သခင်ကြီးရဲ့ကလေးတွေကို ပျိုးထောင်ပေးဖို့အတွက် ကူညီခဲ့တာပဲ သူမကို လက်ထပ်ခဲ့တုန်းကဆို သူမကိုတကယ်ပဲ ချစ်ခဲ့တယ်မလား"
ရှဲ့နျိုရှန်း၏ မှိန်းနေသော မျက်၀န်းများက လည်နေသည်။
"အဲဒီအသုံးအဖြုန်းကြီးတဲ့မိန်းမအကြောင်း ငါ့ကို
မပြောနဲ့ သူမက ကံဆိုးစေတယ်"
ရှဲ့နျိုရှန်း ခနဲ့စွာဖြင့်ပြောလိုက်သည်။
"အသုံးအဖြုန်းကြီးတဲ့မိန်းမ ဟုတ်လား ဘယ်သူလဲ ဒါပေမယ့် သခင်မလင်းကရော ရှဲ့သခင်ကြီးကို စိတ်ပျက်စေခဲ့လို့လား"
သူ့ဘေးကတစ်ယောက်က မြန်မြန်၀င်ပြောသည်။
ရှဲ့နျိုရှန်း ဒေါသထွက်သွားသည်။ သူ မတ်တပ်ရပ်ပြီး စားပွဲအား တိုက်ရိုက်ပင် ကန်ချလိုက်သည်။
"မင်းက ငါ့မိန်းမတွေအကြောင်းပြောပိုင်ခွင့်ရှိတဲ့လူလား"
ထိုသို့ပြောလိုက်တော့ အားလုံးနားလည်သွားကြသည်။
အသုံးအဖြုန်းကြီးသော အမျိုးသမီးက သေချာပေါက် သခင်မလင်းမဟုတ်။ သခင်မလုပဲဖြစ်ရမည်။
ကောင်းပြီ .. သခင်မလုက သေချာပေါက် ရှဲ့နျိုရှန်း အနှစ်သက်ဆုံးမဟုတ်လောက်တော့။
သူတို့က ကွာရှင်းပြီးသားဆိုတော့ ဘာဆက်ဆံရေးမှ မရှိတော့ပေ။
"ရှဲ့သခင်ကြီး သခင်မဖုန်က အပေါက်ဆိုးတယ်လို့ ကျွန်တော်ကြားဖူးတယ် သခင်ကြီးမှာ သူမကို
သဘောမကျတဲ့ အချက်ရှိလား"
သေဆုံးခြင်းအား တောင်းဆိုနေတဲ့တစ်ယောက်က မေးလိုက်သည်။ ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်ပြီး သူ့ပါးစပ်က အရက်နံ့ထွက်လာသည်။
"မင်း နောက်တစ်ခေါက် ပြန်ပြောကြည့်စမ်း"
ထိုလူက ထိတ်လန့်သွားသည်။
"အဲဒါသူတို့ပြောတာပါ .. ရှဲ့သခင်ကြီး အရင်က တောင်ပေါ်စခန်းဆီ ပြန်ပေးဆွဲခံခဲ့ရတာမလား အဲဒီအမျိုးသမီးက ကြမ်းတမ်းလွန်းတော့ ယောင်္ကျားမရှာနိုင်ဘူး အဲဒါကြောင့် .."
ဘန်း .. ရှဲ့နျိုရှန်း ထိုလူအား ရိုက်လိုက်သည်။ ရိုက်ခံရသူက အကန်ခံရပြီး အောက်ထပ်နားအထိ ရောက်သွားကာ ကံကောင်းစွာဖြင့် သူ့ဘေးကလူက ကောင်းမွန်စွာပြင်ဆင်ထားတာကြောင့် လျင်မြန်စွာဖြင့် ကယ်တင်လိုက်နိုင်သည်။
ရှဲ့နျိုရှန်း တစ်ဖွဲ့လုံးအား ကြမ်းတမ်းစွာစိုက်ကြည့်လိုက်သည်။
"မင်းတို့ခွေးတွေမှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာ ငါသိသားပဲ ငါ့ကိုပြော .. ဘေးရွာက မင်းတို့ကို လွှတ်လိုက်တာမလား"
အားလုံး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။ သူ တကယ်မူးနေတာလားဟ။
"ငါ့ဇနီးကို ငါ့ဆီကနေ ဘယ်တော့မှ မခေါ်သွားနိုင်
စေရဘူးလို့ အဲဒီတုံး ငကောင်ကိုသွား ပြန်ပြောလိုက် ငါအတင်းအကျပ်လုပ်ခံရတယ်လို့ ဘယ်သူပြောလဲ ငါပျော်တယ် မင်းတို့တွေက ငါ့မှာဇနီးရှိလို့ မနာလိုနေကြတာ!"
ရှဲ့နျိုရှန်း ကြမ်းတမ်းစွာဖြင့် "ငါ့ဇနီးက လှလို့ မင်းတို့မနာလိုနေကြတာ သူမက ငါ့အပိုင်ပဲ"
ရှဲ့နျိုရှန်း ရေရွတ်လိုက်သည်။
သို့ပေမယ့် အားလုံး သူ့ကိုနားလည်သွားသည်။
သူ၏ ကာကွယ်ပုံအားကြည့်ပြီး သူ အနှစ်သက်ဆုံးဇနီးက သခင်မဖုန်ဆိုတာ သိလိုက်ကြရ၏။
ဒါပေမယ် အဲဒီ တုံး ငကောင်ဆိုတာကဘယ်သူလဲ။ မဟုတ်မှလွဲရော အရင်က သခင်မဖုန်အတွက် ရှဲ့သခင်ကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့သူလား။ အဲဒီလိုသာဆိုရင် သခင်မဖုန်က ဘယ်လိုလုပ် နတ်ဆိုး ဖြစ်တော့မှာလဲ။
••••