← Chapters

စုန်းမ။ 

Vol. 29 Ch. 548

စုန်းမ။ 

Vol. 29 Ch. 548

ရှဲ့ချောင်ပြောပြီးနောက် ရုတ်တရက် သူမလက်နောက်တစ်ဖက်အား ရှဲ့ချုံရှန်းအရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်း အဖြူရောင်အမှုန့် ထွက်ပေါ်လာ၏။ ရှဲ့ချုံရှန်း သတိမထားလိုက်မိဘဲ အမှုန့်အား ရှူရှိုက်မိသွားသည်။ 

လက်ဝါးကပ်တိုင်က သူ့အာရုံလွှဲသွားအောင်ပဲ အသုံးချတာဖြစ်သည်။ 

ရှဲ့ချောင် နှုတ်ခမ်းအားစေ့ထားပြီး "ဦးလေး ‌ဆေး၀ယ်ထားတယ် ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အမှုန့်တစ်ချို့ ၀ယ်လို့ရတယ်မလား ဦးလေး၃ ကျွန်မ ဒီနေ့ ဦးလေးကို ပျော်စရာကောင်းတာလေး ပြမယ်" 

ရှဲ့ချုံရှန်း အသက်ရှူပြီး နှစ်ကြိမ် ချောင်းဆိုးသွားသည်။ သူ ခေါင်းမူးနေပြီး ဟန်ချက်မထိန်းနိုင်တော့မလိုပင်။ 

သူ မမေ့သွားခင်တွင် မျက်ခွံမှ အေးမြသော ခံစားမှု ရောက်လာသည်။ 

ရှဲ့ချောင် သူမလက်အားဖြန့်ပြီး သူ့မျက်ခွံပေါ်တွင် တစ်စုံတစ်ခုအား ပွတ်သပ်ပေးလိုက်သည်။ 

ပြီးနောက် ရှဲ့ချောင်က အဆောင်နှစ်ခုကို ထုတ်ယူပြီး ရွတ်ဆိုနေတာကို သူတွေ့လိုက်ရသည်။ လေမှုတ်ထုတ်ပြီး အဆောင်တွေက လေထဲမျောသွားပြီး လောင်ကျွမ်းသွားသည်။ 

ရှဲ့ချောင် ဝါးခြင်းတောင်းထဲကနေ ရေအိတ်နှင့် အဖြူရောင်ကြွေပန်းကန်လုံးအား ထုတ်ယူလိုက်သည်။ ‌အဆောင်များ လောင်ကျွမ်းပြီးနောက် ပြာမှုန့်တွေက ပန်းကန်လုံးထဲ တိုက်ရိုက်ပြုတ်ကျသွားပြီး အဆောင်ရေဖြစ်သွားသည်။ 

ရှဲ့ချုံရှန်း ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေပြီးသားပင်။ 

အနားမှာ ဘယ်သူမှရှိ‌မနေပေ။ ရှဲ့ချောင် လှည်းပေါ်ကဆင်းပြီး သူ့ပါးစပ်ထဲသို့ အဆောင်ရေအား လောင်းချပေးလိုက်သည်။ 

ထိုသို့လုပ်ပြီးနောက် ရှဲ့ချောင် ရှဲ့ချုံရှန်းခန္ဓာကိုယ်အား စစ်ဆေးကြည့်ရာ ဆေးအိတ်အသေးလေးအား တွေ့လိုက်ရသည်။ ဒါ ဘယ်လိုဆေးလဲဆိုတာ သူမ မသိပေမယ့် ဆိုးရွားမည်ဟုသာ ခန့်မှန်းမိသည်။ ခဏစဉ်းစားပြီးနောက် သူမဆေးအိတ်အားယူပြီး ရှဲ့ချုံရှန်းအား ဝင်းအသေးတစ်ခုထဲ ဆွဲခေါ်လာလိုက်သည်။ 

ထို၀င်းအား ရှဲ့ချုံရှန်း ငှားရမ်းရ‌မှာပေမယ့် ဒီလူက အလွန်ဆင်းရဲ‌လှသည်။ မဟုတ်လျှင် သူက ဒီလိုမျိုး ဟောင်းနွမ်းပုပ်‌ဆွေးနေသော နေရာအား ရွေးချယ်မှာမဟုတ်ပေ။ 

အသံတွေအားကြားတော့ လူတစ်ယောက် အိမ်အပြင်ထွက်လာသည်။ 

ထိုလူက သခင်လေးချောင်ပဲဖြစ်ရမည်။ 

သူက .. ချောမောတာထက် အနည်းငယ်၀ပြီး အသားဖြူသည်။ သူ့မျက်နှာကို ကြည့်လျှင် သူက အတော်လေး အန္တရာယ်ကင်းပုံရသည်။ 

ဘယ်စာအုပ်ကိုမှ အဖုံးကြည့်ပြီး မဆုံးဖြတ်သင့်ပေ။ သူက ယောကျာ်းတစ်ယောက်ထက် တိရစ္ဆာန်တစ်ကောင်သာ ဖြစ်လိမ့်မည်။ 

ရှဲ့ချောင် ရှဲ့ချုံရှန်းအား အထဲကိုဆွဲခေါ်လာတာတွေ့တော့ သခင်လေးချောင် လန့်သွားသည်။ 

"မင်း .. မင်းက သခင်မလေးရှဲ့လား တတိယဦးလေးရှဲ့ကို မင်းဘာလုပ်လိုက်တာလဲ" 

ရှဲ့ချောင် ပြုံးပြုံးလေးဖြင့် "ကျွန်မ သူ့ကိုသတ်လိုက်တာ" 

တစ်ချက်တည်းနှင့်ပင် သခင်လေးချောင်မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ ရှဲ့ချောင် မျက်ခုံးပင့်ကာ သခင်လေးချောင်အား ကြည့်ပြီး တစ်လှမ်းချင်းစီဖြင့် သူ့ဆီချဉ်းကပ်သွားလိုက်၏။ 

ထိုသခင်လေးချောင်က အလွန်ကြောက်သွားပြီး ကြမ်းပြင်ပေါ်ပြုတ်ကျသွားကာ ဖင်တွန်းပြီး နောက်ပြန်ဆုတ်သွားလေသည်။ သူ အလွန်ကြောက်ရွံ့နေတာကြောင့် အသိစိတ်လွတ်သွားတော့သည်။ 

"ငါ .. ငါ မရည်ရွယ် .. ငါဒီအတိုင်း ငါ့မိဘစကားကို နားထောင်တာ .. ကျေးဇူးပြုပြီး ငါ့ကိုခွင်လွှတ်ပေးပါ ငါ ထပ်မလုပ်ရဲတော့ပါဘူး .." 

အသုံးမကျလိုက်တာများ။ 

ဒီလောက်စွမ်းရည်လေးနှင့် သူက တခြားလူတွေကို အန္တရာယ်ပေးရဲသည်။ 

"ကျွန်မအဖေ ဘာလုပ်လဲဆိုတာသိလား" 

သခင်လေးချောင် ခေါင်းညိတ်ပြ၏။ 

ရှဲ့ချောင် လက်ဝါးကပ်တိုင်အားချပြီး "ရှင်သိတာကောင်းတယ် ကျွန်မ ဒီ ရှဲ့ချုံရှန်းကို ရှင့်ဆီမှာထားခဲ့မယ် ဒီည နှစ်ယောက်လုံး ဒီမှာပဲနေရမယ် အပြင်ထွက်ခွင့်မရှိဘူး တကယ်လို့ ရှင်ထွက်ပြေးသွားတာကို ကျွန်မသိရင် ရှင့်ကို အရှင်လတ်လတ်ချိတ်ဆွဲထားပြီး အပိုင်းပိုင်းဖြတ်ဖို့အတွက် ကျွန်မအဖေကိုပြောမှာ" 

သခင်လေးချောင် တံတွေးမြိုချလိုက်သည်။ 

ဒီ တတိယဦးလေးရှဲ့က လိမ်တဲ့နေရာမှာ အလွန်တော်သည်။ 

ရှဲ့မိသားစုက ပထမသမီးက လှပပြီး ကျော့ရှင်းသည့် သခင်မ‌လေးလို့ သူသေချာပြောခဲ့သည်။ သို့ပေမယ့် သူ့အရှေ့က လူကတော့ ..  သူ ဘယ်လိုဖော်ပြသင့်လဲ။ 

သူမက တကယ် စုန်းမတစ်ယောက်သာ!

သူမက သူ့ကိုလူသေတစ်ယောက်နှင့် အတူနေခိုင်းသည်။ 

"ကျွန်မလူတွေ ဒီနားမှာ စောင့်ကြည့်နေတယ် မှတ်ထားပြီး .. လိမ်လိမ်မာမာနေ" 

ရှဲ့ချောင်စကားပြောပြီးနောက် သူမ သခင်လေးချောင်အား ကြည့်ပြီး ၀င်းထဲကနေ ထွက်လာလိုက်သည်။ သူမ တံခါးပိတ်ပြီး မြင်းလှည်းဆီပြန်သွားလိုက်၏။ 

အစောက သူမ ရှဲ့ချုံရှန်းမျက်ခွံပေါ်တွင် နွားမျက်ရည်တစ်ချို့ သုတ်ပေးလိုက်တာပင်။ 

အများကြီးတော့မဟုတ်။ ဒါပေမယ့် နောက်ထပ်ရက်အနည်းငယ်လောက် မကောင်းဆိုးဝါးဝိဉာဉ်တွေအား ချစ်ခင်စွာကြည့်ရန် လုံလောက်သည်။ 

ရှဲ့ချောင် နာကျင်စွာဖြင့် နွားမျက်ရည်ရှိနေသော ဘူးအသေးများအား ကြည့်ပြီး သက်ပြင်းချလိုက်သည်။ 

ဒီနွားမျက်ရည်အား ရယူရန် မလွယ်ကူလှပေ။ ထို

အရာက မသေခင်မှာ တစ်ဘ၀လုံး ကြိုးစားခဲ့တဲ့ နွားအိုကြီး၏ မျက်ရည်များဖြစ်သည်။ သူတို့တွေကို တခြားပစ္စည်းများနှင့် ရယူရတာဖြစ်သည်။ လွန်ခဲ့သော ၁ဝနှစ်ထဲမှာ သူမ များစွာမစုဆောင်းခဲ့ပေ။ ပုံမှန်ဆိုလျှင် ချွေတာစွာဖြင့် အသုံးပြုနိုင်သည်။ 

အခု သူမ ရှဲ့ချုံရှန်းအပေါ် အသုံးပြုလိုက်ပြီဆိုတော့ အကျိုးသက်ရောက်မှုက ကျေနပ်ဖွယ်ရှိလောက်ပေမည်။ 

•••••

All Chapters