ဒေါသကို ဖြေဖျောက်တယ်။
Vol. 29 Ch. 545
ထိုအချိန် ရှဲ့ချုံရှန်းနှင့် ချောင်မိသားစုက ဆွေးနွေးမှုပြီးသွားပြီပင်။ သူ အိမ်အပြင်ထွက်လာပြီး အပြင်က အုတ်အော်သောင်းနင်းဖြစ်နေသော မြင်ကွင်းအားတွေ့လိုက်ရတဲ့အခါ သူ့မျက်၀န်းများက မည်းမှောင်သွားသည်။
ရှဲ့မိသားစုသားအကြီးကလည်း လက်ထပ်ပွဲအကြောင်းဆွေးနွေးနေပြီး သူတို့သမီးကိုလက်ထပ်ပေးရန်ဖြစ်သည်။
ရှဲ့မန်ရှန်း အခုထိ သူ့မွေးရပ်မြေဆီ မပြန်ချင်ပေ။
ထို့ကြောင့် တခြားတစ်ယောက်နှင့် သဘောတူညီမှု လုပ်လိုက်ရသည်။ သူ့သမီးအတွက် မင်္ဂလာ
ခန်းဝင်ပစ္စည်းအဖြစ် ငွေ၁၀စနှင့် အိပ်ယာလိပ်ပါ ပို့ပေးမှာဖြစ်သည်။
ရှဲ့ချွင်းက ငိုနေ၏။ အစက သခင်မကျားလည်း သူမသမီးအတွက် စိတ်မကောင်းဖြစ်မိသော်လည်း အိမ်အခြေအနေအကြောင်း တွေးလိုက်ရင် ငွေ၁၀စမှာ အတော်လေးများပြားပေသည်။
"ရက်စက်တယ်ဆိုပြီး အဖေနဲ့အမေကို အပြစ်မတင်နဲ့ သူတို့တွေ သမီးကို မင်္ဂလာခန်းဝင်ပစ္စည်းတွေ မပေးဘူးဆိုပေမယ့် ဒီမိသားစုက အကောင်းဆုံးပဲ သူတို့မှာ လယ်၊ မြေနဲ့ စီးပွားရေးတွေရှိတယ် လက်ရှိ အမေတို့အခြေအနေအပေါ် အခြေခံပြီး အဲဒီကလေးက သမီးကို နှစ်သက်တာကြောင့်မဟုတ်ရင် သမီး ဒီလိုလက်ထပ်ပွဲကောင်းအတွက် အခွင့်အရေးရမှာမဟုတ်ဘူး .."
သခင်မကျား သက်ပြင်းချလိုက်သည်။
သူမ အမှန်ပြောနေတာပင်။
ရှဲ့ချွင်း အခု လူမှုရေးလှေကားပေါ်ကို ရောက်နေပြီဆိုတာ သိသော်လည်း အတိတ်ကို တွေးကာ လက်ရှိအား ကြည့်လိုက်သောအခါတွင် မှားယွင်းတယ်လို့ခံစားရသည်။
အားလုံး ရှဲ့ချောင်အပြစ်တွေပင်။ ရှဲ့ချောင် မြို့တော်မလာခင်အထိ သူမ မိသားစုက အဆင်ပြေနေသေးသည်။
ရှဲ့ချွင်း ခါးသီးမှုအား ခံစားရသည်။ သို့ပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် သူမ လိုက်နာစွာဖြင့် သူ့ကိုလက်ထပ်လိုက်သည်။ ရှဲ့မိသားစုမှာ ပိုက်ဆံမကျန်တော့တာကြောင့် လက်ထပ်ပွဲက
အလျင်စလို ဖြစ်သွားသည်။ သူတို့က ကိစ္စတွေပြောင်းလဲသွားမှာ စိုးရိမ်တာကြောင့် လက်ထပ်ပွဲအား အမြန်စီစဉ်လိုက်တာပင်။
လက်ထပ်ပွဲ မနက်တွင် ရှဲ့ချုံရှန်း ရှဲ့အိမ်တော်အရှေ့တွင် စောင့်ဆိုင်းနေလေ၏။
တစ်နာရီစောင့်ဆိုင်းပြီးနောက် သူ ရှဲ့ချောင်ကို တွေ့လိုက်ရသည်။
သူ လျင်မြန်စွာ ရှေ့သို့တိုးသွားလိုက်ကာ။
သူ့လက်အား ပွတ်သပ်ပြီး ရိုးသားသောမျက်နှာဖြင့် ပြောလိုက်သည်။
"တူမလေး ဒီနေ့က လက်ထပ်ပွဲနေ့ပဲ ချွင်းအာ အဲဒီ
ကောင်မလေး လက်ထပ်တော့မှာ အရင်က သမီးအဖေက ဦးလေးတို့ကို အများကြီး ကူညီပေးခဲ့တယ် အခု ဆက်ဆံရေးမရှိတော့ပေမယ့် ဦးလေးတို့က အားလုံးကို လက်ထပ်ပွဲကိုဖိတ်ချင်လို့ .."
ရှဲ့ချောင် အနည်းငယ် အံ့ဩသွားသည်။
သာမန်မိသားစုဆိုရင် စေ့စပ်ပွဲကနေ လက်ထပ်ပွဲအထိဆို အနည်းဆုံး တစ်နှစ်လောက်ကြာတာ မဟုတ်ဘူးလား။
ရှဲ့မန်ရှန်း အလွန်စိုးရိမ်နေသည်ဟု ထင်မိသည်။ သုံးရက်ကနေ ငါးရက်အတွင်း သူမကို အဝေးသို့ပို့ရတော့မည်။
သူ့သမီးကို လက်ထပ်ပေးနေတာရော ဟုတ်ရဲ့လား။ ဒီအချိန်တိုအတွင်း သူတို့က
ထုံးတမ်းစဉ်လာ တစ်ခုလုံးတောင် မလုပ်ခဲ့ချေ။ သိတဲ့ဘယ်သူမဆို သူ့သမီးကို ရောင်းချနေတာလို့ပဲ တွေးကြလိမ့်မည်။
"ကျွန်မတို့သွားစရာမလိုပါဘူး ကျွန်မမှာ လုပ်စရာတွေရှိတယ်"
ရှဲ့ချောင်လေသံက မတူညီပေ။ သူမ ရှဲ့ချုံရှန်းအား အနှောင့်အယှက်မပေးပါ။ တချို့လူတွေက
ခွေးအရေခွံနှင့်တူသည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်တာနှင့် ထိုလူက သူမအနားသို့ ကပ်သွားနိုင်သည်။
ထို့ကြောင့် ဝေးဝေးနေတာပဲ ကောင်းသည်။
ရှဲ့ချုံရှန်း ခဏတိတ်သွားပြီး ပြန်ပြောသည်။
"ကောင်းပြီ ငါတို့တွေ အစ်ကိုလတ်ကို စိတ်ပျက်စေခဲ့တာပဲ မင်းနဲ့ မင်းအဖေ ငါတို့ကိုအပြစ်တင်တာ ဖြစ်သင့်ပါတယ် .. ငါအခု တကယ်နောင်တရနေပါပြီ ဒါပေမယ့် မင်းအတွက်လုပ်ပေးနိုင်တာ ဘာမှမရှိဘူး .."
ရှဲ့ချုံရှန်း အပြစ်ရှိသလို ခံစားရသည်။ သို့ပေမယ့် ရှဲ့ချောင်မှာ ဘာတုံ့ပြန်မှုမှမရှိပေ။ သူမက လိုက်ကာစ အားချပြီး ရထားလုံးသမားအား သွားခိုင်းလိုက်သည်။
ရှဲ့ချုံရှန်း ချက်ချင်းလမ်းတစ်ဖက်ခြမ်းရောက်သွားသည်။ ထွက်ခွာသွားသော မြင်းလှည်းအားကြည့်ပြီး သူ ခနဲ့လိုက်သည်။
ဒီကောင်မလေးက တကယ် အသိစိတ်မရှိပေ။
သူမက ဦးလေးဖြစ်သူကို ဒုတိယတစ်ခါတောင် မကြည့်သွား။ သူမမှာ လေးစားမှု အနည်းငယ်တောင် မရှိပေ။
ဒီလိုဆိုတော့လည်း ဦးလေးတစ်ယောက်အနေနဲ့ ရက်စက်တာကို သူမအပြစ်မတင်သင့်ပေ။
ဒီနှစ်တွေထဲ ဘာမှမဟုတ်ဘဲ သူမြို့တော်ထဲမှာ ရှိနေခဲ့တာမဟုတ်ပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်တွင် သူ ရှဲ့ချောင်အကြောင်း တိတ်တဆိတ်စုံစမ်းခဲ့သည်။ အခု ရှဲ့ချောင်က ကျောင်းမှာ အတန်းမရှိတာကြောင့် သူမ နေ့စဉ်အချိန်ဇယားက ရိုးရှင်းသည်။ သူမ အရှေ့ဘက်လမ်းက ကုမ္မာဥယျာဥ်ဆီ သွားလိမ့်မည်။
ကြမ္မာဥယျာဥ်..။
အရင်က သူ၏ အစ်ကိုကြီး ကံဆိုးတာကို ယုံကြည်ခဲ့ပေမယ့် အခုတော့ ..။
ပြောရမယ်ဆိုလျှင် ထိုကောက်ကျစ်သောကောင်မလေး ရှဲ့ချောင်က သူတို့ကို လှည့်စားဖို့အတွက် အပြင်လူတွေနှင့် ပူးပေါင်းလိုက်တာပဲဖြစ်ရမည်။ အခု သူ့အစ်ကိုလတ်က ရာထူးတိုးခံရပြီး ပျော်နေတာကြောင့် သူ့ညီတစ်ယောက်အနေနှင့် အကြွေးတင်နေသေးတယ်မလား။
စောင့်ကြည့်နေလိုက် .. သူ့ဒေါသကိုဖြေဖျောက်ရန် သေချာပေါက် အခွင့်အရေးရှာမည်။
ထိုအချိန် ရှဲ့ချောင်က မြင်းလှည်းပေါ်တွင်ထိုင်နေသည်။ သူမဘေးမှာ လိုက်နာတတ်သော မကောင်းဆိုးဝါးဝိဉာဉ်ရှိသည်။
"ဆရာမလေးရဲ့ ဦးလေးက လူကောင်းမဟုတ်ဘူး ဆရာမလေးထွက်သွားတော့ သူက ဆရာမလေးကိုအနောက်ကနေ စိုက်ကြည့်နေခဲ့တာ သူ့အကြည့်က ကြောက်စရာကောင်းတယ်"
မကောင်းဆိုးဝါး ဝိဉာဉ်က ခယစွာဖြင့် ဆိုသည်။
••••