ကယ်တင်ရှင်များ။
Vol. 29 Ch. 550
ကောင်းကင်မှာ တောက်ပနေပြီး ရှဲ့ချုံရှန်းကတော့ အဓိကလမ်းမကြီးဆီ သွားနေ၏။ ခြေလှမ်းတိုင်းမှာ သူ မကောင်းဆိုးဝါးဝိဉာဉ်များအား မြင်နေရသည်။ သူသောက်ခဲ့တဲ့ အဆောင်ရေအတိုင်း ထိုမကောင်းဆိုးဝါးဝိဉာဉ်များမှာ သူ့နား ရစ်ဝဲလာကြသည်။
"ဒီကိုမလာနဲ့ မလာနဲ့ .. ထွက်သွား"
"ငါ့ကိုမကိုက်နဲ့ မကိုက်နဲ့ .."
ရှဲ့ချုံရှန်း လမ်းကြားအဆုံးထိ တွားသွားလိုက်သည်။ သူ့ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူ့ခန္ဓာကိုယ်က သွေးများနှင့် ဖုံးလွှမ်းနေသည်။ မျက်နှာက ညစ်ပတ်နေကာ အ၀တ်အစား အပိုင်းအစတစ်ချို့ကပြဲနေလေသည်။
သူက လမ်းပေါ်တွင်အော်ဟစ်နေပြီး ထိုအရာက လမ်းသွားလမ်းလာတွေအတွက် စိတ်ရှုပ်စရာဖြစ်
နေသည်။ ဒေါသထွက်သူများနှင့် တွေ့တဲ့အခါ သူတို့က သူ့ကိုရိုက်နှက်တတ်ကြသည်။
သူတို့ ရှဲ့ချုံရှန်းခေါင်းအားရိုက်လိုက်ကြရာ သူ ပိုလို့တောင်ရှုပ်ထွေးသွားတော့သည်။
ရှဲ့ချုံရှန်း တကယ်ရူးသွားပြီပင်။
ရှဲ့မန်ရှန်း အစကတော့ မြို့တော်ထဲမှာသာ နေရန်တွေးထားတာပင်။ သို့သော် သူ ရှဲ့ချုံရှန်း၏ အဖြစ်အား တွေ့လိုက်ရသည့်အချိန်တွင်တော့ ထိတ်လန့်သွားပြီး ထိုညတွင်းချင်းပင် အဖွားအိုကိုတောင်မခေါ်ဘဲ သူ့ဇနီး၊ သားနဲ့အတူ ထွက်ပြေးသွားလေသည်။
အရင်တုန်းက အဖွားအိုက အလုပ်တစ်ချို့လုပ်နိုင်ပြီး မိသားစုအား ကူညီပေးနိုင်ခဲ့သည်။ သို့ပေမယ့် ယခုတွင်တော့ သူမ ခြေထောက်အားနည်းသွားတာကြောင့် နေ့တိုင်း အသားစားချင်လာသည်။ သူမက တစ်နေ့တစ်ခြား ပိုပျင်းလာပြီး အသုံးမ၀င်တော့ပေ။ ထို့အပြင် ပြန်သွားရမယ့် ခရီးက ဝေးလွန်းလှသည်။ အဖွားအိုနဲ့ဆို လမ်းမှာဘာဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ ..။
ဘယ်လိုပဲဖြစ်ဖြစ် အဖွားအိုက မြို့တော်မှာနေမယ်ဆိုလျှင်တောင် မသေနိုင်ပေ။
သူ့အတွက်ကတော့ မတူပါချေ။ မြို့တော်က သူ့အတွက် ကံဆိုးလှသည်။
အဖွားအိုနိုးလာတဲ့အခါ သူမသားအကြီးထွက်ပြေးသွားပြီး သုံးယောက်မြောက်သားက ရူးသွားတာကို သိလိုက်ရပြီးနောက် သူမ လမ်းပျောက်သွားရသည်။
သူမက ပထမချွေးမကို ခြိမ်းခြောက်နေခဲ့ပြီး သုံးယောက်မြောက်ချွေးမကိုလည်း ချေးများနေခဲ့တာဖြစ်သည်။
အခု သားအကြီးဆုံးက သူမကိုထားသွားတော့ သခင်မရှင်းသည် ယောက္ခမက သူမအား ဘယ်လိုနေပါစေ မျက်စောင်းထိုးနေမှာကို သိလိုက်သည်။
သူမ ဒီအရူးကိုလည်း ကြည့်ရမှာဖြစ်တာကြောင့်
အဖွားအိုအပေါ် ပို၍ပင်စိတ်မဝင်စားတော့ပေ။
အဖွားအိုက နာကျင်မှုအား ထပ်ပြီးသည်းမခံနိုင်တော့။ နောက်တော့ .. သူမ ရှဲ့နျိုရှန်းအား ပြန်သွားရှာတော့သည်။
သူ့အရှေ့မှာ အဖွားအို သေသွားမှာကို ရှဲ့နျိုရှန်း မကြည့်နိုင်သလို အိမ်မှာ သူမကို ထောက်ပံ့ပေးဖို့ဆိုတာလည်း မဖြစ်နိုင်ပေ။ သူ့ကလေးတွေက သဘောကျကြမှာမဟုတ်။ တွေးတောပြီးနောက် သူမကို ရွာသို့သာ ပို့လိုက်တော့သည်။
ရွာတွင် သူမ အလုပ်လုပ်သလောက် သူမ စားနိုင်ပေသည်။
သူတို့ အိမ်ဟောင်းမှာရှိနေသလိုပင်။
အရင်ကဆို အဖွားအိုက သေချာပေါက် ဒေါသထွက်နေလိမ့်မည်။ သို့ပေမယ့် အခုတော့ မဖြစ်နိုင်တော့။ သူမ တတိယချွေးမလက်အောက်မှာ နေရတာထက် ရွာမှာနေရတာ ပိုကောင်းသည်။
အနာဂတ်တွင်လည်း ဆွေးနွေးလို့ရနိုင်တာတွေလည်း ရှိသည်လေ။
ယခု ရှဲ့ချောင်မှာ သူမဒေါသဖြေဖျောက်ပြီးနောက် ရွှင်းပြည်နယ်သို့သွားရန် ပြင်ဆင်နေ၏။
သူမ ထွက်သွားသည်နှင့် တစ်စုံတစ်ယောက်က ရှဲ့အိမ်တော်ကို ဖိတ်စာပို့လာသည်။ သူတို့က တည်ကြည်စွာလာလည်ပြီး ကျေးဇူးလက်ဆောင်များစွာပါ ပို့လာ၏။
ရောက်လာသူကတော့ ဒီနှစ်စာမေးပွဲတွင် အမှတ်အများဆုံး ၀မ်လန်ချန်းသာဖြစ်သည်။
ကံမကောင်းစွာဖြင့် ရှဲ့ချောင်မဆိုနှင့် ရှဲ့ဖင်းကန်းတောင် အိမ်မှာမရှိပေ။ ရှဲ့နျိုရှန်းသာရှိသည်။
ထိုအချိန် သူက သူ့အရှေ့ကကြည့်ကောင်းသော ပညာသင်အား ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ကျွန်တော် အစောတည်းက လာလည်သင့်တာပါ နန်းတွင်းစာမေးပွဲက ရက်ပေါင်းများစွာ နှောင့်နှေးနေလို့ .. ကံကောင်းလို့ ကျွန်တော့်အသက်ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးရှဲ့နဲ့ သခင်မလေးရှဲ့တို့ကို စိတ်မပျက်စေခဲ့ပါဘူး ကျွန်တော် အမှတ်အများဆုံးနဲ့ ဟန်လင်းကျောင်းကို ၀င်ခွင့်ရခဲ့ပါတယ် ရှေ့လျှောက် ကျွန်တော် ကူညီပေးနိုင်
တာ တစ်ခုခုရှိရင်လည်း သေချာပေါက် ကူညီပေးပါမယ် .."
၀မ်လန်ချန်း ရိုသေစွာဖြင့်ပြောလိုက်သည်။ သူ့မျက်နှာထက်တွင် ကျေးဇူးတင်သော အရိပ်အယောင်များရှိနေ၏။
ရှဲ့နျိုရှန်း ခေါင်းကုတ်လိုက်ပြီး
"ငါ့သားနဲ့သမီးက မင်းကို ကယ်ခဲ့တာ?"
သူ ဘာလို့ထိုအကြောင်းမသိရတာလဲ။
ဘယ်သူကမှ သူ့ကိုထိုအကြောင်းမပြောပြကြပေ။
သူ မြို့တော်ကနေထွက်သွားတာ သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲလို့ တွေးမိသည်။ သူက မိသားစု၏ ကိစ္စအကြီးအသေးမှာတောင် အတူ ပါ၀င်ခွင့်မရခဲ့ပေ။
"အရင်က တစ်ယောက် ကျွန်တော့်အယောင်ဆောင်ပြီး နန်းတွင်းစာမေးပွဲလွတ်သွားမလို ဖြစ်ခဲ့ပါတယ် ကံကောင်းလို့ သခင်လေးရှဲ့က ကျွန်တော့်အယောင်ဆောင် ဟွမ်စုန့်ကိုဖမ်းခဲ့ပြီး သခင်မလေးရှဲ့ကတော့ .. တကယ်က သူ့ကိုမြင်နိုင်ခဲ့တာ သခင်မလေးရှဲ့ရဲ့ စူးရှတဲ့မျက်လုံးတွေကြောင့်လို့ ကြားထားပါတယ် အဲဒါကြောင့် သခင်လေးရှဲ့က သူ့ကိုဖမ်းဖို့သွားခဲ့တာပါ .."
၀မ်လန်ချန်း အတိအကျရှင်းပြလိုက်သည်။
သူ့မှာ ကယ်တင်ရှင်သုံးယောက်ရှိသည်။
အိမ်ရှေ့စံမင်းသား၊ ရှဲ့ဖင်းကန်းနှင့် ရှဲ့ချောင်တို့ပဲ
ဖြစ်သည်။
သူ ကျေးဇူးအတင်ဆုံးကတော့ သခင်မလေးရှဲ့ပင်ဖြစ်သည်။
တကယ်လို့ သူမသာ ပြဿနာကိုပထမဆုံးမသိခဲ့ဘူးဆိုရင် သခင်လေးရှဲ့က စုံစမ်းမိမှာမဟုတ်သလို အိမ်ရှေ့စံမင်းသားကလည်း သူ့အတွက် တရားမျှတမှု ရယူပေးနိုင်မှာမဟုတ်ပေ။
•••••