ဓားရေးပြ။
Vol. 29 Ch. 551
၀မ်လန်ချန်းအား ကယ်တင်ပြီးနောက် သူက သူတို့ဆီ သွားလည်ချင်နေခဲ့တာဖြစ်သည်။
သို့ပေမယ့် ထိုအချိန်က သူက မထင်ရှားသော ပညာသင်တစ်ယောက်သာဖြစ်သည်။ သူသွားရင် သူက ရှဲ့မိသားစုကို မျက်နှာလိုမျက်နှာရလုပ်နေတာလို့ တခြားလူတွေ ထင်ကြလိမ့်မည်။
ထို့ကြောင့် သူထိန်းထားခဲ့တာပင်။
အခု သူက ထိပ်ဆုံးအဆင့်မှာရှိတဲ့ ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ရှင်ဘုရင်က သူ့ကိုများစွာတန်ဖိုးထားသည်။ အခု သူထပ်လာကာ ရှဲ့မိသားစုအား လေးစားမှု ပြသချင်တာပင်။
"ငါ့သမီးမှာ စူးရှတဲ့မျက်လုံးရှိတယ်တဲ့လား"
ရှဲ့နျိုရှန်း မတွေးတတ်တော့။ သူတွေးတောကြည့်ပြီး ပြောလိုက်သည်။
"မင်းပြောတဲ့ ငါ့သမီးနဲ့တွေ့ခဲ့တဲ့ အယောင်ဆောင်က .. သူက သူမကိုလက်ထပ်မှာလား"
၀မ်လန်ချန်းမျက်နှာက အနည်းငယ်ရှက်သွေးဖြာနေသည်။
"ရှဲ့သခင်ကြီး ကျေးဇူးပြုပြီးဒေါသမထွက်ပါနဲ့ ဒီကိစ္စကို ရှဲ့မောင်နှမတွေနဲ့ ဆရာပဲသိတာပါ ကျွန်တော် ဘယ်သူ့ကိုမှမပြောထားပါဘူး ထပ်ပြောရမယ်ဆိုရင် သခင်လေးရှဲ့က ကျွန်တော့်အရည်အချင်းကို သဘောကျပြီး သူမနဲ့ နေရာချထားပေးချင်နေတာလည်း သိပါတယ် ဒီတော့ ဒီနေ့ တစ်ခုထပ်ရှိပါသေးတယ် ..
အခု ကျွန်တော့်မှာ ပိုင်ဆိုင်မှု များများစားစား မရှိသေးပေမယ့် ကျွန်တော့်အနာဂတ်က ကောင်းပါတယ် တကယ်လို့ ရှဲ့သခင်ကြီးဘက်က အဆင်ပြေမယ်ဆိုရင် ကျွန်တော် သူမကိုလက်ထပ်ချင်ပါတယ်"
၀မ်လန်ချန်း စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။
သူ ဒီနေ့လာတာက စစ်ဆေးချင်လို့ပင်။
တကယ်လို့ ရှဲ့မိသားစုက သဘောတူလျှင် သူ ပြန်သွားပြီး လေးစားစွာဖြင့် ဆွေးနွေးရန် အောင်သွယ်တော်ကို သွားရှာမည်။
ဒီကိစ္စက မသေချာသေးတော့ ရှဲ့သခင်ကြီး သူ့ကိုငြင်းလိုက်ရင် သခင်မလေးရှဲ့အပေါ် အများကြီးသက်ရောက်မှုရှိမည်မဟုတ်ပေ။
သခင်မလေးရှဲ့ ..
သူမက ဘယ်လိုပုံစံလဲဆိုတာ သူမသိပါ။ သို့ပေမယ့် ထိုသခင်မလေးရှဲ့က အသေးစိတ်လှပြီး ထက်မြတ်တယ်ဆိုတာတော့ သူယုံသည်။ သူမက ရောက်လာဖို့ခက်ခဲသော အမျိုးသမီးကောင်းပဲဖြစ်ရမည်။
၀မ်လန်ချန်း ထိုအကြောင်းတွေးကြည့်တော့ သူ့နားရွက်ဖျားများ နီလာ၏။ သူ၏ ထိုပုံစံအားတွေ့တော့ ရှဲ့နျိုရှန်း ဒီအတိုင်းထိုင်မနေနိုင်တော့ပေ။
ဒီကလေးက သူ့သမီးကိုလှည့်စားဖို့ရောက်လာတာလား။
သူက အကြည့်ချင်းဆုံပြီးတောင် မတောင်းဆိုဘူး။
"မင်းလက်ထပ်ချင်တိုင်း သူမကိုလက်ထပ်လို့မရ
ဘူး ငါ့သမီးက .. မင်း သူမကိုလက်ထပ်ချင်တယ်ဆိုရင်တောင် အရင်ဆုံး ငါစိတ်ကျေနပ်အောင် လုပ်ရမယ်"
ရှဲ့နျိုရှန်းမျက်နှာ အေးစက်သွားသည်။
"ဟုတ်ပါတယ်" ၀မ်လန်ချန်း ချက်ချင်းခေါင်းငြိမ့်ပြသည်။
"ကျွန်တော့်မှာ မိဘလည်းမရှိသလို မောင်နှမလည်းမရှိပါဘူး တကယ်ပဲ ကိုယ့်ကိုယ်ကိုယ်ရပ်တည်ဖို့ဆိုတာ ခက်ခဲပါတယ် ဒါပေမယ့် ကျွန်တော့်မိဘက ကျွန်တော့်မွေးရပ်မြေမှာ ပိုက်ဆံတစ်ချို့နဲ့ မြေတွေချန်ထားခဲ့ပါတယ် ကျွန်တော့်မှာ ရှိပါသေးတယ် ကျွန်တော့်မိဘတွေက ကျွန်တော့်ကို ဂရုစိုက်ပေးပါတယ် ဆွေမျိုးတွေမရှိရင် ကျွန်တော်လုံး၀ .."
၀မ်လန်ချန်း အပြစ်ရှိစိတ်ဖြစ်မိသည်။ သခင်မလေးရှဲ့က တကယ်ပဲလူကောင်းဖြစ်ပါလျက်နဲ့ သူမနဲ့ သူ့အခြေအနေက မထိုက်တန်ပေ။
သူက ထိပ်ဆုံးက ပညာသင်တစ်ယောက်သာဖြစ်ပြီး သခင်မလေးရှဲ့ကြောင့် မဟုတ်လျှင် သူ အသက်ဆုံးရှုံးသွားနိုင်သည်။
"မင်း ဘယ်လိုသောက်ရလဲဆိုတာ သိလား"
ရှဲ့နျိုရှန်းမေးတော့ ၀မ်လန်ချန်း ခေါင်းခါလိုက်သည်။
"ကျွန်တော် ရှက်မိပါတယ် ကျွန်တော် .. တစ်ခွက်ပဲ သောက်နိုင်ပါတယ်"
"တိုက်ခိုက်တာရော"
ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်လိုက်၏။
၀မ်လန်ချန်း မျက်နှာထားက ပိုလို့တောင် ဆိုးရွားသွားသည်။
"ကျွန်တော် တစ်ခါမှ ကိုယ်ခံပညာမသင်ဖူးပါဘူး ဒါပေမယ့် သခင်မလေးရှဲ့မှာ တစ်ခုခုဖြစ်ခဲ့ရင်တော့ ကျွန်တော့်အသက်ကို စတေးပြီးတောင် သူမကို ကာကွယ်ပေးပါ့မယ်"
"မင်းက ကိုယ်ခံပညာကိုတောင်မသိဘဲ ငါ့သမီးကို ဘယ်လိုကာကွယ်ပေးမှာလဲ အားလုံး အတူသေသွားကြမလို့လား" ရှဲ့နျိုရှန်း အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။
"ငါမင်းကို ခက်ခဲအောင်မလုပ်ဘူး အခု ငါ့သမီးက အိမ်မှာမရှိဘူး မင်း .. သူမ အိမ်ပြန်ရောက်မှာကို စောင့်နေပြီး နောက်မှလာခဲ့ ပြီးတော့မှ .. ဓားရေးပြကြည့် အဲဒါအကြံကောင်းလို့ထင်တယ် ငါ့သမီး ဘာတွေးလဲဆိုတာ ကြည့်ကြမယ်"
၀မ်လန်ချန်း ခေါင်းထက်မှ ချွေးအားသုတ်လိုက်မိ၏။
"ဘာလဲ လက်မခံဘူးလား"
"လက်ခံပါတယ် သေချာပေါက်လက်ခံပါတယ် ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ သေချာပေါက် သင်ထားလိုက်ပါမယ်"
၀မ်လန်ချန်း အံ့ဩစွာဖြင့် အလျင်စလို ပြောလိုက်
သည်။
ထိုသို့ပြောတော့ ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။
သူက အသားဖြူပြီး နူးညံ့သော်လည်း အတော်လေး နာခံဆဲပင်။
ရှဲ့နျိုရှန်း သူ့ဘာသာ အပျော်ရှာနေတာကို ရှဲ့ချောင်တစ်ယောက်မသိပေ။
ထိုအချိန် သူမက မြင်းလှည်းထဲတွင် မည်းမှောင်စွာဖြင့်ထိုင်နေပြီး ရှဲ့ဖင်းကန်းက သူမကိုကာကွယ်ရန် အပြင်ကနေ မြင်းစီးကာ လိုက်နေ၏။
"ဆရာမမော့ ကျွန်တော့်ညီမက ဆရာမနဲ့ မလိုက်
လာဘူးလား သူမဘယ်မှာလဲ ဘာလို့ သူမကိုမတွေ့ရတာလဲ"
ရှဲ့ဖင်းကန်း သံသယရှိစွာဖြင့်မေးလိုက်သည်။
•••••