← Chapters

ဘယ်သူက ပိုရက်စက်လဲ။

Vol. 29 Ch. 547

ဘယ်သူက ပိုရက်စက်လဲ။

Vol. 29 Ch. 547

သူခိုးက သူမကိုအချိန်အကြာကြီး အကွက်ချစီစဉ်ထားတာကို ဘယ်သူက ရှောင်နေတော့မလဲ။ 

သူလုပ်နေတာ ရပ်တန့်သွားအောင် ရှဲ့ချောင် လုပ်

ခဲ့တာဖြစ်သည်။ ရှဲ့ချုံရှန်းက တကယ်ပဲ ဘာလုပ်ချင်လဲဆိုတာ သူမကြည့်ချင်မိသည်။ 

သူမ မြင်းလှည်းထဲ၀င်ထိုင်ပြီးနောက် ရှဲ့ချုံရှန်းမျက်နှာက အနည်းငယ် စိတ်လှုပ်ရှားနေလေ၏။ သူက ဇက်ကြိုးအား တင်းတင်းဆုပ်ကိုင်ထားပြီး စတင်ထွက်ခွာလိုက်သည်။ 

သူက ရဲတင်းတာပင်။ 

ရှဲ့ချောင် မြင်းလှည်းထဲမှာသာ ထိုင်နေလိုက်သည်။ မကောင်းဆိုးဝါးဝိဉာဉ်ကလည်း ဒီအတိုင်းမနေပေ။ သူက မြင်းလှည်း‌ဘယ်သွားနေလဲဆိုတာ ရှဲ့ချောင်ကို ဆက်တိုက်ပြောပြနေ၏။ 

အရှေ့ဘက်လမ်းကနေ သူတို့တွေ မြို့တံခါး၀က လမ်းကြားဆီကို ဦးတည်သွားသည်။ အနီးနားက

အိမ်များက အနည်းငယ် ဟောင်းနွမ်းနေသော်လည်း အိမ်ခြေအနည်းငယ်သာရှိသည်။ သူတို့တွေ အိမ်၀င်ပေါက်ကို ရောက်မှ မြင်းလှည်းရပ်သွားလေသည်။ ထိုအခါမှ ရှဲ့ချုံရှန်း လိုက်ကာစအားမ လိုက်သည်။ 

"သခင်မလေး ကျွန်တော်တို့ရောက်ပါပြီ" 

"ဦးလေး၃က ကျွန်မကို ဘာလို့ဒီကိုခေါ်လာတာလဲ" 

ရှဲ့ချောင် အပြုံးဖြင့်မေးလိုက်ပြီး သူမအသံက အပြစ်ကင်းစင်လှသည်။ 

ရှဲ့ချုံရှန်း လက်တုန်ရီနေသော်လည်း စိတ်တည်ငြိမ်စွာထားပြီး "အထဲ၀င်သွားရင် သိလိမ့်မယ်"

"ကျွန်မ အထဲမ၀င်ရင်ရော .." 

ရှဲ့ချောင် ထပ်မေးလိုက်သည်။ 

"ရှဲ့ချောင် ငါ့ကို အတင်းမလုပ်ခိုင်းနဲ့ ငါဒီနေ့ မင်းကို ချောင်မိသားစုဆီ ခေါ်လာပေးတာ အထဲမှာရှိတဲ့ သခင်လေးချောင်က မင်းရဲ့ အနာဂတ်ယောကျာ်းပဲ မင်းထွက်သွားရင် အချစ်သင်္ကေတတစ်ခု ချန်ထားခဲ့ .. မင်း အိမ်ပြန်တဲ့အခါ မင်းသူ့ကိုလက်ထပ်ချင်တယ်လို့ မင်းအဖေကိုရှင်းပြလိုက် အဲဒါပဲ မဟုတ်ရင် .." 

ရှဲ့ချုံရှန်း လှောင်ပြောင်ပြောဆိုလိုက်သည်။ 

"ဒီနေရာက အရမ်းဖရိုဖရဲဖြစ်လွန်းတယ် ဒီမှာ လူ

ပေါင်းစုံ‌ရှိကြတာ တကယ်လို့ မင်းဆန္ဒမရှိရင် ငါမင်းကို သတိလစ်အောင်ပြီး ဒီချမ်းသာတဲ့ သခင်မလေးက ဘယ်လိုလဲဆိုတာ တခြားသူတွေကို လိုက်ပြမယ်" 

ရှဲ့ချုံရှန်း အကြောက်တရားမရှိတော့။ 

သခင်မလေးအားလုံးသည် သူတို့ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်။ သူက ဒီကောင်မလေးရဲ့ အတွင်းခံ၊ ကလစ်၊ လက်စွပ် ဒါမှမဟုတ် လက်ကိုင်ပုဝါတို့အား သိမ်းထားရန် ချောင်မိသားစုက သားနှင့် သဘောတူထားပြီးပြီပင်။ တကယ်လို့ ‌အနာဂတ်မှာ ရှဲ့ချောင် လက်စားချေရဲတယ်ဆိုရင် သူမ ဂုဏ်သိက္ခာပျက်စီးသွားမှာကို စောင့်ဆိုင်းနေလိုက်မည်။ 

ထို‌ကောက်ကျစ်သောကောင်မလေးကသာ သူ့ကို ဒီလိုမျိုး အတင်းလုပ်စေတာဖြစ်သည်။ 

ရှဲ့ချောင် ခေါင်းငြိမ့်လိုက်သည်။ သူမလာတုန်းက မကောင်းဆိုးဝါးဝိဉာဉ်က လမ်းကြားအနီးနားက မိသားစုများက ဘယ်လိုလဲဆိုတာ ပြောပြထားသည်။ ဒီနေရာတွင် ပြည့်တန်ဆာအိမ်များစွာရှိသည်။ လောင်းကစားရုံနှင့် အရက်ဆိုင်တွေလည်းရှိသည်။ 

ဒီနေရာတွင် သွားလာနေကြသော ကြမ်းတမ်းသူများလည်းရှိကြသည်။ 

ထပ်တိုးပြောရလျှင် ရှဲ့ချောင် ဒီနေရာမှာ လှည့်လည်သွားလာနေတာ မကောင်းဆိုးဝါးဝိဉာဉ်များကိုကြည့်ပြီး မူးဝေနေပြီဖြစ်သည်။ 

"ဒီနေရာက ဖရိုဖရဲဖြစ်နေတာကို ဦးလေးသိရင် ဘာလို့ ဒီကိုရောက်လာတာလဲ တကယ်လို့ တစ်ခုခု

ဖြစ်သွားရင် ကျွန်မ ဦးလေးကိုကယ်တင်နိုင်မှာမဟုတ်ဘူးလို့ မတွေးမိဘူးလား" 

ရှဲ့ချောင် အပြုံးဖြင့်ပြောလိုက်သည်။ 

ရှဲ့ချုံရှန်း ထိုစကားကြားလိုက်တော့ ရှဲ့ချောင်အား အရူးတစ်ယောက်လို့ ခံစားလိုက်ရသည်။ 

"အဓိပ္ပါယ်မရှိတာ‌မပြောနဲ့ မြင်းလှည်းပေါ်ကဆင်း .. အဲဒီ ချောင် မိသားစုကသခင်လေးလည်း ကြည့်ကောင်းတဲ့သူပဲ မင်းလို ထူးဆန်းပြီး ရက်စက်တဲ့ မိန်းကလေးကို သခင်လေးချောင် လက်ထပ်ရတာ ကံမကောင်းတာပဲ" 

ရှဲ့ချုံရှန်း စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။ 

သူ့အမြင်အရ ရှဲ့ချောင်တွင် မကောင်းသော ဒေါသရှိ၏။ သူမက မိသားစုဆက်နွယ်မှုအား တန်ဖိုးမထားသလို ကပ်စေးနှဲသူလည်းဖြစ်သည်။ သူမရဲ့ တစ်ခုသော အားသာချက်က ကြည့်ကောင်းတာပဲဖြစ်သည်။ 

ထိုချောင်မိသားစုကသခင်လေးက များစွာချမ်းသာပေသည်။ သူက စာကောင်းကောင်းဖတ်တတ်သည့် စာပေသမားလည်းဖြစ်သည်။ ထို့အပြင် ရှာလကာရည်ပြုလုပ်ရာတွင်လည်း ကောင်းမွန်သော စွမ်းရည်ရှိသည်။ တကယ်လို့ ဒီပညာကို အမွေဆက်ခံလျှင်  ဆွေစဉ်မျိုးဆက် ချမ်းသာပေလိမ့်မည်။

သူ့သမီးက ငယ်သေးတာကြောင့်သာ မဟုတ်လျှင် သူက ရှဲ့ချောင်ကို ဘာလို့ သူနှင့် လွယ်လွယ် လက်ထပ်ခွင့်ပေးရမှာလဲ။ 

ရှဲ့ချောင် ထိုင်နေရင်း လက်ဝါးကပ်တိုင် အသေးလေးအားထုတ်လိုက်သည်။ 

ရှဲ့ချုံရှန်း မျက်မှောင်ကြုတ်လိုက်မိကာ ထိတ်လန့်သွား၏။ 

"ဦးလေး၃ ဒီနားမှာဘာတွေရှိနေလဲသိလား"

ရှဲ့ချောင်အသံက ပေါ့ပါးနေပြီး ရှဲ့ချုံရှန်းအနောက်ကို ကြည့်လိုက်သည်။

"ဒီနေရာမှာ အမှောင်စွမ်းအားတွေ ပြည့်နှက်နေတာ။ ဒီမှာ မောပန်းပြီးသေသွားတဲ့ ယောကျာ်း‌တွေ အများကြီးရှိသလို ဖုန်မှုန့်ထဲ ပြုတ်ကျပြီး ခက်ခဲမှုတွေ ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေ၊ ဆာလောင်မှုကြောင့်သေသွားတဲ့ ကလေးတွေပါ ရှိကြတယ် ဦးလေး၃ ကြည့်ချင်လား" 

ရှဲ့ချောင်၏အတွေး တစ်ခုခုချို့ယွင်းနေမှာကို ရှဲ့ချုံရှန်း ကြောက်ရွံ့မိသည်။ သူမ အပြင်ထွက်လာတဲ့အခါ လက်ဝါးကပ်တိုင်အား ယူ‌လာပြီး ဒီလိုထူးဆန်းသော စကားများလည်း ပြောသေးသည်။ 

"မင်းတစ်ယောက်ယောက်ကို သတ်ဖို့ကြိုးစားနေတာလား ရှဲ့ချောင် ငါက မင်းထက်ကြီးတယ်နော် မင်းငါ့ကိုတိုက်ခိုက်ရဲတယ်ဆိုရင် မင်းထွက်ပြေးသွားရင်တောင် တစ်‌ယောက်ယောက်က သိသွားမှာပဲ အချိန်ကျတဲ့အခါ မင်းလည်းခံစားရမှာ" 

ရှဲ့ချုံရှန်း အကြောက်တရားကင်းမဲ့နေတုန်းပင်။ 

"ဦးလေး၃ ပြောတာမှန်ပါတယ် အဲဒါကြောင့် ဒီလက်ဝါးကပ်တိုင်က ဦးလေးကို သတ်ဖို့သုံးမှာ မဟုတ်ပါဘူး"

ရှဲ့ချောင် ခေါင်းညိတ်ကာ ပြောလိုက်သည်။ 

••••

All Chapters