← Chapters

မင်းအမှားတွေပဲ။ 

Vol. 29 Ch. 543

မင်းအမှားတွေပဲ။ 

Vol. 29 Ch. 543

ဘာပဲဖြစ်ဖြစ် ရက်ပေါင်းများစွာဖြစ်နေခဲ့တဲ့ လောင်းကစားက အဆုံးသတ်သို့ ရောက်လာသည်။ 

ရှဲ့နျိုးရှန်း ဒေါသစိတ်ကြောင့် လူတွေကိုသတ်မှာကို တားဆီးရန် အားလုံး မြန်မြန်ပြေးကြသည်။ သူတို့မထွက်သွားခင်မှာ ရှဲ့နျိုရှန်းအား စားသောက်ဆိုင်ထဲက အခန်းတစ်ခန်းတွင် ပိတ်ထားခဲ့သည်။ 

သူတို့ထွက်သွားသည်နှင့် ရှဲ့နျိုရှန်း၏ ခပ်အုပ်အုပ်အသံထွက်လာသည်။ 

တုံး င ကဘယ်သူလဲ။ ပြောင်းပြန်လှန်လိုက်လျှင်တော့ အဓိပ္ပါယ်ရှိသည်။ 

"ငတုံးတစ်သိုက်" 

ရှဲ့နျိုရှန်း မူးနေသည့်ပုံမပေါ်တော့ချေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် အရက်နံ့ စွဲကျန်နေခဲ့ပေမယ့် ခြေထောက်ခိုင်သေးသည်။ ဒီလိုကြုံရာကျပန်းနေရာကို လာလည်ရတာ ပျော်စရာတော့ကောင်းသည်။

သူမလာခင် လောင်းကစားရုံ၌ မည်သူနဲ့မျှ မရင်းနှီးသော လူတစ်ဦးကို အိမ်တော်ထိန်းအား ရှာခိုင်းပြီး ငွေ ၄၅စ ကို လောင်းခိုင်းခဲ့သည်။

ငတုံးတစ်သိုက် ... ဘယ်မိန်းမကို ဂရုအစိုက်ဆုံးလဲဆိုတာ သူနောက်ဆုံးပြောခဲ့တယ်မဟုတ်လား။ ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးမှာ လောင်းကြေးထပ်ရတာလဲ။ သူတို့ အရူး မလို့သာ အဲလိုလုပ်ကြတာ။ 

ရှီအာသူ့ကိုပေးထားတဲ့ပိုက်ဆံက နည်းသွားတာ နှမြောစရာပင်။ မဟုတ်လျှင် သူပိုပြီးတောင် ရှာနိုင်သေးသည်။ 

သို့ပေမယ့် သူအများကြီး မလောင်းခဲ့ပေ။ ဒီလိုနေရာမှာလောင်းကြေးထပ်တာက အာရုံစိုက်ခံရနိုင်သည်။ တကယ်လို့ ငွေကြေးများသွားရင် လောင်းကစားသမားများလည်း စိတ်ဆိုးသွားနိုင်သည်။ 

သခင်မဖုန်အတွက် အခွင့်အလမ်း မြင့်အောင်လုပ်ထားရာ သူ ငွေ ၄၅စအား လောင်းကြေးထပ်ခဲ့လျှင် ငွေစ ၁၈၀အထိ ရနိုင်သည်။ ၀န်ဆောင်ခကို နှုတ်ပြီးတာတောင် သူ ငွေစ၁၅၀အထိ ရနိုင်သည်။ 

နောက်ဆုံးတော့ သူ့မှာ ကိုယ်ပိုင်စုဆောင်းနိုင်သော ငွေရှိခဲ့ပြီပင်။ ငွေစုစုပေါင်းအား သူ ထိုကောင်မလေးနှစ်ယောက်ကို အသိပေးမှာမဟုတ်ပေ။ 

အို ဟုတ်သားပဲ .. သူ နောက်ထပ်စားသောက်ဆိုင်ကို သွားဖို့ ဖိတ်စာရထားသေးတာပဲ။ 

ထိုအကြောင်း ရှဲ့နျိုရှန်း ပိုတွေးလေလေ ပိုပြီး ပျော်လာလေလေဖြစ်သည်။ 

ထိုအချိန် လောင်းကစားရုံ၌ လောင်းကြေးထပ်တာက အဆုံးသတ်သွားပြီပင်။ 

သခင်မလင်းအပေါ် လောင်းကြေးထပ်သူများက များစွာရှုံးသွားသည်။ 

သခင်မဖုန်အပေါ် လောင်းကြေးထပ်သူများကတော့ ကံကောင်းတာပင်။ 

တော်၀င်ကျောင်းအနားက ၀င်းထဲတွင် သခင်မလု သတင်းကြားတဲ့အခါ မျက်နှာဖြူဖျော့သွားသည်။ 

"အမေ ရှဲ့နျိုရှန်းရဲ့ အချစ်လေးဖြစ်ဖို့ မျှော်လင့်ချက်ရှိသေးတယ်ဟုတ်လား ရယ်ရလိုက်တာ" ဖေ၀မ်ယွဲ့က အခုဆို ပိုပြီးတည့်တိုးသမား

ဖြစ်လာပေသည်။ "သခင်မဖုန်က သူ့ကို မိသားစုစီးပွားရေးပေးခဲ့တယ် ပြီးတော့ သခင်မလင်းကလည်း ပထမဆုံးအကြိမ်အနေနဲ့ သူ့ကိုလက်ထပ်ခဲ့တယ် ဒါ့အပြင် သူတို့တွေက ငယ်ရွယ်ပြီးလှပကြတယ် အမေ့မှာ ဘာရှိလို့လဲ အိုနေတဲ့မျက်နှာလား" 

သခင်မလု ထိုစကားကြားတဲ့အခါ သူမလက်တွေပါ တုန်ရီလာတဲ့အထိ ဒေါသထွက်သွားသည်။ 

"ကောက်ကျစ်တဲ့ ကောင်မစုတ်လေး အားလုံး နင့်အမှားကြောင့်ပဲ" 

"ဟုတ်တယ် အားလုံး ကျွန်မအမှားတွေပဲ အဲဒါ

ကြောင့် အမေ အရာရှိတစ်ယောက်ရဲ့ ဇနီးမဖြစ်နိုင်တာ" 

ဖေ၀မ်ယွဲ့ ထေ့ငေါ့စွာဖြင့် ပြုံးလိုက်သည်။ 

သခင်မလု ငိုချင်ပေမယ့် မျက်ရည်မကျလာပေ။ 

သူမ ရှဲ့မိသားစုက ထွက်လာပြီးနောက် သူမသမီးကတော့ သူမဘက်မှာရှိနေပေးမယ်လို့ ထင်ခဲ့သည်။ ဘ၀က ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ သူမ မကြောက်။ သို့ပေမယ့် သူမသမီးက ဒီလိုဖြစ်လိမ့်မယ်လို့တော့ မထင်မှတ်ထားမိပေ။ 

အရင်ကဆို သူမ ရှဲ့မိသားစုက ပိုက်ဆံများစွာနှင့် ပိုင်ဆိုင်မှုများအား ယူခဲ့သည်။ သူက သေချာသုံးစွဲခဲ့မယ်ဆိုရင် သူမတစ်ဘ၀လုံးအထိ သုံးနိုင်မည်ဖြစ်သည်။ 

ဆိုင်ခန်းကို၀ယ်လိုက်တဲ့အခါ သူမသမီးက ငိုနေတာမရပ်ခဲ့ပေ။ သူမက မြို့တော်ကိုလာရမယ့်အစား လျောင်ကျိုးမှာပဲ နေတာကောင်းတယ်လို့ 

ပြောသည်။ သူမသမီးအလွန်ငိုနေတာကြောင့် သူမ နာကျင်ခဲ့ရသည်။ ထို့ကြောင့် ဆိုင်ခန်းက ပိုက်ဆံတွေအားလုံး သူမကိုပေးဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ 

သူမသမီးကြီးလာတဲ့အခါ သေချာပေါက် အိမ်ထိန်းတစ်ယောက်အဖြစ် သင်ယူလိမ့်မယ်လို့လည်း တွေးခဲ့သည်။ သို့သော်လည်း သူမ ဆိုင်ခန်း၀ယ်တုန်းက အိမ်၏အမည်ပေါက်တွင် သူမနာမည်အား ရေးမှတ်ထားမည်ဖြစ်ကာ မိသားစုရှိငွေအားလုံးကို သူမ၏လက်ထဲတွင် ထားရှိရမည်ဖြစ်သည်။ ထို့နောက်တ်င်တော့ သူမသမီးက ပြောင်းလဲသွားသည်။ 

သူမက ငှက်သိုက်ကို ရံဖန်ရံခါ စားချင်သော်လည်း သူမသမီးက ပိုက်ဆံဖြုန်းတယ်လို့ ထင်သည်။ 

သူမ အစောက ရှဲ့မိသားစုကယူခဲ့တဲ့ အ၀တ်အစား၊ လက်၀တ်ရတနာများကိုလည်း ရောင်းချခဲ့သည်။ အခု တစ်စုံလား နှစ်စုံလားပဲကျန်တော့သည်။ 

သူမက အသက်ကြီးပြီလို့ပြောပြီး သူမ လှလှပပလေး ၀တ်ရင်တောင်မှ ဘယ်သူမှ သူမကိုကြည့်ချင်မှာမဟုတ်ဘူးလို့ ပြောသည်။ 

သူမသမီးက အရင်ကဆို အမျှော်အမြင်ရှိပြီး စဉ်းစားဆင်ခြင်တတ်ပေမယ့် အခုတော့ ..။ 

သူမက ၀န်ထုပ်၀န်ပိုးဖြစ်သွားသလိုပင်။ အခုလည်း သူမသမီးက သူမကို ရွံမုန်းစွာဖြင့်ကြည့်နေ၏။ 

သခင်မလု၏ နှလုံးသားက အေးစက်သွားသည်။ 

ထိုအချိန် သူမ စိတ်ဆိုးနေမိသည်။ ဖေ၀မ်ယွဲ့က သူမကိုကြည့်ပြီး ထေ့ငေါ့ကာ။ 

"ရက်တစ်ရက်ရဲ့အဆုံးမှာ အမေပဲ မစွမ်းဆောင်နိုင်တာ အမေ နှစ်ပေါင်းများစွာ လက်ထပ်ထားတာတောင် ကလေးတစ်ယောက်တောင် မမွေးနိုင်ဘူး အမေ့မှာ သားတစ်ယောက်လောက်ရှိရင် မိသားစုထဲက နှင်ထုတ်ခံရမှာတဲ့လား ကျွန်မ မြို့တော်ကိုလာတော့ အမေ ဘာပြောခဲ့လဲ မိသားစုထဲက အငယ်နှစ်ယောက်က အမြဲ အမေ့ဘက်မှာရှိနေ‌တယ်ဆို ဒါပေမယ့် နောက်ဆုံးကျတော့ .. အဲဒီ ရှဲ့ဖင်းဟွိုက်က ကျောက်စိမ်းဖြူတစ်တုံးကိုတောင် မပေးချင်ခဲ့ဘူး အမေ နှင်ထုတ်ခံလိုက်ရတာ ကြာသွားတာတောင် သူ အမေ့ကိုလာမကြည့်ဘူး 

အာ အမေက အကြောင်းအရင်းမရှိဘဲ အထိန်းတော်ဟောင်းတစ်ယောက်လိုပဲ ဆက်ဆံခံခဲ့ရတာပဲ ဒီတော့ အခု အမေက နှင်ထုတ်ခံလိုက်ရ

တာလို့ပြောရမှာပေါ့နော်" 

••••

All Chapters