အတုအယောင် လက်ထပ်ပွဲ။
Vol. 29 Ch. 544
ဖေ၀မ်ယွဲ့စကားတွေက နာကျင်လွန်းတာကြောင့် သခင်မလု ခက်ခဲစွာ အသက်ရှုနေရသည်။
"အမေ့ကိုယ်ပိုင်ပိုက်ဆံတွေအကုန် ဆုံးရှုံးသွားတာပဲ"
ဖေ၀မ်ယွဲ့ အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။
သခင်မလု ရင်နင့်သွားသလို ခံစားရပြီး မျက်ရည်ကျလာသည်။
ယခင် ရှဲ့နျိုရှန်း၏ လောင်းကြေးက တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။
သူမ ကြားတုန်းကဆို ထိတ်လန့်သွားပြီး သူမလောင်းကြေးထပ်လိုက်သေးသည်။ အခုတော့ အားလုံးဆုံးရှုံးသွားပြီဖြစ်သည်။ သူမမှာ စတင်ဖို့ ပိုက်ဆံများများစားစားမရှိခဲ့ပေမယ့်လည်း အခု သူမမှာ ဘာမှမကျန်တော့ပေ။
သူမသမီးစကားကိုကြားတော့ သူမ အခြေအနေကို ပိုဆိုးအောင်လုပ်လိုက်မိတယ်လို့ ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး အလွန်အေးစက်မှုအား ခံစားလိုက်ရသည်။
"ယွဲ့အာ ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ"
သခင်မလု ရှုပ်ထွေးနေ၏။
"အမေ ဒီလိုတွေပြောနေလို့ အသုံး၀င်တာရှိလို့လား" ဖေ၀မ်ယွဲ့ ခနဲ့လိုက်သည်။ "အမေ ရှဲ့မိသားစုအကြောင်း စဉ်းစားနေတာ ရပ်လိုက်သင့်တယ် အမေ ချမ်းသာချင်ရင် ကျွန်မကို မှီခိုရဦးမှာပဲ"
သခင်မလု ခဏလောက်တိတ်သွားသည်။
အရင်တုန်းကဆို သူမ ယုံကြည်ခဲ့လောက်သည်။ သို့သော် သူမသမီးက သူမ အရိုးပေါ် တက်နင်းပြီး လှောင်ပြောင်ခြင်းမရှိတာကိုပဲ ကျေးဇူးတင်လှပြီပင်။
သူမ တကယ်ပဲနောင်တရမိပါသည်။
အရင် သူမ ရှဲ့နျိုရှန်းနှင့်အတူရှိတုန်းကဆို သူမအတွက် ခက်ခဲသောရက်များဆိုတာ မရှိခဲ့ပါ။ အခု သူမပြောင်းလာတော့ သက်သောင့်သက်သာနှင့် တစ်ရက်မှ မနေနိုင်ခဲ့ပေ။
အထူးသဖြင့် ရှဲ့နျိုရှန်း အချစ်ဆုံးဇနီးက သခင်မဖုန်ဆိုတာ သိသွားပြီးနောက် သူမနှလုံးသား တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားသလိုပင်။
တကယ်တော့ အဆင်မပြေဖြစ်တာက သခင်မလုတစ်ယောက်တည်းမဟုတ်။
ရှဲ့မန်ရှန်းနှင့် တခြားသူတွေလည်း ထပ်တူပင်။
သူတို့တွေ ငွေမရနိုင်တော့တည်းက သခင်မကျားနှင့် သခင်မရှင်းတို့က တိုင်တန်းပြောဆိုနေတာ မ
ရပ်တော့။ သူတို့က အဖွားအိုနှင့်တောင် ရန်ဖြစ်ချင်နေကြသည်။
ထိုအချိန် အဖွားအိုစိတ်ထဲက တစ်ခုတည်းသောအရာက သူမဒုတိယသားက သူမကို သေခိုင်းနေတာပဲဖြစ်သည်။
သူမမှာ အင်အားများစွာမကျန်တော့ပေ။
ရှဲ့မန်ရှန်း ဆရာမပြောတာကို ပြန်တွေးတောလိုက်သည်။
သူ လုံခြုံချင်တယ်ဆိုရင် သူ၏ အိမ်အဟောင်းကို ပြန်ရမည်။
သို့ပေမယ့် သူတကယ် မပြန်ချင်ပေ။
ရှဲ့ချုံရှန်းမှာ အလုပ်ရှိသေးပေမယ့် မကောင်းပေ။
သူ့ရဲ့ ယောက္ခမတွေကလည်း ပိုက်ဆံအတွက် စောင့်ဆိုင်းနေကြသည်။ မိသားစုနှစ်စုကြားက လက်ထပ်ပွဲလည်း ရှိသေးသည်။ အခု သတင်းမကြားရတော့ ချောင်မိသားစုက စိတ်ဆိုးနေကြလေပြီ။
ချောင်မိသားစု သူတို့အိမ်ကိုသွားလိုက်ကြသည်။
"ကျွန်မသမီးကို ကျွန်မတုန်နေအောင်ချစ်တာ အရင်ကဆို ရှင်တို့မိသားစုမှာ ပိုက်ဆံအများကြီးမရှိဘူးဆိုပေမယ့် စစ်သူကြီးရှဲ့ရဲ့ဆွေမျိုးတွေဖြစ်နေသေးတယ် သူတို့ကတော့ ကျွန်မသမီးကို အနိုင်ကျင့်မှာမဟုတ်လောက်ဘူးလို့လေ။ ဒါပေမယ့် အခု ရှင်လည်းအကြွေးတွေနဲ့ ရှဲ့သခင်ကြီးဆီ
က နှင်ထုတ်တာလည်း ခံရပြီးပြီ ဘယ်လိုလုပ် ကျွန်မသမီးနဲ့ လက်ထပ်ပေးဖို့လုပ်နိုင်သေးတာလဲ"
သခင်မချောင်က ပြဿနာရှာနေသလိုခံစားရသည်။
အခန်းထဲတွင် ရှဲ့ချုံရှန်းတိတ်ဆိတ်နေ၏။
"ကျွန်မသမီးနဲ့စေ့စပ်ပွဲ ဖျက်သိမ်းပြီးတာ ထားတော့ ဒါပေမယ့် ကျွန်မသားကိုပါ ဖျက်ဆီးပစ်ခဲ့တယ် ကျွန်မတို့တွေ အစက ရှင် သခင်မလေးရှဲ့ကို ကျွန်မသားနဲ့ မိတ်ဆက်ပေးမယ်ဆိုပြီး သဘောတူထားခဲ့ကြတယ် ဒါပေမယ့် သူမဘက်က ဘာအရိပ်အယောင်မှမရှိဘူး .. ကျွန်မသားက သခင်မလေးရှဲ့ကြောင့် အရင်စေ့စပ်ပွဲကို ဖျက်ခဲ့ရတာလေ။ ဒါ ရှင်တို့ ကျွန်မတို့ကို ပြန်ပေးဆပ်တာလား"
ချောင်မိသားစုက ဒီကိစ္စအကြောင်း ပိုသိချင်နေကြသည်။
သူတို့သားရဲ့စေ့စပ်ပွဲကို ဂရုတစိုက် ဆုံးဖြတ်ထားခဲ့ကြတာဖြစ်သည်။ သို့ပေမယ့်အခု ဘာမဟုတ်တဲ့ကတိကြောင့် လက်ထပ်ပွဲ ဖျက်ဆီးခံလိုက်ရသည်။
"ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်နေတာလဲ" ရှဲ့ချုံရှန်း မျက်နှာသည်လည်းအေးစက်နေ၏။ "ကျွန်တော့်မိသားစုမှာ ပိုက်ဆံမရှိဘူး ခင်ဗျား ဘာပဲလိုချင်လိုချင် ယူသွားလို့ရတယ်"
"ချွေးမတစ်ယောက် ကျွန်မတို့ကိုပေး မဟုတ်ရင် .. ရှဲ့မိသားစု ဒီလမ်းပေါ်မှာနေရဖို့တောင် မတွေးနဲ့
တခြားသူတွေဆီက အထင်သေးခံရမှာကို စောင့်နေလိုက်"
ချောင်မိသားစုက မျိုးဆက်အလိုက် ရှလကာရည် ပြုလုပ်လာခဲ့တာကြောင့် မိသားစုစီးပွားရေးတစ်ချို့ရှိသည်။
ရှဲ့မိသားစုက မြို့တော်ထဲမှာ ရှင်သန်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သော်လည်း အနီးနားက လမ်းပေါ်က လူတွေကို လွှမ်းမိုးနိုင်ခဲ့သည်။
"ကျွန်တော့်သမီးက ငယ်သေးတယ် .."
ရှဲ့ချုံရှန်းပြောလိုက်သည်။
"ဘယ်သူက ရှင့်မိသားစုထဲက အသုံးမ၀င်တာကို
လိုချင်မှာလဲ အရင်ကဆို ကျွန်မတို့ သခင်မလေး ရှဲ့လို့ သဘောတူထားတာ သူမပဲဖြစ်ရမယ်"
ချောင်မိသားစုက သခင်မက ရှဲ့ချုံရှန်းအား စက်ဆုပ်ရွံရှာစွာဖြင့်ကြည့်လိုက်သည်။
ရှဲ့ချုံရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ရှဲ့ချောင်ရဲ့ လက်ထပ်ပွဲကို မဆုံးဖြတ်နိုင်ပေ။
သို့ပေမယ့်လည်း ..။
ရှဲ့ချုံရှန်း ခေါင်းမော့ပြီး ချောင်မိသားစု၀င်များအား ကြည့်လိုက်သည်။
"ကောင်းပြီ ကျွန်တော်သဘောတူလိုက်မယ် အိမ်ပြန်ပြီး ကျွန်တော့်သတင်းကိုစောင့်နေလိုက်"
"ကောင်းပြီ တကယ်လို့ ကျွန်မသားကို သခင်မလေးရှဲ့နဲ့ လက်ထပ်ပေးဖို့ မစီစဉ်ပေးနိုင်ရင် ကျွန်မ အုပ်ချုပ်ရေးရုံးတော်ကိုသွားပြီး ကျွန်မသမီး ဂုဏ်ပုဒ်ကို ဖျက်ဆီးပစ်ပြီး လက်ထပ်ပွဲအတုအယောင်အတွက် တရားစွဲမှာ"
ထိုသခင်မက နောက်တစ်ခါထပ်ပြောသည်။
တကယ်လည်း ရှဲ့မိသားစုက လက်ထပ်ပွဲအတုအယောင် လုပ်ထားမိသည်။ အရင်က သူတို့တွေ အခြေအနေတွေအား သဘောတူခဲ့ပေမယ့် အခု တစ်ယောက်မှ ကတိအတိုင်းမလုပ်ကြပေ။
••••