အသိစိတ်လွတ်သွားတဲ့အထိ ကြောက်လန့်။
Vol. 29 Ch. 549
ရှဲ့ချောင် မြင်းလှည်းထဲတွင် ဝင်ထိုင်ပြီး သူမ၏လက်ထဲက ဝိညာဉ်ခေါ်ခေါင်းလောင်းအား လှုပ်ယမ်းလိုက်သည်။ သူမအနားရှိ အမှောင်စွမ်းအင်က တဖြည်းဖြည်း သန်မာလာတာကို တွေ့ရတော့ သူမ အချိန်အကြောင်းတွေးတောလိုက်သည်။
အခု မြင်းလှည်းသမားမရှိဘူးဆိုတာကို ရှဲ့ချောင် မထိတ်လန့်ပေ။ သူမ ဦးထုပ်အားဆောင်းပြီး အေးအေးဆေးဆေး မြင်းလှည်းအား မောင်းလာလိုက်သည်။
ခဏအကြာ ရှဲ့ချုံရှန်း ၀င်းအသေးထဲမှာ နိုးလာလေသည်။
ဒီလူ သေသွားပြီလို့ သခင်လေးချောင်ထင်နေတာ
ကြောင့် သူနဲ့အဝေးမှာပဲ နေဖို့ မျှော်လင့်ခဲ့သည်။ သို့ပေမယ့် ဒီလူက ရုတ်တရက်ကြီး မတ်တပ်ရပ်လိုက်တာကြောင့် သူ ကြောက်လန့်ကာ ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်တော့သည်။
ရှဲ့ချုံရှန်း ထိတ်လန့်စွာဖြင့် မျက်လုံးဖွင့်ပြီးနောက် ..
"အား"
သူ ကြမ်းပြင်ထက်လဲကျသွားတော့သည်။
ပြီးနောက် စတင်တွားသွားသည်။
ဒီအရာတွေက ဘာလဲ။
သေသွားတဲ့ဝိဉာဉ်တွေလား။
သူ့အရှေ့မှာ အနီရောင်အ၀တ်အစား၀တ်ထားသော အမျိုးသမီးဝိဉာဉ်မှာ လက်ထဲတွင် သူမခေါင်းရှိနေပြီး လမ်းလျှောက်လာသည်။ ထိုခေါင်းက လျှာထုတ်ပြီး မျက်စိတစ်ဖက်မှိတ်ပြလာ၏။ ပြီးနောက် ရှဲ့ချုံရှန်းနား ရစ်ဝဲလာလေသည်။
ရုတ်တရက် တစ်စုံတစ်ခု သူ့ခြေထောက်ကိုထိလိုက်သည်အား ခံစားလိုက်ရသည်။
သူငုံ့ကြည့်တဲ့အခါ ဖြူဖျော့နေသော ကလေးတစ်ယောက်က သူ့လက်ကိုဆန့်ပြီး သူ့ဒူးခေါင်းအား ဆွဲနေ၏။ ထိုကလေးသရဲသည် ကလေးဆန်သောအသံဖြင့်။
"သားနဲ့ ကစားပေး .."
"အား ထွက်သွား ထွက်သွား"
ရှဲ့ချုံရှန်း အလွန်ကြောက်ရွံ့နေပြီး တုန်လှုပ်နေသည်။
ရှဲ့ချောင်၏ အဆောင်နှစ်ခုတွင် တစ်ခုက ဝိညာဉ်များကို ဆင့်ခေါ်နိုင်ပြီး အခြားတစ်ခုက ကမ္ဘာနှစ်ခုလုံးနှင့် ဆက်သွယ်နိုင်သည့် နောက်ဆက်တွဲ အဆောင်ဖြစ်သည်။
နွားမျက်ရည်နှင့်ပေါင်းစပ်လိုက်တော့ ရှဲ့ချုံရှန်း လူသေကမ္ဘာအား ရင်ဆိုင်ကြုံတွေ့နေရတော့သည်။
သူမ ရှဲ့ချုံရှန်းနှင့်တောင် ရင်မဆိုင်နိုင်လျှင် ဘယ်လိုလုပ် သူမကိုယ်တိုင် အလောင်းတွေအားလုံးကို တူးဖော်ရဲမှာလဲ။
ရှဲ့ချုံရှန်း၏ ကိုးယိုးကားယားနိုင်သော သွင်ပြင်အား ရှဲ့ချောင် စိတ်ကူးပြီးသားပင်။
သူက ချွေးများစိုရွှဲနေပြီး ၀င်ပေါက်ကနေ ၀င်းထဲအထိ တွားသွားနေသော်လည်း မကောင်းဆိုးဝါးဝိဉာဉ်များမှာ သူ့အား အလွတ်မပေးပေ။
ထိုနှောင့်ယှက်တတ်သော မကောင်းဆိုးဝါးဝိဉာဉ်များက ပျော်စရာကောင်းသောအရုပ်အား တွေ့လိုက်ရသလိုပင်။ သူတို့က ခုန်ပေါက်နေပြီး သူ့အရှေ့မှာ မဖြစ်နိုင်သော လှုပ်ရှားမှုပေါင်းစုံဖြင့် ဖျော်ဖြေပြနေသည်။ တစ်ချို့က သူတို့လျှာကို ဆွဲထုတ်ပြသည်။ တစ်ချို့က သူတို့မျက်လုံးအားထုတ်ပြပြီး သူတို့ခန္ဓာကိုယ်ပေါ်က အရေပြား
နှင့် အင်္ဂါများကိုပါ ပြသနေကြသည်။
အားလုံးက ရှဲ့ချုံရှန်းအား ၀န်းရံထားကြ၏။ ဒီ
ဝိဉာဉ်များက သူတို့ပုံမှန်လုပ်တဲ့အတိုင်း လုပ်နေကြတာပဲဖြစ်သည်။ ယခင်ကဆိုလျှင် သက်ရှိလူသားများက သူတို့ကိုမမြင်နိုင်ပေ။
ရှဲ့ချုံရှန်းမှာ တကယ်ပင်ရူးသွားတော့သည်။ သူ့မျက်လုံးအားမှိတ်ထားပေမယ့် အကြောင်းတစ်ချို့ကြောင့် သူတို့အသံများအား ကြားနေရဆဲပင်။
ထိုအချိန်တွင် သခင်လေးချောင်မှာလည်း ကြောက်လန့်နေလေသည်။
တတိယဦးလေးရှဲ့က အသိစိတ်လွတ်သွားလေပြီ။
သူက ကြမ်းပြင်ထက်တွင် တွားသွားနေပြီး ဒီမှာ ညစ်ပတ်တာတွေရှိတယ်ဆိုပြီး ဆက်တိုက်ပြောနေ၏။ တစ်ခါတစ်လေ သူ့ကျောပြင်အား ကုတ်ခြစ်ပြီး တစ်ခါတစ်လေ သူ့ခြေထောက်အား ကုတ်ခြစ်နေသည်။ အလွန်ကြောက်စရာကောင်းလှသည်။
ရှဲ့ချုံရှန်း သခင်လေးချောင်ကိုတွေ့တော့ အမြန်ပြေးလာကာ။
"ကျွန်တော့်ကို ကယ်ပါ ကျွန်တော့်ကို ကယ်ပေးပါ သူတို့ကိုမြင်နေရလား သူတို့လာနေပြီ သူတို့လာနေပြီ အား .."
သခင်လေးချောင်လည်း ကြောက်လွန်း၍ မျက်ရည်ပါကျနေပြီဖြစ်သည်။
အဖေ အမေ ..
တတိယဦးလေးရှဲ့ ဘာဖြစ်နေတာလဲ။
မဟုတ်မှလွဲရော .. တကယ်ပဲ ..
ရှဲ့ချုံရှန်း အချိန်အကြာကြီးရုန်းကန်နေပြီး အိမ်ထဲက ကုတင်အောက်တွင် ပုန်းနေလေသည်။ သူ့ခေါင်းအား ဖက်ထားပြီး တုန်လှုပ်နေသည်။ သူ့မျက်နှာကလည်း ဖြူဖျော့နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေနေသည်။
သခင်လေးချောင်သည်လည်း အဆင်မပြေပေမယ့် မထွက်သွားရဲပေ။ သူ ရှဲ့ချုံရှန်းကိုသာ စောင့်ကြည့်ရဲပေသည်။
ရှဲ့ချုံရှန်းလည်း ထွက်ပြေးချင်ပေမယ့် သူအပြင်
ထွက်သွားတော့ အပြင်မှာ မှောင်မိုက်နေတာကို တွေ့လိုက်ရသည်။ မကောင်းဆိုးဝါးဝိဉာဉ်များလည်း ပိုပြီး ရှိနေကြသည်။
သူတို့တွေ သူ့ကိုတွေ့တော့ အရသာရှိသော အသားအားတွေ့လိုက်ရသလို အားလုံး သူ့ဆီ ခုန်ပေါက်လာကြသည်။ အခု .. ၀င်းထဲတွင် မကောင်းဆိုးဝါးဝိဉာဉ်များနှင့် ပြည့်နှက်နေလေပြီ။ အလွန်များပြာလှ၏။
နောက်ဆုံးတော့ သူ ပိတ်မိသွားတော့သည်။
ထိုအချိန် အဆောင်ရေနှင့် နွားမျက်ရည်တို့က ထိရောက်မှုအရှိဆုံးဖြစ်သည်။
နောက်တစ်ရက် မနက်စောစောတွင် သခင်လေးချောင် အသိစိတ်လွတ်စွာဖြင့် ထွက်ပြေးသွားလေ
သည်။
သူ ချောင်အိမ်တော်ကိုရောက်ရောက်ချင်းပင် ချက်ချင်း အပြင်းဖျားကာ သူ့အသက်ဆုံးရှုံးမလိုတောင်ဖြစ်သွားရသည်။ သူ သတိပြန်ရလာတဲ့အချိန်တွင်လည်း ရှဲ့ချုံရှန်း ဖော်ပြတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ပုံရိပ်များက သူ့အတွေးထဲ ပြည့်နှက်နေတော့သည်။
သူ ကြွက်တစ်ကောင်လို ကြောက်လန့်တကြားဖြစ်သွားပြီး သူ့မိဘတွေကိုလည်း အပြစ်တင်မိသည်။
သူတို့ကြောင့်သာမဟုတ်ရင် သူလည်း ဒီလိုမျိုးခံစားနေရမှာမဟုတ်ပေ။
ရှဲ့ချုံရှန်း ခန္ဓာကိုယ်ထဲက အဆောင်ရေနှင့် နွားမျက်ရည်မှာ နောက်တစ်ရက်အထိပင်
အစွမ်းထက်နေသေးသည်။
••••