← Chapters

သူက ဆရာမလေးကိုအန္တရာယ်ပြုချင်နေတယ်။ 

Vol. 29 Ch. 546

သူက ဆရာမလေးကိုအန္တရာယ်ပြုချင်နေတယ်။ 

Vol. 29 Ch. 546

မကောင်းဆိုးဝါးဝိဉာဉ်က ရှဲ့ချောင်ကို အနှောင့်အယှက်ပေးနေတာ ရက်ပေါင်းများစွာရှိနေပြီး သူက လူမ၀င်စားချင်ပါ။ သူအသက်ရှင်တုန်းက ပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူ့ပန်းတိုင်တစ်၀က်ကိုသာ အောင်မြင်ခဲ့သည်။ ဘယ်က နတ်သမီးပုံပြင်တစ်ချို့ကို ဖတ်ခဲ့လဲဆိုတာမသိ

သော်လည်း သူက တစ်သက်လုံး ရှင်သန်သွားချင်နေသည်။ 

ဒီမကောင်းဆိုးဝါးဝိဉာဉ်က လီမိသားစုသခင်လေးထက် ပိုပြီးဇွဲကောင်းပေသည်။ လမ်းကြောင်းမှသွေဖယ်ပြီးနောက် သူက ကျင့်ကြံခြင်းနှင့် ကိုယ်ခံပညာရပ်အကြောင်း စာအုပ်များကို အများဆုံးဖတ်ရှုခဲ့သည်။ သေချာပေါက် အများစုကို တခြားသူတွေ ပြုလုပ်ထားတာဖြစ်ပြီး လုံး၀အသုံးမ၀င်ပေ။ 

သူက ကိုယ်တိုင် ဆေးအား ပြန်လည်သန့်စင်ပြီး သူ့ကိုယ်သူ ပေါက်ကွဲစေလိုက်သည်။ 

ပေါက်ကွဲမှုက သူ့ကို ကြီးကြီးမားမားဖြစ်သွားစေပြီး ကြည့်ဖို့ကိုတောင် ကြောက်ရွံ့စေလေသည်။ ထို့ကြောင့် သူ ရှဲ့ချောင်အား ချဉ်းကပ်တိုင်း သူမက သူ့ကို အလွန်အထင်အမြင်သေးသည်။ 

သူက မတူညီသောမျိုးစိတ်ဖြစ်ပေမယ့်လည်း သူ့အသားများက ပွင့်နေတာကြောင့် ရှဲ့ချောင် သူ့ခန္ဓာကိုယ်ပေါ်က သွေးနံ့အားရနေသည်။ 

ဒီမကောင်းဆိုးဝါးဝိဉာဉ်က သူလိုချင်တာကို ရပြီးပြီဖြစ်သည်။ 

မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်ပြီးနောက် သူ့ကိုယ်သူ ပိုပြီးအာရုံစိုက်ကာ အမှားကြီးကြီးမားမားတွေမလုပ်ဘဲ မကျေမချမ်းဖြစ်လာသော မကောင်းဆိုးဝါးဝိဉာဉ်ပုံစံမဟုတ်ဘဲ အချိန်အကြာကြီး လှည့်လည်သွားလာနိုင်အောင် သူ့စွဲလန်းမှုအား ထိန်းသိမ်းထားသည်။ 

ထိုအရာကို ... 'အမတ'လို့ သတ်မှတ်နိုင်သည်။ 

သို့ပေမယ့် သူက ဓားပျံအား လိုချင်နေပြန်သည်။ 

သူ့မှာ ၀ယ်ယူရန် ပိုက်ဆံမရှိတာကြောင့် ရှဲ့ချောင် သူ့အတွက် ၀ယ်ပေးပြီး အလကား လောင်ကျွမ်းပေးရန် တောင်းဆိုခဲ့သည်။ 

ဒီဆရာမက သူ၏ရုပ်ဆိုးနေသော သွင်ပြင်ကိုမကြိုက်ဘဲ လျစ်လျူရှုနေတာက ကံဆိုးတာပင်။ 

ယခု သူ၏ အသုံး၀င်မှုအားပြသရန် ရှားပါးသော အခွင့်အရေးရှိပြီဖြစ်တာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်က ချက်ချင်း ရှဲ့ချုံရှန်း မျက်နှာထားအား ပြောပြလိုက်သည်။ 

ရှဲ့ချောင် ကပ်စေးနှဲတာ အကြောင်းအရင်းရှိသည်။ 

လူပြန်မ၀င်စားချင်သော မကောင်းဆိုးဝါးဝိဉာဉ်များစွာရှိသည်။ သူက ‌ခြွင်းချက်အနေနှင့် ဒီမကောင်းဆိုးဝါးဝိဉာဉ်အား ထိုဆန္ဒများဖြည့်ဆည်းပေးလိုက်လျှင် တခြားဝိဉာဉ်တွေလည်း အနာဂတ်တွင် သူမအား လာရှာကြလိမ့်မည်။ 

သူမအချိန်အများစုက စွဲလန်းမှုရှိပြီး လူပြန်၀င်စားဖို့ လိုအပ်သော မကောင်းဆိုးဝါးဝိဉာဉ်များနှင့် ရင်ဆိုင်ရင်း ကုန်ဆုံးနေရသည်။ 

မဟုတ်လျှင် သူမမှာ လုံလောက်သော အချိန်မရှိပါချေ။ 

ရှဲ့ချောင် ဘာမှမပြောပေ။ ထိုမကောင်းဆိုးဝါးဝိဉာဉ်မျက်နှာထက်တွင် မကျေနပ်သော

အရိပ်အယောင်ရှိပေမယ့် သူ့မျက်နှာထားကတော့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ သူက လေအေးအား မှုတ်ထုတ်ပြီး ခဏတွေးတောကာ ရှဲ့‌ချောင် မြင်းလှည်းပေါ်ကနေ လှည့်လည်ရန် ထွက်လာလိုက်သည်။ 

ဆရာမလေး၏ဦးလေးက သေချာပေါက် လူဆိုးတစ်ယောက်ဖြစ်ရမည်။ ထို့ကြောင့် ဒီအချိန်တွေမှာ သူ့အနောက်လိုက်ရန် လိုအပ်သည်။ တကယ်လို့ ဆရာမလေး၏ ပြဿာနာကို သူဖြေရှင်းပေးနိုင်တယ်ဆိုလျှင် သူ ဆုလာဘ်ချီးမြှင့်ခံရလိမ့်မည်။ 

မကောင်းဆိုးဝါးဝိဉာဉ်က အလွန်လေးနက်နေသည်။ ထိုကဲ့သို့ဖြင့် သွေး‌များ စု‌နေသောတိမ်ကဲ့သို့ မကောင်းဆိုးဝါးဝိဉာဉ်က ရှဲ့ချုံရှန်းအနားရောက်သွားသည်။ 

ထိုအရာက သူ့ကိုကြည့်နေသည်။ 

ရှဲ့ချုံရှန်း အကြောင်းတစ်ချို့ကြောင့် ကြက်သီးထသွားသည်။ 

သို့ပေမယ့် များများစားစား မတွေးဘဲ သူ့နဂိုအစီအစဉ်အတိုင်း ဆက်လုပ်နေ၏။ 

ရှဲ့ချောင် ကြမ္မာဥယျာဥ်ထဲ ၀င်လာပြီးနောက် သူမ ၀တ်စုံအသစ်လဲ၀တ်ကာ မော့ချူးရှန်းအဖြစ် မကောင်းဆိုးဝါးဝိဉာဉ်များ၏ ဆန္ဒများဖြည့်ဆည်းပေးရန် ထွက်လာလိုက်သည်။ ထိုဆန္ဒများက ရိုးရှင်းလှသည်။ အများစုက မိသားစု၀င်များဆီ စာပေးပို့ခြင်းကဲ့သို့ သေးငယ်သောကိစ္စများဖြစ်ကြသည်။ နေ့တိုင်း သူမ များစွာကိုင်တွယ်နိုင်၏။ 

နေ့ခင်းပိုင်းတွင် သူမ ကြမ္မာဥယျာဥ်ဆီ ပြန်လာ၏။ သူမ မထွက်သွားခင်မှာ သူမအ၀တ်အစားအား ပြန်လဲပြီး အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။ 

"ဆရာမလေး ဆရာမလေး" ထိုမကောင်းဆိုးဝါးဝိဉာဉ်က ထပ်ရောက်လာသည်။ "ဆရာမလေးမြင်းလှည်းက မြင်းလှည်းဆရာ ပြောင်းသွားပြီ" 

ရှဲ့ချောင် သူ့ကိုလှည့်ကြည့်ပြီး "ရှဲ့ချုံရှန်း လုပ်လိုက်တာလား" 

"ဟုတ်ပါတယ် ဆရာမလေး သူက မြင်းလှည်းဆရာကို သတိလစ်အောင်လုပ်ပြီး အိမ်သာထဲမှာ ချည်နှောင်ထားတယ် သူက မြင်းလှည်းဆရာ၀တ်စုံ ပြောင်း၀တ်ထားပြီး သူ့မျက်နှာဖုံးအုပ်ထားတယ် အခု ဆရာမလေးကို မြင်းလှည်းမှာစောင့်နေတယ်" 

မကောင်းဆိုးဝါးဝိဉာဉ်က စိတ်လှုပ်ရှားနေသည်။ 

"အို ဟုတ်သားပဲ သူက ဒီနေ့ လမ်းကြားဆီသွားခဲ့တယ် သူ့ကိုကြည့်ရတာ သမားတော်တစ်ယောက်ရှာပြီး ဆေးတစ်ချို့ဝယ်ခဲ့တယ်ထင်တယ် ဆေးက တကယ်ဆိုးဆိုးရွားရွားပဲ"

ရှဲ့ချောင် ခဏတွေးတောပြီး တည်ငြိမ်စွာဖြင့်ထွက်လာခဲ့သည်။ 

သူမ တံခါးဆီကိုရောက်တော့ ရှဲ့ချုံရှန်းအား တွေ့လိုက်ရသည်။ သို့ပေမယ့် သူက ကောင်းမွန်စွာ ရုပ်ဖျက်ထားလေသည်။ သူ့မျက်နှာအား အ၀တ်စဖြင့်ဖုံးကွယ်ထား၏။ 

"သခင်မလေး ကျွန်တော် စောစောက မတော်တဆ အကောင် အကိုက်ခံလိုက်ရလို့ .. ကျွန်တော့်မျက်နှာက ဖူးယောင်နေတယ် ဆေးနည်းနည်းသောက်လိုက်တာ လည်ချောင်းကပါ ပျက်စီးသွားတယ် .."

ရှဲ့ချုံရှန်းအသံက ခပ်ဩဩဖြစ်နေသည်။ သူ့ပုံစံနှင့် အရွယ်အစားက တကယ်ပဲ သူမမြင်းလှည်းသမားနှင့် အလွန်တူပေသည်။ 

ထိုအချိန် သူက ခေါင်းငုံ့ပြီး လည်ချောင်းကို ထိန်းကိုင်လိုက်သည်။ သူမ အများကြီးမတွေးမိရင်တော့ လှည့်စားခံရနိုင်သည်။ 

ရှဲ့ချောင် ပြုံးလိုက်ပြီး "ရပါတယ်"

သူတို့တွေ မြင်းလှည်းထဲ၀င်ထိုင်လိုက်သည်။ 

"အယ် ဆရာမလေး ဦးလေးက ဆရာမကို အန္တရာယ်ပြုချင်နေတာ" 

မကောင်းဆိုးဝါးဝိဉာဉ်က ထိတ်လန့်နေသည်။ သူ ချက်ချင်း ပြတင်းပေါက်ဆီသွားပြီး ခေါင်းတိုး၀င်ကာ အထဲသို့ ကြည့်လိုက်၏။ 

••••

All Chapters